အဆုံးမဲ့အာဏာ အပိုင်း၄၈၁
ခရမ်းနုရောင် စိတ်ဝိညာဉ်" ဟား……ဟား…… ဒါမှ ညီလေးလီကွ ။ ထိုးထွင်းသိမြင်မှုမှာ အမှတ်ပြည့် ရခဲ့တာ အလကား မဟုတ်ဘူးဟ ။ ညီလေး မုယုံကတော့ အတော်လေး လိုသေးတယ် "
လီဖူချန်းဘက်ကနေ လောင်းထားတဲ့ပုံရတဲ့ ဘုရင်အဆင့်အတန်း အတွင်းစည်းတပည့် တစ်ယောက်ကတော့ လီဖူချန်းကို ချီးကျူးလိုက်ပါတယ် ။" တိုက်ပွဲလေး တစ်ပွဲမှာ နိုင်တာက အရာအားလုံးကို ကိုယ်စားပြုနေတာ မဟုတ်ပါဘူးကွာ ။ မင်း လောင်းရဲလား ။ အနာဂတ်မှာ ညီလေးမုယုံက လီဖူချန်းထက် ပိုပြီး သာလွန်လိမ့်မယ် "
" မင်းပြောတာကို ငါလည်း ထောက်ခံတယ် ။ ညီလေးမုယုံက ပြန်လည်ဝင်စားခြင်းနယ်ပယ် အဆင့်၈ကိုတောင် ရောက်နေပြီ ။ သိပ်မကြာခင်မှာပဲ သူက တိုက်ပွဲဝိညာဉ်နယ်ပယ်ကို ချိုးဖောက်ဝင်ရောက် နိုင်တော့မှာ ။ဒါပေမဲ့ ညီလေးလီကတော့ အခုမှ ပြန်လည်ဝင်စားခြင်းနယ်ပယ် အဆင့်၅ပဲ ရှိသေးတယ် ။သူ့အနေနဲ့ တိုက်ပွဲဝိညာဉ်နယ်ပယ်ကို ချိုးဖောက်ဝင်ရောက်နိုင်ဖို့ဆိုရင် အနည်းဆုံး ဆယ်နှစ်လောက် ကြာလိမ့်ဦးမယ် "
မုယုံရှန်းရှင်း ဘက်ကနေ လောင်းထားတဲ့ ဘုရင်အဆင့်အတန်း အတွင်းစည်းတပည့် နှစ်ယောက်ကလည်း မကျေမချမ်းနဲ့ ပြန်လည် ချေပနေကြပါတယ် ။ ပြောမယ့်သာ ပြောရတာပါ ။ သူတို့ရဲ့ မျက်နှာတွေကတော့ သိပ်ပြီး မကောင်းလှပါဘူး ။ သူတို့က အချီကြီး ရှုံးသွားတာပဲ ဖြစ်ရပါမယ် ။လီဖူချန်းက မုယုံရှန်းရှင်းကို အနိုင်ယူလိုက်တဲ့ အတွက် ဝမ်းသာကျေနပ်နေသူတွေ ရှိသလို မကျေမချမ်း ဖြစ်နေသူတွေလည်း ရှိမှာပါပဲ ။ ဒါက လောင်းကစားရဲ့ သဘော၊ သဘာဝပင် မဟုတ်ပါလား ။
" ခိခိ…… ငါတော့ ပွပြီဟေ့ "
ပိုင်လိရှန်ကတော့ ဝမ်းသာကျေနပ်နေသူတွေထဲမှာ ပါပါတယ် ။ထပ်ပြီး ပြောရမယ် ဆိုရင်တော့ လီဖူချန်းရဲ့ နိုင်ပွဲအပေါ်မှာ သူ့လောက် ဝမ်းသာကျေနပ်တဲ့သူ ရှိမှာ မဟုတ်ပါဘူး ။
သူမက လီဖူချန်း အနိုင်ရမယ့် ဘက်ကနေပြီး အဆင့်နိမ့်ကျောက်တုံး ၃.၅သန်းနဲ့ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ၅၀၀ ကို လောင်းထားတာပါ ။ အခု လီဖူချန်း နိုင်သွားပြီ ဆိုတော့ သူမရဲ့ ချမ်းသာကြွယ်ဝမှုဟာ နဂိုကထက် သိသိသာသာကြီး ပိုများသွားပြီ မဟုတ်ပါလား ။
ဒါပေမဲ့လည်း လီဖူချန်း အနိုင်ရမယ့် လောင်းကြေးနဲ့ ယှဉ်ရင်တော့ သူမ အနိုင်ရတဲ့ လောင်းကြေးဟာ ဘာမှ မပြောပလောက်တော့ပါဘူး ။
လီဖူချန်းက သူအနိုင်ရမယ့် ဘက်ကနေပြီး အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး သန်း၂၀ ၊ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ၁၀၀၀ ၊ သက်တံနီဆေးရည် ၂ပုလင်းနဲ့ ထိုးထွင်းသိမြင်မှု တာအိုဆေးရည် ၂ပုလင်းတို့ကို လောင်းထားခဲ့တာပါ ။
" ငါ ……ငါ ……ရှုံးသွားတာလား "
သိုင်းစင်မြင့်အောက်ကို ရောက်နေပြီ ဖြစ်တဲ့ မုယုံရှန်းရှင်းကတော့ အခုထက်ထိ သူရှုံးသွားတယ် ဆိုတာကို မယုံနိုင်သေးတဲ့ ပုံပါပဲ ။
YOU ARE READING
အဆုံးမဲ့အာဏာ (လီဖူချန်း)
Actionမူရင်းဘာသာပြန်ဆိုသူ - လေလွင့်လုလင် (အကုန်တတ်သခင်လေး) ZAWGYI / UNICODE