မြေအောက်ကားပါကင်တစ်ခု။ ညနေစောင်းအချိန်ဖြစ်သည်။ သဘာ၀အလင်းရောင် တိုးမ၀င်နိုင်သော နေရာတစ်ခုဖြစ်သော်လည်း မီးချောင်းများကြောင့် ထိန်ထိန်လင်းနေသည်။
ကွေ့၀င်လာသော ကားဘီးနှင့် ကြမ်းပြင်ပွတ်တိုက်သံသည် လိုအပ်သည်ထက် ပိုမိုကျယ်လောင်သည်။ ပဲ့တင်သံသည် အတော်နှင့်မရပ်။ ပြိုင်ကားလေး၏ အနီရောင်မျက်နှာပြင်မှ ရောင်ပြန်ဟပ်မှုသည် ကားပါကင်ကြီး၏ နံရံများထပ်တွင် ရိပ်ခနဲ။
ပြေးလွှားနေသော ကားဘီးများ ရပ်တန့်သွားသည်။ ကားတံခါးဖွင့်လိုက်ချိန် ထွက်ပေါ်လာသည့် ကျယ်လောင်သော သီချင်းသံ။ ထက်ေ၀ယံ ကားပေါ်မှ ဆင်းလိုက်သည်။
ခြေသံများ၏ ပဲ့တင်သံကို ကြားလိုက်ရသည်။ ပြိုင်ကားနီလေးရှိရာသို့ အပြေးလာနေသော ကင်မရာမန်း၊ အသံဖမ်းသူနှင့် သတင်းထောက်တစ်ယောက်။ အနားမရောက်ခင်ကတည်းက အရာရာကို မှတ်တမ်းတင်နေပြီဖြစ်သည်။ မည်သူဖြစ်ကြောင်း မည်သည့်မီဒီယာမှဖြစ်ကြောင်း မိတ်ဆက်သံကို ခပ်မြန်မြန်ပြောသွားသည်။
"အသစ်ထွက်လာမယ့်အခွေအတွက် ပရိသတ်က စိတ်၀င်စားနေကြတယ်"
ယဥ်ကျေးသည့်အသုံးအနှုန်းများကို အသုံးပြုကာ စကားဆက်သည်။ မျက်နှာကပြုံးနေသော်လည်း မျက်လုံးများက ဂနာမငြိမ်။ ကားရှေ့ခန်းမှ သတိုးခန့်ရှိရာ မကြာမကြာ လှမ်းကြည့်သည်။ ရွှေရောင်ကိုင်းတပ်ထားသည့် မျက်မှန်၀ိုင်းလေးကို ပင့်တင်လိုက်ပြီးမှ သတိုး ကားပေါ်မှ ဆင်းလိုက်သည်။ ဘေးနှစ်ဖက်ကို အပါးရိပ်ကာ အလယ်မှ ဆံပင်ကိုသပ်တင်ပြီး နောက်မှာ စည်းထားသောကြောင့် နဖူးပြင်သည် ရှင်းကာ မျက်နှာနုနုသည် ထင်းနေသည်။
"အခွေသစ်ထွက်တော့မယ်ကြားတယ်။ ပရိတ်သတ်က ၀မ်းသာနေကြတယ်။ တကယ်ပဲလား ညီလေး။"
"ဟုတ်ကဲ့ ခင်ဗျ။"
သတိုးက အပြုံးနှင့်ဖြေပေမယ့် ထက်ေ၀ယံရှိရာ မသိမသာ လှမ်းကြည့်သည်။ ပီကေ၀ါးကာ မျက်မှန်မည်းကြီးတပ်ထားသော ထက်ေ၀ယံသည် တကယ့်မျက်မမြင်တစ်ယောက်လို ဘာမှမမြင်ဘူးလား ထင်ရသည်။ မလှုပ်မယှက်နှင့် ဘောင်းဘီအိတ်ကပ်ထဲ လက်ထိုးထည့်ကာ ရပ်နေသည်။ ပီကေ၀ါးနေသော ပါးစပ်ကတော့ လှုပ်စိလှုပ်စိ။
VOUS LISEZ
ကြယ်တွေကြွေသောည