အဆုံးမဲ့အာဏာ အပိုင်း၂၁၁
တိုက်ရပြန်ပြီသည်သင်းချိုင်းဂူက ဝင်္ကပါတစ်ခုလို ရှုပ်ထွေးပွေလီနေပေမယ့်လည်း ဖန်ကျင်းယုကတော့ အတော်လေးကို ကံကောင်းတယ်လ်ို့ ပြောရပေမည်။ သည်လောက် လူတွေ အများကြီးထဲမှာမှ သူမက လီဖူချန်းနှင့် တွေ့ဆုံခဲ့သည် မဟုတ်ပါလား။ နောက်ထပ်၂နာရီ လုံးလုံး သူမတို့နှစ်ယောက် သည်သင်းချိုင်းဂူအနှံ့ လျှောက်သွားနေခဲ့သော်လည်း မည်သူနှင့်မျှ ထပ်မတွေ့ရတော့သည့်အပြင် နောက်ထပ် အခန်းတွေကိုလည်း ရှာမတွေ့ခဲ့ပါဘူး။
သူတို့နှစ်ယောက်ဟာ သင်းချိုင်းဂူရဲ့ အနက်ရှိုင်းဆုံး အပိုင်းတွေထဲကို
တစ်ဖြည်းဖြည်းနဲ့ ဝင်ရောက်သွားကျပါပြီ။ သူတို့ရဲ့ အသိစိတ်အာရုံနယ်ပယ်ကလည်း တစ်ဖြည်းဖြည်း လျော့ကျလာတဲ့ အတွက် နှစ်ယောက်စလုံးဟာ ခြေဦးတည့်ရာကိုဘဲ ဆက်လျှောက် နေပါတယ်။
နောက်ထပ်၂နာရီ အကြာမှာတော့ သူတို့နှစ်ယောက်ဟာ နောက်ထပ်လူတစ်ယောက်နဲ့ ထပ်တွေ့သွားခဲ့ပါပြီ။
အဲသည်လူကတော့ လီဖူချန်းရဲ့ ချစ်မိတ်တွေကြီး လီဝူရှုပါဘဲ။ လီဖူချန်းက တွေ့ရာသင်းချိုင်းဓားမဆိုင်း သတ်မည်ဟု ကြိမ်းဝါးထားဖူးသည့် သူပါ။
ဒါပေမယ့် အခုတွေ့လိုက်ရတာ လီဝူရှု တစ်ယောက်တည်းတင် မဟုတ်ပါဘူး။လီဝူရှုရဲ့ အနောက်ဘက် ခပ်လှမ်းလှမ်းမှာတော့ ဖူချောင်းရှန်ပါ ကပ်ပါလာပါသေးတယ်။
" လီဖူချန်း…… မင်းကတော့ ကံဆိုးပြီဘဲ။ သည်နေရာမှာတော့ မင်းကို ဘယ်သူမှ ကယ်နိုင်တော့မှာ မဟုတ်ဘူး။ ကြည့်ရတာ ကောင်းကင်ဘုံက မင်းကို သေစေချင်နေတဲ့ ပုံဘဲ "
လီဝူရှုက အိတ်ထဲကနေ သွေးရောင်ကဲ့သို့ တောက်ပနေသည့် အလံ တစ်ခုကို ထုတ်ယူရင်းနဲ့ ပြောလိုက်ပါတယ်။
အဲသည်အလံကနေတော့ သွေးညှီနံ့တွေ အတော်လေး ထွက်နေပါတယ်။
လီဖူချန်းကတော့ သူ့ဝသီအတိုင်း အေးအေးဆေးဆေးပါဘဲ။
" ဘယ်သူက ကံဆိုးတာလည်းဆိုတာကို သေသေချာချာ မသိနိုင်သေးပါဘူးကွာ။ မင်းတို့နှစ်ယောက်စလုံး သေရင်လည်း သေသွားနိုင်သေးတာဘဲ။ "" မင်းက အခုချိန်အထိတောင် ပြန်ပြောရဲသေးတယ်ပေါ့လေ။ မင်းရဲ့ မရေမတွက်နိုင်တဲ့ အသက်ကယ်ပစ္စည်းတွေက မင်းကို ကယ်နိုင်လိမ့်မယ် ထင်နေတာလား "
ဖူချောင်းရှန်ကတော့ လီဖူချန်းကို လူသေတစ်ယောက်လို့ဘဲ အပိုင်တွက်ထားသည်လေ။ သူ့ရဲ့မျက်လုံးထဲမှာတော့ လီဖူချန်းက လူသေတစ်ယောက်ထက် မပိုပါဘူး။
တစ်ကယ်လို့ ဖန်ကျင်းဆောင်ပါ သည်ကိုရောက်နေမယ်ဆိုရင်တော့ မမျှော်လင့်တာတွေ ရှိချင် ရှိလာနိုင်ပါသေးတယ်။ အခုတော့ လီဖူချန်းဘေးမှာ ပါလာတာက ဖန်ကျင်းယုလေ။ ဒါက လုံးဝကို ခြံထဲကကြက် ဖြစ်နေပါပြီ။
YOU ARE READING
အဆုံးမဲ့အာဏာ (လီဖူချန်း)
Actionမူရင်းဘာသာပြန်ဆိုသူ - လေလွင့်လုလင် (အကုန်တတ်သခင်လေး) ZAWGYI / UNICODE