"ရှင်း.."
နေရှင်းခ Kitchen ထဲ လှမ်းဝင်လိုက်သည်နှင့် တစ်စုံတစ်ယောက်မှ ဝုန်းခနဲပြေးဖက်လာသောကြောင့် ပြိုလဲကျမသွားအောင် လက်တစ်ဖက်ဖြင့် တံခါးဘောင်ကိုလှမ်းကိုင်ပြီး ထိန်းလိုက်ရသည်။ သူ့ရင်ခွင်ထဲမှာတော့ မိန်းကလေးတစ်ယောက်။ သင်းပျံ့သော အကောင်းစားခေါင်းလျှော်ရည်နံ့က ကုတ်ဝဲထိရှည်သော ဆံပင်နုနုများထက်မှာ။ နေရှင်းခ၏အရပ်ကိုမီရန် ခြေဖျားထောက်ကာ သိုင်းဖက်ထားသော လက်မောင်းများသည်လည်း အိအိနွေးနွေးလေးဖြစ်သည်။
"Ling ... ရောက်နေပြီလား။"
မိန်းကလေးတစ်ယောက်၏ အပွေ့အဖက်ကို ယဉ်ပါးခြင်းမရှိသော နေရှင်းခ မျက်နှာတွေပူလာသည်။ မသိမသာ ခြေတစ်လှမ်းဆုတ်သော်လည်း Yi Ling ၏ သိုင်းဖက်ထားသော လက်များက မလျှော့သွား။ ပိုတိုး၍သာဖက်ထားသည်။ ဝန်ထမ်းအားလုံးက သူတို့နှစ်ယောက်ကို တအံ့တသြ လှမ်းကြည့်နေကြသည်။ ကျော်ထက်ရော အေးမင်းပါ မျက်လုံးများပြူးကာ ပါးစပ်အဟောင်းသား။ မျက်နှာတည်ကာ ဆူတတ်၊ ဟောက်တတ်လွန်းသည့် သူတို့၏ Chef ကြီးကို ပြေးဖက်ရဲသည့် ကောင်မလေးတစ်ယောက်ကို မယုံကြည်နိုင်စွာ လှမ်းကြည့်နေကြသည်။
"လွမ်းလိုက်ရတာ ရှင်းရာ။ နင် တကယ်ဆိုးတာပဲ။ email လေးတောင်ရေးဖော်မရဘူး။ ငါ ရေးထားတာတွေလဲ မပြန်ဘူးနော်။ နေနိုင်တာ။ တကယ်ပဲ။"
YiLing နှုတ်ခမ်းကိုလည်း စူသည်။ နေရှင်းခ ရင်ဘတ်ကို ထုသည်။ လက်မောင်းကို ကိုင်လှုပ်သည်။ အနက်ရောင် လက်ရှည်ကုတ်အကျီင်္၊ အနက်ရောင်စကတ်တိုလေးနှင့် နဂိုကမှ အရပ်ပုသော YiLing မှာ ၁၈ နှစ်အရွယ် ကောင်မလေးတစ်ယောက်လို ချစ်ဖို့ကောင်းနေသည်။ ဒေါက်ဖိနပ်အမြင့်ကပင် နေရှင်းခအရပ်ကို မီအာင် မစွမ်းဆောင်နိုင်။ ကုတ်အကျီင်္အောက်မှ ရှပ်အကျီင်္အဖြူလည်ပင်းတွင် တပ်ထားသော ဖဲပြားအနက်ရောင်က လှပမှုကို ခန့်ညားစေသည်။ သူမ၏ ပါးမို့မို့မှာ ပါးနီမတင်ထားသော်လည်း ရဲရဲလေးဖြစ်သည်။ အရောင်ဖျော့ဖျော့ နှုတ်ခမ်းနီကြောင့်ပန်းရောင်သန်းနေသော နှုတ်ခမ်းများနှင့် အမည်းကွန့်ထားသော မျက်လုံးစင်းစင်းများမှာ ညှို့ဓါတ်များ စိမ့်ဝင်နေသည်။
YOU ARE READING
ကြယ်တွေကြွေသောည