Final Part 1

39.6K 3K 246
                                    

အဝေးပြေးလမ်းပေါ်တွင် တရိပ်ရိပ်ပြေးနေသော ကားနီလေးသည် လေးကိုင်းမှ ပစ်လွှတ်လိုက်သော မြှားတစ်စင်းလို လျှင်မြန်စွာ ပြေးလွှားနေသည်။ မြင်ဖူးနေကြဖြစ်သော ပတ်ဝန်းကျင်ရှုခင်းများသည် အိမ်ပြန်ကိုစောင့်ကြိုနေသော ဆွေမျိုးသားချင်းများလို နေရှင်းခကို နွေးထွေးစွာဆီးကြိုနေကြသည်။ ကားနောက်မှ ရိပ်ခနဲ ကျန်ခဲ့သော ကွမ်းပင်များ၊ လယ်ကွင်းပြင်များ၊ တဲအိမ်ငယ်များနှင့် ဖြောင့်တန်းညီညာသော မျဉ်းပြိုင်တစ်ကြောင်းပေါ်တွင် စိုက်ထူထားသည်ဟု ထင်မှတ်ရသော ဓါတ်တိုင်များ။ အရာအားလုံးက နေရှင်းခကို ၀မ်းမြောက်ဝမ်းသာ နှုတ်ခွန်းဆက်နေကြသည်။

"ဝေယံရာ.. ပေးစမ်းပါ..."

"ဘာလဲကွ.."

"ဖုန်း..."

"ဘယ်သူ့ကိုဆက်မလို့လဲ..."

ထက်ဝေယံ မျက်စိထောင့်ကပ်ကြည့်ပြီး ခပ်ပြုံးပြုံးမေးသည်။ အလောတကြီး ဆွဲခေါ်လာသောကြောင့် နေရှင်းခ ဖုန်းမပါလာခဲ့။ ထက်ဝေယံကလည်း ညစ်ပဲ့ကာ သူ့ဖုန်းကို ပေးမကိုင်။ အခုအချိန်မှာ နေရှင်းခ စကားပြောချင်နေသူသည် ဘယ်သူလဲဆိုတာကို မေးစရာမလိုမှန်းသိပေမယ့် ထက်ဝေယံ တမင်ညစ်နေခြင်းဖြစ်သည်။

"ပေးစမ်းပါကွာ.. မင်း စိတ်မပုပ်စမ်းပါနဲ့..."

"ဟေ့ကောင်.. မင်း သတိုးကို စိတ်ဆင်းရဲအောင် လုပ်ထားလို့ ငါ လက်စားချေနေတာ.. မပေးနိုင်ဘူး.. သတိုးနဲ့ မတွေ့မချင်း ဒီလိုပဲ ခံရ ခက်ခက်လေးနဲ့ ငါ့ဘေးနားမှာ ငြိမ်ငြိမ်ထိုင်နေ.."

"မင်း အလကားကောင်.. သုံးမရဘူး.."

"ညီလေးရာ.. မင်းအစ်ကိုက မင်းကို ယောက်ျားပေးစားဖို့တောင် ကားတင်ပြေးပြီး ခေါ်လာပေးတာပဲ.. ကျေနပ်တော့..."

နေရှင်းခ စိတ်ညစ်စွာ ကားကူရှင်နှင့် ခေါင်းကို ဖိဆောင့်မိသည်။ အခုတော့ အချိန် နာရီပေါင်းများစွာကို ထက်ဝေယံ ဘေးမှာ ငြိမ်ငြိမ်ထိုင်လိုက်ရုံမှလွဲ၍ သူ ဘာမှမတတ်နိုင်တော့။

သတိုးရာ.... လက်ထပ်ဖို့နေရာကို အဲဒီ့ထက်ဝေးတဲ့နေရာကို မင်း ရွေးပါတော့လား..

ကြယ်တွေကြွေသောညWhere stories live. Discover now