နေရှင်းခတို့ကို မနှောင့်ယှက်ချင်တော့၍ ထက်ဝေယံ ကားပေါ်မှဆင်းလာခဲ့သော်လည်း တိတ်ဆိတ်နေသော အိမ်ငယ်ကြောင့် လူမှရှိပါ့မလားဟု စိုးရိမ်စိတ်ဝင်မိသည်။ ခနော်ခနဲ့ သစ်သားတံတားကို ဖြတ်ကျော်ပြီးချိန် ၀ါးခြံစည်းရိုးကို အလွယ်တကူပင် တွန်းဖွင့်ကာ ခြံထဲဝင်လာခဲ့သည်။ ဖုန်တက်နေသော ထိုင်ခုံတန်းလျားငယ်နှင့် စားပွဲများမှာ အရင်တုန်းက သူတွေ့ခဲ့သည့်အတိုင်းပင်ဖြစ်သည်။ အိမ်ဘေးဘက် မြေလွတ်အနည်းငယ်တွင် ကြိုးတန်းတစ်ခုရှိနေကာ လျှော်ပြီးသားအဝတ်အစားတစ်ချို့နှင့် စောင်တစ်ထည်ကို ဖြန့်လှန်းထားသည်။ အပြာရောင်ပလတ်စတစ် ရေစည်ပိုင်းတစ်ခုသည်လည်း ခြံထောင့်တွင်ရှိနေပြီး မြက်ရိုင်းပင်တစ်ချို့က ခြံစည်းရိုးတစ်လျှောက် ဟိုနား သည်နား ကျိုးတို့ကျဲတဲ ပေါက်နေကြသည်။
"ဟေ့လူ...."
နောက်ဖက်မှ ခပ်ဆတ်ဆတ်ခေါ်သံကြောင့် ထက်ဝေယံ လန့်သွားသည်။ လှည့်ကြည့်တော့ အခုနက သူ မမြင်ခဲ့သည့် ခုန်တန်းလျားထောင့်တွင် ကောင်လေးတစ်ယောက် ထိုင်နေသည်။
ရဲသွေးငယ်..
နွမ်းဖတ်နေသာ အကျီင်္မှာ အပေါက်အပြဲများနှင့်ဖြစ်သည်။ ပုဆိုးက အရောင်ပင်မပေါ်။ ဟိုတစ်နေ့ ပြိုင်ပွဲညတုန်းကလို ပင်နီတိုက်ပုံ ယောပုဆိုးနှင့်မဟုတ်တော့၍ ရဲသွေးငယ်မှန်း ထက်ဝေယံ သေချာကြည့်မှ မှတ်မိသည်။
"ဦးတရုတ်ကြီးပါလား.."
ရဲသွေးငယ် မျက်နှာမှ အပြုံးတစ်ခု။ ထက်ဝေယံ မျက်နှာမဲ့သွားသည်။ ဒီကောင်လေး စကားပြောတာ အချိုးကိုမပြေ။ သူနှင့် ဒီကောင်လေး ရေစက်ဆုံသည်မှာ ဒီအကြိမ်နဲ့ပါဆိုလျှင် သုံးကြိမ်ရှိပြီဖြစ်သည်။ ပြိုင်ပွဲဇာတ်ရုံထဲဝင်ဖို့ရော၊ သတိုးလက်မှတ်ရဖို့ပါ သူ ကူညီပေးခဲ့သည်လေ။ ဒါကိုတောင် မမှတ်မိသေးဆိုတော့ တော်တော်တော့ လွန်လာပြီထင်သည်။ ထက်ဝေယံဆိုသည့် နာမည်ကြီးအဆိုတော်ကို တွေ့တွေ့ချင်း မမှတ်မိတာကို သူ လက်ခံနိုင်သေးသည်။ နာမည်ကိုမမှတ်မိတာကို နားလည်ပေးလို့ရသေးသည်။ ဦးတရုတ်ကြီးဆိုတာတော့ သူ ဘယ်လိုလက်ခံရမလဲ။
YOU ARE READING
ကြယ်တွေကြွေသောည