Part 24 (Unicode)

27.3K 2.5K 188
                                    

အရိပ်ရှိသော နေရာမှာ ကားရပ်ထားပေမယ့် ပူလောင်လာသောကြောင့် သတိုး ကားထဲမှထွက်လာခဲ့သည်။ ရန်ကုန်မြို့၏ ညနေခင်းသည် ရုံးဆင်းချိန်မို့ ကားရောလူပါ ရှုပ်ယှက်ခတ်နေသည်။ အခုလည်း ကားရပ်ဖို့တစ်နေရာကို မနည်းရှာထားရခြင်းဖြစ်သည်။ ကားပိတ်ရပ်သလိုဖြစ်နေ၍ လိုအပ်လျှင် ကားရွေ့ပေးနိုင်ရန် သူ ကားထဲမှာ နေခဲ့ခြင်းဖြစ်သည်။ နေရှင်းခနှင့် ဒေါ်မေချိုတို့ကတော့ လိုအပ်သည်များဝယ်ရန် supermarket ရှိရာ shopping mall ထဲဝင်သွားပြီဖြစ်သည်။ နောက်တစ်ပတ်ထဲဆိုလျှင် နေရှင်းခ စင်္ကာပူသို့ ထွက်ခွာသွားတော့မည်ဖြစ်သည်။ အခုလည်း နောက်ဆုံးလိုအပ်သည့် အသုံးအဆောင်နှင့် အစားအသောက်တစ်ချို့ကို ဒေါ်မေချို လိုက်ဝယ်ပေးခြင်းဖြစ်သည်။

သတိုး စိတ်မောစွာ သက်ပြင်းချမိသည်။ သူ့စိတ်ထဲမှာ တကယ်တော့ နေရှင်းခကို ရန်ကုန်မြေမှ ထွက်ခွာသွားစေချင်ပြီဖြစ်သည်။ တောင်ကြီးမှ ပြန်လာသည့် အချိန်မှစ၍ တစ်လကျော်ကြာခဲ့သည့် သူတို့နှစ်ယောက်၏ နေထိုင်မှုသည် အရင်ကနှင့်မတူသည်ကတော့ သေချာသည်။ သူက နေရှင်းခနှင့် တတ်နိုင်သလောက် မျက်နှာချင်းမဆိုင်မိအောင် ရှောင်နေတတ်သည်။ နေရှင်းခကလည်း မေးချင်၊ ပြောချင်သည်များရှိနေသော်လည်း မမေးမိအောင် ကြိုးစားနေပုံရသည်။

"ကြာလိုက်တာကွာ။ နေရှင်းခ .. မင်း ကြောင့်ပဲဖြစ်မယ်။"

သတိုး ကားရပ်ထားရာ စတိုးဆိုင်လေးတစ်ခုမှ lollypop အဝိုင်းတစ်ခုဝယ်ကာ ပါးစပ်ထဲထည့်ငုံရင်း ကားရှိရာ ပြန်လျှောက်လာခဲ့သည်။ လက်ကောက်ဝတ်မှ လက်ပါတ်နာရီကိုငုံ့ကြည့်ရင်း သတိုး စိတ်တိုနေမိသည်။ သေချာသည်က ပစ္စည်းတစ်ခုကိုမဝယ်ခင် ရှိသမျှအညွှန်းကုန်သည်အထိ ဖတ်တတ်သည့် နေရှင်းခကြောင့်သာ စျေးဝယ်သည်မှာ ဒီလောက်ကြာနေခြင်းဖြစ်မည်။ စပို့ရှပ်လက်ပြတ်နှင့် ဒူးအောက်ရှိ ချည်ဘောင်းဘီတို ဝတ်ထားသော်လည်း ပူစပ်စပ်အရှိန်ကို သူ ခံစားနေရသည်။ ကားရှေ့အဖုံးပေါ် ခုန်တက်ထိုင်လိုက်ပြီး အဆင်းလှေကားနေရာကို နောက်တစ်ကြိမ် လှမ်းကြည့်လိုက်သည်။

"သတိုး..."

ရင်းနှီးသော ခေါ်သံတစ်ခုကြောင့် သတိုးမျက်မှောင်ကြုတ်ကာ လှည့်ကြည့်လိုက်သည်။

ကြယ်တွေကြွေသောညWhere stories live. Discover now