Part 19 (Unicode)

28.5K 2.4K 22
                                    

အခန်းထဲ ဝင်လိုက်သည်နှင့် သူ့ကိုလက်ပိုက်ကြည့်နေသော သတိုးကို တွေ့လိုက်ရသည်မို့ နေရှင်းခ မျက်နှာပိုးသတ်လိုက်ရသည်။ သတိုး တကယ်စိတ်ဆိုးနေသည်ဆိုတာကို သူ သိသည်။

"ယမုံ ပြန်သွားပြီ။"

သတိုး မျက်စိမှေးကာသာ ကြည့်နေသည်။ ဘာမှထပ်မပြော။ ဝတ်နေကျ မျက်မှန်ကို စားပွဲပေါ်ချွတ်တင်ထားသည်။ နို့နှစ်ရောင် လက်ရှည်ဆွယ်တာအကျီင်္၏ လက်မှာ သတိုးလက်ဖဝါး တဝက်ရောက်သည်အထိ ရှည်နေသည်။ လက်အနားစကို လက်သီးဆုပ်ထဲတွင် ထည့်ဆုပ်ထားကာ ဂျင်းဘောင်းဘီကြပ်ကို ဝတ်ထားသော သတိုး၏ ဒေါသထွက်နေပုံကပင် ငေးကြည့်ချင်စရာ ကောင်းလွန်းနေသည်။

"စိတ်မဆိုးပါနဲ့ကွာ။ ယမုံကို ငါ သေချာ နှုတ်ပိတ်ထားပါတယ်။"

"မင်း ကို ငါ မပြောနဲ့လို့ ပြောထားတယ်မဟုတ်လား။"

"ဟာ.. ငါ ဘာပြောလို့လဲ။ သူ့ဘာသာသူ အဓိပ္ပါယ်ကောက်ပြီး နားလည်သွားတာ။"

သတိုး သူ့ပခုံးကို လက်သီးဆုပ်နှင့် လှမ်းထိုးလိုက်သည်။

"အား.. သေပြီကွာ။"

နေရှင်းခ ခါးကိုကိုင်းကာ တမင်အသံကျယ်ကြီးဖြင့် အော်ပေမယ့် သတိုးက သူ့လှည့်ကွက်ထဲမဝင်။ နောက်တစ်ကြိမ် ခြေထောက်နှင့်ပါ လှမ်းကန်လာသည်မို့ အမြန်ခုန်ရှောင်လိုက်ရသည်။ ဒါပေမယ့် သတိုးက သူ့ထက်မြန်နေသည်။ လက်တစ်ဖက်ဖြင့် လည်ပင်းမှ သိုင်းဖက်ကာ ရှောင်လို့မရအောင် ဖမ်းချုပ်ကာ လည်ပင်းညှစ်ထားသည်။ လက်မောင်းများမှာ သေးပေမယ့် သံတုတ်တစ်ချောင်းလို ခိုင်မာနေသည်။

"တောင်းပန်ပါတယ်ကွာ။ တကယ်ပြောတာ။ စိတ်မဆိုးနဲ့တော့။"

နေရှင်းခ လက်အုပ်ချီသလို ခခယယပြောပေမယ့် သတိုး အကြည့်များက တင်းမာဆဲ။

"ယမုံ့ကိုတော့ သိထားစေချင်လို့ပါကွာ။ ငါတို့က ငယ်ငယ်လေးကတည်းက ခင်လာတာ။ တစ်ခုခု အထင်လွဲစရာတွေ ဖြစ်လာရင် မကောင်းဘူးလေ။ ငါတို့သုံးယောက်သံယောဇဉ်က အရမ်းခိုင်တော့ ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် အခင်မပျက်စေချင်ဘူး။ ဒါ့ကြောင့်ပါ။"

ကြယ်တွေကြွေသောညOù les histoires vivent. Découvrez maintenant