ဇာတ်သိမ်းပိုင်း

42.6K 2.8K 192
                                    

ကျယ်ဝန်းသော Kitchen ထဲမှာ တဖိတ်ဖိတ်တောက်နေသော အလူမီနီယမ် မီးဖိုခုံတန်းရှည်ပေါ်တွင် ညစာအတွက် ပြင်ဆင်နေသော ဟင်းလျာများ အသီးအရွက်များ ပန်းကန်များနှင့် ပြည့်နှက်နေသည်။ အဖြူရောင် ကျောက်ပြားကပ်ထားသော မီးဖိုခန်းနံရံထောင့်မှ အဲယားကွန်းလေအေးသည် မီးဖိုခန်းမှ ပူလောင်မှုများကို အတင်းအံတုနေရသည်။ နံရံကပ်နာရီကိုကြည့်ပြီးမှ နေရှင်းခ မျက်လုံးပြူးသွားသည်။

"Chef.. ကျွန်တော် သွားတော့မယ်။"

ဒီနေ့ သူ အလုပ်ချိန်တစ်ဝက်ပြီးသည်နှင့် အပြင်ထွက်ခွင့်တောင်းထားခဲ့သည်။ Chef ခွင့်ပြုသည်နှင့် ဦးထုပ်ဖြူနှင့် ခါးစည်းဖုံးကို ဆွဲဖြုတ်ပြီး kitchen ထဲမှ အပြေးတပိုင်းထွက်လာခဲ့သည်။ ယူနီဖောင်းပင် လဲရန်အချိန်မရှိတော့။

ဒီည သတိုး၏ သီချင်းပြိုင်ပွဲရှိသည်။

ပိတ်ဆို့နေသော ကားများကြောင့် ပြိုင်ပွဲနေရာသို့ရောက်မှ သက်ပြင်းချရသည်။ လူ ၁၆၀၀ ခန့်ဆံ့သော ပြဇာတ်ရုံတစ်ခုတွင် ပြုလုပ်မည်ဖြစ်သောကြောင့် လာကြည့်သူများ၊ သီဆိုသူများ၏ မိတ်ဆွေသူငယ်ချင်းများ၊ ရုပ်မြင်သံကြားဌာနများမှ လာရောက်ရိုက်ကူးသူများနှင့် ရှုပ်ရှက်ခတ်နေသည်။

နေရှင်းခ လူများကြားတိုးဝှေ့ကာ ဇာတ်စင်နောက်သို့လျှောက်လာခဲ့သည်။ ဇာတ်စင်နောက်သည် သူထင်ထားသည်ထက် ပို၍ ရှုပ်ရှက်ခတ်နေသည်။ တောက်ပြောင်လှပစွာ ဝတ်စားထားသူများ၊ အဝတ်အစားသစ်များကို ချိတ်များဖြင့်ပင့်မထမ်းကာ ခပ်မြန်မြန်လျှောက်သွားသူများ၊ cameramen များ အင်တာဗျူးသူများနှင့် တိုးလို့ပင်မရနိုင်လောက်အောင်ပင်။

"ရှင်းခ.. ဒီဘက်မှာ။"

ခပ်လှမ်းလှမ်းမှ သတိုးအသံကြောင့် သူ သတိုးရှိရာ လျှောက်သွားခဲ့သည်။ အနောက်တိုင်းဝတ်စုံကို ခန့်ညားစွာဝတ်ထားသော သတိုးသည် ငေးကြည့်မိသွားအောင် ချောလွန်းနေသည်။ ပေါင်လယ်ထိရှည်သော အနက်ရောင် ကုတ်အကျီီက သတိုး၏ အချိုးကျသော ကိုယ်ခန္ဓာနှင့် လိုက်ဖက်လွန်းသည်။ အဖြူရောင် ရှပ်အကျီင်္လည်ပင်းမှာ အနက်ရောင် ဖဲပြားတစ်ခုရှိနေသည်။ ဆံပင်ပျော့များက ခပ်အုပ်အုပ် တစ်ဖက်စောင်းကျနေပေမယ့် ဗန်ဒါစေ့ပုံမျက်လုံးများ၏ တောက်ပမှုက အထင်ရှားဆုံးဖြစ်သည်။

ကြယ်တွေကြွေသောညDove le storie prendono vita. Scoprilo ora