221-230

216 27 0
                                    

အဆုံးမဲ့အာဏာ    အပိုင်း၂၂၁
အစွမ်းထက်လွန်းသည့် အသိစိတ်အာရုံ

အလွန်အစွမ်းထက်လွန်းသည့် အသိစိတ်ကို ပိုင်ဆိုင်ထားတဲ့ အတွက် ဘာအကျိုးကျေးဇူးတွေ ရလာနိုင်မလည်း။
ရလာနိုင်တဲ့ အကျိုးကျေးဇူးတွေကတော့ ပြောလို့မကုန်အောင်ပါပဲ။
လီဖူချန်းရဲ့ ထိုးထွင်းသိမြင်မှုတွေက အရင်ကထက် ပိုကောင်းလာမယ်။ ပြီးတော့ လီဖူချန်းရဲ့ စဉ်းစားတွေးခေါ်မှု အပိုင်းကလည်း အရင်ကထက်တောင် ထောင်စေ့လာပါဦးမယ်။

လီဖူချန်းက ရုတ်တရက် မျက်လုံး ဖွင့်လာပါတယ်။
" ဂုဏ်ယူပါတယ် သခင်……"

လီဖူချန်းတစ်ယောက် မျက်လုံး ဖွင့်လာတာကို မြင်လိုက်တာနဲ့  မိစ္ဆာဝိညာဉ်တွေက  တညီတညာတည်း  ဂုဏ်ပြုစကား ဆိုလိုက်ပါတယ်။

လီဖူချန်းရဲ့ ခန္ဓာကိုယ်ပေါ်က ထွက်နေတဲ့ ချီအရှိန်အဝါတွေက သူတို့သခင်ရဲ့ ချီအရှိန်အဝါတွေနှင့် မတူညီပေမယ့်လည်း  မိစ္ဆာဝိညာဉ်တွေက သူတို့သခင် မကျရှုံးနိုင်ဘူးဟု အပိုင် တွက်ထားပါတယ်။

လီဖူချန်းကတော့  အနိမ့်အမြင့် မရှိသည့် လေသံဖြင့်
" မင်းတို့ရဲ့ သခင်က သေသွားပြီ "

" မင်းက ငါတို့ရဲ့သခင် မဟုတ်ဘူးလား…… ။ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလည်း……"

မိစ္ဆာဝိညာဉ်ကောင်တွေက မယုံကြည်နိုင်သည့် ဟန်ဖြင့် လီဖူချန်းကို ကြည့်နေပါတယ်။
သခင်က သေသွားပြီလား……။
သခင်ချန်ထားတဲ့ အစစ်အမှန်ဝိညာဉ်က တိုက်ပွဲဝိညာဉ်နယ်ပယ်ပညာရှင်ထက်တောင် အစွမ်းထက်သေးတယ်လေ။ ဘယ်လိုလုပ်ပြီး မြေကမ္ဘာနယ်ပယ် ပညာရှင်တစ်ယောက်ရဲ့ ခန္ဓာကိုယ်ကို အပိုင်စီးတဲ့ အချိန်မှာ သေသွားရတာလည်း။ ကောင်းကင်နယ်ပယ် ပညာရှင်တစ်ယောက်ရဲ့ ခန္ဓာကိုယ်ကို အပိုင်စီးရင်တောင် သခင့်ရဲ့ အစစ်အမှန်ဝိညာဉ်အတွက် ပြသနာ မဟုတ်ဘူးလေ။
" သေစမ်း"
လီဝူရှုနဲ့ ဖူချောင်းရှန်ကို အပိုင်စီးထားတဲ့ မိစ္ဆာဝိညာဉ်တွေက တစ်ပြိုင်နက်ထဲ တိုက်ခိုက်လိုက်ပါတယ်။
ထန်!
ဓားရောင်တစ်ချက် က လက်ခနဲ ဖြစ်သွားပြီး လီဝူရှုနဲ့ ဖူချောင်းရှန်တို့ရဲ့ တိုက်ခိုက်မှုတွေကို ပျက်စီးစေခဲ့ပါပြီ။
လီဝူရှုနဲ့ ဖူချောင်းရှန်တို့က  နွံအိုင်ကြီးတစ်ခုထဲမှာ နစ်မြုပ်နေသည့်အလား  ခံစားနေရတယ်လေ.။ အဲဒါကြောင့် သူတို့တွေက လက်ရှိအစွမ်းရဲ့ ၃၀ရာခိုင်နှုန်းလောက်ကိုပဲ ထုတ်သုံးခဲ့နိုင်ပါတယ်။ ဒါကြောင့်လည်း လီဖူချန်းက သူတို့ရဲ့ တိုက်ခိုက်မှုတွေကို အလွယ်တကူ ဖျက်ဆီးသွားနိုင်ခဲ့တာပါ။
အစွမ်းထက်လှတဲ့  အသိစိတ်အာရုံက လီဖူချန်းကို တစ်ဖက်ရန်သူတွေရဲ့ တိုက်ခိုက်မှုလားရာကို ကြိုတင်သိမြင်စေခဲ့ပါတယ်။ အဲသည်အတွက် လီဖူချန်းက မိစ္ဆာဝိညာဉ်ကောင်တွေရဲ့ သိုင်းကွက်တွေကို အဆုံးထိ ထုတ်ခွင့်မပေးဘဲ ကြားဖြတ်တိုက်ခိုက်လိုက်တာပါ။

အဆုံးမဲ့အာဏာ (လီဖူချန်း)Where stories live. Discover now