Sequel 16 (Unicode)

17.3K 1.7K 22
                                    

နော်ဘူဘောဆုတောင်းပြည့်တောင်...

တောင်ထိပ်စွန်းနားရှိ အဖြူရောင် လက်ဝါးကပ်တိုင်သည် နေရောင်နွေးနွေးအောက်တွင် အပြာရောင်ကောင်းကင်နောက်ခံနှင့် ငြိမ်းချမ်းနွေးထွေးစွာ တည်ရှိနေသည်။ သီးသန့်ဆုတောင်းအခန်းငယ်များကို တောင်စောင်းတစ်လျှောက် သစ်ရိပ်များကြားမှာ တွေ့ရသည်။ တောင်ပေါ်လေသည် ညနေခင်းကလောက် မအေးတော့။ နွေးသောနေရောင်ခြည်ကြောင့် နေသာရုံလေးသာ ဖြစ်သည်။ ဒါပေမဲ့ အနွေးထည်ကိုတော့ ချွတ်၍မရသေး။ ဘုရားဖူးများအားလုံး လက်ရှည်အနွေးထည်များနှင့်ဖြစ်သည်။

တောင်ပေါ်တက်ရန် ကားရပ်နားရာ ကားပါကင်တွင် ဘုရားဖူးလာကြသော ခရီးသည်ကားများနှင့် ပြည့်နေသည်။ ဟိုင်းလက်ကားနောက်ခန်းတွင် ဖျာခင်းထိုင်ကာ ခရစ်စမတ်သီချင်းများကို သီဆိုရင်း ရောက်ရှိလာသော လူငယ်အုပ်စုကြောင့် ဆုတောင်းတောင်မှာ ပို၍ အသက်ဝင်လှုပ်ရှားနေသည်။ သတိုးတို့တည်းခိုရာ တည်းခိုခန်းမှဆိုလျှင် နီးနီးလေးဖြစ်သည်။ ၅ မိနစ်ပင်ကြာအောင် ကားမမောင်းရ။ ဒါပေမဲ့ ဒီနေ့မှ သူ့ပြိုင်ကားကို ထားခဲ့ကာ သတိုးတို့ကားနှင့် ကပ်လိုက်လာသော ထက်ဝေယံကို နားမလည်။

"ကိုလေး.. ဘာလို့ ကျွန်တော်တို့ကားနဲ့ လိုက်လာတာလဲ။"

"နီးနီးလေးကို.."

"ဟုတ်ပါတယ်။ ဒါပေမဲ့ အရင်က ဘယ်သွားသွား ကိုယ့်ကားနဲ့မှဆို။"

"ဒီကောင်လေး တရားဟောတာကို နောက်ထပ်နားထောင်ရရင် ငါ တောင်ပေါ်ကနေ ခုန်ချမိလိမ့်မယ်။"

ထက်ဝေယံ ရဲသွေးငယ်ကို ကြည့်ကာပြောသည်။ သတိုး ဒီတော့မှ သဘောပေါက်ကာ ရယ်ရသည်။

"ချွေတာလို့ရတဲ့နေရာမှာ ချွေတာစေချင်တာပါဗျာ။ ကျွန်တော်တို့နဲ့ မိခင်သဘာဝဆိုတာက ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီနေရတာ။"

"တော်သေးတယ်။ ရောက်နေပြီ။"

ကားထိုးရပ်သည်နှင့် ထက်ဝေယံ အရင်ဆုံးတံခါးဖွင့်ဆင်းသွားသည်။ ရဲသွေးငယ်မှာ ဆက်ပြောချင်သည်များကို တန်းလန်းနှင့် ရပ်လိုက်ရသလို မကျေမနပ်ဖြစ်သွားပေမယ့် ဘာမှထပ်ပြောမနေတော့။

ကြယ်တွေကြွေသောညWhere stories live. Discover now