အဆုံးမဲ့အာဏာ အပိုင်း၃၃၁
ပြောင်းလဲခြင်း၉ပါး ခရမ်းရောင်ချီ နတ်ဘုရား အတွင်းအားကျင့်စဉ်' မိစ္ဆာတွေက လူတွေရဲ့ နယ်မြေ၆ခုကို သိမ်းပိုက်သွားတာလား……။'
အဲသည်သတင်းကို ကြားလိုက်ရတဲ့ အချိန်မှာတော့ လီဖူချန်းဟာ အတော်လေး တုန်လှုပ်သွားခဲ့ပါတယ်။
နတ်ဆိုး၁၀ပါး နယ်မြေဟာ နယ်မြေ၁၀ခုသာ ဖြစ်ပေမယ့် နယ်မြေတစ်ခုချင်းစီတောင်မှ အတော်လေးကို ကြီးမားကျယ်ပြန့်လွန်းတယ်လို့ ဆိုရမှာပါ။ ထိပ်တန်းဂိုဏ်းကြီး၁၀ဂိုဏ်း ပိုင်ဆိုင်ထားတဲ့ နယ်မြေတွေတောင်မှ မိစ္ဆာနယ်မြေတွေလောက် ကြီးမားကျယ်ပြန့်ခြင်း မရှိပါဘူး။
ပြီးတော့ နတ်ဆိုး၁၀ပါးနယ်မြေထဲမှာ ပါဝင်တဲ့ နယ်မြေတစ်ခုချင်းစီကို အုပ်စိုးနေတဲ့ သူတွေဟာ ကြောက်စရာကောင်းတဲ့ သက်ရှိတွေပါပဲ။ သူတို့တစ်ယောက်ချင်းရဲ့ စွမ်းရည်တွေဟာ အရှေ့ယူနီကွန်းတိုက်ကြီး တစ်ခုလုံးကိုတောင်မှ သိမ်းပိုက်နိုင်စွမ်း ရှိပါတယ်။ ထိပ်တန်းဂိုဏ်းကြီး ၁၀ဂိုဏ်းကိုပဲ အားကိုးနေရင်တော့ သည်မိစ္ဆာ္တကောင်တွေကို ဘယ်လိုမှ တွန်းလှန်နိုင်မှာ မဟုတ်ပါဘူး ။
" သည်မိစ္ဆာတွေ လက်ထဲကို ကျရောက်သွားတဲ့ နယ်မြေတွေထဲမှာရှိတဲ့ လူတွေကတော့ အတော်လေး ကြောက်စရာကောင်းတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရလောက်ပြီ ။"
လီဖူချန်းက စိတ်မကောင်းဖြစ်နေရုံက လွဲပြီး ဘာမှ မတတ်နိုင်ပါဘူး။
' ဟူး…… ငါ့ရဲ့ စွမ်းရည်က အတော်လေး အားနည်းနေသေးတာပဲ။ ငါက ငါ့ကိုယ်ငါတောင် ကာကွယ်နိုင်စွမ်း မရှိသေးဘူး။ '
လီဖူချန်းက ခေါင်းကိုခါယမ်းနေရင်းနဲ့ သူ့ရဲ့လက်ရှိ စွမ်းရည်အကြောင်းကို တွေးနေမိပါတယ်။
သူသတိထားမိလိုက်တာ တစ်ခုကတော့ ထူးခြားဆန်းကြယ် သိုင်းလျှို့ဝှက်နယ်မြေ ပိတ်သွားပြီးကတည်းက ပြသနာတွေ တစ်ခုပြီး တစ်ခု ပေါ်နေတယ် ဆိုတာပါပဲ။ နောက်ထပ် ဘယ်လိုပြသနာတွေ ထပ်ဖြစ်လာဦးမလည်း ဆိုတာကိုတော့ စောင့်ကြည့်ရုံကလွဲပြီး ဘယ်သူမှ ကြိပြောနိုင်မှာ မဟုတ်ပါဘူး။
သူမထင်မှတ်ထားတဲ့ အချိန်တစ်ခုမှာပဲ စစ်ပွဲကြီးတစ်ခုက အစပြုနေခဲ့ပါပြီ ။
ဂိုဏ်းပေါင်း၁၀၀ အစည်းအဝေးပွဲရဲ့ နောက်ဆုံး ဆုံးဖြတ်ချက်ကတော့ ဆုံးရှုံးပြီးသွားပြီ ဖြစ်တဲ့ နယ်မြေ၆ခုကို ပြန်လည် မတိုက်ယူတော့ဘဲ အဲသည်နယ်မြေတွေ အတွင်းမှာရှိတဲ့ သန်းပေါင်းထောင်ချီတဲ့ လူတွေကို ပြန်ကယ်တင်ဖို့ပါပဲ။ ဒါပေမယ့်လည်း နတ်ဆိုး၁၀ပါး နယ်မြေဟာ စစ်ပွဲကို အလွန်ဆာလှောင်နေပါပြီ။ သည်မိစ္ဆာတွေက ဘယ်လူသား တစ်ယောက်ကိုမှ သူတို့သိမ်းပိုက်ထားတဲ့ နယ်မြေတွေထဲကနေ ဖြတ်သန်းခွင့် မပြုတဲ့အပြင် နောက်ထပ် နယ်မြေ၁၄ခုကိုပါ ပေးအပ်ဖို့အတွင် တောင်းဆိုလာခဲ့ပါသေးတယ်။
လူသားတွေဘက်ကလည်း မိစ္ဆာတွေရဲ့ အလွန်အကျူး တောင်းဆိုမှုကို ဘယ်လိုမှ လက်မခံနိုင်တဲ့အတွက် စစ်ပွဲစဖို့ကိုသာ ဆုံးဖြတ်လိုက်ပါတော့တယ်။
YOU ARE READING
အဆုံးမဲ့အာဏာ (လီဖူချန်း)
Actionမူရင်းဘာသာပြန်ဆိုသူ - လေလွင့်လုလင် (အကုန်တတ်သခင်လေး) ZAWGYI / UNICODE