အဆုံးမဲ့အာဏာ အပိုင်း၃၂၁
ပဟေဠိသိုင်းသမားများ ထွက်ခွာခန်းပူပြင်းလှတဲ့ နေရောင်ခြည်ကတော့ လီဖူချန်းရှိရာ တောင်ထိပ်ပေါ်သို့ အလင်းနှင့် အပူဓာတ်ကို ပေးလျက်ရှိနေပါတယ်။ လေထုထဲမှာတော့ အပူဓာတ်တွေဟာ တစ်စထက်တစ်စ ပိုအားကောင်းလာပြီး လေဟာနယ်ကိုတောင် တွန့်လိမ်လုမတတ် ဖြစ်နေစေခဲ့ပါပြီ။
သည်အပူဓာတ်တွေ ဖြစ်ပေါ်လာစေတဲ့ တရားခံကတော့ လီဖူချန်းပါပဲ။ သူ့ရဲ့ ချီအရှိန်အဝါတွေက ပတ်ဝန်းကျင်တစ်ခုလုံးကို မီးလောင်တစပြင်ကြီးကဲ့သို့ လောင်ကျွမ်းစေခဲ့သည် မဟုတ်ပါလား ။ သူ့ရဲ့ ခန္ဓာကိုယ်ကနေ ထွက်လာတဲ့ အပူရှိန်တွေဟာ ဘယ်လောက်အထိ ပြင်းထန်သလည်းဆိုတော့ သာမန်မြေကမ္ဘာပညာရှင်တွေ အနားကပ်လာရင်တောင် လောင်ကျွမ်းသွားစေနိုင်တဲ့ အထိပါပဲ ။
ဝုန်း !
အချိန်တွေ ဘယ်လောက်အထိ ကြာလို့ ကြာသွားမှန်း မသိတော့တဲ့ အချိန်မှာတော့ ပိုမိုပြင်းထန်လှတဲ့ အပူစီးကြောင်းတစ်ခုဟာ ရုတ်တရင် ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်တစ်ခုလုံးကို ပိုပြီး ပူလောင်သွားစေခဲ့ပါတယ်။ လီဖူချန်းရဲ့ ခန္ဓာကိုယ်တစ်ခုလုံးဟာလည်း ဝေဝါးသွားခဲ့ပြီး ပုံရိပ်ယောင် တစ်ခုအလား ဖြစ်သွားခဲ့ပါပြီ ။
ဘန်း…ဘန်း…ဘန်း…ဘန်း………
သူ့ရဲ့ အနီးနားမှာရှိတဲ့ မဟာပထဝီဝင် မြေကြီးကတော့ သည်အပူချိန်တွေ တောင့်ခံနိုင်တော့ဟန် မတူပါဘူး။ အဆက်မပြတ် ပေါက်ကွဲပြီး အနက်ရောင် မြေကြီးတွေအဖြစ် ပြောင်းလဲသွားခဲ့တယ်လေ။
သေချာပါတယ်။ လီဖူချန်းရဲ့ ပတ်ပတ်လည်မှာ ရှိနေတဲ့ အရာတိုင်းဟာ လောင်ကျွမ်းပျက်စီးသွားခဲ့ပါပြီ ။' အား……ငါထင်ထားတဲ့ အတိုင်းပဲ '
အစစ်အမှန် ငရဲမီးတောက် အတွင်းအားကျင့်စဉ် နောက်ထပ်တစ်ဆင့်ကို ချိုးဖောက်ဝင်ရောက်ပြီ ဆိုတာနဲ့ လီဖူချန်းဟာ သေလုမတတ် ခံစားနေရပါတယ် ။ သူ့ရဲ့ သွေးကြောတွေဟာ လောင်ကျွမ်းမှုဒဏ်ကြောင့် အချိန်မရွေး ပေါက်ကွဲသွားတော့မယ့် ပုံပါပဲ ။ သည်အချက်ကို ကြည့်ခြင်းအားဖြင့် သူ့ရဲ့ သွေးကြောတွေဟာ အစစ်အမှန်ငရဲမီးတောက်ချီတွေကို တောင့်ခံနိုင်မယ့်ပုံ မရှိဘူးဆိုတာ သိသာလွန်းနေပါပြီ ။
YOU ARE READING
အဆုံးမဲ့အာဏာ (လီဖူချန်း)
Actionမူရင်းဘာသာပြန်ဆိုသူ - လေလွင့်လုလင် (အကုန်တတ်သခင်လေး) ZAWGYI / UNICODE