Extra 2 (Unicode)

18.9K 1.6K 20
                                    

1..

2..

3..

ဓါတ်လှေကားထဲမှ နံပါတ်စဉ်များကို ညွှန်ပြထားသော အဝါရောင်မီးပွင့်သည် တဖြည်းဖြည်းပြောင်းလဲနေသည်။ လင်းလိုက်၊ မှိတ်လိုက်ဖြစ်နေသော ကိန်းဂဏန်းများသည် ရွေ့လျားနေသော ဓါတ်လှေကား၏ လမ်းညွှန်မှတ်တိုင်များဖြစ်သည်။ ထက်ဝေယံ မတ်မတ်ရပ်ချင်စိတ်မရှိတော့။ ဒူးကွေးထိုင်ချကာ လက်နှစ်ဖက်ကို ဆန့်တန်းရင်း ခေါင်းမှောက်ထားမိသည်။ သူ ပင်ပန်းလွန်းနေပြီ။

ရိုက်ကွင်းပြီးချိန်သည် ည ၁၁ နာရီဖြစ်ပေမယ့် အားလုံးကိုနှုတ်ဆက်ရသည်ရော၊ နောက်သီချင်းများအတွက် ပြင်ဆင်ရမည်များကို ဒါရိုက်တာ၊ ဓါတ်ပုံဆရာတို့နှင့် စကားပြောနေရသဖြင့် သူ အိမ်ပြန်ရောက်ချိန်သည် ည တစ်နာရီပင် ရှိတော့မည်ဖြစ်သည်။ ခေါင်းငုံ့ထားသောကြောင့် ဖိနပ်ကြိုးချည်ထားသည့်နေရာက မခိုင်တော့တာကို မြင်ရသည်။ အဖြူရောင်ဖိနပ်ကြိုးငယ်သည် လျော့ရဲရဲဖြစ်နေပြီ။ "ဟပ်ထိုးလဲမယ်လေဗျာ.. သေချာကြိုးချည်ဦး" ဟု မကြာခဏပြောတတ်သည့် ကောင်လေးတစ်ယောက်ကို မြင်ယောင်မိတော့ သူ သက်ပြင်းချမိသည်။

10..

11..

12..

ဘာလို့ဒီလောက်တောင် ကြာနေတာလဲ။ အရင်တုန်းကလည်း အကြိမ်ပေါင်းများစွာ တက်လိုက်၊ ဆင်းလိုက် သူ လုပ်နေကြပါ။ ၂၄ ထပ်မှာရှိသော သူ့တိုက်ခန်းကိုရောက်ဖို့ ဘယ်တုန်းကမှ ဒီလောက်အချိန်ကြာသည်ဟု သူ မထင်ခဲ့။ လေးဘက်လေးရံမှ ကာရံထားသော ဓါတ်လှေကားအခန်းငယ်သည် သူအသက်ရှူမဝအောင် မွန်းကြပ်လာနေစေသည်။

"မင်း ရဲသွေးကို တကယ်ရော ချစ်ရဲ့လား ဝေယံ။"

နေရှင်းခ၏ အမေးက သူ့နားထဲက မထွက်။ ဆံပင်လိပ်များကို ထိုးဖွရင်း ဓါတ်လှေကားနံရံမှာ ထင်နေသော သူ့့ပုံရိပ်ကို အဓိပ္ပါယ်မဲ့စွာ ငေးကြည့်မိသည်။ အမည်းရောင်လိုင်နာထည့်ထားသော မျက်လုံးမည်းများက ထင်းနေသည်။ လေးထောင့်မကျတကျ မျက်နှာထက်မှာ ရှုပ်ပွနေသော ခရမ်းရောင်လှိုင်းတွန့်ဆံပင်များရှိနေပြီး ဆံပင်လိပ် တစ်ချို့က သူ့နဖူးပေါ်ကျနေသည်။

ကြယ်တွေကြွေသောညWhere stories live. Discover now