အဆုံးမဲ့အာဏာ အပိုင်း ၄၃၁
လေးယောက်နဲ့တစ်ယောက်ရှန်းဟွတောင်ဆင်ဘုရင်ရဲ့ နှာမောင်းရိုက်ချက်က်ို နေမင်းဇောအဟုန် စွမ်းအားစက်ကွင်းနဲ့ အားလျော့စေပြီးတဲ့ နောက်မှာတော့ လီဖူချန်းရဲ့ လက်ထဲက ဓားဟာ သက်ဝင်လှုပ်ရှား လာခဲ့ပါပြီ ။
ရွှပ်…… ရွှပ်……ရွှပ်……
ရှန်းဟွတောင် ဆင်ဘုရင်က သူ့ရဲ့ ခန္ဓာကိုယ်ပေါ်မှာ ဖြစ်တည်လာတဲ့ ဓားဒဏ်ရာတွေကို လုံးဝ အမှုထားပုံ မရပါဘူး ။ သူက လီဖူချန်းရဲ့အနားကို တိုးဝင်ပြီး နှာမောင်းနဲ့ ရိုက်ချဖို့ကိုပဲ စိတ်အားထက်သန်နေပုံ ရပါတယ် ။ သူက သူ့ရဲ့ ခံနိုင်ရည် အားသာချက်ကို အသုံးချပြီး အနိုင်ရဖို့ ကြိုးစားနေတယ်ဆိုတာ အသိသာကြီးပါပဲ ။
ဒါပေမဲ့ လီဖူချန်းကလည်း သူ့ရဲ့ ရန်သူကို လုံးဝ အနားကပ် မခံပါဘူး ။ သူက နေရာအနှံ့ တရစပ် ပြေးလွှားလှုပ်ရှားလိုက်ပြီး ရှန်းဟွတောင် ဆင်ဘုရင်ရဲ့ နှာမောင်းရိုက်ချက်တွေကို အချည်းနှီး ဖြစ်စေလိုက်ပါတယ် ။
" လူသားမျိုးနွယ်ရဲ့ ထွတ်ခေါင် ပါရမီရှင် ဆိုတဲ့ အတိုင်း အစွမ်းထက်လှချည်လား ။ ဒါပေမဲ့ နှမြောစရာပဲ ။ မင်းက သည်နေ့၊ သည်နေရာမှာ သေချာပေါက် သေရတော့မယ် "
ရှန်းဟွတောင် ဆင်ဘုရင်ရဲ့ စကားအဆုံးမှာတော့ သေးသွယ်ပြီး ရှည်လျားတဲ့ အမွှေးအမျှင်တစ်ခုဟာ စတင် အရောင်တောက်ပလာခဲ့ပါပြီ ။
ရွှီး……
ထို့နောက်မှာတော့ ရှန်းဟွတောင်ဆင်ဘုရင်ရဲ့ ခန္ဓာကိုယ်ပေါ်မှာရှိတဲ့ အမွှေးအမျှင်ဟာ တစ်စုဟာ ကျွတ်ထွက်လာပြီး လီဖူချန်းဆီကို တိုးဝင်သွားပါတော့တယ် ။
လီဖူချန်းကလည်း တုံ့ဆိုင်းနေခြင်း အလျင်းမရှိပါဘူး ။ သူက သူ့ရဲ့ သွေးနီဓားကို ကန့်လန့်ဖြတ်ကိုင်ကာ ရင်ဘတ်ရှေ့ထားလိုက်ပါတယ် ။
" သွားစမ်း "
အစိမ်းရောင် အလင်းတန်းကြီး တစ်ခုဟာ လီဖူချန်းရဲ့ ဓားကနေပြီး ထွက်ပေါ်လာခဲ့ပါပြီ ။
နေဝန်းစိမ်းဓားဆန္ဒဟာ ဓားကွက်ဆိုလို့ သတ်သတ်မှတ်မှတ် မရှိတဲ့ ဓားသိုင်းတစ်ခု ဖြစ်ပါတယ် ။ အဲသည်အတွက် လီဖူချန်းရဲ့ အတွေးထဲမှာ ပေါ်လာတဲ့ လှုပ်ရှားမှု မှန်သမျှဟာ နေဝန်းစိမ်း ဓားဆန္ဒပါပဲ ။ သူ့ရဲ့ လှုပ်ရှားတိုင်းဟာ နေဝန်းစိမ်း ဓားဆန္ဒကို ဖြစ်ပေါ်စေနိုင်တယ်လို့ ပြောရင်လည်း မမှားလှပါဘူး ။
ရွပ်……ရွပ်……ရွပ်……
မျက်စိတစ်မှိတ် အတွင်းမှာပဲ တောက်ပနေတဲ့ အမွှေးအမျှင်တွေဟာ တစ်စစီ ဖြစ်သွားခဲ့ပါပြီ ။
လီဖူချန်းရဲ့ အစိမ်းရောင် ဓားအလင်းတန်းကြီးဟာ အင်မတန်မှ အားကောင်းလှတဲ့အတွက် ရှန်းဟွတောင် ဆင်ဘုရင်ရဲ့ အမွှေးအမျှင်တွေကို ကောင်းကောင်းကြီး ဖြတ်ပိုင်းပစ်နိုင်ပုံပါပဲ ။
YOU ARE READING
အဆုံးမဲ့အာဏာ (လီဖူချန်း)
Actionမူရင်းဘာသာပြန်ဆိုသူ - လေလွင့်လုလင် (အကုန်တတ်သခင်လေး) ZAWGYI / UNICODE