အဆုံးမဲ့အာဏာ အပိုင်း ၃၈၁
လွှမ်းမိုးခြင်းထိပ်တန်းကျောင်းသားစာရင်း ပြိုင်ပွဲကိုတော့ အပြင်စည်းတက္ကသိုလ်ရဲ့ အလယ်ဗဟိုမှာရှိတဲ့ ပြိုင်ပွဲကွင်းပြင်မှာ ပြုလုပ်မှာပါ ။
ပြိုင်ပွဲကို အားပေးမယ့် ပရိသတ်တွေဟာ မနက်အစောကြီးကတည်းက ပြိုင်ပွဲကွင်းပြင်ကို အရောက်လာကြပြီး နေရာကောင်းတွေကို ဦးထားပြီးကြပါတယ် ။
အပြင်စည်းတက္ကသိုလ်ရဲ့ ဆရာတွေ ၊ အကြီးအကဲတွေနဲ့ လက်ထောင်ကျောင်းအုပ်တွေကလည်း သူတို့အတွက် သတ်မှတ်ထားတဲ့ နေရာမှာ ထိုင်နေကြပါပြီ ။သည်ပြိုင်ပွဲကတော့ အပြင်စည်းတက္ကသိုလ်ရဲ့ အစည်ကားဆုံးပွဲလို့တောင် သတ်မှတ်နိုင်ပါတယ် ။
သည်ပြိုင်ပွဲရဲ့ ဆုကြေးကလည်း တကယ်ကို မက်လောက်စရာပါပဲ။ပြိုင်ပွဲရဲ့ ထ်ိပ်ဆုံးသုံးနေရာကို ရတဲ့ ကျောင်းသားသုံးယောက်ဟာ မြေကမ္ဘာအဆင့် အတွင်းအားကျင့်စဉ် တစ်ခုစီကို ရရှိမှာ ဖြစ်သလို ထိပ်ဆုံး ၁၀ယောက်အတွင်းဝင်တဲ့ ကျောင်းသားတွေကိုလည်း သိုင်းတက္ကသိုလ်က ဝိညာဉ်ကျောက်တုံးတွေ ချီးမြှင့်ဦးမှာပါ ။
နံပါတ်တစ် နေရာရတဲ့ ကျောင်းသားကို အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး၂၀၀၀ ၊ နံပါတ်နှစ်နဲ့ နံပါတ်သုံး နေရာရတဲ့ ကျောင်းသားနှစ်ယောက်ကို အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၁၀၀၀ စီ ချီးမြှင့်မှာဖြစ်ပြီး နံပါတ်လေး ကနေ နံပါတ်တစ်ဆယ် နေရာအထိ ရတဲ့ ကျောင်းသားတွေကိုတော့ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၅၀၀ စီ ချီးမြှင့်မှာ ဖြစ်ပါတယ်။
ထိပ်တန်းကျောင်းသားစာရင်းရဲ့ ထိပ်ဆုံး၁၀ယောက်ထဲကို ဝင်နိုင်တယ် ဆိုရင်တောင်မှ ရမယ့် ဆုကြေးက မနည်းလှပါဘူး။(က) အတန်းရဲ့ ဆရာတွေကတော့ သိုင်းစင်မြင့်ရဲ့ ဘေးမှာရှိတဲ့ စားပွဲခုံရှည်ကြီးတစ်ခုမှာ ဘေးချင်းကပ် ထိုင်နေကြပါတယ်။
( က ) အတန်း ၊ တန်းခွဲ၃ရဲ့ ဆရာဖြစ်တဲ့ ကုလီက ပြုံးလိုက်ပြီး
" ဆရာစု ……။ ခင်ဗျားက အရမ်းကံကောင်းတာပဲနော် ။ ခင်ဗျားရဲ့ တန်းခွဲ၇မှာ ဒဏ္ဍာရီအဆင့် ထိုးထွင်းသိမြင်မှု ပိုင်ရှင်တစ်ယောက်တောင် ပေါ်လာသေးတယ် ။ နောက်ထပ် ၂နှစ်လောက် ကြာရင်တော့ ကျုပ်ရဲ့ တန်းခွဲ၃တောင်မှ ခင်ဗျားရဲ့ တန်းခွဲ၇ကို ယှဉ်နိုင်တော့မယ် မထင်ပါဘူးဗျာ "

YOU ARE READING
အဆုံးမဲ့အာဏာ (လီဖူချန်း)
Actionမူရင်းဘာသာပြန်ဆိုသူ - လေလွင့်လုလင် (အကုန်တတ်သခင်လေး) ZAWGYI / UNICODE