Sequel 9 (Unicode)

21.8K 1.7K 15
                                    

နေရှင်းခ ရေချိုး၊ မျက်နှာသစ်ပြီး ရေချိုးခန်းထဲမှ ထွက်လာချိန်တွင် အိပ်ရာပေါ်မှာ စောင်က အထွေးလိုက်မခေါက်ဘဲ ပုံနေသည်။ သတိုးလက်ချက်ပဲ ဖြစ်ရမည်။ အိပ်ရာထထချင်း စောင်ကိုရော အိပ်ရာကိုသာ သေချာ ခေါက်သိမ်းပြီးမှ သူ ရေချိုးခန်းဝင်တတ်သည်။ ဘယ်အချိန်က အိပ်ရာထဲပြန်ဝင်ကာ ဗြောင်းဆန်သွားအောင် လုပ်ပြီးမှ ပြန်ထွက်သွားသည်မသိ။ နေရှင်းခ စောင်ကို ပြန်ဖြန့်ခါကာ နောက်တစ်ကြိမ် ပြန်ခေါက်ရသည်။

"သတိုး.."

"အင်း..."

အခန်းအပြင်မှထူးသံ။ အခန်းထဲမဝင်လာသေး။

"အိပ်ရာကို ငါ တစ်နေ့ဘယ်နှစ်ခေါက်လောက် ခေါက်သိမ်းနေရမှာလဲကွာ။ မင်း စည်းကမ်းမရှိတာ လွန်လွန်းတယ်။"

စကားအဖြစ်သာ သူပြောနေရတာပါ။ သူ ပြောသမျှကို သတိုး တစ်ခွန်းမှ နားထောင်မှာ မဟုတ်ဘူးဆိုတာ သူ သိသည်။ အခန်းထဲဝင်လာသော သတိုးက ရှပ်အကျီင်္လက်ရှည်ကို လက်ခေါက်ဝတ်ကာ ရင်ဘတ်ကြယ်သီးတပ်နေသည်။ နေရှင်းခ မျက်ခုံးနည်းနည်း မြင့်တက်သွားသည်။ ဒီနေ့ သတိုး ကျောင်းတက်စရာမလို။ ပြီးတော့ အပြင်သွားတိုင်း ရှပ်အကျီင်္ကို သတိုး ဘယ်တော့မှမဝတ်။ ဘောင်းဘီတို အကျီင်္လက်ပြတ်နှင့် ပေါ့ပေါ့ပါးပါးသာ ဝတ်ဆင်တတ်သည်။ အခုတော့ ရှပ်အကျီင်္လက်ရှည်နှင့် ပုဆိုးနှင့်ဖြစ်သည်။ အလုပ်အင်တာဗျူးသွားဖြေမည့် လူငယ်ရုပ်ပေါက်နေသော သတိုးကို သူ မအံ့သြဘဲမနေနိုင်။

"မင်း ဘယ်သွားမလို့လဲ။"

"ဖေဖေ့ဆီသွားမလို့။"

နေရှင်းခ အခုမှ သဘောပေါက်သည်။ သတိုး ဖခင်ဖြစ်သူကို ဘယ်လောက်အလေးထားသည်ကို ဝတ်စားပုံကြည့်ကတည်းက သူ နားလည်သည်။ မျက်ခုံးမှာ အမြဲရှိနေသည့် piercing ကိုပါ ဖြုတ်ထားသည့် သတိုးမျက်နှာသည် ရှင်းသန့်နေသည်။

"မင်း အလုပ်သွားဖို့ လိုသေးတယ် မဟုတ်လား။ ငါနဲ့ လိုက်ခဲ့လေ။"

"အင်း.. လိုက်ခဲ့မယ်။ နည်းနည်းတော့ မျက်နှာပူသလိုပဲ။"

နေရှင်းခ အပြောကြောင့် သတိုးရယ်ပြီး နေရှင်းခ၏ပါးကို မခံချင်အောင် ဆွဲဆိတ်လိုက်သည်။

ကြယ်တွေကြွေသောညWhere stories live. Discover now