11-20

399 30 0
                                    

အဆုံးမဲ့ အာဏာ   အပိုင်း   ၁၁
အရိုးတည်ဆောက်ပုံ

" မှန်းစမ်း။
ဒီ မိစ္ဆာသားရဲအမြူတေက ဘယ်အမျိုးအစား ထဲကများဖြစ်မလည်း"
မိစ္ဆာ သားရဲ အမြူတေတွေက အရမ်းတန်ဖိုးရှိတာဖြစ်တယ်။
အဆင့်တစ် အနိမ့်စား အမြုတေကတောင် ရွှေပြား နှစ်ရာ သုံးရာလောက်ရနိုင်တယ်လေ။အဆင့်တစ် အလယ်အလတ် မိစ္ဆာသားရဲအမြူတေဆိုရင်တော့ ရွှေပြား ငါးရာလောက် ရမှာပါ။
အဆင့်တစ် ထိပ်တန်း အမြုတေဆိုရင် ရွှေပြားတစ်ထောင်လောက်တောင် ရနိုင်သေးတယ်။
ကောင်းကင်က လင်းလင်းထင်းထင်းရှိနေသေးပေမယ့် လီဖူချန်းက ဆက်မနေတော့ဘဲ မြူခိုးတောင်ကနေ ပြန်ထွက်လာခဲ့တယ်။
***
ယုံဝူးမြို ့…………
လီဖူချန်း ရဲ့ ဝင်ငွေက ဒီနေ့ အဖို့ ရွှေပြားငါးရာတောင် ရှိလာခဲ့တယ်။
အဆင့်နိမ့် အဝါရောင်အမျိုးအစား ဆေးပင် ၁၄ ပင်နဲ့ အလယ်အလတ်တန်းစားဆေးပင် ၃ပင် အတွက်  ရွှေပြား၇၅ပြား
မိစ္ဆာသားရဲ  ၅ ကောင်ရဲ့့ သားရေတွေအတွက် ရွှေပြား၄၀။
အားလုံးထဲမှာ စျေးအရဆုံးကတော့ အဆင့်တစ်အမျိုးအစား အလယ်အလတ်အဆင့်  မိစ္ဆာ သားရဲ မြူတေဘဲ။
၄၂၀ ရွေပြား နဲ့ ရောင်းလို့ရခဲ့တယ်။
ဒါကြောင့်အားလုံး စုစုပေါင်း ၅၃၅ ရွှေပြားရခဲ့တယ်။
ရွှေပြား ၅၃၅ပြားကို ကိုင်ပြီးတော့ လီဖူချန်းက အနည်းငယ်မာန်တက်ချင်သလိုတောင်ဖြစ်သွားတယ်။ ဒီငွေက သူ့ရဲ့နှစ် နှစ်စာ ဝင်ငွေ နဲ့ ညီမျှတယ်လေ။
ဒါပေမယ့် နောက်ပိုင်းသူအဆင့်တက်လာရင်  ကလန်ကပေးတဲ့ ထောက်ပံ့ငွေတွေက ပိုများလာမှာ ဖြစ်ပါတယ်။
လီဖူချန်းက ဒီလိုနဲ့ ရတနာဆိုင်ကို ရောက်လာခဲ့တယ်။
တစ်ခါတည်း အတွင်းခန်းထဲကို တန်းဝင်သွားရင်း
" ငါ ဒီအပြာရောင် လက်စွပ် ကို ဝယ်မယ်"
လီဖူချန်းက စကားကို တုံးတိဘဲ ပြောလိုက်တယ်။
" မင်္ဂလာပါ သခင်လေး ဖူချန်း။
ကြိုဆိုပါတယ် ခင်ဗျာ"
ဆိုင်ဝန်ထမ်း က လီဖူချန်းကိုအရင်တစ်ခါလို အထင်မသေးရဲတော့ဘဲ
ရိုရိုသေသေ လာရောက်ကြိုဆိုရှာတယ်။မျိုးဆက်သစ်လူငယ်တွေထဲမှာ ယန်ချီကို အနိုင်ယူနိုင်တဲ့ လူငယ်ဆိုတာရှားတယ်လေ။
လီဖူချန်းက သူ့ရဲ့ ရတနာကို ဝယ်ပြီး အပြင်ကိုရောက်တဲ့အခါမှာတော့ ပြသနာတစ်ခုက သူ့ကိုစောင့်ကြိုနေပါတယ်။

အဆုံးမဲ့အာဏာ (လီဖူချန်း)Where stories live. Discover now