161-170

234 26 0
                                    

အဆုံးမဲ့အာဏာ အပိုင်း ၁၆၁

ဥယျာဉ်ထဲကို ဝင်လာတဲ့ လူစုကတော့ လီဝူရှု၊သောင်းဟိုင်နဲ့ ရှောင်မုတို့ ဦးဆောင်လာတဲ့ ဂိုဏ်းကြီး၃ဂိုဏ်းက တပည့်တွေပါဘဲ။
ဒီတစ်ကြိမ်မှာတော့ ရန်ချင်းဟူလည်း ပါလာခဲ့ပါပြီ။
သူတို့အဖွဲ့ထဲက မူလ လူ၉ယောက်မှာ ၆ယောက်က မြေကမ္ဘာနယ်ပယ် အဆင့်၂ကို ရောက်နေတာကို သိသွားတဲ့ ရှောင်လီကတော့  မျက်နှာသိပိမကောင်းလှပါဘူး။ သူထင်ထားတာက လီဝူရှုတို့ အုပ်စုထဲမှာ မြေကမ္ဘာနယ်ပယ် အဆင့်၂ကို ရောက်တဲ့သူတွေက အများဆုံးမှ  နှစ်ယောက်၊သုံးယောက်ပေါ့လေ။ အခုလို ၆ယောက်ကြီးတောင် ရောက်နေတာက သိပ်တော့ အဆင့်မပြေလှပါဘူး။
ပြီးတော့ ကျန်နေသေးတဲ့ လူ၄ယောက်စလုံးကလည်း မြေကမ္ဘာနယ်ပယ် အဆင့်၁တွေချည်းပါဘဲ။သူတို့နဲ့ ရင်ဆိုင်ရတာကလည်း  လွယ်မည့်ပုံ မပေါ်ပါဘူး။
ရန်ချင်းဟူ၊မိစ္ဆာဖြူ၊ရဲ့ဟွာနဲ့ ရှန်ဖေးဟီတို့ အားလုံးက ယုဝူရှန်းနဲ့ ချန်ဖန်းဟွာထက်ကို အစွမ်းထက်ပါတယ်။
" ဒီကောင်တွေနဲ့ တိုက်ရမယ့်အစား ကျားမြီးသာ ပြေးဆွဲလိုက်ချငိတယ်ကွာ "
ရှောင်လီက မချိပြုံး ပြုံးလိုက်ပါတော့တယ်။ မတတ်နိုင်ဘူးလေ ။ ဒီတစ်ကြိမ်လည်း လီဖူချန်းကို အားကိုးရုံ ရှိတော့တာပါဘဲ။
အစောပိုင်းတုန်းကတော့ သူတို့ကိုယ်သူတို့ ကံကောင်းလှပြီ ထင်နေခဲ့တာ။ အခု လီဝူရှုတို့ကို တွေ့မှဘဲ  ဘယ်သူက ပိုပြီး ကံကောင်းတာလည်းဆိုတာကို ရှောင်လီတစ်ယောက် ကောင်းကောင်းကြီး နားလည်သဘောပေါက် သွားပါတော့တယ်။
လီဝူရှုတို့ အဖွဲ့ကတော့ လုံးဝ အမှန်အကန်တိုက်ဖို့ကို ပြင်ဆင်နေကျပါပြီ။လီဝူရှုက ပထမဆုံး လျူဝူဟောင်နဲ့ ရှောင်လီရဲ့ ကျင့်ကြံခြင်းနယ်ပယ်ကို ကြည့်လိုကိတယ်။ သာမန်မြေကမ္ဘာနယ်ပယ် အဆင့်၂က ကောင်လေးတွေဘဲ။ အနည်းငယ် အံ့သြသွားရုံကလွဲပြီး ဘာမှ ထူးထူးထွေထွေ မခံစားရပါဘူး။ လျူဝူဟောင်ကိုတော့ အနည်းငယ် ရှိန်ပေမယ့် ရှောင်လီကတော့ ပြသနာမဟုတ်ပါဘူး။ ထို့နောက်မှာတော့ လီဖူချန်းကို ဆက်အကဲခတ်လိုက်ပါတယ်။  မြေကမ္ဘာနယ်ပယ်အဆင့်၁လား။
အင်း……မဆိုးပါဘူးပေါ့။ နောက်ထပ်ဆက်ပြီး ချန်ဖန်းဟွာနဲ့ ယုဝူရှန်းကို အကဲခတ်ပြန်တယ်။
ခဏလေး…… ခဏလေးနေပါဦး။ တစ်ခုခုတော့ မှားနေပြီ ထင်တယ်။
နင့်မေကလွှားတဲ့မှဘဲ ။
ဟိုမျိုးမစစ်လေး လီဖူချန်းက မြေကမ္ဘာနယ်ပယ် အဆင့်၁ကို ရောက်နေပြီဟ ။
လီဝူရှုရဲ့ ခြံထဲက ကြက်တွေ ဘယ်အချိန် ရိုက်သတ်သတ် ရပါတယ်ကွာ ဆိုတဲ့ မျက်နှာပေးကတော့ ပျောက်သွားခဲ့ပါပြီ။
စိတ်တန်ခိုးဖွဲ့စည်းခြင်းနယ်ပယ် အဆင့်၉တုန်းကတောင်မှ  ဒီလီဖူချန်းက သူတို့အားလုံးကို တစ်ယောက်တည်း ရင်ဆိုင်ခဲ့တာလေ။ အခုတော့ ဒီမအေဘေးလေးက မြေကမ္ဘာနယ်ပယ် အဆင့်၁ကိုတောင် ဆရာက်နေပြီဆိုတော့ ဒီမျိုးမစစ်လေးကို ဘယ်သူက ထိန်းနိုင်တော့မှာတုန်း။
' လီးဘဲဟေ့…… ငါလိုးမ ကောင်းကင်ဘုံ…… မင်းအမေကြီးတော်မလို့ ငါတို့ကို ဒီဥယျာဉ်ထဲကို လမ်းပြလာတာလား'  လီဝှုရှုက ကောင်းကင်ဘုံကိုတောင် ကျိတ်ပြီး လှမ်းဆဲလိုက်ပါသေးတယ်။
ရွှမ်း………
သောင်းဟိုင်ကတော့ သူ့ရဲ့ ဆေဘာဓားကြီးကို ဆွဲထုတ်လိုက်ပြီး လီဖူချန်းကို စတင် စိန်ခေါ်နေပါပြီ။
" ဒီကောင်က မြေကမ္ဘာနယ်ပယ် အဆင့်၁ကို ရောက်သွားတော့လည်း  ဘာဖြစ်သေးလည်း။ ငါတို့ဘက်မှာက မြေကမ္ဘာနယ်ပယ်အဆင့်၂က လူ၆ယောက်နဲ့ မြေကမ္ဘာနယ်ပယ် အဆင့်၁က လူ၄ယောက် ရှိနေတာဘဲ။ ဒီကောင့်ကို ဝိုင်းပြီး ဆော်ရအောင်။"
သောင်းဟိုင်ရဲ့ စကားကြောင့် လူအုပ်ကြီးက စိတ်ဓတ်တက်ကြွ သွားပါတယ်။
သောင်းဟိုင်ပြောတာကလည်း ဟုတ်ပါတယ်။ သူတို့ဘက်မှာက မြေကမ္ဘာနယ်ပယ် အဆင့်၂က လူ၆ယောက်တောင် ရှိနေတာလေ။ ဒါကိုတောင် မတိုက်ဘဲနဲ့ နောက်ဆုတ်မယ်ဆိုရင် ကျော်မကောင်း၊ ကြားမကောင်းတွေတော့ ဖြစ်ကုန်တော့မှာပါဘဲ။ လီဖူချန်းကို တစ်ချိန်ချိန်မှာ သတ်ပစ်နိုင်ခဲ့ရင်တောင် ဒီအရိပ်မည်းကြီးက သူတို့ရဲ့ သိုင်းတာအိုလမ်းမှာ ဆူးငြောင့်သဖွယ် ဖြစ်နေတော့မှာပါဘဲ။
" မင်းတို့အားလုံးရဲ့ သိုလှောင်အိတ်တွေကို ချထားလိုက်။ မင်းတို့ရဲ့ အသက်တွေကိုတော့ ငါက ချမ်းသာပေးလိုက်မယ်။"
မိစ္ဆာနက်က ဆရာကြီးတစ်ပါးသဖွယ် အမိန့်ပေးလိုက်ပါတယ်။
" ပြီးတော့ ဟိုကောင်မလေး…… သူမကိုလည်း ထားခဲ့ "
ရှောင်မိုက သွားရည်တမြားမြားဖြင့် ချန်ဖန်းဟွာကို စိုက်ကြည့်နေပါတယ်။
သူတို့နှစ်ယောက်ရဲ့ စကားတွေကို ကြားအပြီးမှာတော့  လီဖူချန်းကလွဲပြီး ကျန်တဲ့လူတွေ အားလုံးက ဓားကိုယ်စီ ဆွဲထုတ်လိုက်ကျပါပြီ။
" ကြည့်ရတာ မင်းတို့က ငါတို့ကို ခုခံချင်နေတဲ့ပုံဘဲ "
လီဝူရှုက သူ့ရဲ့ ချီအရှိန်အဝါတွေကို ထုတ်လိုက်ပါတယ်။ ကျန်တဲ့  ဂိုဏ်း၃ဂိုဏ်းက တပည့်တွေကလည်း သူတို့ရဲ့ ချီအရှိန်အဝါတွေကို အပြိုင်အဆိုင် ထုတ်လိုက်ပါတယ်။ ရန်ချင်းဟူကတော့ ဒီတိုက်ပွဲထဲမှာ ပါချင်သည့် ပုံမပေါ်ပါဘူး။ သူမက ဟိုးအဝေးကို ဆုတ်သွားပြီး ရပ်ကြည့်နေပါတယ်။
ရန်ချင်းဟူက ဒီလို အရေအတွက်ကို အားကိုးပြီး အနိုင်ယူရတာမျိုးကို မကြိုက်နှစ်သက်ပါဘူး။  တစ်ကယ်လို့ သူမကသာ လီဖူချန်းကို အနိုင်ယူချင်တယ်ဆိုရင် တစ်ယောက်ချင်း တိုက်ခိုက်ပြီးဘဲ အနိုင်ယူမှာပါ။
များပြားလှတဲ့ ချီအရှိန်အဝါတွေ ထွက်ပေါ်လာပြီးနောက်မှာတော့ ဆေးဥယျာဉ်တစ်ခုလုံးဟာ မိုးသက်မုန်တိုင်းတွေ ကျနေသည့် အလားပါဘဲ။
လူ၉ယောက်ရဲ့ ချီအရှိန်အဝါတွေကို ခုခံနေရတဲ့ ရှောင်လီတို့ကတော့ အသက်တောင် ရှူလို့ မရတော့ပါဘူး။ အခုချိန်မှာသာ တစ်ကယ်တိုက်ခိုက်ရမယ်ဆိုရင် သူတို့ရဲ့ အစွမ်းတွေကို ၈၀ရာခိုင်နှုန်းထက် ကျော်ပြီး ထုတ်သုံးနိုင်မှာ မဟုတ်ပါဘူးလေ။
တိုက်ပွဲကြားမှာ ရပ်နေတဲ့ လီဖူချန်းကတော့ ချီအရှိန်အဝါတွေကို တစ်စက်ကလေးမျှ ခံစားရသည့်ပုံ မပေါ်ပါဘူး။ သူ့ကိုကြည့်ရတာက  လေညှင်းခံ ထွက်နေတဲ့ သူတစ်ယောက်နဲ့တောင် တူနေပါသေးတယ်။
" မင်းတို့အားလုံးက အခုအချိန်ထိ အခြေအနေမှန်ကို သဘောမပေါက် ကျသေးဘူးဘဲ။ ဒီလိုဖြစ်နေမှတော့ ငါက မင်းတို့စိတ်ကျေနပ်အောင် လုပ်ပေးပါ့မယ်ကွာ။ မင်းတို့အားလုံးက သေချင်တယ်ဆိုမှတော့ ငါကလည်း ငရဲပြည်ကို ပို့ပေးရုံပေါ့။ "
လီဖူချန်းက လျို့ဝှက်မီးနဂါးနည်းစနစ်ကို အသုံးပြုပြီး အတွင်းအားတွေကို မြှင့်တင်လိုက်ပါတယ်။ သူ့ရဲ့ နဖူးပေါ်မှာတော့ မီးတောက်သရဖူတစ်ခုက အဆင်သင့် နေရာယူထားခဲ့ပါပြီ။
ကောင်းကင်တစ်ခုလုံးကိုတောင် လွှမ်းခြုံသွားနိုင်တဲ့ ချီအရှိန်အဝါတစ်ခုက ရုတ်ချည်းပေါ်လာပြီး လီဝူရှုတို့ ကိုးယောက်ရဲ့ ချီအရှိန်အဝါတွေကို ဖိနှိပ်ထားလိုက် ပါတော့တယ်။
ဘယ်လောက်တောင်   အစွမ်းထက်လိုက်တဲ့ အရှိန်အဝါပါလိမ့်။
လီဖူချန်းရဲ့ ချီအရှိန်အဝါကြောင့် လူ၁၃ယောက်စလုံးရဲ့ နှလုံးသားတွေက ဖျစ်ညှစ်ခံလိုက်ရသည့်အလား  နာကျင်သွားပါတယ်။
မျက်စိတစ်မှိတ်အတွင်းမှာဘဲ ဆေးဥယျာဉ်တစ်ခုလုံးက မီးတောင်ကြီးတစ်ခုအထဲကို ရောက်သွားသည့်အလားပါဘဲ။
လူအားလုံးကလည်း ပူပြင်းလှတဲ့ အငွေ့အသက်တွေကြောင့် သွေးတွေ ပွက်ပွက်ဆူကုန် ကျပါပြီ။
ရှောင်လီတို့ လေးယောက်ကတော့ အဆင်ပြေပါတယ်။ လီဖူချန်းရဲ့ ချီအရှိန်အဝါတွေက သူတို့ကို ပစ်မှတ်ထားနေတာ မဟုတ်ဘူးလေ။
ဒါပေမဲ့ လီဝူရှုတို့ လူ၉ယောက်ကတော့ အတော်လေး ခံစားနေရပါပြီ။ သူတို့အားလုံးဟာ အာခေါင်တွေ ခြောက်ကပ်ပြီး ရေဆာသလို ဖြစ်လာတဲ့ အတွက် နှုတ်ခမ်းတွေကို လျှာနဲ့ သပ်နေရတယ်လေ။ သူတို့ရဲ့ အရေပြားတွေကလည်း အပူရှိန်ကြောင့် ကွဲအက် လာပါပြီ။
အထူးသဖြင့် ရှန်ဖေးဟီနဲ့ မိစ္ဆာဖြူတို့လို ကျင့်ကြံခြင်း အဆင့် နိမ့်ကျနေတဲ့ လူတွေပေါ့။ သူတို့ရဲ့ အသားတွေက ပုဇွန်လုံးတွေကို မီးကင်ထားတဲ့ အတိုင်း ရဲရဲနီပြီး ဖောင်းကားနေတယ်လေ။ အဲဒါက သူတို့ရဲ့ စိတ်ဝိညာဉ်တွေက ခန္ဓာကိုယ်ကို ထိန်းချုပ်မှု ကင်းမဲ့ သွားတဲ့အတွက် ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲ ပြသနာ တစ်ခုပါဘဲ။
သူတို့က  အစောပိုင်းတုန်းကတော့ စိတ်အာရုံကို လှည့်စားတဲ့ အတတ်ပညာ တစ်ရပ်လို့ ထင်နေပါသေးတယ်။ ဒါပေမဲ့ မဟုတ်ပါဘူး။ ဒါက လုံးဝကို လွှမ်းမိုးနိုင်အား ကြီးမားတဲ့ စိတ်ဝိညာဉ် စွမ်းအားသက်သက်နဲ့ဘဲ သူတို့ကို ဖိအားပေးထားတာပါ။
" ကြောက်စရာ ကောင်းလိုက်တဲ့ ချီအရှိန်အဝါပါလား "
ကဝေမယ် ရဲ့ဟွာကတော့ စိတ်ဝိညာဉ်ပိုင်းဆိုင်ရာ အတတ်ပညာကို အထူးလေ့ကျင့်ထားတဲ့အတွက် လီဖူးချန်းရဲ့ ဖိအားပေးမှုကို သိပ်မခံလိုက်ရပါဘူး။ သူမက အခြားသူတွေကို ကြည့်နေရင်းနဲ့ လီဖူချန်းရဲ့ ချီအရှိန်အဝါ လွှမ်းမိုးနိုင်စွမ်းကို ကြောက်သထက် ကြောက်လာပါတယ်။
" သေစမ်း "
လီဖူချန်းက ဓားကိုတောင် ဆွဲမထုတ်ဘဲ လက်ဝါးရိုက်ချက် တစ်ချက် ရိုက်ထုတ်လိုက်ပါတယ်။
ဒီလက်ဝါးချက်က ပူပြင်းတဲ့ အငွေ့အသက်တွေနဲ့အတူ နဂါးတစ်ကောင်အလား လီဝူရှုတို့ဆီကို တိုးဝင်သွားခဲ့ပါတယ်။
ဒါကတော့ လီဖူချန်း လေ့ကျင့်ထားတဲ့ ဆန်းကြယ်အဆင့်နိမ့် လက်ဝါးသိုင်းတစ်ခုဖြစ်တဲ့ သံရည်ပျော်လက်ဝါး ဖြစ်ပါတယ်။

အဆုံးမဲ့အာဏာ (လီဖူချန်း)Where stories live. Discover now