Sequel 15 (Unicode)

18.4K 1.7K 14
                                    

ထက်ဝေယံ မျက်မှောင်ကြုတ်ရင်း မျက်နှာပေါ်ထိုးကျနေသော အလင်းတန်းများကို လက်ဖြင့်ကာရန် ကြိုးစားမိသည်။ သူ ဆက် အိပ်ချင်သေးသည်။ မှောင်ရိပ်ရမလားဟူသော မျှော်လင့်ချက်ဖြင့် ကိုယ်ကိုတခြမ်းစောင်းကာ လှည့်သော်လည်း ဘာမှမထူးခြားလာ။ မနက်ခင်းနေရောင်ခြည်များသည် ပြတင်းပေါက်မှတိုးဝင်လာကာ အခန်းတွင်းရှိ နေရာလွတ်မှန်သမျှတွင် နေရာယူထားပြီးဖြစ်သည်။ မှောင်နေမှအိပ်တတ်သည့် သူ့အလေ့အကျင့်ကြောင့် အိပ်ရေးမဝသေးသော်လည်း မျက်လုံးများက သူ့အလိုလို ပွင့်လာသည်။ ထို့အတူ အလိုမကျသော စိတ်ခံစားမှုများဖြင့် ပြတင်းပေါက်ကို လှည့်ကြည့်တော့မှ တရားခံအစစ်ကိုရှာတွေ့သည်။

ရဲ..သွေး..ငယ်..

ပြတင်းပေါက်ကို ဖွင့်ထားရုံသာမက လိုက်ကာများကိုပင် အကုန်ဖယ်ထားသည်။ ပြတင်းပေါက်ရှေ့မှ စားရေးစားပွဲတွင် စာရွက်တစ်ရွက် ဘောပင်တစ်ချောင်းနှင့် စာတွေကုန်းရေးနေသည်။ အနွေးထည်မပါသော ကိုယ်ခန္ဓာသည် စောင်ခြုံထဲမှာဖြစ်သည်။ ထိုင်ခုံမှာထိုင်နေရင်း ခြုံထားသောကြောင့် စောင်အနားစမှာ ကြမ်းပြင်ပေါ် ပုံကျနေသည်။

"ဟေ့ကောင်လေး.."

ရဲသွေးငယ် လှည့်မကြည့်။ ထက်ဝေယံ စောင်ကိုကန်ကာ ကုတင်ပေါ်မှခုန်ထရင်း အလိပ်လိုက် ထွက်လာသောဒေါသများကို ပြန်လည်မြိုချနေရသည်။

"ရဲသွေးငယ်... ငါ ခေါ်နေတာ မကြားဘူးလား။"

နောက်တစ်ခါ လေသံမာမာဖြင့်ခေါ်မှ သူ့ကိုလှည့်ကြည့်သည်။ စူးရဲသောအကြည့်တစ်ခု။ သူ့ကိုရဲသွေးငယ် ဒီလိုအကြည့်ခံရတိုင်း သူ့ဘက်မှ တစ်ခုခုမှားနေသလို မလုံမလဲဖြစ်ရသည်။ ပြိုင်ပွဲပြဇာတ်ရုံမှာ တွေ့ရကတည်းက ဒီမျက်လုံး၊ ဒီအကြည့်ကို ထက်ဝေယံ သတိထားမိသည်။

"ဘာလို့ ပြတင်းပေါက်ဖွင့်ထားတာလဲ။ ငါ အိပ်လို့မရတော့ဘူး။"

ထက်ဝေယံ လှမ်းဟောက်သည်။ ဒါပေမဲ့ ရဲသွေးငယ်က ချက်ချင်းလိုလိုအကြည့်လွှဲကာ စာရေးခုံပေါ် ခေါင်းပြန်ငုံ့သွားသည်။

"မင်းတော့ စောစောစီးစီး နာချင်နေပြီ။"

"ကိုဝေယံပဲ ကျွန်တော့်ကို စကားမပြောရဘူးဆို။"

ကြယ်တွေကြွေသောညWhere stories live. Discover now