521 - 530

289 25 0
                                    

အဆုံးမဲ့အာဏာ အပိုင်း ၅၂၁ ( စာစဉ် ၃၉ )

မျက်လုံးတစ်ထောင် အတွေးစိတ်ကူးရဲ့ ပြီးပြည့်စုံခြင်းအဆင့်


နောက်ထပ် ရက်တွေမှာ ဆိုရင်လည်း လီဖူချန်းက မျက်လုံးတစ်ထောင် အတွေးစိတ်ကူးကိုပဲ အားကြိုးမာန်တက် လေ့ကျင့်နေဆဲပါပဲ ။မျက်လုံးတစ်ထောင် အတွေးစိတ်ကူးရဲ့ အကြို ပြီးပြည့်စုံခြင်းအဆင့်......မျက်လုံးတစ်ထောင် အတွေးစိတ်ကူးရဲ့ ပြီးပြည့်စုံခြင်းအဆင့်.........လီဖူချန်းက မျက်လုံးတစ်ထောင် အတွေးစိတ်ကူးရဲ့ ပြီးပြည့်စုံခြင်းအဆင့်ကို ရောက်ဖို့အတွက် အချိန် သိပ်ကြာကြာ မယူလိုက်ရပါဘူး ။ အဲဒါက သူ့ရဲ့ ခရမ်းနုရောင် စိတ်ဝိညာဉ်နဲ့လည်း ဆိုင်ကောင်း ဆိုင်ပါလိမ့်မယ် ။မျက်လုံးတစ်ထောင် အတွေးစိတ်ကူးရဲ့ ပြီးပြည့်စုံခြင်းအဆင့်ကို ရောက်ပြီးတဲ့ အခါမှာတော့ လီဖူချန်းက မျက်လုံးတစ်ထောင် အတွေးစိတ်ကူးကို အသက်မသွင်းထားရင်တောင်မှ သူ့ရဲ့ မျက်လုံးနဲ့ ကြည့်ခြင်း ခံလိုက်ရတဲ့ ပိုးမွှားတွေ ဒါမှမဟုတ် ငှက်တွေဟာ သူတို့ရဲ့ လုပ်လက်စ အပြုအမူတွေကို ရပ်တန့်သွားပြီး ကျောက်ရုပ်သဖွယ် ဖြစ်သွားကြပါတယ် ။ သူတို့အားလုံးဟာ ပုံရိပ်ယောင်ကမာ႓ထဲကို ကျရောက်သွားခဲ့ကြတာလို့ ပြောရင်တော့ ပိုမှန်ပါလိမ့်မယ် ။သည်ကိစ္စနဲ့ ပက်သက်ပြီး ပြောရမယ် ဆိုရင်တော့ လီဖူချန်းဟာ ဒါကို သိပ်ပြီး ဂုဏ်ယူမနေပါဘူး ။ ပိုးမွှားတွေ နဲ့ ငှက်တွေဆိုတာက အားနည်းတဲ့ စိတ်ဝိညာဉ်ကိုသာ ပိုင်ဆိုင်ထားကြတာ မဟုတ်ပါလား ။ သူတို့အနေနဲ့ လီဖူချန်းရဲ့ ပုံရိပ်ယောင် ချီအရှိန်အဝါ တစ်စွန်းတစ်စကိုတောင် ခံနိုင်စရာ အကြောင်း မရှိပါဘူး ။လီဖူချန်းဟာ စိတ်ဝိညာဉ် အသိစိတ်ဆူး နဲ့ မျက်လုံးတစ်ထောင် အတွေးစိတ်ကူးကို တစ်လအတွင်းမှာပဲ ပြီးပြည့်စုံခြင်း အဆင့်ရောက်အောင် လေ့ကျင့်နိုင်ခဲ့ပါတယ် ။သူ့လို လုပ်ဆောင်နိုင်သူမျိုးက ဂိုဏ်းတော်မှာ ရှိဥိီးမလား ဆိုတာကိုတောင် မေးခွန်းထုတ်ချင်စရာပါပဲ ။ သူ့ရဲ့ ထိုးထွင်းသိမြင်မှု နဲ့ အထုံပါရမီကတော့ လုံးဝ ပြိုင်ဘက်ကင်း ဖြစ်နေပြီလို့ ဆိုရပါမယ် ။တိုက်ပွဲဝိညာဉ်နယ်ပယ် ဆရာသခင် တစ်ပါးတောင်မှ ကြယ်၆ပွင့် လျှို့ဝှက်နည်းစနစ်ကို ပြီးပြည့်စုံခြင်း အဆင့် ရောက်ဖို့အတွက် နှစ်နဲ့ချီပြီး အချိန်ယူရတာ မဟုတ်ပါလား ။ပြီးပြည့်စုံခြင်း အဆင့်ရဲ့ အထက်မှာ ဆိုရင်လည်း အလုံးစုံ တတ်သိနားလည်ခြင်းအဆင့် ရှိနေပါသေးတယ် ။ပြီးပြည့်စုံခြင်း အဆင့်နဲ့ အလုံးစုံ တတ်သိနားလည်ခြင်း အဆင့်ဟာ တကယ့်ကို ကွာခြားမှုကြီး တစ်ခုပါပဲ ။လျှို့ဝှက်နည်းစနစ်တွေမှာက ပြီးပြည့်စုံခြင်း အဆင့် ဆိုတာဟာ ကျင့်ကြံသူက လျှို့ဝှက်နည်းစနစ်ရဲ့ စွမ်းအား ၉၀ ရာခိုင်နှုန်းကိုသာ သုံးနိုင်သေးတယ်လို့ ဆိုလိုတာပါ ။ အလုံးစုံ တတ်သိနားလည်ခြင်း အဆင့်ကတော့ လှှှိျု့ဝှက်နည်းစနစ်ရဲ့ စွမ်းအား ၁၀၀ ရာခိုင်နှုန်းကို အသုံးပြုနိုင်ပြီဆိုတဲ့ အဓိပါ္ပယ်ပါပဲ ။ အဲသည်ထက် ပိုအရေးကြီးတာကတော့ လျှို့ဝှက်နည်းစနစ် တစ်ခုရဲ့ အလုံးစုံ တတ်သိနားလည်ခြင်း အဆင့်ကို ရောက်မှပဲ အဲသည်ကျင့်ကြံသူဟာ လျှို့ဝှက်နည်းစနစ်ကို အပြစ်အနာအဆာ ကင်းတဲ့အထိ အသုံးပြုနိုင်သူလို့ သတ်မှတ်ခံရမှာ ဖြစ်ပါတယ် ။ဥပမာအားဖြင့် ပြောရမယ် ဆိုရင်တော့ မျက်လုံံးတစ်ထောင် အတွေးစိတ်ကူးပေါ့ ။လီဖူချန်းရဲ့ မျက်လုံးတစ်ထောင် အတွေးစိတ်ကူးဟာ ပြီးပြည့်စုံခြင်း အဆင့်မှာသာ ရှိနေသေးတဲ့အတွက် အားနည်းချက်တွေ ၊ အပြစ်အနာအဆာတွေ ရှိနေဆဲပါပဲ ။အဲသည်အတွက် သူ့ရဲ့ မျက်လုံးတစ်ထောင် အတွေးစိတ်ကူးနဲ့ တိုက်ခိုက်ခြင်း ခံရသူတွေဟာ မမျှော်လင့်တဲ့ အကြောင်း တစ်စုံတစ်ရာကြောင့် ပုံရိပ်ယောင်ကမာ႓ ထဲကနေ လွတ်သွားနိုင်ပါတယ် ။ ဒါပေမဲ့ လီဖူချန်းရဲ့ မျက်လုံးတစ်ထောင် အတွေးစိတ်ကူးက အလုံးစုံ တတ်သိနားလည်ခြင်း အဆင့်ကို ရောက်သွားရင်တော့ အဲသည်လို အဖြစ်မျိုး ဖြစ်တော့မှာ မဟုတ်ပါဘူး ။ လီဖူချန်းရဲ့ မျက်လုံးတစ်ထောင် အတွေးစိတ်ကူးနဲ့ တိုက်ခိုက်ခြင်း ခံရတဲ့ သူတိုင်းဟာ ပုံရိပ်ယောင်ကမာ႓ ထဲကနေ လွတ်မြောက်ဖို့အတွက် သူတို့ရဲ့ စိတ်ဝိညာဉ် နဲ့ စိတ်တန်ခိုးတို့ကိုပဲ အားကိုးရတော့မှာ ဖြစ်ပါတယ် ။ဒါပေမဲ့လည်း တစ်ခု သတိပြုရမှာကတော့ တစ်ဘက်ရန်သူက လီဖူချန်းထက် ပုံရိပ်ယောင် ပညာရပ်မှာ ပိုပြီး ကျွမ်းကျင်နေခဲ့မယ် ဆိုရင် အခြေအနေက နောက်တစ်မျိုး ဖြစ်သွားနိုင်တယ် ဆိုတာပါပဲ ။ " ဟုတ်ပြီ ။ အပြင်ထွက်ပြီး ငါ့ရဲ့ မျက်လုံးတစ်ထောင် အတွေးစိတ်ကူးကို စမ်းသပ်ရမယ် "မျက်လုံးတစ်ထောင် အတွေးစိတ်ကူးကို ပြီးပြည့်စုံခြင်း အဆင့်အထိ လေ့ကျင့်ပြီးတဲ့ နောက်မှာတော့ လီဖူချန်းက သည်ပညာရပ်ရဲ့ အစွမ်းကို စမ်းသပ်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ် ။သူ့အနေနဲ့ စိတ်ဝိညာဉ် အသိစိတ်ဆူးကို စမ်းသပ်ဖို့ လူမရှာနိုင်ပေမယ့် မျက်လုံးတစ်ထောင် အတွေးစိတ်ကူးကို စမ်းသပ်ဖို့အတွက် လူရှာဖို့ကတော့ မခဲယဉ်းပါဘူး ။တစ်နေ့မှာတော့ လီဖူချန်းဟာ သက်တံနီဂိုဏ်းရဲ့ အပြင်စည်းတပည့် သုံးယောက်ကို သက်တံနီ တောင်တန်းဆီ ဆင့်ခေါ်လိုက်ပါတော့တယ် ။သက်တံနီဂိုဏ်းရဲ့ အပြင်စည်း တပည့်တွေဟာ လျော့တွက်လို့ရတဲ့ သူတွေ မဟုတ်ပါဘူး ။ ယေဘုယျအားဖြင့် ဆိုရင်တော့ သက်တံနီဂို်ဏ်းရဲ့ အပြင်စည်းတပည့် အားလုံးလိုလိုဟာ ကြယ်၆ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေချည်းပါပဲ ။ အဲသည်အတွက် သူတို့အားလုံးကို စိတ်တန်ခ်ိုးပိုင်းဆိုင်ရာမှာ အားနည်းတဲ့သူတွေ မဟုတ်ဘူးလို့ အကြမ်းဖျင်း မှတ်ယူရပါလိမ့်မယ် ။" ဂိုဏ်းတူအစ်ကိုလီ ...... ကျွန်တော်တို့အတွက် လုံးဝ စိတ်မပူနဲ့ ။ အစ်ကိုလေ့ကျင့်ထားတဲ့ မျက်လုံးတစ်ထောင် အတွေးစိတ်ကူးကိုသာ အကောင်းဆုံး သုံးလိုက် "လီဖူချန်းရဲ့ ဆင့်ခေါ်ခြင်း ခံလိုက်ရတဲ့ အပြင်စည်းတပည့် သုံးယောက်ဟာ သက်တံနီတောင်တန်းဆီ အားတက်သရော လာခဲ့ကြပါတယ် ။ သူတို့က လီဖူချန်းရဲ့ စမ်းသပ်ခံ လုပ်ဖို့ကိုလည်း လုံးဝ တွန့်ဆုတ်နေကြခြင်း မရှိပါဘူး ။ သူတို့က ဝမ်းသာအားရနဲ့ လီဖူချန်းရဲ့ စမ်းသပ်ခံ လုပ်ဖို့ကို သဘောတူလိုက်ကြပါတယ် ။ လူတစ်ယောက်တည်း စွမ်းအားနဲ့ အနောက်မြောက်ပိုင်း နယ်မြေဒေသ နဲ့ ငွေသဲဖြူ နယ်မြေဒေသကို သိမ်းပိုက်ထားနိုင်တဲ့သူ ။ သည်အချက်က နောက်စရာ မဟုတ်ပါဘူး ။ ကြေးခွံဖြူ တိုက်ကြီးမှာဆိုရင် လီဖူချန်းထက် နယ်မြေများများ သိမ်းပိုက်ထားနိုင်တာဆိုလို့ ဧကရာဇ်အဆင့် ဂိုဏ်းသုံးဂိုဏ်းပဲ ရှိတော့တာပါ ။သူတို့ရဲ့ အမြင်မှာတော့ လီဖူချန်းဆိုတာက ကြေးခွံဖြူ တိုက်ကြီးရဲ့ နတ်ဘုရား တစ်ပါးပါပဲ ။ ပြီးတော့ လီဖူချန်းက သက်တံနီဂိုဏ်း စစ်တပ်ရဲ့ တပ်မှုးချုပ်လည်း ဖြစ်နေပါသေးတယ် ။ သက်တံနီဂိုဏ်း စစ်တပ်ရဲ့ တပ်မှုးချုပ်ဖြစ်တဲ့ လီဖူချန်းဟာ သက်တံနီဂိုဏ်းအတွက် သိပ်အရေးမပါတဲ့ ရင်းမြစ်ပစ္စည်းတွေကို အတိုင်းအတာ ပမာဏ တစ်ခုအထိ ခြယ်လှယ်နိုင်ခွင့် ရှိသူ ဆိုရင်လည်း မမှားပါဘူး ။ သူတို့တွေက လီဖူချန်းနဲ့ ရင်းနှီးခင်မင်သွားရင် သိပ်အရေးမပါတဲ့ ရင်းမြစ်ပစ္စည်းတွေကို အပြင်လောကကို သယ်သွားပြီး ဝိညာဉ်ကျောက်တုံးတွေနဲ့ ပြန်ရောင်းစားလို့ရတဲ့ အခွင့်အရေးကို ရနိုင်ပါတယ် ။ ဒါကြောင့်လည်း သူတို့က လီဖူချန်းရဲ့ စမ်းသပ်ခံ လုပ်ဖို့ကို မဆိုင်းမတွ သဘောတူလိုက်ကြတာပါ ။လီဖူချန်းနဲ့ ရင်းနှီးခင်မင်ခွင့် ရမယ့် သည်လို အခွင့်အရေးကိုတော့ အရူးတွေမှပဲ ငြင်းပယ်ပါလိမ့်မယ် ။ " ဟုတ်ပြီလေ ...... ဒါဆိုလည်း သတိထားကြတော့ "သတိပေးပြီးတဲ့ နောက်မှာတော့ လီဖူချန်းက မျက်လုံးတစ်ထောင် အတွေးစိတ်ကူးကို အသက်သွင်းပြီး အပြင်စည်းတပည့် သုံးယာက်ကို ကြည့်လိုက်ပါတော့တယ် ။ပုံရိပ်ယောင် ချီအရှိန်အဝါတစ်ခုဟာ တိုးတိတ်ညင်သာစွာနဲ့ အပြင်စည်းတပည့် သုံးယောက်ကို လွှမ်းခြုံသွားခဲ့ပါပြီ ။ပုံရိပ်ယောင် ချီအရှိန်အဝါရဲ့ လွှမ်းခြံုမှုကို ခံလိုက်ရပြီးတာနဲ့ တစ်ပြိုင်နက် အပြင်စည်းတပည့် သုံးယောက်စလုံးရဲ့ မျက်လုံးတွေဟာ မှေးမှိန်ဖျော့တော့ သွားပါတော့တယ် ။သူတို့က ပုံရိပ်ယောင် ကမာ႓ထဲငိုကျရောက်သွားခဲ့ပြီဆိုတာ သံသယ ဝင်နေစရာ မလိုတော့ပါဘူး ။သိပ်မကြာခင်မှာတော့ အပြင်စည်းတပည့် သုံးယောက်ရဲ့ မျက်နှာပေါ်မှာ သောင်းပြောင်းထွေလာ အမူအယာ အမျိူးမျိုး ပေါ်လာပါတော့တယ် ။ တစ်ခါတစ်ရံမှာ နာကျင်မှု ၊ တစ်ခါတစ်ရံမှာ ကြောက်ရွံ့မှု အစရှိသဖြင့်ပေ့ါ ။ တစ်ခါတစ်ရံမှာတော့လည်း ခပ်တိုးတိုး ညည်းတွားပြီး တောင်းပန်တိုးလျှိုး နေကြပါသေးတယ် ။ ကြည့်ရတာတော့ သူတို့တွေဟာ ပုံရိပ်ယောင် ကမာ႓ထဲမှာ အဖြစ်အပျက် အမျိုးမျိုးနဲ့ ကြံုတွေ့နေရတဲ့ ပုံပါပဲ ။" မျက်လုံးတစ်ထောင် အတွေးစိတ်ကူးက ရန်သူတွေရဲ့ စိတ်ပိုင်းဆိုင်ရာ အားနည်းချက်တွေကို အခြေခံပြီး အစစ်အမှန်လို ခံစားရအောင် လုပ်နိုင်စွမ်းရှိတယ် ။ ဒါက တကယ် အ့ံသြစရာပဲ "လီဖူချန်းကတော့ သူ့ရဲ့ မျက်လုံးတစ်ထောင် အတွေးစိတ်ကူးနဲ့ ပက်သက်ပြီး အတော်လေး ကျေနပ်ပိီတိ ဖြာနေခဲ့ပါပြီ ။ သူက တစ်ချက်ကြည့်လိုက်တာနဲ့တင် အပြင်စည်း တပည့်သုံးယောက်ကို ပုံရိပ်ယောင် ကမာ႓ထဲ လုံးလုံးလျားလျား ကျရောက်စေနိုင်ခဲ့တာ မဟုတ်ပါလား ။ အဲဒါက မျက်လုံးတစ်ထောင် အတွေးစိတ်ကူး လျှို့ဝှက်နည်းစနစ်ဟာ အားမနည်းဘူး ဆိုတဲ့ အဓိပါ္ပယ်ပါပဲ ။ဆယ်မိနစ် အကြာမှာတော့ အပြင်စည်းတပည့် သုံးယောက်ထဲက တစ်ယောက်ဟာ ပုံရိပ်ယောင် ကမာ႓ထဲကနေ နိုးထလာခဲ့ပါတယ် ။သူ့ရဲ့ ခန္ဓာကိုယ် တစ်ခုလုံးကတော့ ချွေးတွေနဲ့ ရွှဲရွှဲစိုနေပြီး မျက်လုံးတွေမှာလည်း စိတ်ဓာတ်ကျမှုတွေ အထင်းသားပါပဲ ။သူနိုးထလာပြီး သိပ်မကြာခင်မှာပဲ ကျန်တဲ့ အပြင်စည်းတပည့် နှစ်ယောက်ဟာလည်း ပုံရိပ်ယောင် ကမာ႓ထဲကနေ နိုးထလာခဲ့ကြပါပြီ ။" ဂိုဏ်းတူအစ်ကိုလီ......ဒါကြီးက တကယ့်ကို အစစ်အမှန်နဲ့ တူလွန်းတယ် ။ အဲဒါက မျက်လုံးတစ်ထောင် အတွေးစိတ်ကူးရဲ့ အစွမ်းလား "အပြင်စည်းတပည့် သုံးယောက်စလုံးက ကြောက်ရွံ့စွာနဲ့ လီဖူချန်းကို သံပြိုင် မေးလိုက်ကြပါတယ် ။လီဖူချန်းက သူတို့ရဲ့ ရန်သူ ဖြစ်မနေလို့သာပေါ့ ။ တကယ်လို့သာ လီဖူချန်းက ရန်သူဆိုရင် သူတို့ဟာ အကြိမ်ထောင်ပေါင်းများစွာ သေနေလောက်ပါပြီ ။ လီဖူချန်းကတော့ သူတို့ကို ပြန်မဖြေခဲ့ပါဘူး ။ အဲသည်အစား သူက ခွင့်ပြုချက် တစ်ခု ပေးလိုက်ပါတယ် ။" မင်းတို့အားလုံး ပြန်လို့ရပြီ ။ နောက်တစ်ကြိမ် ရင်းမြစ်ပစ္စည်း အသုတ်ကျရင် မင်းတို့ တစ်ယောက်ချင်းစီက အဲဒါတွေကို ဈေးနှုန်းရဲ့ ၈၀ ရာခိုင်နှုန်းနဲ့ ဝယ်ခွင့်ရှိတယ် ။ ဒါပေမဲ့ အဆင့်နိမ့် ဝိညာဉ်ကျောက် ငါးသိန်းထက် မကျော်စေနဲ့ "" ကျေးဇူး အများကြီး တင်ပါတယ် ......ဂိုဏ်းတူအစ်ကိုလီ "အပြင်စည်း တပည့် သုံးယောက်လုံးရဲ့ မျက်နှာတွေကတော့ ပြံုးဖြီး သွားခဲ့ပါကြပြီ ။ သူတို့ကို လီဖူချန်း ပေးလိုက်တဲ့ ခွင့်ပြုချက်က သင့်တော့်တဲ့ အရာတစ်ခုပါပဲ ။ သူတို့ ဝယ်ခွင့် ရရှိတဲ့ အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး ငါးသိန်းဖိုးတန် ရင်းမြစ်ပစ္စည်းတွေ ဆိုတာက ဂိုဏ်းတော်မှာဆိုရင် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်သန်းနဲ့ တစ်သန်းအထက် ကျသင့်မှာ ဖြစ်ပါတယ် ။သူတို့တွေက ဘုရင်အဆင့် တပည့်တွေလို ချမ်းသာကြွယ်ဝသူတွေ မဟုတ်ကြပါဘူး ။ပြီးခဲ့တဲ့ နှစ်တွေတုန်းကဆိုရင် သူတို့ဟာ ရင်းမြစ်ပစ္စည်းတွေကို တစ်နှစ်လုံးနေမှ အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး ၅သိန်းဖိုးလောက်သာ ဝယ်ယူနိုင်ခဲ့ကြတာပါ ။ဒါပေမဲ့ အခုတော့ သူတို့က လီဖူချန်းရဲ့ စမ်းသပ်ခံအဖြစ် တစ်ခေါက်လေး လုပ်ပေးလိုက်ရုံနဲ့တင် သူတို့ တစ်နှစ်လုံးစာ ဝယ်ယူနိုင်တဲ့ ပမာဏထက် နှစ်ဆများတဲ့ အခွင့်အရေးကို ရသွားခဲ့ကြပါပြီ ။ ဒါက သူတို့အတွက် အတော်လေး တန်တယ်လို့ ဆိုရပါမယ် ။အပြင်စည်းတပည့် သုံးယောက် ထွက်သွားပြီးချိန်မှာတော့ လီဖူချန်းဆီမှာ အတွေးတစ်ခု ပေါ်လာခဲ့ပါတယ် ။" ကြယ်၆ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေတောင် ပုံရိပ်ယောင်ကမာ႓ထဲမှာ ဆယ်မိနစ်လောက် ကျရောက်မှတော့ ကြယ်ရပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေဆို ဘယ်လိုနေမလဲ မသိဘူး "စဉ်းစားနေရင်းနဲ့ လီဖူချန်းဟာ စီးခုံကျန်းရဲ့ မျက်နှာကြီးကို မြင်ယောင်လာမိပါပြီ ။" ထောက်ပ့ံရေးဒင်္ဂါး ၂၀၀၀ ။ ထောက်ပ့ံရေးဒင်္ဂါး ၂၀၀၀ ပေးရင် ငါမင်းရဲ့ စမ်းသပ်ခံ လုပ်ပေးမယ် "စီးခုံကျန်းက သည်အတိုင်းတော့ လီဖူချန်းရဲ့ စမ်းသပ်ခံ လုပ်ဖို့ စိတ်ကူး မရှိတဲ့ ပုံပါပဲ ။ သူက ထောက်ပ့ံရေးဒင်္ဂါး ၂၀၀၀ ရရင်တော့ လီဖူချန်းရဲ့ စမ်းသပ်ခံ လုပ်ပေးမယ်လို့ ပြောလာခဲ့ပါတယ် ။စီးခုံကျန်းက လီဖူချန်းနဲ့ ယှဉ်ပြိုင်ဖို့ အတွေးစိတ်ကူးကို အစောကြီးကတည်းက ဖယ်ထုတ်ခဲ့ပြီးပါပြီ ။ အခုချိန်မှာ သူအဖြစ်ချင်ဆုံးကတော့ တိုက်ပွဲဝိညာဉ်နယ်ပယ်ကို တတ်နိုင်သမျှ မြန်မြန်စောပြီး ချိူးဖောက်ဝင်ရောက်ချင်တာပါပဲ ။ အဲသည်အတွက် သူ့အနေနဲ့ ထောက်ပ့ံရေးရမှတ်တွေကို ရသမျှနည်းနဲ့ ရှာနိုင်သလောက် ရှာရပါလိမ့်မယ် ။ပြီးတော့ စီးခုံကျန်းက သူ့ရဲ့ စိတ်တန်ခိုးစွမ်းအားကို ယုံကြည်မှု အပြည့် ရှိပါတယ် ။ သူက လီဖူချန်းဟာ သူ့ကို ပုံရိပ်ယောင် ကမာ႓ထဲ ကျရောက်အောင် လုပ်နိုင်လိမ့်မယ်လို့ မယုံကြည်ပါဘူး ။" ဟုတ်ပြီလေ "လီဖူချန်းက မဆိုင်းမတွ သဘောတူလိုက်ပါတယ် ။ ထောက်ပံ့ရေး ဒင်္ဂါး ၂၀၀၀ ဆိုတာက သူ့အတွက် ဘာမှ မပြောပလောက်တဲ့ အရာပါပဲ ။အမှန်တကယ် ဆိုရင်တော့ သူ့အနေနဲ့ စီခုံကျန်းကို ဘာမှ ခွင့်တောင်းမနေဘဲ ပုံရိပ်ယောင် ကမာ႓ထဲ ပို့ပစ်လိုက်လို့ ရပါတယ် ။ ဒါပေမဲ့ သူက အဲသည်လို မလုပ်ချင်ပါဘူး ။ သူက စီးခုံးကျန်းရဲ့ အကောင်းဆုံး တုံ့ပြန်နိုင်မှုကို လိုချင်တာပါ ။ ဒါမှလည်း သူ့အနေနဲ့ မျက်လုံးတစ်ထောင် အတွေးစိတ်ကူးရဲ့ အစွမ်းအမှန်ကို ခန့်မှန်းသိရှိနိုင်မှာ မဟုတ်ပါလား ။" ကဲ ...... စပြီ ။ သတိထားတော့ "သတိပေးပြီးတဲ့ နောက်မှာတော့ လီဖူချန်းရဲ့ မျက်လုံးတွေဟာ အရောင်စုံတောက်ပလာခဲ့ပြီး လည်ပတ်သွားခဲ့ပါပြီ ။" ဟင် ...... ငါ ဘာဖြစ်နေတာလဲ "စီးခုံကျန်းက အခြေအနေ မကောင်းတော့ဘူး ဆိုတာကို ရိပ်မိလိုက်ပါတယ် ။ အစတုန်းကတော့ သူက လီဖူချန်းရဲ့ မျက်လုံးတွေကို ကြည့်ဖို့အတွက် စိတ်အားထက်သန်နေခဲ့တာပါ ။ ဒါပေမဲ့ အခုတော့ သူဟာ လီဖူချန်းရဲ့ မျက်လုံးတွေကို မကြည့်ရဲတော့ပါဘူး ။ ဘာဖြစ်လို့လဲ ဆိုတော့ သူ့ရဲ့ စိတ်ဝိညာဉ် နဲ့ ခန္ဓာကိုယ်ဟာ အလိုအလျောက် ခွဲခွာနေပြီလို့ သူခံစားလိုက်ရလို့ပါပဲ ။ သူက လက်ချောင်းတစမချောင်းတောင် ရွေ့ဖို့ မတတ်စွမ်းနိုင်တော့ပါဘူး ။အဲသည်နောက်မှာတော့ စီးခုံကျန်းဟာ ပုံရိပ်ယောင် ကမာ႓ထဲကို ကျရောက် သွားပါတော့တယ် ။ သူ့ရဲ့ မျက်လုံးအစုံကလည်း မှေးမှိန်ဖျော့တော့ သွားခဲ့ပါပြီ ။စီးခုံကျန်း သတိ ပြန်ဝင်လာတဲ့ အချိန်မှာ ပထမဆုံး သတိပြုမိလိုက်တာကတော့ သူ့ရဲ့ တစ်ကိုယ်လုံးမှာ ချွေးစေးတွေ ထွက်နေတာပါပဲ ။" ဟင်း......ပုံရိပ်ယောင် ကမာ႓ထဲမှာ ငါ ဘယ်လောက်ကြာကြာ ပိတ်မိသွားတာလဲ "သက်ပြင်းရှည်ကြီးတစ်ချက် ချအပြီးမှာတော့ စီးခုံကျန်းက စိတ်ပျက်လက်ပျက်နဲ့ လီဖူချန်းကို လှမ်းမေးလိုက်ပါတယ် ။လီဖူချန်းက ပြံုးလိုက်ပြီး " မင်းက ဘုရင်အဆင့် တပည့် ဖြစ်နေတာလည်း မထူးဆန်းပါဘူး ။ မင်းက ပုံရိပ်ယောင် ကမာ႓ထဲမှာ အသက်ရှုချိန် ဆယ်ခါလောက်ပဲ ပိတ်မိသွားတယ် " "ဆယ်......ဆယ်ခါတဲ့လား "' ခွေးမသား...... မင်းက ငါ့ကို တကယ်ကြီး လုပ်ပစ်လိုက်တာပေါ့လေ 'စီးခုံးကျန်းက အသံကျယ်ကြီးနဲ့တောင် လီဖူချန်းကို အော်ဆဲပစ်လိုက်ချင်ပါသေးတယ် ။ဒါပေမဲ့ သူက လက်တွေ့တော့ မလုပ်ရဲပါဘူး ။သူက စိတ်ထဲကနေ ဆဲရုံသာ တတ်နိုင်ပါတယ် ။အသက်ရှုချိန် ဆယ်ခါ ဆိုတာက တကယ်ကို ကြာမြင့်တဲ့ အချိန်ပါပဲ ။ အသက်ရှုချိန် ဆယ်ခါ မပြောပါနဲ့ ။ အသက်ရှုချိန် တစ်ခါလေးနဲ့တင် ရန်သူက သူ့ကို သတ်ဖို့အတွက် လုံလောက်နေပါပြီ ။ ဒါကို လီဖူချန်းက သူ့ကို ပုံရိပ်ယောင် ကမ႓ာထဲမှာ အသက်ရှုချိန် ဆယ်ခါပဲ ပိတ်မိတဲ့အတွက် ချီးကျုးနေပါသေးတယ် ။" ဘယ်မှာလဲ ငါရမယ့် ထောက်ပ့ံရေးဒင်္ဂါး "စီးခုံကျန်းက လီဖူချန်းကို ဆက်ပြီးတော့ စကားတောင် မပြောချင်တော့ပါဘူး ။ သူက အသံ ခြောက်ကပ်ကပ်နဲ့ သူရမယ့် ထောက်ပ့ံရေး ဒင်္ဂါးတွေကို တောင်းလိုက်ပါတယ် ။" ရော့ "လီဖူချန်းက တစ်ပြားကို ထောက်ပံ့ရေးရမှတ် တစ်ထောင် တန်ဖိုးရှိ့တဲ့ ဒင်္ဂါးနှစ်ပြား ပစ်ပေးလိုက်ပါတယ် ။ "' လီဖူချန်း....... မင်းက တကယ့် နတ်ဆိုးပဲ "စကားဆုံးတဲ့နောက်မှာတော့ စီးခုံကျန်းက သူ့ရဲ့ ထောက်ပ့ံရေးဒင်္ဂါး နှစ်ပြားကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီး လှည့်ထွက်သွားခဲ့ပါပြီ ။" လီဖူချန်း...... နင်က အရမ်းထူးဆန်းတဲ့ ပညာရပ်တစ်ခုကို လေ့ကျင့်အောင်မြင်ထားတယ်ဆို ။ ငါ့ကိုလည်း စမ်းကြည့်ပါလား "လီဖူချန်းရဲ့ မျက်လုံးတစ်ထောင် အတွေးစိတ်ကူး အကြောင်းကို ပိုင်လိရှန်က ဘယ်ကနေ ဘယ်လို ကြားလာတယ် မသိပါဘူး ။ သူမက လီဖူချန်းဆီကို စမ်းသပ်ခံလုပ်ဖို့ အားတက်သရော ပေါက်ချလာပါတယ် ။" ရတယ်လေ "လီဖူချန်းကလည်း ငြင်းမနေပါဘူး ။ သူက ပျော်ပျော်ကြီး ပိုင်လိရှန်ကို မျက်လုံးတစ်ထောင် အတွေးစိတ်ကူး ထုတ်သုံးပေးလိုက်ပါတယ် ။ပိုင်လိရှန်ရဲ့ စိတ်တန်ခိုးစွမ်းအားက စီးခုံကျန်းထက် အများကြီး အားကောင်းတယ်လို့ ဆိုရပါမယ် ။ သူမက ပုံရိပ်ယောင် ကမာ႓ထဲကနေ လွတ်မြောက်ဖို့အတွက် အသက်ရှုချိန် သုံးခါသာ အချိန် ယူခဲ့ရပါတယ် ။" လီဖူချန်း...... နင့်ကျင့်ထားတဲ့ ပညာက ကြောက်စရာ ကောင်းလိုက်တာ "ပိုင်လိရှန်က မျက်လုံးတစ်ထောင် အတွေးစိတ်ကူးရဲ့ အစွမ်းကို မြည်းကြည့်ပြီးတဲ့ နောက်မှာတော့ တအ့ံတသြ ဆိုလာခဲ့ပါပြီ ။သူမက တစ်ချိန်တည်းမှာပဲ တိုက်ပွဲဝိညာဉ် နယ်ပယ်ကို ချိူးဖောက်ဝင်ရောက်ပြီးရင်တော့ ပုံရိပ်ယောင် ပညာရပ် အချို့ကို လေ့ကျင့်ဖို့ ဆုံးဖြတ်လိုက်ပါတယ် ။ သူမက ပုံရိပ်ယောင် ပညာရပ်နဲ့ ရန်သူကို ပိတ်လှောင်ထားဖို့ အထိတော့ မမျှော်လင့်ထားပါဘူး ။ သူမရဲ့ ရည်ရွယ်ချက်ကတော့ ရန်သူရဲ့ ပုံရိပ်ယောင် ပညာရပ်ထဲမှာ အလွယ်တကူ မမိသွားဖို့ဘဲ ဖြစ်ပါတယ် ။" ပိုင်လိရှန် ...... နင်က တိုက်ပွဲဝိညာဉ်နယ်ပယ်ကို တက်လှမ်းဖို့ ပြင်နေပြီလား "လီဖူချန်းက ပိုင်လိရှန်ကို လှမ်းမေးလိုက်ပါတယ် ။ သူက အစောကြီးကတည်းကနေ ပိုင်လိရှန်ရဲ့ အသိစိတ်က လိပ်ပြာအသိစိတ် အဖြစ်ကို ပြောင်းလဲစ ပြုနေပြီဆိုတာကို သတိပြုမိ နေတာပါ ။ အဲဒါက ပိုင်လိရှန်အနေနဲ့ တိုက်ပွဲဝိညာဉ်နယ်ပယ်ကို တက်လှမ်းနိုင်တော့မယ်ဆိုတဲ့ အဓိပါ္ပယ်ပါပဲ ။" ဟင်......... နင်က သတိပြုမိ နေတာလား ။ ဟုတ်တယ် ...... နောက်ထပ်တစ်လ ဒါမှမဟုတ် နှစ်လလောက်ဆိုရင် ငါက တိုက်ပွဲဝိညာဉ်နယ်ပယ်ကို တက်လှမ်းတော့မှာ ။ သည်ထက် စောရင်လည်း စောလိမ့်မယ် ။ ငါလည်း သေချာတော့ မသိသေးဘူး "ပိုင်လိရှန်က အမှန်အတိုင်း ပြန်ဖြေခဲ့ပါတယ် ။ကြယ်ရပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေက တိုက်ပွဲဝိညာဉ်နယ်ပယ်ကို တက်လှမ်းဖို့အတွက် အခက်အခဲ ကြီးကြီးမားမား ကြံုရလေ့ မရှိပါဘူး ။ သူတို့တွေက စွမ်းအင်ဗဟိုချက်မ ပင်လယ်ထဲမှာ လုံလောက်တဲ့ ချီစွမ်းအင် ပမာဏကို စုဆောင်းမိပြီ ဆိုတာနဲ့ တစ်ပြိုင်နက် တိုက်ပွဲဝိညာဉ် နယ်ပယ်ကို အလွယ်တကူ တက်လှမ်းနိုင်ပါတယ် ။" အိုး...... ဒါဆိုရင်တော့ ငါက နင့်ရဲ့ အောင်မြင်မှုအတွက် ကြိုုပြီး ဂုဏ်ပြုရတော့မှာပေါ့ ။ ဂုဏ်ယူပါတယ်...... ပိုင်လိရှန် "ဘုရင်အဆင့် တပည့်တစ်ယောက်ဟာ တိုက်ပွဲဝိညာဉ်နယ်ပယ် ကို တက်လှမ်းနိုင်လို့ရှိရင် ဂိုဏ်းတော်က ထောက်ပ့ံရေးဒင်္ဂါး တစ်သိန်း ချီးမြင့်လေ့ ရှိပါတယ် ။ ဒါကြောင့်လည်း လီဖူချန်းက ပိုင်လိရှန်ကို ဂုဏ်ပြုလိုက်တာပါ ။နောက်ထပ် လဝက်အကြာမှာတော့ ပိုင်လိရှန်ဟာ သူမ ပြောခဲ့တဲ့အတိုင်း တိုက်ပွဲဝိညာဉ် နယ်ပယ်ကို တက်လှမ်းသွားခဲ့ပါပြီ ။လီဖူချန်းကတော့ ပြန်လည်ဝင်စားခြင်းနယ်ပယ် အဆင့်၈မှာ ရပ်တန့်နေဆဲပါပဲ ။

အဆုံးမဲ့အာဏာ (လီဖူချန်း)Where stories live. Discover now