Sequel 29 (Unicode)

16.4K 1.5K 42
                                    

ရောက်ဖူးပြီးသားဖြစ်သော မြေနီလမ်းတစ်ခု။ ကွင်းပြင်ကျယ်များကြားတွင် လူနေအိမ်ကျိုးတဲကျဲတဲသာရှိသည့် ဆင်းရဲသားရပ်ကွက်ငယ်။ သူ့ ပြိုင်ကားကို မယူဘဲ ရဲလေး၏ ကားကို ထက်ဝေယံ ယူမောင်းလာခဲ့ခြင်းဖြစ်သည်။ အရင်တစ်ခေါက်လာခဲ့စဉ်က သူ့ပြိုင်ကားကို အထူးအဆန်းဝိုင်းကြည့်နေကြသော လူများကြားထဲတွင် မျက်နှာပူသလိုလို ခံစားခဲ့ရဖူးသောကြောင့် ဒီတစ်ခေါက်တော့ ရပ်ကွက်ထဲ မျက်စိမနောက်အောင် ရဲလေး၏ ဖီးယက်ကားဖြင့်သာ လာခဲ့ခြင်းဖြစ်သည်။ ဒါတောင် ကိုယ်ပိုင်ကား အဝင်၊ အထွက် သိပ်မရှိသော ရပ်ကွက်ငယ်ဖြစ်၍ လှည့်ကြည့်ကြသူများမရှား။ ချိုင့်ခွက်များနှင့်ပြည့်နေသော မြေနီလမ်းဘေးတွင် ကားကို စက်သပ်ရပ်လိုက်သည်။ ပျဉ်ထောင်အိမ်လေးထဲမှာ လူရိပ်မရှိ။

ရဲသွေးငယ် သူ့ထံ ရောက်မလာတော့သည်မှာ အတော်ကြာခဲ့ပြီဖြစ်သည်။ အရင်က နှစ်ရက်တစ်ခါ၊ သုံးရက်တစ်ခါလောက် ဓါတ်လှေကားရှေ့၊ တိုက်ခန်းရှေ့၊ သူ စားလေ့ရှိသည့် စားသောက်ဆိုင်ရှေ့တို့သို့ ရောက်လာတတ်ကာ စာပေး၊ ကဗျာပေးနှင့် နှောင့်ယှက်နေခဲ့ဖူးသည်။ အခုနောက်ပေါင်းတော့ စုန်းစုန်းမြှုပ် ပျောက်ကွယ်သွားခဲ့သည်။ အချိန်ကြာလာသည်နှင့်အမျှ သူ စိတ်ပူလာသည်။ နေမကောင်းတာလည်းဖြစ်နိုင်သည်။ သူ့ဆီလာစဉ် ဘတ်စ်ကားပေါ်မှ ပြုတ်ကျကာ ဆေးရုံရောက်နေတာလည်း ဖြစ်နိုင်သည်။ သတိုးအတွက် စိတ်ပူရသည့်အပူတွင် နှစ်ထပ်ဆင့်ကာ ရဲသွေးငယ်အတွက်ပါ သူ စိတ်ပူလာသောကြောင့် ဒီနေ့တော့ အိမ်အရောက် လိုက်ချလာခဲ့ခြင်းဖြစ်သည်။

ပျဉ်ထောင်အိမ်လေး၏ တံခါးမှာပွင့်လျက်သားဖြစ်၍ တစ်စုံတစ်ယောက်တော့ ရှိနေရမည်။ အုန်းပင်များ၊ ငှက်ပျောပင်များ၊ ပန်းပင်များနှင့် ပြည့်နေသော ခြံငယ်လေးထဲသို့ သစ်သားပြားခင်းထားသော တံတားကိုဖြတ်ကျော်ကာ ဝင်လာခဲ့သည်။ ခြံထဲမှ ကျောင်းသားများ စာသင်ကြားရာ ခုံတန်းမှာ ဖုန်အပြည့်နှင့်ဖြစ်သည်။

"ဝုတ် ဝုတ်..."

စားပွဲရှည်အောက် ခွေအိပ်နေသော ခွေးတစ်ကောင်မှာ ထက်ဝေယံကို တွေ့သည်နှင့် မာန်ဖီကာ ဟောင်တော့သည်။ အကောင်သေးသလောက် အသံအောင်လှသော ထိုခွေးမှာ အရိုးပြိုင်းပြိုင်း၊ နှာတံဖြူနှင့်ဖြစ်သည်။

ကြယ်တွေကြွေသောညWhere stories live. Discover now