အဆုံးမဲ့အာဏာ အပိုင်း ၂၄၁
နတ်ဘုရားကျာပွတ်နဲ့ နတ်ဆိုးမိန်းမပျိုဟုမင် ၊ရှင်းဝူဟန်နဲ့ လျိုကျင်းယွန်တို့ သုံးယောက်ထဲမှာ အရှက်အကွဲဆုံး လူကို ပြပါဆိုရင် လျိုကျင်းယွန်ကိုပဲ ပြရမှာပါ။
ဟုမင်က လီဖူချန်းကို ပထမဆုံး စိမ်ခေါ်တဲ့သူ ဖြစ်တဲ့အတွက် လီဖူချန်းရဲ့ အစွမ်းအစကို သေသေချာချာ မသိသေးလို့ဆိုပြီး အကြောင်းပြချက်ပေးလို့ရပါတယ်။
ရှင်းဝူဟန်ကတော့ အလွန်အမင်း အရှက်ခွဲခံရတာရဲ့ ပြယုဂ်တစ်ခုပါ။
ဒါပေမယ့် …… လျိုကျင်းယွန်ရဲ့ အဖြစ်အပျက်ကတော့ ရှင်းဝူဟန်ထက်ကို ပိုဆိုးပါတယ်။ သူ့ရဲ့ အဘွားတောင်မှ သည်အဖြစ်အပျက်ကို သိရင် ရှက်လွန်းလို့ သတ်သေသွားနိုင်တဲ့ အဆင့်အထိပါပဲ။ ပြီးရင် သူ့အဖေကလည်း သူ့ကို အိပ်ယာထဲက မထနိုင်တောတဲ့အထိ ဆော်ဦးမှာပါ။ သူ့ရဲ့အမေကတော့ သူ့ကို သားအရင်းမဟုတ်ဘဲ မွေးစားထားတာဟု ကြော်ငြာရင် ကြော်ငြာနေလောက်ပါတယ်။ဝေါ့ ……
စဉ်းစားရင်းနဲ့ လျိုကျင်းယွန်က ဘယ်လိုမှ မခံစားနိုင်တော့တဲ့အတွက် သွေးတစ်လုတ် ထပ်အန်လိုက်ရပြန်ပါပြီ။ သူ့ရဲ့ မျက်လုံးတွေက လုံးဝကို အသက်မဲ့နေပါတော့တယ်။ဆောင်းဦးမိုးစက် တောင်ပေါ်မှာရှိနေတဲ့ လူတွေအားလုံးကလည်း ကျောက်ရုပ်ကြီးတွေအလား ရပ်နေပြီး လီဖူချန်းကို ကြောင်ကြည့်နေပါတယ်။
ချောင်းစွယ်တိမ်တိုက်ဂိုဏ်းက ဆီးနှင်းဓားသမား လျိုကျင်းယွန်တောင်မှ ရှုံးနိမ့်သွားခဲ့ပြီလေ။ ဒါက လုံးဝကို ပြတ်ပြတ်သားသား ရှုံးနိမ့်သွားတာ မဟုတ်ပါလား။
သည်တိုက်ပွဲ မစခင်တုန်းကတော့ သူတို့အားလုံးက လျိုကျင်းယွန် အနိုင်ရမယ်လို့ ထင်ကြေး ပေးခဲ့ကျတာပါ။ အခုတော့ ပြောင်းပြန်အနေနဲ့ လီဖူချန်းက လျိုကျင်းယွန်ကို သာသာယာယာလေး အနိုင်ယူသွားခဲ့ပါပြီ။" ငါအိပ်မက်များ မက်နေတာလားဟ။ ငါ့ကို တစ်ချက်လောက် ရိုက်ကြည့်စမ်းပါ။ "
" ငါတော့ ဘာပြောလို့ ပြောရမှန်းတောင် မသိတော့ဘူးဟေ့။ လီဖူချန်းရဲ့ အကြောင်းကို တစ်ယောက်လောက် သေသေချာချာ ငါကို ပြောပြကြပါလား…။ "
YOU ARE READING
အဆုံးမဲ့အာဏာ (လီဖူချန်း)
Actionမူရင်းဘာသာပြန်ဆိုသူ - လေလွင့်လုလင် (အကုန်တတ်သခင်လေး) ZAWGYI / UNICODE