51-60

271 27 0
                                    

အဆုံးမဲ့အာဏာ    အပိုင်း၅၁
တိုက်ပွဲ

" ပလွတ် "
ရေထဲကနေ တောက်ပတဲ့အကြေးခွံတွေနဲ့ငါးတစ်ကောင်က ခုန်ထွက်လာလေသည်။
ဒီငါးက မီတာဝက်လောက်ရှည်လေသည်။
နေရောင်ခြည်နဲ့ ငါးရဲ့အကြေးခွံတွေနဲ့ထိတွေ့တဲ့အခိုက်မှာတော့
လှပတဲ့သက်တန့်ရောင်လေးတွေက လေထုထဲမှာထွက်ပေါ်လာတယ်။
ဒါကလုံးဝ ပထမတန်းစားရတနာငါးဆိုတာ မပြောဘဲနဲ့တောင် တပည့်တွေအားလုံးက သိကြပါတယ်။
"ကြီးလိုက်တဲ့ ပထမတန်းစားငါးကြီးဟေ့"

လီဖူချန်းနဲ့အတူတူမျှားနေတဲ့ အပြင်စည်းတပည့်တွေက
လီဖူချန်းဖမ်းမိတဲ့ငါးကြီးကိုမြင်လိုက်ရတဲ့အခါမှာ စိတ်မထိန်းနိုင်ဘဲအော်ဟစ်လိုက်ကြတယ်။
သူတို့ဘဝမှာတစ်ခါမှ ဒီလောက်ကြီးတဲ့
ပထမတန်းစားငါးကြီးကိုမမြင်ခဲ့ဖူးဘူးလေ။

ပထမတန်းစားငါး တစ်ကီလိုက ရမှတ် ၁၀၀ တောင်ရမှာလေ။
ဒါကအမှတ် ၅၀၀၀ တန်ငါးကြီး။
လီဖူချန်းကတော့ သူတို့လိုစိတ်မလှုပ်ရှားဘဲ တည်တည်ငြိမ်ငြိမ်ပါဘဲ။
လီဖူချန်းက  ဒုတိယတန်းစားငါးတွေတောင် ဖမ်းထားပြီးပြီလေ။
ဒုတိယတန်းစားငါးတစ်ကီလိုက ရမှတ် ၁၀၀၀ နှင့်ညီမျှတာဖြစ်သည့်အတွက် ငါးကီလိုလောက်ရှိတဲ့ ငါးလေးတောင်မှ
ဒီငါးနဲ့တန်ဖိုးချင်းညီမျှပါတယ်။

***
ဒီလိုနဲ့နောက်ထပ်နှစ်ပတ် ကုန်ဆုံးသွားပြန်တယ်။
အခုဆိုရင် လီဖူချန်းတစ်ယောက် ဒီမိုးပြာရောင်ရေကန်ကိုရောက်လာတာ သုံးလတင်းတင်းတောင်ပြည့်ခဲ့ပြီလေ။
ဒီအတောအတွင်းမှာ လီဖူချန်းက သာမန်ရတနာငါး  ၆၉ကောင်။
ပထမတန်းစားငါး ၁၅ ကောင်နဲ့
ဒုတိယတန်းစားငါး ၃ ကောင်ဖမ်းမိခဲ့ပြီ။

လီဖူချန်းက သူ့ဘဝကိုယ်သူအရမ်းကျေနပ်နေမိတယ်။
" အင်း  ငါ ဂိုဏ်းကိုပြန်ဖို့အချိန်တန်ပြီနဲ့တူတယ်"
ကန်ရှန်းတောင်ထိပ်မှာ သူငွေနှင်းသတ္တုတွေရခဲ့တာက  ကြက်ကန်းဆန်အိုးတိုးတာဆိုပေမယ့်
ဒီငါးဖမ်းတာက သူ့ရဲ့ကျွမ်းကျင်မှုနဲ့ ရခဲ့တာပါ။
"အစ်ကိုဝမ်းကွဲ…
အဲကောင်ဘဲ။
အဲကောင်ဘဲ။
ကျွန်တော်ရထားတဲ့သတင်းအတိုင်းဆိုရင် ဒီကောင်က
မိုးပြာရောင်ရေကန်နဲ့ သတ္တုရိုင်းတောင်ပေါ်ကနေ အနည်းဆုံးအမှတ် ၃၀၀၀၀ ရခဲ့တာတဲ့။
အရပ်ရှည်ရှည် ထောင်ထောင်မောင်းမောင်းနဲ့ လူငယ်တစ်ယောက်က
လီဖူချန်းကို လက်ညှိုးထိုးပြီး သူ့ဘေးက လူငယ်ကို လှမ်းပြောလိုက်တယ်။
တစ်ချက်ကြည့်လိုက်တာနဲ့ လီဖူချန်းက ထိုလူငယ်ဘယ်သူလည်းဆိုတာ မှတ်မိလိုက်သည်။
လွန်ခဲ့တဲ့ ၃လတုန်းက ဇူဟွားလောင် လျိုဇောင်ထန်တို့နဲ့
မတိုက်ခင်တုန်း လာလုတဲ့လူငယ်၈ယောက်အဖွဲ့ထဲက ခေါင်းဆောင်လူငယ်။
သူမှတ်မိရသလောက်ဆို သူ့နာမည်က စွန်းယန်ပေါင်ဖြစ်မည်။

အဆုံးမဲ့အာဏာ (လီဖူချန်း)Where stories live. Discover now