Zawgyi (111 - 120)

130 5 0
                                    

အဆုံးမဲ့အာဏာ အပိုင်း ၁၁၁ဇမ္ဗူတစ်လူ"လျိုဟောင်လုံ...... တစ်ခြားလူတွေကတော့ မင်းကိုကြောက်ရင် ကြောက်မယ်။ငါကတော့ မင်းကို ဂရုကိုမစိုက်တာကွာ။ရှင်းလား။ ဒီနေ့ မင်းနဲ့ငါ ဘယ်သူက ခွေးသေပုတ်လည်းဆိုတာ ကြည့်ကျသေးတာပေါ့"လီဖူချန်းရဲ့ ခန္ဓာကိုယ်က တစ်ဆတ်ဆတ် တုန်နေပါပြီ။ ဘာဖြစ်လို့လည်းဆိုတော့ သူ့ရဲ့ အဆင့်၁၃ရှိတဲ့ ကြက်သွေးရောင်လျို့ဝှက်မီးတောက် ပညာရပ်ကို အစွမ်းကုန် ထုတ်သုံးထားလို့ပါဘဲ။နောက်ထပ် သူ့ရဲ့ ၁၅၀၀၀ ကီလိုဂရမ် အားရှိတဲ့ ခန္ဓာကိုယ်အပြင်အားကိုလည်း ထုတ်လိုက်ပါသေးတယ်။လျိုဟောင်လုံက ပြိုင်ဘက်ကင်း စာရင်းဝင် ဖြစ်တဲ့အပြင် သူ့ထက်အဆင့်၂ဆင့် မြင့်နေတာလေ။ သူ့အစွမ်းတွေကို မခြွင်းမချန် ထုတ်ပါမှ လီဖူချန်းတစ်ယောက် သက်သာရာ ရမှာပါ။လီဖူချန်းရဲ့ ခန္ဓာကိုယ်က လျိုဟောင်လုံကို ထိပ်တိုက်ရင်ဆိုင်ဖို့ ပြေးထွက်သွားခဲ့ပါပြီ။ သူ့လက်ထဲကဓားကတော့ ထူးဆန်းတဲ့ အနေအထားနဲ့ လျိုဟောင်လုံကို ချိန်ထားပါတယ်။ထို့နောက်မှာတော့ မျက်စိတစ်မှိတ်အတွင်း ဓားရောင်တွေ တောက်ပလာပြီး ဓားက အမြင့်ဆုံး အရှိန်ဖြင့် လျိုဟောင်လုံဆီကို တိုးဝင်သွားပါတယ်။ဒါကတော့ လီဖူချန်းရဲ့ လက်ရှိတိုက်တိုင်းအောင် ဓားကွက်ဖြစ်တဲ့ "ကြယ်ပျံ ဓားသိုင်း" ပါဘဲ။အနက်ရောင်သံသေဓား နှစ်လက်...... တစ်လက်က မိုးကြိုးသွားလို၊ နောက်တစ်လက်က ကြယ်ပျံတစ်စင်းလို။ သူတို့တွေက ထိပ်တိုက်ရင်ဆိုင် လိုက်ကျပါပြီ။ထန် !ဓားနှစ်လက်ထိပ်တိုက် တွေ့မိလိုက်လို့ ထွက်လာတဲ့ သတ္တုသံက လူတွေရဲ့ နားထဲကို စူးရှစွာ တိုးဝင်လာပါတယ်။ မြေပြင်ပေါ်မှာရှိနေတဲ့ ဖုန်တွေ၊သဲတွေ၊သစ်ရွက်ခြောက်တွေကလည်း လွင့်ပျံလို့ နေခဲ့ပါပြီ။ တိုက်ခိုက်နေကျတဲ့ လူနှစ်ယောက်ကိုလည်း သေချာကို မမြင်ရတော့ပါဘူး။ တစ်ထောင်းထောင်းထနေတဲ့ ဖုန်မှုန့်တွေကြားမှာတော့ အနီရောင်အလင်းနဲ့ အစိမ်းရောင်အလင်းတန်းတွေ ထွက်နေတဲ့ လူရိပ်နှစ်ရိပ်က သဲသဲမဲမဲ တိုက်ခိုက်နေကျဆဲပါဘဲ။ တစ်ချက်တစ်ချက် ထွက်လာတဲ့ မီးပွင့်လေးတွေကလည်း တရုတ်မီးထွန်းပွဲတော်မှာ ဖောက်လိုက်တဲ့ မီးရှူးမီးပန်းလေးတွေ လိုပါဘဲ။ ကြည့်ရတာတောင် မျက်စိပဒေသ ရှိလှပါတယ်။ဝုန်း............အသံကြီးနှင့်အတူ လူရိပ်နှစ်ရိပ်က နောက်ဆုတ်လိုက်ကြပါတယ်။လူရိပ်နှစ်ရိပ်စလုံးက တစ်ယောက်ကို ခြေ၈လှမ်းစီ အတိအကျ ဆုတ်လိုက်တာပါ။" လီဖူချန်းက လျိုဟောင်လုံရဲ့ အစွမ်းကုန်ထုတ်သုံးထားတဲ့ ဓားချက်ကို ခုခံနိုင်တာလား "ဘေးနားမှာ ရပ်ကြည့်နေတဲ့ ဝူကျင်မိန်တစ်ယောက်ကတော့ သူ့မျက်လုံးကိုတောင် မယုံနိုင်ဖြစ်နေပါတယ်။ လျိုဟောင်လုံဆိုတာ အတွင်းစည်းဂိုဏ်းရဲ့ ပြိုင်ဘက်ကင်းစာရင်းဝင် ဖြစ်တဲ့အပြင် လီဖူချန်းထက်လည်း အဆင့်၂ဆင့်မြင့်တယ်လေ။အရင်တစ်ခေါက်တုန်းက လီဖူချန်းက ယူဝူရှန်းကို နိုင်ခဲ့တယ်ဆိုတာ သူတို့ရဲ့ကျင့်ကြံခြင်းနယ်ပယ်က အတူတူနီးပါး ဖြစ်နေလို့ မဟုတ်ပါလား။လီဖူချန်းသာ လူသားနယ်ပယ်အဆင့်၇ဆိုရင် ယုဝူရှန်းကို ဘယ်လိုမှ အနိုင်ယူနိုင်မှာ မဟုတ်ပါဘူးး။" အား......... ဒီကောင်က ဘာကြီးလည်း။ နတ်မိစ္ဆာဝင်ပူးထားတာလား " ဂေါင်ချန်းရှန်တစ်ယောက် အသက်ကို ခပ်ပြင်းပြင်း ရူလိုက် ထုတ်လိုက် လုပ်နေရပါတယ်။" စိတ်ဝင်စားစရာပါလား။ ဒီ မောင်လေးလီက ငါထင်ထားတာထက်ကိုပိုပြီး အစွမ်းထက်တာဘဲ။ " ချန်ဖန်းဟွာက တိုက်ပွဲအစအဆုံးကို လုံးဝ မမှိတ်မသုန် စောင့်ကြည့်နေခဲ့တာလေ။" ဒီစွမ်းအားက လျိုဟောင်လုံကို ယှဉ်တိုက်နိုင်တာလား "ဇောင်မင်းယွီက အလွန်အံ့အားသင့်နေခဲ့ပါပြီ။ ထို့နောက်မှာတော့ သူမရဲ့မျက်လုံးတွေက အံ့အားသင့်နေတဲ့ပုံကနေ ထူးဆန်းတဲ့ အရောင်တွေ တောက်ပလာသလိုပါဘဲ။( အင်း...... ဒီကျင့်ကြံခြင်းလောကမှာ သူရဲကောင်းကို မနှစ်သက်တဲ့ မိန်းကလေး ဘယ်နှစ်ယောက် ရှိမှာမို့လို့လည်းလေ။စွမ်းအားကြီးတဲ့ သူရဲကောင်းနဲ့ နတ်မိမယ်ဆိုတာ လိုက်ဖက်လှတဲ့ အရာဘဲ မဟုတ်ပါလား)" ဂိုဏ်းတူအစ်ကိုလျိုက သူ့ဓားချက်ထဲမှာ အားအကုန် မထည့်ထားဘူးထင်တယ်။ ဟုတ်တယ်မလား။ မဟုတ်လို့ကတော့ ဒီလီဖူချန်းက ဘယ်လိုလုပ် ဂိုဏ်းတူအစ်ကိုလျိုရဲ့ ဓားချက်ကို ခုခံနိုင်မှာလည်း။ "လီဖူချန်းကို အစောတုန်းက ပြစ်တင်ရှုံ့ချခဲ့တဲ့ အတွင်းစည်းတပည့် နှစ်ယာက်ကတော့ ကြောက်လန့်တုန်လှုပ်နေပါပြီ။" မျိုးမစစ်ကောင်......ခွေးမသား ...... သေစမ်းကွာ "ထိုအခိုက်မှာဘဲ လျိုဟောင်လုံက အရှေ့ကို ခုန်ထွက်လာပြီး လီဖူချန်းကို ဆက်တိုက် ထိုးခုတ်တိုက်ခိုက် နေပါတယ်။ချွင် ချွင် ထန် ထန်စိတ်မကောင်းစရာပါဘဲ။ လီဖူချန်းရဲ့ ကြယ်ပျံဓားသိုင်းက သူ့ပြိုင်ဖက်ရဲ့ ဓားသိုင်းထက်ကို ကြမ်းတမ်းနေပါတယ်။ သူရဲ့ အတွင်းအားထိန်းချုပ်ပုံက အပိုအလိုမရှိ တိကျလွန်းပြီး " ကြယ်ကြွေ "ကလည်း သေသပ်လွန်းပါတယ်။ လီဖူချန်းက လျိုဟောင်လုံရဲ့ ဓားချက်တွေကို ခုခံကာကွယ်နိုင်ရုံမက သူ့ဓားက တစ်ချက်တစ်ချက်မှာ လျိုဟောင်လုံရဲ့ ဟာကွက်တွေထဲကို တိုးဝင်နေပါသေးတယ်။ လျိုဟောင်လုံရဲ့ မိုးကြိုးဓားသိုင်းကတော့ လီဖူချန်းကို ပြန်မလှန်နိုင်တော့ပါဘူး။ ဥပမာတစ်ခု ပေးရမယ်ဆိုရင် ဒေါသတကြီး မာန်စောင်နေတဲ့ မြွေတစ်ကောင်ရဲ့ ခေါင်းမှာ သံတစ်ချောင်း ရိုက်ထည့်ထားလိုက် သလိုပါဘဲ။ မြွေက ဘယ်လောက်ဒေါမာန်ဟုန်အပြည့်နဲ့ ရုန်းထဖို့ ကြိုးစားပေမယ့်လည်း သံချောင်းက ချက်ကောင်းမှာ ရှိနေပါပြီ။ ပြန်လှန်နိုင်စရာ အကြောင်း မရှိတော့ပါဘူး။လျိုဟောင်လုံရဲ့ မျက်နှာကြီးကတော့ သပြေသီးမှည့်လို နီရဲရှုံ့တွလို့ နေပါပြီ။ " လီဖူချန်း ...... မျိုးမစစ်ကောင်... ခွေးမသား ... ခွေးမျိုး။ မင်းလို စိတ်တန်ခိုးနယ်ပယ် အဆင့်၎မှာဘဲ ရှိတဲ့ မျိုးမစစ်ကောင်က ဘယ်လိုလုပ် ငါ့ရဲ့ မိုးကြိုးဓားသိုင်းကို ခုခံနေနိုင်တာလည်း။ မင်း... ကလိမ်ကျစ်တစ်ခုခု လုပ်ထားတာ မဟုတ်လား ။ "( မြန်မာဘာသာပြန်သူ - wait ...... what? စောက်ရူးလျိုဟောင်လုံ မနိုင်တာနဲ့ ပတ်ဆဲနေလို့ရလား။ )" ဆဲစမ်း။ ဆဲလေ...... စောက်ခွေးသား လျိုဟောင်လုံ။ မင်းရဲ့ ဝဲစွဲနေတဲ့ စောက်ပါးစပ်ပုတ်ကြီးက ဆဲတာကလွဲပြီး ဘာလုပ်နိုင်သေးလို့လည်း။"လျိုဟောင်လုံရဲ့ စကားတိုင်းမှာ ပါလာတဲ့ စောက်......တွေရယ်၊ မျိုးမစစ်ရယ် ဆိုတာက လီဖူချန်းရဲ့ ဒေါသကို အကြီးအကျယ် ထွက်လာစေခဲ့ပါတယ်။ သူက အခွင့်အရေးသာ ရခဲ့မယ်ဆိုရင် လူပုံအလည်မှာ လျိုဟောင်လုံရဲ့ စောက်ခွက်ကို တက်နင်းပြီး စိမ်ပြေနပြေ ထိုင်ဆဲမယ်လို့တောင် စဉ်းစားထားပြီးပါပြီ။၁၀ကွက်...... အကွက်၅၀......... အကွက်၁၀၀ .........သိပ်မကြာခင်မှာဘဲ သူတို့နှစ်ယောက် တိုက်ခိုက်နေတာက သိုင်းကွက်၁၀၀ ကျော်သွားခဲ့ပါပြီ။ဒါပေမဲ့ တစ်ဖက်နဲ့တစ်ဖက် အနိုင်ရအောင် မတိုက်နိုင်သေးပါဘူး။ချန်ဖန်းဟွာရဲ့ အမြင်မှာတော့ လီဖူချန်းက အနည်းငယ်အသာရ နေပါပြီ။" လေ ၊မိုးကြိုး၊ လျှပ်စီး ...... ပေါင်းစမ်း "လျိုဟောင်လုံက မိုးကြိုးဓားသိုင်းရဲ့ အစွမ်းကို ကောင်းကောင်းကြီး ပြသနေပါပြီ။ သူက အစောကြီးကတည်းက မိုးကြိုးဓားသိုင်းကို အလုံးစုံတတ်သိနားလည်ခြင်း အဆင့်အထိ လေ့ကျင့်ထားနိုင်သူ တစ်ယောက်ပါ။ ပြီးတော့ သူက ဒီဓားသိုင်းတတ်မြောက်ပြီးကတည်းက ဘယ်သူ့ကိုမှ မရှုံးဖူးသေးပါဘူး။" ဒါမျိုးကတော့ ဘယ်ရမလည်း "လီဖုချန်းရဲ့ ကြယ်ပျံဓားသိုင်းကလည်း အလုံးစုံတတ်သိနားလည်ခြင်း အဆင့်မှာလေ။ ပြီးတော့ ဓားကွက်ရဲ့ပြင်းထန်အားက လုံးဝမှန်းဆလို့ မရတဲ့ အနေအထားမှာ ရှိပါတယ်။ ဘာလို့လည်းဆိုတော့ ဒီဓားကွက်ကို တီထွင်ခဲ့တဲ့သူက တစ်ကွက်တည်းဘဲထွင်ခဲ့လို့ပါ။ တစ်ကွက်တည်းဘဲ ရှိတယ်ဆိုတာက ရှိသမျှအစွမ်းအားလုံးကို ဒီတစ်ကွက်ထဲမှာ မြုပ်နှံထားတယ်ဆိုတဲ့ အဓိပ္ပါယ်ပါဘဲ။လေပေါ်မှာတော့ အနီရောင် အလင်းတန်းကြီးတစ်ခုက လျိုဟောင်လုံရဲ့ မိုးကြိုးဓားသိုင်းကို ချေဖျက်လိုက်ပါပြီ။ သူ့ရဲ့ဓားချက်သုံးချက်က လီဖုချန်းရဲ့ ဓားချက်တစ်ချက်အောက်မှာဘဲ ဝပ်သွားခစား လိုက်ရပါတယ်။အဖက်ဖက်မှာ ပြည့်စုံတယ်ဆိုတာဟာ ဒါပါဘဲ။ လီဖူချန်းက အနည်းငယ် သူအသာရလိုက်ပြီဆိုတာ သိတာနဲ့ ဒီအတိုင်း မနေနေပါဘူး။ သူရဲ့ခြေထောက်က အရိပ်မဲ့ခြေသိုင်းကို သုံးပြီး လျိုဟောင်လုံကို ဆက်တိုက်ကန်ပစ်လိုက်ပါတယ်။ ကန်ချက်မြန်လွန်းလို့ အရိပ်တောင် မမြင်လိုက်ရသလိုပါဘဲ။လီဖူချန်းရဲ့ ကန်ချက်က လျိုဟောင်လုံရဲ့ အောက်ခြေကို အခြေမခိုင် ဖြစ်ပြီး ကိုယ်ဟန်အနေအထား ပျက်ပြားသွားစေခဲ့ပါတယ်။ဒီကန်ချက်ထဲမှာ လေအရိပ်ကိုယ်ဖော့ပညာပါ ပေါင်းထည့်လိုက်မယ်ဆိုရင်တော့ ဒီထက်ပိုပြီး ကန်ချက်က ပြင်းထန်သွားပါမှာပါ။ဒါပေမဲ့ လီဖူချန်းရဲ့ ရည်ရွယ်ချက်က လျိုဟောင်လုံကို ဒဏ်ရာရစေဖို့ မဟုတ်ပါဘူး။ကိုယ်ဟန်အနေအထားကိုဘဲ ပျက်သွားစေချင်တာဘဲ။ဇွပ်.........လီဖူချန်းရဲ့ ဓားဖျားက အချိန်ကိုက်လေးဘဲ လျိုဟောင်လုံရဲ့ ရင်ဘတ်ကို ထိုးစိုက်လိုက်ပါပြီ။ပြောရမယ်ဆိုရင် လျိုဟောင်လုံက ကန်ချက်ကို အာရုံများနေတဲ့ အချိန်မှာ လီဖူချန်းရဲ့ဓားက အကာအကွယ်မဲ့နေတဲ့ ရင်ဘတ်ထဲကို မြွေတစ်ကောင်လို တိုးဝင်လာခဲ့တာပါလေ။ဒါပေမဲ့ လီဖူချန်းရဲ့ ဓားက လျိုဟောင်လုံကို ဒုက္ခမပေးနိုင်ခဲ့ပါဘူး။ လျိုဟောင်လုံက အဆင်၃မိစ္ဆာသားရဲ သားရေနဲ့ပြုလုပ်ထားတဲ့ ကိုယ်ကျပ်အင်္ကျီကို အထဲမှာတစ်ထပ်ခံပြီး ဝတ်ထားခဲ့တယ်လေ။ပြီးတော့ လီဖူချန်းရဲ့ ဓားကလည်း လျှပ်တစ်ပြက် ထိုးလိုက်တာဖြစ်တဲ့အတွက် အားက လိုအပ်တာထက်ကို နည်းနေပါသေးတယ်။" သုံးရိပ်ဖြာ ဓားသိုင်း "သူ့ဓားချက်က တစ်ဖက်လူကို ဒုက္ခမပေးနိုင်ဘူး ဆိုတာကို သိလိုက်တာနဲ့ လီဖူချန်းတစ်ယောက် လျိုဟောင်လုံကို စက်ဝိုင်းပတ်ပတ်ပြီး တိုက်လိုက်ပါတယ်။ ဓားရိပ်၃ရိပ်က လျိုဟောင်လုံဆီကို ဝင်သွားပါပြီ။" သွားစမ်း "လျိုဟောင်လုံက အလျင်အမြန်ဘဲ ဓားကို စက်ဝိုင်းသဖွယ် ဝှေ့ယမ်းကာ ခုခံလိုက်ပါတယ်။ လေထုထဲမှာတော့ မိုးကြိုးမုန်တိုးတစ်ခုက ဖြစ်ပေါ်လာခဲ့ပါပြီ။အဲဒါသည်ပင် လီဖူချန်း လိုချင်နေတဲ့ အရာဖြစ်ပါတယ်။ သူက လျိုဟောင်လုံကို အဆင်မပြတ် ခုခံနေစေချင်တာပါ။ဝှစ်...... လီဖူချန်းက မူလနေရာကနေ ရိပ်ခနဲပျောက်သွားပြီး လျိုဟောင်လုံရဲ့ ညာဘက်ခြမ်းမှာ တစ္ဆေတစ်ကောင်လို ပြန်ပေါ်လာပါတယ်။" ကြယ်ကြွေ "အနီရောင်ဓားရိပ်ကြီးက ကော်ဇော်နီတစ်ထည် ဖြန့်ကျက်လိုက်တဲ့အတိုင်း လျိုဟောင်လုံကို လွှမ်းခြုံသွားပါတော့တယ်။ဝေါ့............ဒီဓားချက်က လျိုဟောင်လုံရဲ့ ချီအကာအကွယ်ကို ဖျက်ဆီးလိုက်နိုင်ရုံသာမက အဆင့်၃မိစ္ဆာသားရဲသားရေ ကိုယ်ကျပ်အင်္ကျီရဲ့ ခံနိုင်ရည်ကိုပါ ကျော်လွန်သွားပါပြီ။ လျိုဟောင်လုံက သွေးစိမ်းရှင်ရှင် တစ်လုတ်မျှ အန်လိုက်ရပါတယ်။ ဒီအတိုင်းဆိုရင်တော့ လျိုဟောင်လုံတစ်ယောက် အတွင်းဒဏ်ရာ ပြင်းပြင်းထန်ထန် ရသွားတာ သေချာသွားခဲ့ပါပြီ။ကြယ်ပျံဓားသိုင်းရဲ့ တိုက်ခိုက်မှု အစွမ်းကတော့ တစ်ကယ်လက်ဖျား ခါရလောက်ပါတယ်။ ဒီဓားသိုင်းက လျင်မြန်မှုမှာကော ပြင်းထန်မှုမှာပါ စံတင်နိုင် လောက်စရာပါဘဲ။ရွှပ် ! ရွှပ် ! ရွှပ် !လျိုဟောင်လုံ ဒဏ်ရသွားတာကို သိပေမယ့် လီဖူချန်းက သူ့ဓားကွက်တွေကို မရုတ်သိမ်းသေးပါဘူး။ ဒီကောင်က သူ့ကို အကြိမ်ပေါင်းများစွာ ဆဲဆိုထားတာလေ ဘယ်လွယ်လွယ်နဲ့ လွတ်ပေးလိုက်နိုင်မှာလည်း။ သူက အသက်ကို တစ်ဝကြီးရှူပြီး ကြယ်ကြွေဓားကွက် သုံးကွက်တိတိ တစ်ဆက်တည်း ထုတ်ဖော်လိုက်ပါတယ်။ ဓားချက်နှစ်ချက်ကတော့ တစ်နေရာတည်းကိုဘဲ ရည်ရွယ်ထားပါတယ်။လျိုဟောင်လုံရဲ့ သားရဲကိုယ်ကျပ်အင်္ကျီ ပေါ်မှာကော ၊အရေပြားပေါ်မှာကော အပေါက်တစ်ခု ဖြစ်သွားခဲ့ပါပြီ။ အဲဒါက လျိုဟောင်လုံကို ကြောက်ရွံ့သွားစေပါတယ်။ထန် !လီဖူချန်းရဲ့ နောက်ထပ်ဓားချက်တစ်ချက်ကတော့ လျိုဟောင်လုံလက်ထဲက ဓားကို မြေပေါ်ကျသွားစေခဲ့ပါတယ်။" ပြောစမ်း...... အခု ဘယ်သူက ခွေးလည်း "လီဖူချန်းက လျိုဟောင်လုံရဲ့ အရှေ့မှာ ရပ်ပြီး အေးစက်စက် အကြည့်နဲ့ စိုက်ကြည့်နေပါပြီ။လျိုဟောင်လုံရဲ့ နောက်လိုက် အတွင်းစည်းတပည့် နှစ်ယောက်ကလည်း ကြက်သေသေနေပါတယ်။သူတို့က လျိုဟောင်လုံ ရှုံးနိမ့်သွားမယ်လို့ လုံးဝကို မထင်ထားခဲ့တာပါ။ ဘာဖြစ်လို့လည်းဆိုတော့ လျိုဟောင်လုံက အတွင်းစည်းပြိုင်ဘက်ကင်း စာရင်းဝင် ဖြစ်တဲ့အပြင် လီဖူချန်းထက် အဆင့်၂ဆင့် မြင့်နေလို့ပါဘဲ။" လီဖူချန်း နိုင်သွားတာလား "ဂေါင်ချန်းရှန်နဲ့ ဝူကျင်မိန်က တစ်ယောက်ကိုတစ်ယောက် မျက်လုံးကြီးပြူးပြီး စိုက်ကြည့်နေကျပါတယ်။ဒီကိစ္စကြီးက မိုးပြိုကျလာတဲ့ အတိုင်းပါဘဲလေ။" အစ်မချန် ...... ကြည့်စမ်းပါဦး။ လီဖူချန်း နိုင်သွားပြီရှင့်။ "ဇောင်မင်းယွီရဲ့ ရွှန်းလဲ့နေတဲ့ မျက်ဝန်းထဲမှာတော့ အရမ်းကို ကျေနပ်။မ်းသာနေတဲ့ အရိပ်အယောင်တွေ ထွက်ပေါ်နေပါတယ်။ဒါက သူမဘဝမှာ ပထမဆုံး လူတစ်ယောက်ကို အခုလို အားပေးဖူးတာပါဘဲ။ ပြီးတော့ လီဖူချန်းက သူမစိတ်ဝင်စားတဲ့ ပထမဆုံး ယောကျာ်းလေးတစ်ယောက် ဖြစ်လာခဲ့ပြီလေ။ ပြောရမယ်ဆိုရင် ကြယ်၅ပွင့် အရိုးတည်ဆောက်ပုံရှိတဲ့ ယုဝူရှန်းကိုတောင်မှ သူမက မျက်လုံးတစ်ချက် စွေကြည့်ခဲ့တာ မဟုတ်ပါဘူး။သူမရဲ့ အမြင်မှာဆိုရင်တော့ ယုဝူရှန်းက ကောင်းကင်ပိုးနယ်ပယ်ကို ရောက်ဖို့ အခွင့်အရေးများနေတဲ့ လူငယ်တစ်ယောက် ဆိုတာထက် ဘာမှ ပိုထူးပြီး စိတ်ဝင်စားစရာ မရှိပါဘူး။ သူမက ကောင်းကင်ပိုးနယ်ပယ်မှာ ရောက်နေတဲ့ အတွင်းစည်းအကြီးအကဲခေါင်ချုပ်ရဲ့ မြေးမလေး ဖြစ်တဲ့အတွက် ကောင်းကင်ပိုးအဆင့်ကို ရောက်ဖို့အခွင့်အရေးရှိတဲ့ ယုဝူရှန်းကို စိတ်မဝင်စားတာကလည်း ယုတ္ထိရှိပါတယ်လေ။ယုဝူရှန်းက ပြန်လည်ဝင်စားခြင်းနယ်ပယ်အထိ ရောက်နိုင်မယ်ဆိုရင်တော့ တစ်မျိုးပေါ့လေ။ ဒါပေမဲ့ အခုချိန်မှာတော့ ဇောင်မင်းယွီရဲ့ နှလုံးသားထဲမှာ မဟုတ်မခံ မိုက်ကန်းကန်း ကောင်လေးတစ်ယောက် တိတ်တခိုး ဝင်ရောက်နေပြီ ဆိုတာကို သူမကိုယ်တိုင်တောင် သတိပြုမိနိုင်မယ် မထင်ပါဘူးလေ။တစ်ချက်ပြန်စဉ်းစားကြည့်မယ် ဆိုရင်တော့ မိုးပြာရောင်ဂိုဏ်းလို ရှေးဟောင်းဂိုဏ်းကြီးတစ်ခုကတော့ ပြန်လည်ဝင်စားခြင်းနယ်ပယ်က ပညာရှင်တွေ ပေါ်ပေါက်လာဖို့ကို အားသွန်ခွန်စိုက် ကြိုးစားကျမှာပါဘဲ။ဘာဖြစ်လို့လည်းဆိုတော့ ပြန်လည်ဝင်စားခြင်းနယ်ပယ်ကို ရောက်သွားပြီဆိုရင် မရောက်ဖူးသေးတဲ့ ကုန်းမြေတွေကို သွားရောက်နိုင်မှာ ဖြစ်နေလို့ပါဘဲ။" ဟုတ်တယ် ။ နိုင်သွားပြီ။ ဒါကတစ်ကယ် အံ့သြစရာဘဲ "ချန်ဖန်းဟွာက သူမရဲ့မေးဖျားလေးကို ပွတ်နေရင်းနဲ့ စဉ်းစားခန်းဝင်နေပါတယ်။" လီဖူချန်း...... မျိုးမစစ်တဲ့ ခွေးသား...... ။ တစ်နေ့ကျရင် ငါမင်းကို ငါ့လက်နဲ့ ကိုယ်တိုင်သတ်ပြီး မင်းပိုင်ဆိုင်တဲ့အရာ မှန်သမျှကို ဖျက်ဆီးပြမယ်။ ဟားဟား " လျိုဟောင်လုံက သွေးရူးသွေးတန်း ဖြစ်နေပါပြီ။ဖြန်း.........လီဖူချန်းက လျိုဟောင်လုံရဲ့ မျက်နှာကို မညှာမတာ ဖြတ်ရိုက်ပစ်လိုက်ပါတယ်။ လျိုဟောင်လုံက တစ်ပတ်ကို လည်ထွက်သွားတာပါ။" မင်းက ငါ့ကို ရိုက်ရဲတယ်ပေါ့။ ငါဘယ်သူလည်းဆိုတာ မင်းသိရဲ့လား" လျိုဟောင်လုံက အော်ဟစ်လိုက်ပါတယ်။ဖြန်း............လီဖူချန်းက နောက်ထပ် လက်ပြန်တစ်ချက် ကျွေးလိုက်ပြန်ပါပြီ။ဖြန်း ဖြန်း ဖုန်း ဖုန်း ......လီဖူချန်းက ရိုက်ရတာ အားမရလာဘူး ထင်ပါရဲ့။ လျိုဟောင်လုံကို စကားပြောခွင့်ကို မပေးတော့ဘဲ နရင်းတွေချည်း လိမ့်အုပ်နေပါတော့တယ်။လျိုဟောင်လုံက စကားကို ပြန်မပြောရဲတော့ပါဘူး။ သူ့မျက်လုံးတွေထဲမှာ ကြောက်ရွံ့မှုတွေက အထင်းသား ပေါ်နေပါပြီ။မျက်နှာတစ်ခုလုံးကလည်း ဖောယောင်နေပြီး ခေါင်းတစ်ခုလုံးလည်း လီဖူချန်းရဲ့ ရိုက်ချက်ကြောင့် ချာချာလည်နေပါပြီ။" ဒါ......... ဒါကြီးက ...... "ဒီမြင်ကွင်းကို မြင်နေရတဲ့ လူတွေအားလုံးက အသံတစ်ချက်တောင် မထွက်နိုင်ဘဲ လီဖူချန်းကို ကြောင်ကြည့်နေကျပါတယ်။ဒီလောက် အညှာအတာကင်းမဲ့တဲ့ကောင်။ဒီလောက် မိုက်ကန်းတဲ့ကောင်။ဒီလောက် အကြောက်တရားကင်းမဲ့တဲ့ကောင်။ အခုချိန်မှာတော့ လီဖူချန်းရဲ့ ဖြစ်တည်မှုက လျိုဟောင်လုံရဲ့ ပြိုင်ဘက်ကင်းစာရင်းဝင်ဆိုတဲ့ ဂုဏ်သိက္ခာကို ရစရာမရှိအောင် ရိုက်ချိုးပစ်လိုက်ပါပြီ။ လျိုဟောင်လုံ တစ်ယောက်ကတော့ အတွင်းစည်းဂိုဏ်းမှာ မျက်နှာပြရဲတဲ့ သတ္တိရှိပါဦးမလားပါဘဲ။ ဒီကောင့်ရဲ့ သိက္ခာတွေကတော့ အတွင်းစည်းဂိုဏ်းသားတွေရဲ့ တံတွေးခွက်ထဲမှာ မျောနေတော့မှာ အမှန်ပါဘဲ။" မကောင်းတော့ဘူး။ လီဖူချန်းက စည်းအရမ်းကျော်သွားပြီ။ လျိုဟောင်လုံက ရှေးဟောင်းလျိုကလန်ရဲ့ သခင်လေးဘဲ။သူရဲ့အဆင့်အတန်းက လီဖူချန်းထက် အများကြီး ကြီးမြတ်တယ်။" ဂေါင်ချန်းရှန်က လျိုဟောင်လုံရဲ့ ဇစ်မြစ်ကို ကောင်းကောင်းကြီးသိပါတယ်။ လျိုဟောင်လုံရဲ့ အနောက်မှာ ဘယ်သူတွေရှိနေသလည်း ဆိုတာကိုလည်း သူကရိပ်မိနေပြီးသားပါ။ ဒါကြောင့်သူက လျိုဟောင်လုံရဲ့ စော်ကားမှုတွေကို ငြိမ်ခံနေခဲ့တာလေ။" ဟင် စောက်ကလေး။ ဒီခွေးသားလေးက ဘယ်လိုသတ္တိနဲ့ ငါတို့သခင်လေးကို စော်ကားရဲတာလည်း။ ဒီကောင်က သေသင့်နေပြီ။ ဘယ်သူမှ သူ့ကိုကယ်ဖို့ မစဉ်းစားနဲ့ "မီတာ၁၀၀လောက် အကွာအဝေးကနေ အတွင်းစည်းလက်ထောက်ကြီးကြပ်ရေးမှုး နှစ်ယောက်က အော်ဟစ်ပြီး လီဖူချန်းဆီကို တစ်ရှိန်ထိုး ပြေးဝင်လာကျပါတယ်။အဆုံးမဲ့အာဏာ အပိုင်း၁၁၂အင်အားကြီးတယ်ဆိုတာ ဘာလည်းဒီအတွင်းစည်း လက်ထောက်ကြီးကြပ်ရေးမှုး နှစ်ဦးက အသက်၄၀လောက်ရှိပြီး စိတ်တန်ခိုးဖွဲ့စည်းခြင်းနယ်ပယ် အဆင့်၉ကို ရောက်နေပါပြီ။သူတို့နှစ်ယောက်ရဲ့ လှုပ်ရှားမှုတွေက တစ်ကယ်ကို မြန်ဆန်လွန်းလှပါတယ်။" ရေလှိုင်းပြာ ဓားသိုင်း "" ကောင်းကင်ပြိုဓားသိုင်း "လီဖူချန်းရဲ့ တစ်ဖက်တစ်ချက်ကနေပြီး သူတို့က ညှပ်တိုက်လိုက်ပါတယ်။လီဖူချန်းရဲ့ လက်ရှိကျင့်ကြံမှုအဆင့်နဲ့ ဆိုရင်တော့ သူက ဒီနှစ်ယောက်ရဲ့ပြိုင်ဖက် လုံးဝ မဖြစ်နိုင်ပါဘူးလေ။" ပန်းပွင့်အသင်္ချေဓားသိုင်း "လီဖူချန်းတစ်ယောက် လုံးဝအကျပ်အတည်းတွေ့နေချိန်မှာဘဲ ချန်ဖန်းဟွာက အမြန်ရောက်လာပြီး သူမရဲ့ဓားနဲ့ အတွင်းစည်းလက်ထောက်ကြီးကြပ်ရေးမှုး နှစ်ယောက်ရဲ့ ဓားကို ရိုက်ထုတ်ပစ်လိုက်ပါတယ်။" အစ်မတော်ချန်...... ဒါကဘာလုပ်တာလည်း " အတွင်းစည်း ကြီးကြပ်ရေးမှုး နှစ်ယောက်ထဲက တစ်ယောက်က ဒေါသနဲ့မေးလိုက်ပါတယ်။ချန်ဖန်းဟွာက " မင်းတို့က အဆင့်မမှီလို့ အတွင်းလက်ထောက်စည်းကြီးကြပ်ရေးမှုး ဖြစ်နေတာ။အဲဒါကိုတောင် မင်းက ပထမတန်းစား အတွင်းစည်းတပည့်ကို သတ်ချင်နေတယ်။ မင်းက ပြစ်ဒဏ်ပေးခန်းမကို ဂရုမစိုက်တာလား"အတွင်းစည်း လက်ထောက်ကြီးကြပ်ရေးမှုးတွေက အတွင်းစည်းတပည့်တွေထက် အဆင့်အတန်းနိမ့်ပါတယ်။ ဒီလိုအဆင့်နိမ့်တဲ့သူက အဆင့်မြင့်တဲ့သူကို တိုက်ခိုက်တယ်ဆိုတာ ဂိုဏ်းတော်ရဲ့ စည်းမျဉ်းတွေကို ချိုးဖောက်နေတာပါ။နောက်ထပ်တစ်ယောက်ကတော့ အသံချိုချိုသာသာနဲ့ " အစ်မတော်ချန်...... ဘေးကိုဖယ်ပေးပါလားဗျာ။ ကျွန်တော်တို့ လျိုကလန်က မိုးပြာရောင်ဂိုဏ်းရဲ့ ရှေးဟောင်းကလန်တွေထဲက တစ်ကလန် အပါအဝင်ပါ။ပြီးတော့ လျိုဟောင်လုံကလည်း ကျွန်တော်တို့ရဲ့ သခင်လေးပါ။ ဒီကိစ္စကို ဝင်မရှုပ်ပါနဲ့ဗျာ။ ကိုယ့်ကိစ္စလည်းမဟုတ်ဘဲ ဝင်ဝင်မပါပါနဲ့လား "" သူပြောတာမှန်တယ်။ လျိုကလန်ကို ရန်စတာဟာ ကောင်းတဲ့ ရွေးချယ်မှုတစ်ခု မဟုတ်ဘူး"ဒီလက်ထောက်ကြီးကြပ်ရေးမှုးနှစ်ဦးက ဘာဖြစ်လို့ လီဖူချန်းကို သတ်ဖို့ ကြံရွယ်ရဲတာလည်းဆိုတော့ လျိုကလန်ရဲ့ ကျောထောက်နောက်ခံ ရှိနေလို့ပါဘဲ။ လျိုကလန်က ရှေးဟောင်းကလန်ကြီး ဖြစ်တဲ့အတွက်မြေကမ္ဘာအဆင့် ပညာရှင်တွေက တော်တော်များများကို ရှိတယ်လေ။ ပြီးတော့ ကောင်းကယ်နယ်ပယ်က ပညာရှင်တွေကလည်း ထိုက်သင့်သလောက် ရှိပါသေးတယ်။ သူတို့က လီဖူချန်းကို သတ်လိုက်ရင်တောင် ကလန်မျက်နှာထောက်ပြီး အပြစ်ကြီးကြီးမားမား ရမှာ မဟုတ်ပါဘူး။ချန်ဖန်းဟွာက အေးစက်စက် ရယ်မောလိုက်ပါတယ်။ " လျိုကလန်က ငါ့ကို ဘာလုပ်နိုင်မလည်းဆိုတာကို ကြည့်ရသေးတာပေါ့။ လျိုကလန်က မိုးပြာရောင်ဂိုဏ်းထက် အစွမ်းထက်နေပြီလား"အဲဒီအချိန်မှာဘဲ လျိုဟောင်လုံက သတိပြန်ဝင်လာပါတယ်။" လီဖူချန်း ... မင်းကငါ့ကို ပါးရိုက်ရဲတယ်ပေါ့။ မင်းဘယ်လို ပြစ်မှုမျိုးကို ကျူးလွန်လိုက်သလည်း ဆိုတာကိုကော သိရဲ့လား။ ဘယ်လိုမှ ပြင်ဆင်လို့ မရတော့တဲ့ အမှားတစ်ခုကို ကျူးလွန်လိုက်တာဘဲ။ အခုချက်ခြင်း ဒူးထောက်ပြီး မင်းလက်နှစ်ဖက်ကို ဖြတ်လိုက်စမ်း။ အဲဒါဆိုရင် ငါမင်းကို ခွင့်လွှတ်ပေးလို့ ရသေးတယ်။ ပြီးတော့ ... ချန်ဖန်းဟွာ ... အခုချက်ခြင်း ထွက်သွားစမ်း မဟုတ်ရင် မင်းအေးအေးဆေးဆေး နေရမယ်လို့ ငါအာမ မခံဘူး။ "" စော်ကားလိုက်တဲ့ကောင် "ချန်ဖန်းဟွာက ဒေါသထွက်သွားပါတယ်။သူမ အခု စိတ်တန်ခိုးဖွဲ့စည်းခြင်းနယ်ပယ် အဆင့်၈ ရောက်လာတဲ့အထိ ဘယ်သူတစ်ဦးတစ်ယောက်မှ အခုလို သူမကို မပြောခဲ့ဖူးပါဘူး။ သူမ တိုက်ရိုက်တပည့် ဖြစ်လာတဲ့အထိတော့ ခနတော့ စောင့်လိုက်ဦးပေါ့လေ။ အဲသည်နေ့ကျရင် လျိုကလန်ကို သွားပြီး လျိုဟောင်လုံကို ပါးရိုက်ဦးမှာပါ။" စော်ကားတယ် ဟုတ်လား ။ ငါသာ စိတ်ရှိရင် မင်းကို အခုထက်ပိုပြီး စော်ကားလို့ ရသေးတယ်။ မင်းရဲ့ အနောက်က မိသားစုက ငါ့မိသားစုထက် အစွမ်းထက်နေလို့လား"လျိုဟောင်လုံက ချန်ဖန်းဟွာကို ကြောက်မနေပါဘူး။ ပါရမီအရ ပြောမယ်ဆိုရင်လည်း သူက ချန်ဖန်းဟွာထက် နိမ့်ကျမနေဘူးလေ။ နောက်ထပ် နှစ်အနည်းငယ်လောက်ဆိုရင် ချန်ဖန်းဟွာကို လိုက်မီဖို့ ယုံကြည်ချက်လည်း ရှိပါတယ်။လျိုဟောင်လုံရဲ့ မောက်မာလှတဲ့ အပြုအမူကို ကြည့်ပြီး ဇောင်မင်းယွီတစ်ယောက် ဘယ်လိုမှ သည်းခံမနေနိုင်တော့ပါဘူး။ သူမက အေးစက်စက် အသံဖြင့် ပြောလိုက်ပါတယ်။" လျိုဟောင်လုံ ...... နင့်ရဲ့ လျိုကလန်က အရမ်းကို အစွမ်းထက်နေတာလား "" ငါတို့ လျိုကလန်က တစ်ကယ်ကို အစွမ်းထက်တာပေါ့ကွ။ ပြီးတော့..................... " လျိုဟောင်လုံက အသံပိုင်ရှင်ကို သိသွားပုံရပါတယ်။ ဆက်ပြီး ဘာမှပြောလာခြင်း မရှိတော့ပါဘူး။လျိုကလန်က တောင့်တင်းပြီး ရှေးကျတဲ့ကလန် ဖြစ်ရင်ဖြစ်မယ်။ ဒါပေမဲ့ တစ်တောင်ထက်မြင့်တဲ့ နောက်တစ်တောင်ဆိုတာ ရှိစမြဲပါဘဲ။ ဇောင်မင်းယွီရဲ့ ဇောင်ကလန်က လူအင်အားမများပေမဲ့ တစ်ကယ့်ရှေးကျတဲ့ အနွယ်ဝင်တို့ရဲ့ ကလန်ဖြစ်ပါတယ်။ပြီးတော့ ဇောင်မင်းယွီရဲ့ အဘိုးက အတွင်းစည်းအကြီးအကဲခေါင်ချုပ် ဖြစ်တဲ့အပြင် အဖေဖြစ်သူကလည်း အတွင်းစည်း အကြီးအကဲပါဘဲ။ဇောင်ကလန်မှာ နောက်ထပ်အဆင့်မြင့် အတွင်းစည်းအကြီးအကဲဖြစ်တဲ့ ဇောင်ဝူကျိ ရှိပါသေးတယ်။ သူတို့သုံးယောက်ရဲ့ သြဇာအာဏာတွေနဲ့ စွမ်းအားတွေ စုပေါင်းလိုက်မယ်ဆိုရင် လျိုကလန်တစ်ခုလုံးကတောင် ဦးညွှတ်ရပါလိမ့်မယ်။ဒီကမ္ဘာမှာတော့ လူတစ်ယောက်ရဲ့ နောက်ခံအင်အားက အရမ်းစကား ပြောပါတယ်။ ဒါပေမဲ့ တစ်ကယ့်စွမ်းရည်အစစ်အမှန်နဲ့ တွေ့ရင်တော့ ဝပ်သွားခယ ရတာပါဘဲလေ။ တစ်ကယ်လို့ ပြန်လည်ဝင်စားခြင်းနယ်ပယ်က ပညာရှင်တစ်ယောက် ရောက်လာမယ်ဆိုရင် ဂိုဏ်းတစ်ခုလုံးကတောင် အရိုအသေပေးရပါလိမ့်မယ်။ ပြန်လည်ဝင်စားခြင်းနယ်ပယ်က ပညာရှင်ဆိုတာ ဂိုဏ်းတစ်ဂိုဏ်းနဲ့ကို ညီမျှပါတယ်လေ။" ဘာဖြစ်လို့ နင်စကားမပြောတော့တာလည်း။ နင်တို့ကလန်က နင်ပြောသလောက် မစွမ်းလို့လား။ မင်းက မင်းသတ်ချင်တဲ့လူကို သတ်လို့ရတယ်မလား။ အတွင်းစည်းတပည့်ကိုတောင် သတ်လို့ရတယ်လေ။ မဟုတ်ဘူးလား" ဇောင်မင်းယွီက တရားမျှတမှုကို မြတ်နိုးတဲ့အတွက် လျိုဟောင်လုံကို ကောင်းကောင်းကြီး ပြစ်တင်ပြောဆိုနေပါပြီ။လျိုဟောင်လုံက မျက်နှာအိုကြီးဖြင့် " ဇောင်မင်းယွီ...... ငါမင်းကို ဘာမှ ရန်မစထားဘူးနော်။ မင်းက မင်းနဲ့သိတဲ့လူလည်း မဟုတ်ဘဲနဲ့ ဘာလို့သူ့ဘက်က ဝင်ပါနေရတာလည်း "" ဘာဖြစ်နေကျတာလည်းဟေ့ " ရုတ်တရက် ခန့်ငြားထည်ဝါတဲ့ အသံကြီးတစ်သံကို ကြားလိုက်ရပါတယ်။" ဦးလေးဇောင် " ဇောင်မင်းယွီက အသံရှင်ကို နှုတ်ဆက်လိုက်ပါတယ်။ဇောင်ဝူကျိက လေပေါ်မှာ ရပ်ပြီး ကြည့်နေပါတယ်။ ဇောင်မင်းယွီကို တော့ သူက ကြင်နာစွာနဲ့ ပြုံးပြနေတာပေါ့လေ။ " မင်းယွီ......... ဒီမှာဘာဖြစ်နေတာလည်း။ ဦးလေးကို ရှင်းပြပါလား "ဇောင်မင်းယွီက လျိုဟောင်လုံနဲ့ အတွင်းစည်းလက်ထောက်နှစ်ယောက်ကို ညွှန်ပြလိုက်ပြီး " သူတို့တွေက လျိုကလန်လေ။ သူတို့က စည်းကမ်းဖောက်ပြီး အတွင်းစည်းတပည့် တစ်ယောက်ကို သတ်ဖို့ကြံစည်နေတာ။ အစ်မတော်ချန်သာ မကာကွယ်ခဲ့ဘူးဆိုရင် အဲဒီအတွင်းစည်းတပည့်က သေနေလောက်ပြီ။ " " လျိုကလန်လား " ဇောင်ဝူကျိက အေးစက်စက် ကြည့်လိုက်ပါတယ်။"အကြီးအကဲဇောင်...... ကျွန်တော်တို့က အဲလိုမရည်ရွယ်ပါဘူး။ ဒါပေမဲ့ ဒီမျိုးမစစ်က အရမ်းကို ရိုင်းစိုင်းလွန်းတယ်။ သူက ကျွန်တော်တို့ လျိုကလန်ရဲ့ သခင်လေးကိုတောင် စော်ကားနေပါတယ်။" အတွင်းစည်းလက်ထောက် ကြီးကြပ်ရေးမှုးတစ်ယောက်က ဇောင်ဝူကျိကို လေပြေသွေးနေပါတယ်။ဇောင်ဝူကျိက ကောင်းကင်အဆင့် အရှိန်အဝါတွေကို ထုတ်လိုက်ပြီး အတွင်းစည်းလက်ထောက် ကြီးကြပ်ရေးမှုး နှစ်ယောက်ကို ဖိအားပေးလိုက်ပါတယ်။ ထိုဖိအားကို အတွင်းစည်းလက်ထောက် ကြီးကြပ်ရေးမှုး နှစ်ဦးက တောင်ခံနိုင်စွမ်း မရှိတဲ့အတွက် ဒူးထောက်ကျသွားပါပြီ။ထို့နောက်မှာတော့ ဇောင်ဝူကျိက " မင်းတို့လျိုကလန်က ဘယ်တုန်းက အတွင်းစည်းဂိုဏ်းသားတွေရဲ့ အရေးကိစ္စတွေမှာ ဖြေရှင်းဖို့ အခွင့်အာဏာ ရှိသွားတာလည်း ။ ငါတို့ မိုးပြာရောင်ဂိုဏ်းက အဲလိုဆုံးဖြတ်ပိုင်ခွင့် မရှိတော့လို့လား။ မင်းတို့လျိုကလန်က မိုးပြာရောင်ဂိုဏ်းရဲ့ နေရာကို အစားထိုး တာဝန်ယူနိုင်နေပြီလား ""အကြီးအကဲဇောင် ခွင့်လွှတ်ပေးပါ။ ကျွန်တော်တို့ရဲ့ ဇောင်ကလန်က ဒီလိုအတွေး လုံးဝမရှိပါဘူး ခင်ဗျာ။ " အတွင်းစည်း လက်ထောက်ကြီးကြပ်ရေးမှုး နှစ်ယောက်ရဲ့ မျက်နှာတွေက သွေးမရှိသည့်အလား ဖြူဖွေးသွားပါပြီ။သူတို့ရဲ့ ခန္ဓာကိုယ်ကလည်း တစ်ဆတ်ဆတ် တုန်နေပါပြီ။" မင်းတို့နှစ်ယောက် ဂိုဏ်းတော်ကို ပြန်ရောက်တဲ့အခါကျရင် ပြစ်ဒဏ်ပေးခန်းမကို သွားလိုက်။ ပြီးရင် အကျိုးအကြောင်းပြောပြီး ပြစ်ဒဏ်ခံယူလိုက်။ " ဇောင်ဝူကျိ အေးစက်စက်လေသံဖြင့် အမိန့်ပေးလိုက်ပါတယ်။" ဟုတ်ကဲ့ပါ အကြီးအကဲ "နှစ်ယောက်စလုံးက တစ်ညီတစ်ညာတည်း ပြောလိုက်ပါတယ်။လျိုဟောင်လုံကတော့ သူ့ရဲ့ခေါင်းကို ငုံ့ပြီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားခဲ့ပါတယ်။ သူ့ရဲ့ လူသတ်ချင်တဲ့ အငွေ့အသက်တွေကတော့ လုံးဝ လျော့မကျသွားခဲ့ပါဘူး။ဇောင်ဝူကျိက အရမ်းအဆင့်မြင့်တဲ့သူ ဖြစ်ချင်ဖြစ်မယ်။ ဒါပေမဲ့ လျိုဟောင်လုံရဲ့ အဘေးကလည်း ခေတဲ့သူမဟုတ်ပါဘူး။ အခုလောလောဆယ်တော့ သူက ဇောင်ဝူကျိကို ပြန်မပြောရဲပေမယ့် လီဖူချန်းနဲ့ ချန်ဖန်းဟွာကိုတော့ လွယ်လွယ်နဲ့ လွှတ်မပေးနိုင် သေးပါဘူး။ တစ်နေ့နေ့မှာတော့ အခုသူခံစားခဲ့ ရတာထက် အဆတစ်ရာမက ခံစားရအောင် ပြန်လုပ်မှာပါ။လျိုဟောင်လုံကို ကြည့်နေတဲ့ ဇောင်ဝူကျိကလည်း ဒီအချက်ကို ကောင်းကောင်းကြီး ရိပ်မိပါတယ်။" မင်းရဲ့အဘေးဖြစ်တဲ့ အကြီးအကဲလျိုက နာမည်ကြီး လူတစ်ယောက်ဘဲ။ ဒါပေမဲ့ မင်းသူ့ကို သွားပြောရင်လည်း ဘာမှ ထူးလာမှာ မဟုတ်ဘူး။ဂိုဏ်းစည်းကမ်းက ဂိုဏ်းစည်းကမ်းဘဲ။သူတို့နှစ်ဦးစလုံးက အတွင်းစည်းအကြီးအကဲ ဖြစ်တဲ့အတွက် ဇောင်ဝူကျိက လျိုဟောင်လုံရဲ့ အဘေးကို ကောင်းကောင်းကြီး သိပါတယ်။" ကဲ...... အားလုံးကိုယ့်အလုပ် ကိုယ်ပြန်လုပ်ကြတော့ "ဇောင်ဝူကျိက ပြောပြီးတာနဲ့ တစ်ခြားတစ်နေရာကို ပျံပြီး ထွက်သွားပါတော့တယ်။" နေနှင့်ဦးပေါ့ကွာ " လူသတ်ချင်တဲ့ အကြည့်တွေနဲ့ လီဖူချန်းတို့ကို ကြည့်ပြီး လျိုဟောင်လုံကလည်း ထွက်သွားပါတော့တယ်။" အစ်မတော်တို့ နှစ်ယောက်စလုံးကို ကျေးဇူးတင်ပါတယ်။ "လျိုဟောင်လုံ ထွက်သွားတာနဲ့ လီဖူချန်းက ချန်ဖန်းဟွာနဲ့ ဇောင်မင်းယွီတို့ကို လက်နှစ်ဖက်ဆုပ်ကာ အရိုအသေပေးရင်း ကျေးဇူးတင်ကြောင်း ပြလိုက်ပါတယ်။ဒီမိန်းမပျိုလေး နှစ်ယောက်သာ မရှိရင် သူက လုံးဝ သေနေပြီဆိုတာ ယုံမှားစရာ မရှိပါဘူး။လျိုကလန်က ဒီလောက်အထိ လက်ရဲဇက်ရဲ နိုင်မယ်လို့ သူမထင်ထားခဲ့ မိဘူးလေ။ အခုအချိန်မှာတော့ သူဟာ သေးငယ်တဲ့ ပုရွက်ဆိတ်ကလေး တစ်ကောင်သာသာဘဲ ရှိသေးတယ်ဆိုတာကို နားလည်လိုက်ပါပြီ။နောက်ထပ် နှစ်အနည်းငယ်အတွင်းမှာ ကောင်းကင်နယ်ပယ် ပညာရှင် ဖြစ်ဖို့ကို သူမမျှော်လင့်ထားပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ဒါက ယုတ္ထိမရှိတဲ့ အရာမို့ပါ။ဒါပေမဲ့ ဒီလာမယ့် နှစ်အနည်းငယ်အတွင်းမှာ တိုက်ရိုက်တပည့် ဖြစ်ဖို့တော့ သူမျှော်လင့်ပါတယ်။တိုက်ရိုက်တပည့်တွေဆိုတာ မိုးပြာရောင်ဂိုဏ်းအတွက်တော့ အနာဂတ် ပင်မထောက်တိုင်တွေပါ။ တိုက်ရိုက်တပည့်တွေကို စော်ကားရဲတဲ့ မည်သူ့ကိုမဆို မိုးပြာရောင်ဂိုဏ်းက ရပ်ကြည့်နေမှာ မဟုတ်ပါဘူး။ မိုးပြာရောင်ဂိုဏ်းရဲ့ အဆင့်မြင့် အဖွဲ့ဝင် ဖြစ်နေရင်တောင်မှ ဂိုဏ်းရဲ့ အမျက်ဒေါသကို ကောင်းကောင်းကြီး ခံစားရမှာပါ။" လီဖူချန်း ...... နင်သတိထားဖို့တော့ လိုမယ်နော်။ လျိုဟောင်လုံမှာ လျိုတိုင်ရှန်းဆိုတဲ့ ဦးလေးတစ်ယောက် ရှိသေးတယ်။ သူက စိတ်တန်ခိုးဖွဲ့စည်းခြင်းနယ်ပယ် အဆင့်၈ မှာ ရောက်နေပြီ။ နင်က လျိုယောင်လုံကို အရှက်ခွဲလိုက်တယ် ဆိုတာကို သိတာနဲ့ သူက ဒီအတိုင်း နေနေမှာ မဟုတ်ဘူး။ " ဇောင်မင်းယွီက သူမသိထားတာကို ပြောပြပါတယ်။ရှေးဟောင်းကလန်တွေက ကြောက်စရာကောင်းလွန်းပါတယ်။ သူတို့က ဂိုဏ်းတော်မှာ လေ့ကျင့်နေတာ ကြာမြင့်နေပြီ ဖြစ်တဲ့အတွက် ကြောက်စရာ ကောင်းလှတဲ့ ပါရမီရှင်တွေကို မွေးထုတ်ထားနိုင်ပါတယ်။ လျိုတိုင်ရှန်းက ကြယ်သုံးပွင့်အရိုးတည်ဆောက်ပုံဘဲ ရှိပေမယ့် သူ့ရဲ့ကျင့်ကြံမှုနှုန်းက ကြယ်လေးပွင့် အရိုးတည်ဆောက်ပုံတွေထက်ကို မြန်ပါတယ်။ လက်ရှိလီဖူချန်းက သူ့ကို ယှဉ်ဖို့ မဖြစ်နိုင်သေးပါဘူး။" လျိုတိုင်ရှန်းလား... အင်း...... ဟုတ်ပြီ "လီဖူချန်းက ဒီနာမည်ကို ကောင်းကောင်းကြီး မှတ်ထားလိုက်ပါတယ်။သူက လျိုတောင်ရှန်း ကလဲ့စား ချေလာမှာကို လုံးဝ မကြောက်ပါဘူး။နှစ်အနည်းငယ်ပါဘဲ။ နောက်ထက် နှစ်အနည်းငယ်လောက် လေ့ကျင့်ပြီးရင် ဒီသာမန် စိတ်တန်ခိုးဖွဲ့စည်းခြင်းနယ်ပယ် အဆင့်၈က သိုင်းပညာရှင်လောက်ကိုတော့ လီဖူချန်းတစ်ယောက် စကားထဲတောင် ထည့်ပြောမှာ မဟုတ်ပါဘူး။ချန်ဖန်းဟွာက " ငါကလည်း လျိုကလန်ကို ရန်စလိုက်မိပြီ။ နင်နဲ့ငါက တစ်လှေတည်းစီးတဲ့ သူတွေ ဖြစ်သွားပြီဘဲ။ နင် ဂိုဏ်းတော်ထဲမှာ ပြသနာတက်ရင် ငါ့ကို လာရှာလိုက် "သူမက စိတ်ဓာတ်တော့ အနည်းငယ် ကျနေသည့် ပုံပါဘဲ။ လျိုကလန်နဲ့ ရန်စရှိသွားတယ်ဆိုတာက သူမလိုချင်တဲ့ အရာတော့ မဟုတ်ဘူးလေ။ သူမက လီဖူချန်းတစ်ယောက် မတရား အသတ်ခံရတော့မှာ မြင်တဲ့အတွက် အကူအညီ ပေးလိုက်တာပါ။သူမရဲ့ စိတ်ထဲမှာတော့ ' လီဖူချန်း...... ငါကတော့ ကောင်းကင်ကိုတောင် အတိုက်အခံလုပ်ပြီး မင်းဘက်ကနေ ရပ်တည်ပေးလိုက်ပြီ။မင်း မြန်မြန်တိုးတက်လာမှ ဖြစ်မယ်။ မဟုတ်ရင်တော့ ဒီနေ့ ငါမင်းကို ကူညီလိုက်တာ အလဟသ ဖြစ်သွားတော့မှာဘဲ" လို့ တွေးနေပါတယ်။" အစ်မတော်ချန်......... ဒီနေ့ အစ်မကယ်တင်ပေးတဲ့ ကျေးဇူးတရားကို နောင်တစ်ချိန်မှာ အဆတစ်ရာ ပြန်ဆပ်ပါမယ်" လီဖူချန်းက လေးနက်တဲ့ လေသံဖြင့် ကတိပေးလိုက်ပါတယ်။" မင်း သတိရနေမယ်ဆိုရင်တော့ ကောင်းတာပေါ့ " ချန်ဖန်းဟွာက ခိုးခိုးခစ်ခစ် ရယ်ရင်းနဲ့ ပြောလိုက်ပါတယ်။အဆုံးမဲ့အာဏာ အပိုင်း ၁၁၃တစ်နှစ်မိစ္ဆာသားရဲအုပ်ကြီးတွေဟာ မိစ္ဆာသွေးသားရဲမြို့ တစ်မြို့တည်းကိုသာ တိုက်ခိုက်တာ မဟုတ်ပါဘူး။တောရိုင်းကောင်မြို့မှာဆိုရင်လည်း အရင်နှစ်တွေကထက် ပိုများတဲ့ မိစ္ဆာသားရဲအုပ်ကြီး လာတာပါဘဲ။အရင်တုန်းက လူသားတွေရဲ့ ထိန်းချုပ်မှုအောက်မှာရှိတဲ့ တောအုပ်တွေဟာ အခုဆိုရင် မိစ္ဆာသားရဲအလောင်းတွေနဲ့ ပြည့်နေပါပြီ။လူတော်တော်များများကတော့ သူတို့ရဲ့ မိစ္ဆာအမြူတွေကို မိစ္ဆာအော်သံ မြို့ကြီးမှာ ရောင်းချလေ့ မရှိဘဲ ဂိုဏ်တော်ရဲ့ သက်ဆိုင်ရာဌာနတွေမှာသာ ရောင်းချလေ့ရှိပါတယ်။မိစ္ဆာအော်သံ မြို့တော်ကြီးမှာလည်း အစွမ်းထက်တဲ့ သူရဲကောင်းတွေနဲ့ ပြည့်နှက်နေပါပြီ။" အဆင့်၂အနိမ့်စား မိစ္ဆာအမြူတေ ၃ခု၊ အဆင့်၂အလယ်အလတ်တန်းစား မိစ္ဆာအမြူတေ ၂ခု ၊ အဆင့်၂ အကောင်းစား မျိုးစပ်မိစ္ဆာ အမြူတေ ၁ခု ။ အားလုံးစုစုပေါင်း ရွှေပြား ၃သိန်း ရမယ်။ကုန်သွယ်ရေးခန်းမထဲမှာတော့ လီဖူချန်းတစ်ယောက် သူရှာဖွေတွေ့ရှိခဲ့တဲ့ မိစ္ဆာအမြူတေ ၆ခုစလုံးကို ရောင်းချလိုက်ပါတယ်။" မောင်လေးလီ...... နင်ဒီတစ်ခါ ရတနာသိုက်ကြီး တူးမိတာဘဲ။ ဘာဖြစ်လို့ အစ်မတို့နှစ်ယောက်ကို အရသာရှိတာလေးတွေ ဝယ်ကျွေးမယ်လို့ မစဉ်းစားမိတာလည်း။" ချန်ဖန်းဟွာက လီဖူချန်းကို စကားစလိုက်ပါတယ်။" ဟုတ်တာပေါ့။ ငါတို့ကို တစ်ခုခု ဝယ်ကျွေးသင့်တယ်။ "ဇောင်မင်းယွီကလည်း ခေါင်းညိတ်ပြီး ချန်ဖန်းဟွာရဲ့ အဆိုကို ထောက်ခံလိုက်ပါတယ်။လီဖူချန်းက ပြုံးလိုက်ပြီး" ကြိုက်တဲ့ နေရာသာ ရွေးပေတော့ဗျာ "အရသာရှိတဲ့ စားသောက်ဆိုင်တွေကို ဂိုဏ်းတော်က ဖွင့်လှစ်ထားပါသေးတယ်။ ဒီစားသောက်ဆိုင်တွေက အပြင်လောကမှာရှိတဲ့ စားသောက်ဆိုင်တွေနဲ့ ပုံစံတူပေမယ့် ရောင်းချတဲ့ အစားအစာတွေကတော့ မတူပါဘူး။ ဟင်းတစ်ပွဲကိုတောင် ရွှေပြားထောင်ချီ ပေးရပါတယ်။ မင်းသာ စားနိုင်သောက်နိုင်မယ်ဆိုရင် ရွှေပြားသောင်းနဲ့ချီပြီးကို ကုန်ကျသွားနိုင်ပါတယ်။ဂိုဏ်းတော်က စားသောက်ဆိုင်နေရာ လေးခု ခွဲထားပေးပါတယ်။အပြင်စည်းဂိုဏ်းသားတွေအတွက် တစ်နေရာ၊ အတွင်းစည်းဂိုဏ်းသားတွေအတွက် တစ်နေရာ၊တိုက်ရိုက်တပည့်တွေအတွက် တစ်နေရာ နဲ့ အဓိကပင်မခန်းဆောင်နေရာ ဆိုပြီးတော့ပေါ့လေ။ဇောင်မင်းယွီကတော့ အတွင်းစည်းဂိုဏ်သားတွေအတွက် ဖွင့်ထားပေးတဲ့ ရသာစုံ စားသောက်ဆိုင်ကို ရွေးလိုက်ပါတယ်။*** - အတွင်းစည်းဂိုဏ်သား အဆောင် -" ကောင်းလိုက်တာ။ အရင်တစ်ခေါက် ဒီကိုလာပြီးကတည်းက ငါဒီအရသာတွေကို မမေ့နိုင်ဘဲ ဖြစ်နေတာ။ အခုတော့ ငါဒီနေရာကို နောက်တစ်ခေါက် ပြန်လာနိုင်ခဲ့ပြီ။ " ချန်ဖန်းဟွာက သူမရဲ့တူကို ကျင်လည်စွာ ကိုင်ပြီး ငါးအသားစလေးတစ်ခုကို ဖဲ့လိုက်ပါတယ်။ ထို့နောက်မှာတော့ ပါးစပ်ထဲကို ထည့်လိုက်ပြီး အရသာခံ ဝါးနေပါတော့တယ်။ သူမရဲ့ မျက်နှာအမူအယာကို ကြည့်ရတာတော့ ဒီစားကောင်းသောက်ဖွယ်တွေကို တစ်ကယ်ကြိုက်နှစ်သက်သည့် ပုံပါဘဲ။ဇောင်မင်းယွီကလည်း နှစ်သက်ခုံမင်စွာ စားသောက်နေပါတယ်။ သူမက အတွင်းစည်းအကြီးအကဲခေါင်ချုပ်ရဲ့ မြေးဖြစ်တဲ့အတွက် ကျင့်ကြံခြင်းကိုဘဲ အာရုံစိုက်နေခဲ့ရတာလေ။ အစားကောင်း အသောက်ကောင်းကို မကြိုက်တဲ့ မိန်းကလေးဆိုတာ ဘယ်တုန်းက ရှိခဲ့ဖူးလို့လည်းလေ။အရသာ ရှိလွန်းတဲ့ ဟင်းပွဲတွေကို မြည်းကြည့်ပြီးနောက် လီဖူချန်းတစ်ယောက်ကတော့ ဘာလို့ဈေးဒီလောက် ကြီးနေရတာလည်းဆိုတာကို ကောင်းကောင်းကြီး နားလည်သွားခဲ့ပါပြီ။ဒီဟင်းတွေမှာ ထည့်သုံးထားတဲ့ ပါဝင်ပစ္စည်းတွေက လုံးဝအလဟ်အလတ် အဆင့်ရှိတဲ့ ပစ္စည်းတွေပါဘဲ။ ဥပမာ- အလယ်အလတ်အဆင့် စိတ်ဝိညာဉ် ဟင်းသီးဟင်းရွက် ၊ ဒုတိယတန်းစား ရတနာငါး ၊ အလယ်အလတ် စိတ်ဝိညာဉ်ပဲတွေကနေ ပြုလုပ်ထားတဲ့ တိုဟူး၊ စိတ်ဝိညာဉ်ငှက်သိုက်၊ စိတ်ဝိညာဉ်ငှက်ရဲ့ ဥ စသဖြင့်ပေါ့လေ။သိတဲ့အတိုင်းဘဲ ဒုတိယတန်းစား ရတနာငါးတစ်ကောင်က တစ်ကီလိုကို အမှတ်၁၀၀၀ ပေးရတယ်လေ။ အခုဟင်းတစ်ပွဲမှာ ငါးအသား ၁၀ကီလိုလောက်ပါပါတယ်။ အဲဒါကို ရွှေပြားနဲ့ပြန်တွက်မယ်ဆိုရင် ရွှေပြား ၂၀၀၀၀ ရှိပါတယ်။ဟင်းအဖြစ် ပြန်ချက်တဲ့အခါမှာဆိုရင်တော့စားဖိုမှုးခ ဘာညာနဲ့ ရွှေပြား ၂၂၀၀၀လောက် ကျသွားနိုင်ပါတယ်။တော်သေးတာပေါ့လေ။ ဒီစားသောက်ဆိုင်မှာသုံးတဲ့ အလယ်အလတ်တန်းစား ပါဝင်ပစ္စည်းတွေက ဈေးနည်းနည်းပေါ့နေလို့။ ဒါတောင် ရွှေပြား ၉၀၀၀ ကျပါသေးတယ်။ ဒီငါးဟင်းတစ်ပွဲတည်းကိုဘဲ စုစုပေါင်း ရွှေပြား ၃၀၀၀၀ ကျော်လောက်ကျသင့်သွားပါတယ်။ဒါပေမဲ့ လီဖူချန်းက ရွှေပြားတွေကို သုံးရတာ တန်တယ်လို့ ယူဆထားပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဒီစားသောက်ဆိုင်က ရောင်းချတဲ့ ဟင်းလျာတွေက တစ်ကယ်ဘဲ အနံ့အရသာနဲ့ ပြည့်စုံနေလို့ပါ။ဒီလိုနဲ့ဘဲ သူတို့သုံးယောက် စားသောက်နေလိုက်တာ ချသမျှ ဟင်းပွဲ အကုန် တက်တက်စင်အောင် ပြောင်သွားခဲ့ပါပြီ။ ပြီးတော့ သူတို့ရဲ့ ခန္ဓာကိုယ်ထဲမှာလည်း အပူစီးကြောင်းတစ်ခု စီးဆင်းနေတာကို ခံစားလိုက်ရပါတယ်။ဒီဟင်းလျာတွေမှာ သုံးစွဲထားတဲ့ ပါဝင်ပစ္စည်းတွေရဲ့ အရည်အသွေးက တန်နဲ့ချီတဲ့ အထောက်အကူပြု ပစ္စည်းတွေလိုပါဘဲ။ သူတို့သုံးယောက်စားထားတဲ့ ဟင်းလျာတွေရဲ့ အစွမ်းသတ္တိက အဆင့်မြင့်ကျားနဂါးဆေးလုံးတွေ အများကြီး စားသုံးထားတာနဲ့တောင် ညီနေတယ်လေ။ ဒါကြောင့်မို့ သူတို့ရဲ့ ခန္ဓာကိုယ်ပေါ်မှာ အပူစီးကြောင်းတစ်ခု စီးဆင်းနေတာကို အံ့သြစရာတော့ မရှိဘူးလေ။စားသောက်ဆိုင်ကနေ ထွက်လာပြီး အပြင်ကို အရောက်မှာတော့ တောင်တန်းတွေဘက်ကနေ တိုက်ခတ်လာတဲ့ လေပြည်နုနု၊ လေညင်းအေးအေးလေးက သူတို့ကို နှုတ်ဆက်လိုက်ပါသေးတယ်။" လီဖူချန်း...... နောက်ဆုံးတော့ မင်းထွက်လာပြီပေါ့လေ။မင်းရဲ့လက်တစ်ဖက်ကို မင်းဟာမင်း ရိုက်ချိုးလိုက်စမ်း။ င့ါရဲ့လက်တွေက မင်းကို ထိဖို့ သနနေလို့။ အော်...... ပြောဖို့မေ့နေတာ ရှိသေးတယ်။ ငါက လျိုဟောင်လုံရဲ့ ဦးလေး လျိုတိုင်ရှန်းဘဲ။ ရသာစုံစားသောက်ဆိုင်ရဲ့ အရှေ့၁၀မီတာလောက်မှာတော့ လူတစ်ယောက်က လီဖူချန်းကို ရပ်စောင့်နေပါတယ်။ သူ့ရဲ့မျက်လုံးတွေက ကျဉ်းမြောင်းပြီး ရက်စက်မဲ့ ပုံပါဘဲ။ သူ့ပုံစံကို ကြည့်ရတာ လီဖူချန်းက သူ့လက်ခုပ်ထဲကရေဆိုပြီး အပိုင်တွက်ထားတယ်နဲ့ တူပါတယ်။" လျိုတိုင်ရှန်း...... လီဖူချန်းက ငါ့မိတ်ဆွေဘဲ။ နင်ပြသနာ မရှာဘဲ ထွက်သွားရင် ကောင်းမယ်လို့ အကြံပေးပါရစေ။ " ချန်ဖန်းဟွာက ထီမထင်တဲ့အမူအယာနဲ့ ပြန်ပြောလိုက်ပါတယ်။လျိုတိုင်ရှန်းက သူ့ရဲ့အကြည့်တွေကို ချန်ဖန်းဟွာဆီကို ပြောင်းလိုက်ပြီး" ချန်ဖန်းဟွာ ...... မင်းကတစ်ကယ်ဘဲ ဒီကိစ္စထဲ ဝင်ရှုပ်တော့မှာလား" လို့မေးလိုက်ပါတယ်။" ဒါပေါ့ ... အစတည်းက ငါက ဒီကိစ္စထဲ ဝင်ပါနေခဲ့မိပြီဘဲ။ "ချန်ဖန်းဟွာက မဆိုင်းမတွပင် ပြန်ဖြေပါတယ်။ခိ...... ခိ ......ခိ လျိုတိုင်ရှန်းက အာခေါင်ခြစ်သံကြီးဖြင့် ရယ်လိုက်ပြီး" ချန်ဖန်းဟွာ ...... မင်းက ဒီလိုဆုံးဖြတ်လိုက်ပြီ ဆိုတော့လည်း ငါက ပြောပြရဦးမှာပေါ့။မင်းဟာ နဂိုကတော့ တောက်ပတဲ့ အနာဂတ် ရှိတဲ့သူဘဲ။ နှမြောစရာ ကောင်းလိုက်တာ။ ဒီပုရွက်ဆိတ်လေးကြောင့် မင်းရဲ့ တောက်ပတဲ့ အနာဂတ်က မှေးမှိန်သွားရတော့မယ်။ မင်းက ငါ့ကို အပိုတွေ ပြောနေတယ် ထင်ရင်ထင်နေလိမ့်မယ်။ ဒါပေမဲ့ သိပ်မကြာခင်မှာဘဲ ငါပြောတာ ဟုတ်မဟုတ်ဆိုတာကို မင်းသိလာမှာပါ။ မင်းကိုယ်တိုင်လည်း အမှားကြီးတစ်ခု ကျူးလွန်လိုက်ပြီဆိုပြီး တစ်သက်လုံး နောင်တ ရနေတော့မှာ။ "ဘာကြောင့်မှန်းတော့ မသိပါဘူး။ ချန်ဖန်းဟွာတစ်ယောက်ကတော့ လျိုတိုင်ရှန်းရဲ့ စကားတွေကို ကြားပြီးနောက်မှာ ကျေချမ်းလာသလိုလို ခံစားလိုက်ရပါတယ်။ဇောင်းမင်းယွီကတော့ လျိုတိုင်ရှန်းတစ်ယောက် ချန်ဖန်းဟွာကို ခြိမ်းခြောက်နေတာကို မခံစားနိုင်တော့တဲ့အတွက် ဝင်ပါလာပါတယ်။" လျိုတိုင်ရှန်း...... ငါနင့်ကို သတိတစ်ခု ပေးလိုက်မယ်နော်။ နင်တစ်ကယ်လို့ ချန်ဖန်းဟွာကို တစ်ခုခုဖြစ်သွားအောင် လုပ်ရဲလုပ်ကြည့်စမ်း။ ငါလည်း နင့်ကို အစ်မတော်ချန်ဖန်းဟွာ ဖြစ်တဲ့အတိုင်း ပြန်ခံစားရအောင် လုပ်နိုင်တယ်ဆိုတာ မမေ့နဲ့။ "လျိုတိုင်ရှန်းက ဇောင်မင်းယွီနဲ့တော့ ထိပ်တိုက်မတွေ့ရဲပါဘူး။" ငါသူ့ကို နာကျင်အောင် လုပ်တာကို နင်အခု မြင်နေလို့လား။ ငါဒီအတိုင်း ပါးစပ်လေးနဲ့ ခြိမ်းခြောက်လိုက်တာလေ။ ဒါက ဂိုဏ်းစည်းကမ်းကို ချိုးဖောက်နေပြီလား။"" နင်... နင်............"ဇောင်မင်းယွီက လျိုတိုင်ရှန်းလိုလူနှင့် အဘယ်မျှ စကားယှဉ်ပြောနိုင်မည်နည်း။ လျိုတိုင်ရှန်းရဲ့ ပါးစပ်က ထွက်လာသည့် စကားလုံး အချို့ကပင်လျှင် ဇောင်မင်းယွီ၏ ပါးစပ်ကို တိတ်သွားခဲ့စေသည်လေ။လျိုတိုင်ရှန်းကတော့ သူ့ရဲ့ လာရင်းကိစ္စကို ဆက်ပါတော့တယ်။" လီဖူချန်း ... ဘယ်လိုဖြစ်ရတာလည်း။ မင်းသတင်းတွေ ကြားရတာတော့ အင်မတန်မှ သတ္တိရှိလှတဲ့ သူရဲကောင်းကြီးပါဆို။ အပြင်စည်းဂိုဏ်းရဲ့ ပြိုင်စံမပေါ်ကြီးပါဆို။ အခုကျတော့ မိန်းကလေးနှစ်ယောက်ရဲ့ အနောက်မှာ လိပ်တစ်ကောင်လို ပုန်းနေပြီလားကွ။"" ဟုတ်ပြီကွာ။ မင်းကအဲလောက်ကြောက်နေရင်လည်း ဆက်မပြောတော့ပါဘူး။ လက်တစ်ဖက်မြန်မြန် ရိုက်ချိုးလိုက်။ အဲဒါဆိုရင် ငါဖြစ်ခဲ့သမျှ အကုန်မေ့ပစ်ပေးလိုက်လို့ ရပြီ။ မဟုတ်ရင်တော့ ငါ့ရဲ့ဓားကို အလုပ်နည်းနည်းပေးလိုက်ရလိမ့်မယ်။ ငါမင်းကို စနောက်နေတာ မယုတ်ဘူးနော်။ ငါက ပြောတဲ့အတိုင်း စကားတည်တဲ့ ယောကျာ်းတစ်ယောက်ဘဲ ။"ဒီလျိုတိုင်ရှန်းက ခြိမ်းခြောက်သည့်နေရာမှာတော့ တော်တော် ပါရမီပါသည့် ပုံပင်။ သူ့နှုတ်က ထွက်လာသမျှ စကားတိုင်းက အေးစပ်ချောက်ကပ်နေပြီး မြွေတစ်ကောင်လို အဆိပ်ပြင်းလွန်းပါတယ်။ ပြောရမယ်ဆိုရင် လုံးဝ ရင်ထဲ ၊ အသည်းထဲအထိကို အေးစိမ့်သွားသလိုပါဘဲ။လီဖူချန်းကတော့ လျိုတိုင်ရှန်းရဲ့ စကားတွေကို သိပ်အမှုမထားတဲ့ပုံပါဘဲလေ။ သူက ဘာမထီသည့်ပုံဖြင့် ခပ်ပေါ့ပေါ့ရယ်သွမ်းလိုက်ပြီး" လျိုတိုင်ရှန်း...... ငါမှတ်ဥာဏ်တွေသာ မမှားဘူးဆိုရင် မင်းက ဒီနှစ်ထဲမှာ ၃၁နှစ် ရောက်နေပြီမလား "" အဲဒီတော့ ဘာဖြစ်လည်း။ မင်းထင်နေတာက ငါကမင်းထက် အများကြီး ကြီးနေလို့ မင်းကို သိက္ခာအကျခံပြီး မတိုက်ခိုက်ရဲဘူးလို့လား။ ဟ ... ဟ မှားသွားမယ် ကောင်လေး ။ငါက အရှက်တွေ ၊သိက္ခာတွေဆိုတာကို မေ့နေတာ ကြာပြီ။ မွေးကတည်းက ဆိုပါတော့ "လျိုတိုင်ရှန်းက ဆင်သားရေမျက်နှာသိုင်း ကျင့်ထားပုံ ရပါတယ်။ ( ဆင်သားရေက ထူတယ်လေ။ ပြီးတော့ မာလည်းမာတယ်မလား။မျက်နှာ အရေခွံထူတယ်လို့ ရွဲ့ ပြောချင်တာပါ ။ ခေတ်စကားပြောရမယ်ဆိုရင် စောက်ရှက်ဆိုတာ ဘာမှန်းကို မသိတာပေါ့ )လီဖူချန်းကတော့ ခေါင်းကို အေးအေးသက်သာဘဲ ခါပြလိုက်ပါတယ်။" ငါ့ကို အချိန်တစ်နှစ်သာ ပေးလိုက်။ နောက်တစ်နှစ်ပြည့်တဲ့အခါ မင်းနဲ့ငါ အတွင်းစည်းဂိုဏ်းရဲ့ ဖန်းယွမ်စင်မြင့်ပေါ်မှာ တိုက်ကျမယ် "ဖန်းယွမ်စင်မြင့်ဆိုတာ အတွင်းစည်းဂိုဏ်းသားတွေ ပြသနာရှင်းဖို့အတွက် အထူးပြုလုပ်ထားပေးတဲ့ နေရာ ဖြစ်ပါတယ်။ဖန်းယွမ်စင်မြင့်ပေါ်မှာ သတ်ဖြတ်ချင်းကို ခွင့်မပြုထားပေမယ့် တစ်ဖက်လူရဲ့ သိုင်းအားတွေ၊ ခြေလက်တွေကို ဖျက်ဆီးတာကိုတော့ တရားဝင် ခွင့်ပြုထားပါတယ်။ ရှုံးနိမ့်တဲ့လူက ကလဲ့စား ပြန်မချေရဘူးလို့လည်း ကတိကဝတ်ပြုထားရပါသေးတယ်။တစ်ကယ်လို့ ရှုံးနိမ့်သွားတဲ့လူက တစ်ခြားသူတွေကို ငှားပြီး လုပ်ကြံခိုင်းတာကို ဂိုဏ်းက သိသွားရင်တော့ ဆွေစဉ်မျိုးဆက် သတ်ဖြတ်ခံရမှာလေ။"တစ်နှစ်လား " လျိုတိုင်ရှန်းက လီဖူချန်းကို စူးစိုက်ကြည့်ပြီး မေးလိုက်ပါတယ်။"လီဖူချန်းကတော့ လှံတစ်ချောင်းလိုဘဲ မားမားမတ်မတ် ရပ်နေပါတယ်။ သူက လျိုတိုင်းရှန်းရဲ့ အကြည့်တွေကို တစ်ချက်ကလေးတောင် ခေါင်းငုံ့ပြီး ရှောင်ထွက်မသွားပါဘူး။ သူ့ရဲ့မျက်လုံးတွေက ဘာမထီတဲ့ အရိပ်အယောင်တွေကို ပြသလျက်ပါဘဲ။ လျိုတိုင်ရှန်းက မျက်လုံးကနေပြီး စိတ်အခြေအနေကို ဖတ်ဖို့ကြိုးစားပေမဲ့လည်း ရေခဲတုံးကြီးသဏ္ဍာန် တည်ငြိမ်ပြီး အေးစက်နေတဲ့ လီဖူချန်းကြောင့် သူ့ရဲ့ကြိုးစားမှုတွေက အရာမထင်ခဲ့ပါဘူး။" မရဘူး။ ငါမင်းကို အချိန်တစ်နှစ် မစောင့်နိုင်ဘူး။ မင်းရဲ့လက်ကို အခုရိုက်ချိုးလိုက်။ မိန်းကလေးနှစ်ယောက်က မင်းကို အမြဲကာကွယ်ပေးနိုင်မှာ မဟုတ်ဘူးနော်။ "လျိုတိုင်ရှန်းက လီဖူချန်းရဲ့တောင်းဆိုမှုကို ငြင်းလိုက်ပါတယ်။ လျိုတိုင်ရှန်းရဲ့ အမူအကျင့်က သူလုပ်ချင်တာကို ချက်ခြင်းလုပ်လိုက်ရမှ ကျေနပ်တဲ့အမျိုးပါ။ တစ်နှစ်ဆိုတဲ့ အချိန်က ဖြစ်နိုင်ချေ အများကြီး ဖြစ်သွားနိုင်တယ်လေ။သူက ဘာဖြစ်လို့ အချိန်တစ်နှစ် လီဖူချန်းကို ပေးနေရမှာလည်း။ " လျိုတိုင်ရှန်း...... နင်က တစ်ကယ့်သူရဲဘောကြောင်တဲ့ကောင်ဘဲ။ နင်က စိတ်တန်ခိုးဖွဲ့စည်းခြင်းနယ်ပယ် အဆင့်၈မှာ ရောက်နေပြီ။ လီဖူချန်းကတော့ အခုမှ စိတ်တန်ခိုးဖွဲ့စည်းခြင်းနယ်ပယ် အဆင့်၎ဘဲ ရှိသေးတာ။ ဒါတောင် နင်က တစ်နှစ်မစောင့်ရဲဘူးလား။ နင့်လိုကောင်ကို ယောကျာ်းလို့တောင် ခေါ်ထိုက်ရဲ့လား။"ဇောင်မင်းယွီက လျိုတိုင်ရှန်းကို ငကြောက်တစ်ကောင်ပါလို့ စွပ်စွဲလိုက်ပါပြီလေ။အနီးအနားမှာ ရှိနေတဲ့ အတွင်းစည်းတပည့်တွေကလည်း သူတို့ရဲ့ အခြေအနေကို စောင့်ကြည့်အကဲခတ်နေကျတာပါ။ဇောင်မင်းယွီက အခုလိုပြောလိုက်တာကို ကြားပြီးတဲ့နောက်မှာတော့ အတွင်းစည်းတပည့်အားလုံးက လျိုတိုင်ရှန်းကို ငကြောက်တစ်ကောင်ပါဆိုပြီး ဝိုင်းကြည့်နေကျပါပြီ။ အားလုံးရဲ့ အထင်သေးတဲ့ အကြည့်တွေကိုတော့ လျိုတိုင်ရှန်းတစ်ယောက် မခံနိုင်တော့ပါဘူး။ လျိုတိုင်ရှန်းက " ဟုတ်ပြီလေ ။ ငါမင်းကို တစ်နှစ်အချိန်ပေးလိုက်မယ်။ တစ်နှစ်ပြည့်ပြီးရင်တော့ မင်းနဲ့ငါ ဖန်းယွမ်စင်မြင့်ပေါ်မှာ တွေ့ကြတာပေါ့။ ငါကမင်းရဲ့ ဒျန့်တျန်ကို ဖျက်ဆီးရုံသာမကဘူး။ မင်းရဲ့ ခြေလက်တွေကိုပါ ရိုက်ချိုးပစ်မှာ။ ဟား ... ဟား...... အဲဒီအခါကျရင်တော့ မင်းလျိုကလန်ကို စော်ကားမိတဲ့အတွက် တစ်သက်လုံး နောင်တရနေပေတော့ " " ငါက အဲဒီစကားကို မင်းကိုတောင် ပြန်ပြောလိုက်ဦးမယ်။ "လီဖူချန်းက လေသံအနိမ့်အမြင့်မရှိဘဲ အေးစက်စက် ဆိုလိုက်ပါတယ်။လီဖူချန်းရဲ့ အေးစက်တည်ငြိမ်မှုက လျိုတိုင်ရှန်းကို စိတ်ထင့်သွားစေပါတယ်။ သူ့ဘဝတစ်လျောက်လုံးမှာ စကားပြောရင် သူကဘဲ တစ်ဖက်လူကို လွှမ်းမိုးချုပ်ကိုင်ထားပြီး ပြောခဲ့တာလေ။ အခု လီဖူချန်းနဲ့ အတွေ့မှာတော့ လီဖူချန်းကို လွှမ်းမိုးဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။သူဘယ်လိုဘဲ ခြိမ်းခြောက်နေပါစေ။ လီဖူချန်းရဲ့ ထီမထင်တဲ့ မျက်နှာပေးက ပြောင်းလဲသွားချင်း မရှိပါဘူးလေ။" ဟမ့်...... မင်းတစ်နှစ်တည်းနဲ့ ဘယ်လောက်တိုးတက်လာမလည်းဆိုတာ စောင့်ကြည့်လိုက်ဦးမယ်။ ဖန်းယွမ်စင်မြင့်ရောက်မှ ငါ့ကို ခွင့်လွှတ်ပေးဖို့ ငိုယိုပြီး မတောင်းပန်နဲ့ ။"သူ့ရဲ့နောက်ဆုံးစကား ပြောပြီးတာနဲ့ လျိုတိုင်ရှန်းက လှည့်ပြီးထွက်ခွာသွားပါတော့တယ်။" နောက်တစ်နှစ်ကြာရင် ဂိုဏ်းတူအစ်ကိုလျိုက လီဖူချန်းနဲ့ ဖန်းယွမ်စင်မြင့်ပေါ်မှာ တိုက်ခိုက်ကျမယ်တဲ့ "" ဒီလီဖူချန်းဆိုတဲ့ကောင်လေးက အရမ်းလွန်မနေဘူးလား။ အစ်ကိုလျိုက စိတ်တန်ခိုးဖွဲ့စည်းခြင်းနယ်ပယ် အဆင့်၈ကို လွန်ခဲ့တဲ့ နှစ်ဝက်ကတည်းက ရောက်နေတာလေ။ နောက်တစ်နှစ်ဆိုရင် သူက စိတ်တန်ခိုးဖွဲ့စည်းခြင်းနယ်ပယ် အဆင့်၉ကိုတောင် ရောက်နေလောက်ပြီ။"" အဲဒါက တစ်ကယ့်ပြသနာဘဲ။ လီဖူချန်းက အခုမှ စိတ်တန်ခိုးဖွဲ့စည်းခြင်းနယ်ပယ် အဆင့်၎ဘဲ ရှိသေးတာ။ နောက်ထပ်တစ်နှစ်ကြာလို့ အလွန်ဆုံးရောက်ရင် စိတ်တန်ခိုးဖွဲ့စည်းခြင်းနယ်ပယ် အဆင့်၆ပေါ့။ ဒီလောက် အဆင့်ကွာနေတာကို လျိုတိုင်ရှန်းနဲ့ ဘယ်လိုတိုက်နိုင်မှာလည်း။ ငါတို့ရဲ့ ကျင့်ကြံခြင်းလောကမှာ နယ်ပယ်တိုင်းနယ်ပယ်တိုင်းရဲ့ အဆင့်တစ်ဆင့်ကွာနေရင်တောင် တိုက်ခိုက်နိုင်ဖို့ အရမ်းခဲယဉ်းနေတာလေ။"အနီးအနားမှာ ရောက်နေတဲ့ အတွင်းစည်းတပည့်တွေကတော့ ဒီဖန်းယွမ်စင်မြင့်ပေါ်က တိုက်ပွဲအကြောင်းကို ဆွေးနွေးနေကျပါတယ်။ ဒါပေမဲ့ သူတို့ထဲက အများစုကတော့ လီဖူချန်းကို နိုင်မယ့်လို့ မမျှော်လင့်ထားကျဘူးလေ။အဆုံးမဲ့အာဏာ အပိုင်း၁၁၅ဓားသိုင်း၁၀၀တစ်လအကြာမှာတော့ လီဖူချန်းက အဝါရောင်အဆင့်နိမ့် ဓားသိုင်း၆မျိုးကို တစ်ဖက်ကမ်းခတ်သည်အထိ လေ့ကျင့်နိုင်ခဲ့ပါပြီ။ဒီနှုန်းက လောကကြီးတစ်ခုလုံးကိုတောင် တုန်လှုပ်သွားစေနိုင်ပါတယ်လေ။ဒါတွေက အဝါရောင်အဆင့်နိမ့် ဓားသိုင်းတွေဆိုပေမဲ့ ဓားရဲ့တာအို သဘောသဘာဝတွေတော့ အနည်းအကျဉ်း ပါနေသေးတယ်လေ။ ဥပမာ မိုမခဓားသိုင်းပေါ့။ ဒီဓားသိုင်းက အပျော့သိုင်းပါ။ ရွက်ကြွေဓားသိုင်းကတော့ အမာသိုင်းဖြစ်ပါတယ်။ ဒီလိုမတူညီတဲ့ ဓားသိုင်းနှစ်မျိုးကို လေ့ကျင့်တာက တော်တော်မလွယ်တဲ့ အရာပါဘဲ။လီဖူလျန်းရဲ့အကြံက ဒီအဆင့်နိမ့်ဓားသိုင်းတွေ အကုန်ကို လေ့ကျင့်ပြီး ကိုယ်ပိုင် ဓားလမ်းကြောင်း ဓားနိယာမ တစ်ခုကို ရှာဖွေဖို့ပါဘဲ။ ဒီကိစ္စက အပြောသာလွယ်ပြီး လက်တွေ့က အလွန်ခက်တယ်ဆိုတာ သူအခုတော့ ကောင်းကောင်းကြီး နားလည်နေခဲ့ပါပြီ။ ဒီလို ဓားသိုင်းအများကြီးကို လေ့ကျင့်တာက တစ်ဖက်ကနေကြည့်မယ်ဆိုရင် လုံးဝမကောင်းတဲ့ အရာတစ်ခုပါဘဲ။ ဘာဖြစ်လို့လည်းဆိုတော့ အချိန်ကြာလာတာနဲ့အမျှ ဓားသိုင်းတွေက ရှုပ်ထွေးကုန်ပြီး ဝေခွဲမရတွေ ဖြစ်လာနိုင်လို့ပါဘဲ။ ကံကောင်းတာကတော့ လီဖူချန်းက ဒီကိစ္စကို လုံးဝစိုးရိမ်စရာ မလိုပါဘူး။ သူ့ရဲ့ ဆင့်ကဲပြောင်းလဲနေတဲ့ စိတ်ဝိညာဉ်က ဓားသိုင်းတွေကို ကောင်းကောင်းကြီး ခွဲခြမ်းစိတ်ဖြာနိုင်စွမ်း ရှိနေတယ်လေ။ ဒါပေမဲ့ အချိန်နည်းနည်းတော့ ယူရတာပေါ့။ဒီလိုနဲ့ တစ်လပြည့်သွားတဲ့အခါမှာတော့ လီဖူချန်းက ဓားသိုင်း၆မျိုးကို တစ်ဖက်ကမ်းခတ် ကျွမ်းကျင်သွားခဲ့ပါပြီ။ ဒုတိယမြောက်လမှာတော့ လီဖူချန်းက ဓားသိုင်း၇မျိုးအထိ လေ့ကျင့်နိုင်ခဲ့ပါတယ်။ တတိယမြောက်မှာတော့ ဓားသိုင်း၉မျိုးအထိ ဖြစ်လာပြီး စတုတ္ထမြောက်လမှာတော့ ဓားသိုင်း၁၂မျိုးကို တစ်ဖက်ကမ်းခတ်အဆင့်အထိ လေ့ကျင့်နိုင်ခဲ့ပါတယ်။အချိန်တွေ ကုန်လွန်သွားတာနဲ့အမျှ လီဖူချန်းရဲ့ ဓားသိုင်းကျင့်ကြံမှုနှုန်းက ပိုပိုပြီး ကြောက်စရာ ကောင်းလာခဲ့ပါပြီ။" ပြတ်စမ်း "စကားသံနဲ့အတူ ဓားရောင်တစ်ချက် လက်သွားပြီး သတ္တုရိုင်းကြီးတစ်ခုကို နှစ်ပိုင်းပြတ်သွားစေပါတယ်။ လီဖူချန်းက သူ့ရဲ့ဓားကို လျှပ်ပြက်သည့်အလား ဓားအိမ်ထဲသို့ ပြန်သွင်းလိုက်ပါတယ်။ " ဝုန်း "မူလက နှစ်ပိုင်းပြတ်နေသော သတ္တုရိုင်းတုံးကြီးက နောက်ထပ်တစ်ကြိမ် ဓားဖြင့်ခုတ်ခြင်း ခံလိုက်ရသည့်အလား ထပ်ပြတ်သွားပြန်ပါတယ်။ အမှန်တော့ လီဖူချန်းက ဓားကို ပြောင်းပြန်အနေအထားနဲ့ တစ်ချက်ခုတ်ရင်း ဓားအိမ်ထဲကို ပြန်သွင်းလိုက်တာပါ။ ဓားချက်က အရမ်းကို မြန်လွန်းတဲ့အတွက် သာမန်မျက်လုံးနဲ့ မြင်နိုင်စရာ အကြောင်းမရှိပါဘူး။ဒီဓားအိမ်ထဲကို ဓားပြန်သွင်းလိုက်တာတစ်ခုတည်းကကို သာမန်ဓားချက်တွေထက် ကြောက်စရာကောင်းနေပါပြီ။လီဖူချန်းက အနောက်ကို ပြန်ဆုတ်လိုက်ပြီး ဓားကွက်တစ်ကွက် ပြန်ခင်းလိုက်ပါတယ်။ဒါပေမဲ့ ဓားချက်ကတော့ ထွက်မလာတော့ပါဘူး။အတန်ကြာမှ လီဖူချန်းက သက်ပြင်းချလိုက်ပြီး ဓားကွက်ကို ပြန်ရုတ်သိမ်းလိုက်ပါတယ်။ ' လောကမှာ ဓားသိုင်းတွေက ထောင်သောင်းနဲ့ချီပြီး တည်ရှိနေတာ။ဒါပေမဲ့ ဓားသိုင်းတွေရဲ့ အခြေခံကတော့ အတူတူဘဲ။ ငါကဘာဖြစ်လို့ ဓားသိုင်းရဲ့ အခြေခံနိယာမကို ဖမ်းဆုပ်လို့ မရသေးတာလည်း။ငါက လိုအပ်တဲ့ အမြန်နှုန်းတွေကို နားမလည်နိုင်သေးလို့လား 'လီဖူချန်းက သူလေ့ကျင့်ခဲ့တဲ့ ဓားသိုင်းတွေကို ပြန်ဆင်ခြင်သုံးသပ်နေပါတယ်။ဒီလိုနဲ့ နောက်ထပ်တစ်လ ကုန်လွန်သွားခဲ့ပြန်ပါပြီ။ ဒီလထဲမှာတော့ လီဖူလျန်းက ဓားသိုင်း၁၈မျိုးကို လေ့ကျင့်ခဲ့ပါတယ်။ အဲဒါက အရင်လကထက် ၆မျိုးတောင် ပိုလာတယ်လေ။ ပြောရမယ်ဆိုရင် လီဖူချန်းရဲ့ ဓားသိုင်းအပေါ် နားလည်မှုက ပိုပြီးကောင်းလာတဲ့ သဘောပါဘဲ။ဓားသိုင်းတွေ လေ့ကျင့်နေရင်းနဲ့ လီဖူချန်းက အဆင့်တစ်ဆင့်တောင် တက်လှမ်းသွားနိုင်ပါသေးတယ်။ အခုဆိုရင် သူက စိတ်တန်ခိုးဖွဲ့စည်းခြင်းနယ်ပယ် အဆင့်၅ကို ရောက်နေပါပြီ။ဒါပေမဲ့ လီဖူချန်းက သူ့ရဲ့ကျင့်ကြံမှုနှုန်းက မြန်တယ်လို့ သတ်မှတ်မရသေးတာကို သိထားပါတယ်။သူ့ရဲ့ခေတ်ပြိုင်မျိုးဆက်က ပြိုင်ဘက်ကင်းတွေ အားလုံးလည်း စိတ်တန်ခိုးဖွဲ့စည်းခြင်းနယ်ပယ် အဆင့်၅ကို ရောက်နှင့်နေပြီးသားဆိုတာကို သူက ကောင်းကောင်းကြီး တွက်ချက်ပြီးသားပါ။ အထူးသဖြင့် ကြယ်၅ပွင့်အရိုးတည်ဆောက်ပုံပိုင်ရှင် ယုဝူရှန်းပေါ့။ သူက လွန်ခဲ့တဲ့ နှစ်လလောက်ကတည်းက စိတ်တန်ခိုးဖွဲ့စည်းခြင်းနယ်ပယ် အဆင့်၆ကို ရောက်နေခဲ့တာလေ။ဒီအရိုးတည်ဆောက်ပုံ ကောင်းတဲ့သူတွေက ကျင့်ကြံခြင်းမှာ တစ်ပန်းကို သာနေတာပါ။ဒီကောင်တွေက အနာဂတ်မှာလည်း ပိုပြီးလမ်းခရီး ဖြောင့်ဖြူးနေပါသေးတယ်။ လီဖူချန်းရဲ့ လက်ရှိစိတ်ဝိညာဉ်က ကြယ်၎ပွင့်အရိုးတည်ဆောက်ပုံနဲ့ဘဲယှဉ်လို့ ရသေးတာဆိုတော့ ယုဝူရှန်းကို မှီဖို့ အများကြီး လိုပါသေးတယ်။မိုးပြာရောင်ဂိုဏ်းရဲ့ မှတ်တမ်းမှတ်ရာတွေ အရဆိုရင်တော့ ကြယ်၅ပွင့်အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေက အသက်၂၂မှာဘဲ မြေကမ္ဘာအဆင့်ကို ရောက်နိုင်ပါတယ်။ ကြယ်၎ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေကတော့ အသက်၂၅မှ မြေကမ္ဘာအဆင့်ကို ရောက်နိုင်တာပါ။အော်မေ့လို့ ။ ဟုတ်တယ်... ကြယ်၎ပွင့်အရိုးတည်ဆောက်ပုံနဲ့ သိုင်းပညာအပေါ် ထိုးထွင်းသိမြင်မှု ကောင်းတဲ့လူတွေကလည်း အသက်၂၂နှစ်နဲ့ မြေကမ္ဘာအဆင့်ကို ရောက်နိုင်ပါသေးတယ်။ဒါပေမဲ့ ဂိုဏ်းတော်ရဲ့ သမိုင်းမှာ မြေကမ္ဘာအဆင့်ကို အစောဆုံးရောက်ထားတဲ့ စံချိန်က အသက်၁၈နှစ်ဖြစ်ပါတယ်။ ဒီစံချိန်ကို အခုထက်အထိတော့ ဘယ်သူမှ မချိုးနိုင်သေးပါဘူး။ကျင့်ကြံခြင်းလမ်းစဉ်ဆိုတာ အလွန်ရှည်လျားတဲ့ လမ်းစဉ်ဖြစ်ပါတယ်။ ဒါကြောင့် လီဖူချန်းကတော့ ဘယ်သူ့ဘယ်သူနဲ့မှ နှိုင်းယှဉ်နေမှာ မဟုတ်ပါဘူး။ လီဖူချန်းဆိုတဲ့ သူသည်သာလျှင် သူ့ရဲ့ပြိုင်ဖက် မဟုတ်ပါလော။သူက သူ့ရဲ့ကန့်သတ်ချက်တွေကို ချိုးဖောက်နိုင်နေသရွေ့တော့ တစ်နေ့မှာ ကျင့်ကြံခြင်းလောကရဲ့ ထိပ်ဆုံးကို ရောက်နိုင်လိမ့်မယ်လို့ လီဖူချန်းတစ်ယောက် ယုံကြည်ထားပါတယ်။ - အတွင်းစည်းဂိုဏ်း စားသောက်ခန်း -" အစ်ကို ယုဝူ ......... အစ်ကိုက ဂိုဏ်းတူအစ်ကို တိုင်ဖန်းကို အနိုင်ယူလိုက်နိုင်တယ်ဆို။ ဂုဏ်ယူပါတယ်ဗျာ ... ။"" ဂိုဏ်းတူအစ်ကို တိုင်ဖန်းက စိတ်တန်ခိုးဖွဲ့စည်းခြင်းနယ်ပယ် အဆင့်၈တောင် ရောက်နေပြီ။ ဒါပေမဲ့ အစ်ကိုယုဝူနဲ့တော့ ယှဉ်လို့မရသေးဘူးကွ။ အစ်ကိုယုဝူက သိုင်းကွက်၁၀၀အတွင်းမှာဘဲ ဂိုဏ်းတူအစ်ကိုတိုင်ဖန်းကို အနိုင်ယူလိုက်တာလေ။နောက်ထပ်တစ်နှစ်ဆိုရင် အစ်ကိုယုဝူက အတွင်းစည်း ပြိုင်ဘက်ကင်း၁၀ယောက်စာရင်းထဲကို ဝင်တော့မှာကွ" ထမင်းစားပွဲခုံတစ်ခုမှာတော့ အတွင်းစည်းတပည့်နှစ်ယောက်က ယုဝူရှန်းနဲ့အတူ စားသောက်နေကျပါတယ်။စားသောက်ရင်းနဲ့လည်း ယုဝူရှန်းရဲ့ ဘုန်းတော်ဘွဲ့တွေကို အလွန်အကျူး ဖွဲ့နွဲ့နေကျတယ်လေ။ ( ဘောမတာပေါ့။ အခုခေတ်လိုဆို )ယုဝူရှန်းကတော့ သူတို့ရဲမြှောက်ပင့်ပြောဆိုမှုတွေကို မကြားသလိုပါဘဲ။ " တိုင်ဖန်းကို နိုင်တာက ဘာမှမပြောပလောက်ပါဘူး။ သူက တတိယတန်းစား အတွင်းစည်းတပည့်ဘဲ ရှိသေးတယ်။ "" အဲလိုလည်း မဟုတ်ဘူးလေ အစ်ကိုယုဝူ ။ ပြောရမယ်ဆိုရင် ဂိုဏ်းတူအစ်ကို တိုင်ဖန်းက အစ်ကိုယုဝူနဲ့ အဆင့်၂ဆင့်တောင် ကွာတာလေ။ ဒီလိုအဆင့်၂ဆင့်ကွာပြီး တိုက်ခိုက်နိုင်တဲ့သူက အတွင်းစည်းဂိုဏ်းထဲမှာ ၁၀ယောက်တောင် ရှိမယ်မထင်ဘူး "" မှန်တာပေါ့။ ပြီးတော့ ဂိုဏ်းတူအစ်ကိုတိုင်ဖန်းက အတွင်းစည်းတပည့်ဖြစ်တာ နှစ်ပေါင်းမနည်းဘူးလေ။ သူ့မှာ တိုက်ခိုက်ရေး အတွေ့အကြုံတွေ အများကြီး ရှိနေပြီ။ သူက သာမန်စိတ်တန်ခိုးနယ်ပယ် အဆင့်၈က သိုင်းပညာရှင်တော့ မဟုတ်ဘူး။ "" အော်... ဒါနဲ့ ...အစ်ကိုယုဝူ။ အစ်ကိုယုဝူ လီဖူချန်းဆိုတဲ့ အတွင်းစည်းတပည့်ကို ကြားဖူးသလား မသိဘူး။ ကျွန်တော်ကြားတာကတော့ အဲဒီကောင်က လျိုတိုင်ရှန်းနဲ့ ဖန်းယွမ်စင်မြင့်မှာတိုက်ဖို့ တစ်နှစ်အချိန်းအချက် လုပ်ထားတယ်တဲ့ "." သူ့ကိုယ်သူ အရမ်းအထင်ကြီးနေတာဘဲ " လီဖူချန်းရဲ့နာမည်ကို ကြားလိုက်တာနဲ့ ယုဝူရှန်းရဲ့ မျက်လုံးထဲမှာ အေးစက်တဲ့ အရိပ်အယောင်တွေ ဖြစ်ပေါ်လာပါပြီ။သူက မာနကြီးတဲ့လူတစ်ယောက် ဖြစ်တဲ့အလျောက် လီဖူချန်းက သူ့ရဲ့နှလုံးသားထဲမှာ အမြဲတမ်းဆူးညောင့်တစ်ခု ဖြစ်နေမှာပါဘဲ။ သူက လီဖူချန်းကို ရှုံးနိမ့်ခဲ့တဲ့အကြောင်းကို တွေးမိလိုက်တိုင်း ထိန်းချုပ်နိုင်မှုတွေ လွတ်သွားနေဆဲပါဘဲ။သူ့ကိုဘောမနေတဲ့ အတွင်းစည်းတပည့်နှစ်ယောက်ကလည်း နပ်ပါတယ်။ ယုဝူရှန်းတစ်ယောက် လီဖူချန်းရဲ့နာမည်ကို ကြားတာနဲ့ မျက်နှာပျက်သွားတယ်ဆိုကတည်းက ဘာဆိုတာကို တန်းပြီးသဘောပေါက်တဲ့အတွက် လီဖူချန်းကို စပြီးရှုံ့ချပါတော့တယ်။ " လုံးဝကို ဘဝင်မြင့်နေတာကတော့ သေချာတယ် အစ်ကိုယုဝူရေ။ စဉ်းစားကြည့်လေ...... အစ်ကိုလျိုဆိုတာ ဒုတိယတန်းစား အတွင်းစည်းတပည့် တစ်ယောက်။ ပြီးတော့ သူ့ထက်အဆင့်၎ဆင့်တောင် မြင့်နေသေးတယ်။လီဖူချန်းက သူ့ကိုယ်သူ ဘာထင်နေတာလည်း။ ဂိုဏ်းတူအစ်ကိုကြီး ဓားအရူးသူတော်တောင်မှ သူ့အရွယ်တုန်းက အဆင့်၎ဆင့်ကွာတဲ့ ဒုတိယတန်းစား အတွင်းစည်းတပည့်ကို နိုင်အောင်တိုက်နိုင်မှာမဟုတ်ဘူး။"" သူ့ရဲ့ မာနထောင်လွှားမှုက သူ့ကို အထိနာစေလိမ့်မယ်။ ဖန်းယွမ်စင်မြင့်ဆိုတာ သနားညှာတာမှု ကင်းမဲ့တဲ့ နေရာတစ်ခုဘဲ။"ဒီနှစ်ယောက်ကတော့ အခွင့်အရေးရတုန်းမှာ လီဖူချန်းကို ကောင်းကောင်းကြီး အပုပ်ချနေပါတော့တယ်။" ငါကတော့ ဒီကောင် ဖန်းယွမ်စင်မြင့်မှာ ဒဏ်ရာကြီးကြီးမားမား မရပါစေနဲ့လို့ဘဲ မျှော်လင့်မိတယ်။ မဟုတ်ရင် ငါသူ့ကို ပြန်အနိုင်ယူဖို့ အခွင့်အရေး ရတော့မှာ မဟုတ်ဘူး။ " ယုဝူရှန်းက ပြောလိုက်ပါတယ်။သူက လီဖူချန်းကို တစ်ခါရှုံးနိမ့်ခဲ့ဖူးပေမယ့်လည်း သူ့မျက်လုံးထဲမှာတော့ လီဖူချန်းလို သာမန်အရိုးတည်ဆောက်ပုံ ပိုင်ရှင်က အမှိုက်သာသာပါဘဲ။သူ့လို ကြယ်၅ပွင့်အရိုးတည်ဆောက်ပုံ ပိုင်ရှင်က နောက်ပိုင်းရောက်လေလေ ကျင့်ကြံမှုနှုန်းမှာ အသာရလေလေ ဖြစ်နေမှာလေ။သူနဲ့ လီဖူချန်းတို့ကြားထဲက ကွာဟချက်တွေက အချိန်ကြာလာတာနဲ့အမျှ ပိုပြီးကြီးမားလာဖို့ဘဲ ရှိပါတယ်။ ကွာဟချက်က ကြီးလွန်းတဲ့အတွက် နောက်ဆို ဘယ်တော့မှ ထပ်ယှဉ်လို့မရတော့တဲ့ အထိပါဘဲ။နောက်ထပ်နှစ်အနည်းငယ်ဆိုရင် သူက မြေကမ္ဘာအဆင့်ကို ရောက်နေပြီ။ အဲဒီအခါကျရင် စိတ်တန်ခိုးဖွဲ့စည်းခြင်းနယ်ပယ်ဆိုတာ သူ့အတွက်တော့ ဘာမှအရေးပါတဲ့နယ်ပယ်တစ်ခု မဟုတ်တော့ဘူးလေ။*** ခုနစ်လမြောက်...............လီဖူချန်းက နောက်ထပ်ဓားသိုင်း ၂၆မျိုးဘဲလေ့ကျင့်ဖို့ လိုပါတော့တယ်။ ပြီးတော့ သူ့ရဲ့လေ့ကျင့်နှုန်းက တစ်ရက်ကို ဓားသိုင်းတစ်ခုရဲ့ တစ်ဖက်ကမ်းအဆင့်ကို ရောက်တဲ့အထိပါဘဲ။ရှစ်လမြောက်မှာတော့ လီဖူချန်းက သူယူလာတဲ့ အဝါရောင် အဆင့်နိမ့် ဓားသိုင်း၁၀၀လုံးရဲ့ တစ်ဖက်ကမ်းခတ်အဆင့်ကို ရောက်သွားခဲ့ပါပြီ။သူက ဓားသိုင်း၁၀၀ကနေ အကောင်းဆုံးဓားကွက် တစ်ခုချင်းစီကို ကောက်နှုတ်ပြီး ကလန်တစ်ရာဓားသိုင်းကိုတောင် ထွင်ထားလိုက်ပါသေးတယ်။ယခုအချိန်မှာတော့ လီဖူချန်းရဲ့ အတွေးထဲမှာ ဒီဓားကွက်၁၀၀စလုံးက သံမှိုရိုက်နှိပ်ထားသလို စွဲမြဲနေပါပြီ။ ဒီဓားကွက်တွေကို ကိုယ်ပိုင်ဟန်နဲ့လည်း ပြန်လည်အသုံးပြုနိုင်စွမ်း ရှိနေပါပြီ။ ဓားကွက်တစ်ကွက်ချင်းစီရဲ့ စွမ်းပကားကလည်း အရင်ကထက်ကို တစ်မူထူးခြားလို့ နေခဲ့ပါပြီ။" ပြတ်စမ်း" ခြံဝင်းထဲမှာတော့ လီဖူချန်းတစ်ယောက် သူ့ရဲ့အနက်ရောင်သံသေဓားကို ကိုင်ပြီး သတ္တုရိုင်းကြီးတစ်တုံးကို သာမန်ဓားချက်တစ်ချက်နဲ့ ခုတ်ပိုင်းလိုက်ပါတယ်။ရွှမ်း......ဆန်းကြယ်တဲ့ ချီအတွင်းအားတွေက ဖြာထွက်လာပါတယ်။ လီဖူချန်းရဲ့ ဓားချက်ကို ကြည့်လိုက်မယ်ဆိုရင် ရိုးရိုးသာမန်ဓားချက်ဘဲ ထင်ရပေမယ့် အဲဒီဓားချက်က လေဟာနယ်တစ်ခုလုံးကို တုန်လှုပ်သွားစေနိုငိတာကို တွေ့ရမှာပါ။ ပြီးတော့ အဲဒီဓားချက်ကနေ ဆင့်ကဲထွက်လာနိုင်တဲ့ ကွက်ပြောင်းတွေက ရာနဲ့ချီနေတာကိုလည်း ခံစားလို့ ရနေပါတယ်။ တစ်ကယ်လို့သာ လီဖူချန်းရဲ့ရန်သူက ဒီဓားချက်ကို သာမန်ဓားချက်ဘဲထင်ပြီး ပေါ့ပေါ့ဆဆနေလိုက်မယ်ဆိုရင် ဒီတစ်ကွက်တည်းနဲ့တင် လနဖူချန်းရဲ့ဓားက ဇီဝိန်ခြွေသွားမှာပါ။ခရက်...... သတ္တုရိုင်းတုံးပေါ်က သတ္တုစတွေက ပဲ့စင်ကျလာပြီး နှစ်မီတာရှည်တဲ့ သတ္တုရိုင်းတုံးကြီးပေါ်မှာတော့ ထုတ်ချင်းဖောက်ဖြစ်နေတဲ့ အပေါက်တစ်ခု ဖြစ်ပေါ်လာပါတော့တယ်။" ဒီဓားချက်က နှလုံးသားနဲ့ ထုတ်ရတာ။ နှလုံးသားကလည်း ဓားချက်ကြောင့် စည်းချက်ညီညီ ခုန်နေရတာ။ ဓားနဲ့ နှလုံးသားဟာ တစ်ခုတည်းအဖြစ် ပေါင်းစည်းလိုက်နိုင်တဲ့အခါမှာတော့ ဘယ်လိုရလဒ်ဘဲထွက်လာပါစေ။ နောင်တရနေမှာ မဟုတ်တော့ပါလား ။"လီဖူချန်းရဲ့ နှလုံးသားထဲမှာ ဓားနိယာမလေးတစ်ခု တစ်စွန်းတစ်စလေး ဖျတ်ခနဲ ပေါ်လာခဲ့ပါတယ်။နောက်လာတဲ့ ရက်တွေမှာလည်း လီဖူချန်းတစ်ယောက် ဓားရဲ့နိယာမကိုဘဲ ဆင်ခြင်သုံးသပ်နေပါတော့တယ်။၉လမြောက်လရဲ့ ပထမအပတ်မှာတော့ လီဖူချန်းက ဆင်ခြင်သုံးသပ်နေရာကနေ ထပြီး ကြယ်ပျံဓားသိုင်းကို ထုတ်ဖော်လေ့ကျင့်လိုက်ပါတယ်။လီဖူချန်းက သူ့ကိုယ်သူ ထင်ယောင်ထင်မှားတွေ ဖြစ်နေတယ်လို့တောင် ယူဆလိုက်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ သူ့ရဲ့ကြယ်ကြွေဓားကွက်က ကိုယ်ပိုင်အသက်ရှိလာသလို ခံစားနေရပြီး အဲဒါက သူ့ရဲ့ အသက်ရှုသံနဲ့ စည်းချက်ကျက လိုက်လျောညီထွေစွာ ထွက်ပေါ်လာလို့ပါဘဲ။ဒီကြယ်ကြွေဓားကွက်က တစ်ကွက်တည်းဆိုပေမယ့် ကောင်းကင်တစ်ခုလုံးက ကြယ်တွေအကုန် လီဖူချန်းရဲ့ လက်ထဲက ဓားဆီကို ကြွေကျလာပြီး ခိုဝင်အောင်းနေသလိုပါဘဲ။ ဓားကွက် ကွက်ပြောင်းတွေကလည်း အများကြီးကို ဖြစ်ပေါ်လာပါတယ်။ ဓားကွက်တိုင်းက မူလကြယ်ကြွေဓားကွက်နဲ့ ဆင်တူနေပေမဲ့ ဦးတည်ချက်တွေ လားရာတွေကတော့ အမျိုးမျိးအဖုံဖုံ ပြောင်းလဲနေပါတော့တယ်။ရွှမ်း...... ရွှမ်း...... စွပ်...... စွပ်......သတ္တုရိုင်းတုံးကြီးအပေါ်မှာတော့ ပုံစံအမျိုးမျိုးသော ဓားချက်တွေက ဖြစ်ပေါ်နေပြီး သတ္တုရိုင်းတုံးကြီးရဲ့ မျက်နှာပြင်တစ်ခုလုံးဟာလည်း ရစရာကို မရှိတော့ဘဲ မွစာကြဲနေပါပြီ။" ပျက်စီးစမ်း "မရေမတွက်နိုင်တဲ့ ဓားရိပ်တွေကြားကနေ ကြယ်ပျံတစ်စင်းလို စူးရှတဲ့ အလင်းရောင်ကြီးတစ်ခု ထွက်ပေါ်လာပါတယ်။ဝုန်း............ကျယ်လောင်လှတဲ့ အသံကြီးတစ်ခုက ထွက်ပေါ်လာပြီး သတ္တုရိုင်းတုံးကြီးကို အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားစေပါတော့တယ်။နောက်ထပ် စက္ကန့်အနည်းငယ် အကြာမှာတော့ ထိုသတ္တုရိင်းတုံးကြီးက ဖုန်မှုန့်ဘဝကို ကူးပြောင်းသွားပါပြီလေ။အဆုံးမဲ့အာဏာ အပိုင်း ၁၁၆ဓားဆန္ဒ" ဒါက ဓားဆန္ဒလား " လီဖူချန်းရဲ့ မျက်လုံးတွေက အရောင်တောက်သွားပါတယ်။သူကအခုဆိုရင် သူလေ့ကျင့်ခဲ့သမျှ ဓားသိုင်းအားလုံးကို ကြယ်ကြွေဓားကွက်ထဲမှာ ပေါင်းစည်းနိုင်ခဲ့ပါပြီ။ အဲဒါက တစ်မူထူးခြားတဲ့ အသက်ဓာတ်ကို ပေးစွမ်းနိုင်လိုက်သလိုပါဘဲ။အဲဒီအသက်ဓာတ်ကိုတော့ ဓားပညာရှင်တွေက ဓားဆန္ဒလို့ ခေါ်ဆိုကျပါတယ်။ဒါပေမဲ့ လီဖူချန်းရဲ့ လက်ရှိဓားဆန္ဒကတော့ အားပျော့နေပါသေးတယ်။ ပြောရမယ်ဆိုရင် ဒါကမျိုးစေ့လေးဘဲ ရှိသေးတာဖြစ်ပြီး အပင်ပေါက်ကြီးထွားလာဖို့အတွက် စောင့်နေရဦးမှာဘဲ။ ဒီလို ဓားဆန္ဒဖြစ်ပေါ်လာတာကိုက လီဖူချန်းအတွက် အကြီးအကျယ် အောင်မြင်မှုတစ်ခုပါဘဲ။ လီဖူချန်းရဲ့ အသက်အရွယ်နဲ့ ဓားဆန္ဒကို ထုတ်ဖော်နိုင်တယ်ဆိုတာကို အတွင်းစည်းဂိုဏ်းသားတွေသိရင် လန့်ဖြန့်ပြီး သေကုန်မလား မသိပါဘူး။လီဖူချန်းက သူ့ရဲ့ ကြယ်ကြွေဓားကွက်က အခုလို အတိုင်းအဆမရှိ တိုးတက်လာမယ်လို့ မမျှော်လင့်ထားခဲ့ဘူးလေ။ အဝါရောင် အဆင့်နိမ့်ဓားသိုင်း၁၀၀ကို တစ်ဖက်ကမ်းခတ်တဲ့အထိ လေ့ကျင့်နိုင်လိုက်တာနဲ့ ဓားဆန္ဒကိုပါ ထုတ်ဖော်အသုံးပြုသွားနိုင်မယ်လို့ ဘယ်သူကကော သိနိုင်မှာပါလည်း။" ဓားဆန္ဒဆိုတာ ဓားတာအိုရဲ့ တစ်ကယ့်အဓိပ္ပါယ်ဘဲ ဖြစ်ရမယ်။ ပြီးပြည့်ဆုံတဲ့ ဓားတာအို တစ်ခုမှာ မရေမတွက်နိုင်တဲ့ ဓားဆန္ဒတွေ ပါဝင်နေလိမ့်မယ်။ အဲဒီဓားဆန္ဒတွေ အကုန်လုံးကို တစ်ခုတည်းအဖြစ် ပြောင်းလဲလိုက်နိုင်မယ်ဆိုရင် အထူးခြားဆုံး ဓားတာအိုတစ်ခု ဖြစ်လာမှာဘဲ။"လီဖူးချန်းရဲ့ စိတ်ထဲမှာ ဆန်းသစ်တဲ့ အတွေးတစ်ခု ဝင်လာပါတော့တယ်။ဒီလိုနဲ့ နေ့တွေရက်တွေ ကုန်ဆုံးလာခဲ့ပြန်ပါပြီ။ ကြယ်ကြွေဓားဆန္ဒကလည်း တစ်နေ့ထက်တစ်နေ့ ပိုသိသာထင်ရှား လာခဲ့တယ်လေ။ဓားတစ်ချက်ထုတ်လိုက်ရင်ကို မည်သည့်ဓားကွက်မှန်း မသိအောင် ပုံစံပြောင်းထားနိုင်တဲ့အထိ အစွမ်းထက်လာခဲ့ပါပြီ။ ပြီးတော့ လီဖူချန်းရဲ့ ဓားချက်တွေက မူရင်းဓားကွက်တွေထက်ကို အနည်းဆုံး၃ဆလောက် အစွမ်းထက်နေပါသေးတယ်။***၁၀လမြောက်လရဲ့ ၁၅ရက်နေ့မှာတော့.........ခြံဝင်းထဲမှာရှိတဲ့ စကျင်ကျောက်တုံးကြီး အပေါ်မှာ လီဖူချန်းတစ်ယောက် ကြာပန်းပုံသဏ္ဍာန် တရားထိုင်နေပါတယ်။သူ့ရဲ့ ခန္ဓာကိုယ်ပေါ်ကနေတော့ အလွန်တရာမှ ပူပြင်းတဲ့ မီးဓာတ်အတွင်းအားတွေ ထွက်ပေါ်နေတယ်လေ။၁၀လလောက် လေ့ကျင့်ပြီးတဲ့အခါမှာတော့ လီဖူချန်းရဲ့ ကြက်သွေးရောင် လျို့ဝှက်မီးတောက်ကျင့်စဉ်က အဆင့်တက်မဲ့ အရိပ်အယောင်တွေ ပြသနေပါပြီ။နောက်ထပ်တစ်ဆင့်ကတော့ အားလုံးသိတဲ့အတိုင်း ကြက်သွေးရောင် လျို့ဝှက်မီးတောက် အဆင့်၁၄ ဖြစ်ပါတယ်။အတွင်းအားကျင့်စဉ်တွေအကြောင်း ပြောရမယ်ဆိုရင်တော့ နောက်ဆုံး အဆင့်၃ဆင့်ဟာ အလွန်အရေးကြီးတဲ့ အဆင့်တွေ ဖြစ်ပါတယ်။ အဆင့်တိုင်း အဆင့်တိုင်းဟာ တိုက်ခိုက်နိုင်စွမ်းတွေကို အများကြီး အထောက်အကူပြုနေတယ်လေ။ ပြောရမယ်ဆိုရင် အဆင့်၁၃ နဲ့ အဆင့်၁၄က အများကြီးကို ကွာခြားပါတယ်။ပူပြင်းတဲ့ နေ့လယ်ခင်းနေရဲ့ အပူရှိန်တွေအောက်မှာတော့............လီဖူချန်းရဲ့ အပူဓာတ်တွေက တိုးသထက်တိုးလို့ နေပါတယ်။အချိန်တွေ ဘယ်လောက်ကုန်ဆုံးသွားမှန်း မသိတော့တဲ့ အချိန်မှာဘဲ လီဖူချန်းရဲ့ ခန္ဓာကိုယ်ထဲကနေ ချီအတွင်းအား မီးတောက်တစ်ခု ထွက်ပေါ်လာပါတယ်။ဟုတ်ပါတယ်။ မီးတောက်ချီ အတွင်းအားပါဘဲ။အရင်တုန်းက လီဖူချန်း အတွင်းအားထုတ်သုံးလိုက်တိုင်းမှာ ပေါ်လာတဲ့ ချီအကာအကွယ်က မီးတောက်နဲ့ဆင်တူရုံဘဲ ရှိတာပါ။ အခုထွက်ပေါ်လာတဲ့ မီးတောက်ကတော့ တစ်ကယ့်အစစ်အမှန်မီးတောက်ပါဘဲ။အဆင့်၁၄ကို ရောက်ရှိပြီးနောက်မှာတော့ သူရဲ့ချီအတွင်းအားတွေက အရည်အသွေးပိုင်းမှာ အတော်လေး ပြောင်းလဲသွားခဲ့ပါတယ်။ ဒီပြောင်းလဲမှုကြီးက သူစိတ်တန်ခိုးဖွဲ့စည်းခြင်းနယ်ပယ်အဆင့်၎ကနေ အဆင့်၅ကို ချိုးဖောက်တက်ရောက်သွားတုန်းကထက်တောင် ကြီးမားနေပါသေးတယ်။ဝုန်း............မီးတောက်ချီတွေက တစ်စထက်တစ်ထ ပိုပီပြင်လာသဖြင့် လီဖူချန်းကိုကြည့်ရတာ မီးလျှံလူသားတစ်ယောက်လို့တောင် ထင်လာရပါတယ်။ ချီမီးတောက်တွေက ကောင်းကင်ကိုတောင် ထိုးတက်သွားတော့မလိုပါဘဲ။ လီဖူချန်းရဲ့ အနီးအနားမီတာ အနည်းငယ်အတွင်းမှာ ရှိနေတဲ့ ကျောက်ခဲတွေ ဖုန်မှုန့်တွေကတော့ မြေကြီးပေါ်ကနေ ပျံတက်လာပြီး မုန်တိုင်းအငယ်စားလေးတစ်ခု ဖြစ်ပေါ်နေသည့်အလားပါဘဲ။" အားကောင်းလိုက်တဲ့ အစွမ်းပါလားကွာ " လီဖူချန်းရဲ့ မျက်လုံးထဲမှာလည်း မီးတောက်ပုံသဏ္ဍာန် အမှတ်အသားလေးတစ်ခုက ပေါ်ပေါက်လာပါတယ်။သူက အားကောင်းလှတဲ့ အစွမ်းတစ်ခုကို ခံစားနေရတယ်လေ။***"တစ်နှစ်ပြည့်ဖို့ နှစ်လဘဲ လိုတော့တာဘဲ။ လီဖူချန်းတစ်ယောက် ဘယ်လိုဖြစ်နေပြီလည်းဆိုတာ ငါအရမ်းသိချင်နေမိပြီ "တစ်နှစ်အချိန်းအချက်က မကြာခင်မှာဘဲ ပြည့်တော့မှာ ဖြစ်တဲ့အတွက် လူတွေအတော်များများရဲ့ စိတ်ထဲမှာတော့ ဒီဖန်းယွမ်စင်မြင့် တိုက်ပွဲကို ရင်ခုန်စောင့်စား နေကျပါပြီ။အထူးသဖြင့် ချန်ဖန်းဟွာပေါ့။ တစ်ကယ်လို့ လီဖူချန်းကသာ လျိုတိုင်ရှန်းကို အနိုင်ယူလိုက်နိုင်မယ်ဆိုရင် သူမ စွန့်စားလိုက်တာက မှန်သွားပြီလို့ ပြောလို့ရပါတယ်လေ။လီဖူချန်းက ကောင်းကင်ဘုံကပေးသနားထားတဲ့ ပါရမီရှင်တွေထဲက တစ်ယောက်ဆိုတာ ကြိမ်းသေသလောက် ရှိသွားပါပြီ။ သာမန်အရိုးတည်ဆောက်ပုံနဲ့ လူဆိုတာ မဖြစ်နိုင်တော့ပါဘူး။ဒါပေမဲ့ အကယ်လို့သာ လီဖူချန်းက လျိုတိုင်ရှန်းကို ရှုံးနိမ့်သွားမယ်ဆိုရင်တော့ သူမ ထင်ထားသလို လီဖူချန်းရဲ့ အလားအလာက ကြောက်စရာ ကောင်းမနေဘူးဆိုတာ သိသာသွားမှာပါ။ အဲဒါက လီဖူချန်းကို ပါရမီမပါဘူးလို့ ဆိုလိုတာတော့ မဟုတ်ပါဘူး။ ကောင်းကင်ဘုံက လက်ဆောင်ပေးထားတဲ့ သားတော်မဟုတ်ဘူးဆိုတာကိုဘဲ ပြသနေတာပါ။လီဖူချန်းက ဘယ်လိုဘဲဖြစ်ဖြစ် အတွင်းစည်းတပည့်ဖြစ်တာ ၃နှစ်ဘဲ ရှိသေးတာလေ။ " လီဖူချန်း...... ငါ့ရဲ့အဘိုးက အဲဒီပွဲကို လာရောက်ပြီးအကဲခတ်မယ်တဲ့။ နင်ငါ့အဘိုးကို စိတ်ပျက်အောင် လုပ်လို့တော့ မဖြစ်ဘူးနော်။ "ဇောင်မင်းယွီက သူမရဲ့အခန်းထဲမှာ ထိုင်နေရင်းနဲ့ လီဖူချန်းအကြောင်းကို တွေးနေမိပါတယ်။လီဖူချန်းနဲ့ လျိုတိုင်ရှန်းတို့နှစ်ယောက် ဖန်းယွမ်စင်မြင့်ပေါ်မှာ တိုက်ခိုက်ဖို့ ချိန်းဆိုလိုက်ချိန်ကတည်းက ဇောင်မင်းယွီက သူမအဘိုးကို အကြောင်းစုံပြောပြထားခဲ့တာပါ။ အတွင်းစည်းအကြီးအကဲခေါင်ချုပ်ဖြစ်တဲ့ ဇောင်ရှန်းထိကိုပေါ့။အကြောင်းစုံကို သိသွားတဲ့ ဇောင်ရှန်းထိက သာမန်အရိုးတည်ဆောက်ပုံပိုင်ရှင် လီဖူချန်းကို အရမ်းစိတ်ဝင်စားသွားပါတယ်။ ဒါကြောင့်သူက လီဖူချန်းတိုက်ခိုက်မဲ့ ပွဲကို လာကြည့်ဖို့ ဆုံးဖြတ်လိုက်တာပါ။အတွင်းစည်းဂိုဏ်းနယ်နိမိတ်ရဲ့ ခြံဝင်းတစ်ခုအတွင်းမှာတော့ " ဟား......ဟား... ဟား...... လီဖူချန်း...... မင်းသေဖို့သာ ပြင်ထားပေတော့။"လျိုတိုင်ရှန်းက အသံနက်ကြီးဖြင့် အားရပါးရ အော်ရယ်နေပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဒီနေ့ဟာ သူစိတ်တန်ခိုးဖွဲ့စည်းခြင်းနယ်ပယ်အဆင့်၉ကို တက်ရောက်သွားနိုငိတဲ့နေ့ ဖြစ်နေလို့ပါဘဲ။အစောပိုင်းတုန်းကတော့ သူက လီဖူချန်းနဲ့ တိုက်ခိုက်ဖို့အတွက် အနည်းငယ် စိုးရိမ်နေပါသေးတယ်။ အခုတော့ သူက ဘာစိုးရိမ်စိတ်မှ မရှိတော့ပါဘူး။လီဖူချန်းက ဒီတစ်နှစ်အတွင်းမှာ အဆင့်၂ဆင့် အောင်မြင်ခဲ့ရင်တောင် သူကတော့ ကြောက်ရွံ့မနေတော့ပါဘူး။ လျိုတိုင်ရှန်းက လီဖူချန်းကို အနိုင်ယူဖို့ လုံးဝယုံကြည်မှု အပြည့်ရှိနေပါပြီ။ အဆင့်၃ဆင့်ကွာတယ်ဆိုတာ နည်းတဲ့ကွာဟချက်မှ မဟုတ်တာလေ။" လီဖူချန်း ...... မင်းက မလုပ်သင့်တဲ့ အရာတစ်ခုကို သွားလုပ်မိလိုကိတာဘဲ။ ငါတို့ လျိုကလန်ဆိုတာ မင်းစော်ကားလို့ရတဲ့ အရာတစ်ခု မဟုတ်ဘူးကွ။ ငါက မင်းရဲ့ ခြေလက်တွေကို ရိုက်ချိုးပစ်ရုံသာမက မင်းရဲ့ အတွင်းအားပင်မပင်လယ်ကိုပါ ဖျက်ဆီးပစ်ဦးမှာ။ မင်းဘဝတစ်လျှောက်လုံး အဲသည်နေ့ကို သေသည်အထိ အမှတ်ရနေလိမ့်မယ်။"လျိုတိုင်ရှန်းကတော့ ယုံကြည်မှုအပြည့်နဲ့ ကြုံးဝါးလိုက်ပါတယ်။ကြက်သွေးရောင် လျို့ဝှက်မီးတောက် ကျင့်စဉ်အဆင့်၁၄ကို ရောက်ပြီးနောက်မှာတော့ လီဖူချန်းရဲ့ ကောင်းကင်နဲ့မြေကြီးက စွမ်းအင်တွေကို စုပ်ယူနိုင်စွမ်းက အဆပေါင်းများစွာ တိုးတက်လာခဲ့ပါတယ်။သူ့ရဲ့ ချက်နားက ဒျန့်တျန်ထဲမှာလည်း အလွန်ကြီးမားတဲ့ မီးပြင်းဖိုကြီးတစ်ခု ဖွက်ထားသလိုပါဘဲ။ သူက ကောင်းကင်နဲ့မြေကြီးက စွမ်းအင်ဘယ်လောက်ဘဲ စုပ်ယူနိုင်ပါစေ။ ထိုမီးပြင်းဖိုကြီးက ကြက်သွေးရောင်မီးတောက် ချီအတွင်းအားအဖြစ် ပြောင်းလဲပေးနေပါတယ်။ဒီမီးတောက်ချီတွေက လီဖူချန်းရဲ့ တစ်ကိုယ်လုံးမှာရှိသမျှ သွေးကြောတွေ ၊ အရိုးတွေကို သန့်စင်ပေးနေသလိုပါဘဲ။ဒီစွမ်းအားကို ခံစားကြည့်ရသလောက်ကတော့ ဓားဆန္ဒနဲ့ အလားသဏ္ဍာန်တူပါတယ်။ ဒါပေမဲ့ ဒီအရာက ပိုပြီး လျို့ဝှက်ဆန်းကြယ်နေပါတယ်။သိပ်မကြာခင်မှာဘဲ အဲဒီအရာက ကြက်သွေးရောင်မီးဆန္ဒ ဆိုတာကို လီဖူချန်းတစ်ယောက် ရိပ်မိသွားပါတော့တယ်။ဆန်းကြယ်အဆင့် ပညာရပ်တွေက အဆင့်မြင့်မြင့်ကို တက်လှမ်းသွားနိုင်ခဲ့ရင် စိတ်ဆန္ဒတစ်ခု အဖြစ် ဆင့်ကဲဖြစ်ပေါ်လာပါတယ်။ဆန်းကြယ်အဆင့်ဓားသိုင်းတွေက ဓားဆန္ဒကို ဖြစ်ပေါ်လာစေပါတယ်။ဆန်းကြယ်အဆင့်လက်သီးသိုင်းတွေကတော့ လက်သီးဆန္ဒပေါ့။ထို့အတူဘဲ ဆန်းကြယ်အတွင်းအားကျင့်စဉ် နည်းစနစ်တွေမှာလည်းသက်ဆိုင်ရာ ကျင့်စဉ်အလိုက် စိတ်ဆန္ဒတွေကို ဖြစ်ပေါ်လာစေတယ်လေ။အချက်အလက်တွေအရ ဆိုရင်တော့ ဘယ်အတွင်းအားကျင့်စဉ်ဖြစ်ဖြစ် ဒါမှမဟုတ် ဘယ်သိုင်းပညာကိုဖြစ်ဖြစ် သိုင်းပညာရှင်တွေက ပညာရပ်ဆန္ဒတွေကို ခံစားနေနိုင်ရမှာပါ။ဒါပေမဲ့ အဆင့်နိမ့်ပညာရပ်တွေမှာ ဖြစ်ပေါ်လာတဲ့ ပညာရပ်ဆန္ဒတွေက သိုင်းပညာရှင်တွေအတွက် သိပ်အကျိုးမရှိပါဘူး။ ပညာရပ်ဆန္ဒတွေက ဆန်းကြယ်အဆင့်ပညာရပ်တွေမှာမှ စပြီး အစွမ်းပြနိုင်တဲ့အတွက် သိုင်းပညာရှင်တွေ အထူးတလည်လုပ်ပြီး အဆင့်နိမ့်ပညာရပ်တွေကို လေ့ကျင့်မနေကျတော့ပါဘူး။ရိုးရိုးလေးဘဲ စဉ်းစားကြည့်ကျရအောင်။ အဝါရောင်အဆင့်ဓားသိုင်းက ဓားဆန္ဒနဲ့ ဆန်းကြယ်အဆင့်ဓားဆန္ဒ နှစ်ခုမှာ မည်သည့်ဓားဆန္ဒက အစွမ်းပိုထက်မည်နည်း။ " ကြက်သွေးရောင် လျို့ဝှက်မီးတောက်ကျင့်စဉ် အဆင့်၁၅ရောက်ရင် ဘယ်လောက်တောင် အစွမ်းထက်လာမလည်းဆိုတာကို ငါအရမ်းသိချင်နေမိပြီ။ "လီဖူချန်းက မူလအစစ်အမှန် ကြက်သွေးရောင်မီးဆန္ဒကို ရရှိဖို့အတွက် အရမ်းကို မျှော်လင့်နေမိတယ်လေ။ကြက်သွေးရောင် လျို့ဝှက်မီးတောက်ကျင့်စဉ်က ဆန်းကြယ်အလယ်အလတ်အဆင့် အတွင်းအားပညာရပ်ဖြစ်တဲ့အတွက် ဒီကြက်သွေးရောင်မီးဆန္ဒက ကြယ်ပျံဓားသိုင်းကရတဲ့ ဓားဆန္ဒထက်ပိုပြီး ကြောက်စရာကောင်းမယ်ဆိုတာ ယုံမှားစရာ မရှိပါဘူး။ပြီးတော့ ပိုအရေးကြီးတာက ဆန်းကြယ်အဆင့်ဓားဆန္ဒကို လေ့ကျင့်ဖို့အတွက် အဲသည်လူမှာ ဓားတာအို အခြေခံရှိဖို့လိုအပ်တယ်လေ။ဆန်းကြယ်အဆင့်အတွင်းအားပညာရပ်တွေမှာတော့ အဲသည်လိုအပ်ချက်တွေ မရှိပါဘူး။ မင်းက ဆန်းကြယ်အဆင့် အတွင်းအားပညာရပ်ကို အဆင့်အမြင့်ဆုံး လေ့ကျင့်နိုင်ပြီဆိုတာနဲ့ ပညာရပ်ဆန္ဒက ဖြစ်ပေါ်လာမှာပါဘဲ။၁၁လမြောက် လမှာတော့ လီဖူချန်းက သူ့ရဲ့ ကြယ်ကြွေဓားဆန္ဒကို ပြီးပြည့်စုံအောင် လေ့ကျင့်ပြီးသွားခဲ့ပါပြီ။ဓားဆန္ဒတစ်ခုလုံးကို နားလည်သဘောပေါက်သွားတဲ့ အကျိုးကျေးဇူးကတော့ လီဖူချန်းတစ်ယောက် သူကြိုက်တဲ့အချိန်မှာ ကြိုက်သလို ကြယ်ပျံဓားသိုင်းကို အသုံးပြုနိုင်တာပါဘဲ။ အရင်တုန်းကဆိုရင် ကြယ်ကြွေဓားကွက်ကို ထုတ်လိုက်တာနဲ့ ဓားကွက်ရဲ့အရှိန်ကို မထိန်းချုပ်နိုင်တာကြောင့် တစ်ဖက်လူက သေရင်သေ ဒါမှမဟုတ် ဒဏ်ရာအကြီးအကျယ်ရသွားနိုင်ပါတယ်။အခုတော့ လီဖူချန်းက သူ့စိတ်ကြိုက်အတိုင်း ဓားကွက်ကို အထုတ်အသိမ်း ပြုလုပ်နိုင်ပါပြီ။၁၂လမြောက်မှာတော့ လီဖူချန်းက စိတ်တန်ခိုးဖွဲ့စည်းခြင်းနယ်ပယ်အဆင့်၅ကနေ အဆင့်၆ကို ချိုးဖောက်တက်ရောက်သွားနိုင် ပြန်ပါတယ်။အမှန်ဆိုရင် လီဖူချန်းက ဒီလောက်အမြန်ကြီး အဆင့်မတက်သွားသင့်ပါဘူး။စိတ်တန်ခိုးဖွဲ့စည်းခြင်းနယ်ပယ်က အဆင့်တိုင်းက အရမ်းကိုချိုးဖောက်ဖို့ ခက်ခဲတာလေ။အထူးသဖြင့် စိတ်တန်ခိုးဖွဲ့စည်းခြင်းနယ်ပယ်မှာ မင်းက ကြယ်လေးပွင့် ဒါမှမဟုတ် ကြယ်ငါးပွင့်အရိုးတည်ဆောက်ပုံ မရှိဘဲနဲ့ တစ်နှစ်အတွင်းမှာ အဆင့်၂ဆင့် တက်သွားဖို့ဆိုတာ လုံးဝမဖြစ်နိုင်ပါဘူး။လီဖူချန်းလို သာမန်အရိုးတည်ဆောက်ပုံနဲ့ သူဆိုရင် ပိုလို့တောင် မဖြစ်နိုင်ပါဘူး။ကံကောင်းစွာနဲ့ လီဖူချန်းရဲ့ ဆင့်ကဲပြောင်းလဲနေတဲ့ စိတ်ဝိညာဉ်က သူ့ရဲ့အားနည်းချက်ဖြစ်တဲ့ အရိုးတည်ဆောက်မှုကို ဖြည့်စွက်ပေးနေနိုင်တာလေ။လီဖူချန်းတစ်ယောက် အတွင်းစည်းဂိုဏ်းသားဖြစ်တာ သုံးနှစ်တောင်မပြည့်သေးတဲ့ အချိန်အတွင်းမှာဘဲ သူ့ရဲ့ ကြက်သွေးရောင် လျို့ဝှက်မီးတောက် ကျင့်စဉ်ကတော့ အဆင့်ကိုးကနေ အဆင့်တစ်ဆယ့်လေးအထိတောင် ရောက်သွားပါပြီ။အဲဒီအတွင်းအားကျင့်စဉ် တိုးတက်မှုကလည်း လီဖူချန်းရဲ့ အရိုးတည်ဆောက်ပုံ အားနည်းချက်ကို ယာယီအားဖြင့် မေ့ထားစေနိုင်ပါသေးတယ်။လီဖူချန်းကလည်း သူ့ရဲ့ကျင့်ကြံမှုနှုန်းမြန်နေတာက ဒီအတွင်းအားကျင့်စဉ်မှာ အဆင့်မြင့်မြင့် ရောက်နေတာနဲ့ သက်ဆိုင်နေတယ်ဆိုတာကို ရိပ်စားမိပါတယ်။ဒါကြောင့်မလို့ ကြက်သွေးရောင်လျို့ဝှက်မီးတောက်ရဲ့ အမြင့်ဆုံးအဆင့်ကို ရောက်ပြီးရင်တော့ သူက နောက်ထပ်အဆင့်မြင့် အတွင်းအားကျင့်စဉ်တစ်ခု အမြန်ရှာမှကို ဖြစ်တော့ပါမယ်။အဆင့်မြင့်အတွင်းအားကျင့်စဉ် မရှိရင်တော့ သူ့ရဲ့ ကျင့်ကြံမှုနှုန်းက အတော်လေးကို နှေးသွားတော့မှာပါ။အရိုးတည်ဆောက်မှုကောင်းတဲ့ အခြားသောတပည့်တွေကလည်း သူ့လို အတွင်းအားကျင့်စဉ်တွေရဲ့ အမြင့်ဆုံးအဆင့်ကို ရောက်သွားတဲ့အချိန်ဆိုရင် သူက ထိုတပည့်တွေကို ကျင့်ကြံမှုနှုန်းအရာမှာ လိုက်မှီတော့မှာ မဟုတ်ပါဘူး။အရိုးတည်ဆောက်ပုံမကောင်းတဲ့ လီဖူချန်းအတွက်ကတော့ ပညာရပ်တွေအပေါ် ထိုးထွင်းသိမြင်နိုင်မှုကိုဘဲ အားကိုးနေရတာလေ။ သူက အဆင့်မြင့်တဲ့ ပညာရပ်တွေကို တစ်ခုပြီးတစ်ခု အဆက်မပြတ်လေ့ကျင့်နေမှသာ တော်ကာကျမှာပါ။သူသာ ကန့်သတ်ချက်တွေကို မကျော်ဖြတ်နိုင်တော့ဘဲ ရောက်နေတဲ့ အဆင့်မှာ ပျော်သွားပြီဆိုတာနဲ့ နောက်ကလိုက်လာတဲ့ သူတွေက လီဖူချန်းကို အလွယ်တကူ ကျော်တက်သွားကျတော့မှာပါ။အဆုံးမဲ့အာဏာ အပိုင်း၁၁၇ဖန်းယွမ်စင်မြင့်ဒီလိုနဲ့ချိန်းဆိုထားတဲ့ အချိန်တစ်နှစ်ကလည်း ပြည့်သွားခဲ့ပါပြီ။ လီဖူချန်းနဲ့ လျိုတိုင်ရှန်းကလည်း သူတို့ရဲ့ကတိအတိုင်း ဂုဏ်ယူစွာနဲ့ တိုက်ခိုက်ကျတော့မှာပါ။တိုက်ပွဲနေ့မှာတော့ အတွင်းစည်းဂိုဏ်းသား တော်တော်များများက ဖန်းယွမ်စင်မြင့်မှာ စုရုံးရောက်ရှိနေကျပါပြီ။သူတို့ထဲက အများစုကတော့ လီဖူချန်းနဲ့လျိုတိုင်ရှန်းတို့ တိုက်ပွဲကို ကြည့်ရှုဖို့အတွက် ရောက်လာတာဖြစ်ပါတယ်။ ကျန်တဲ့အနည်းငယ်ကတော့ အခြားသော အတွင်းစည်းတပည့်တွေနဲ့ တိုက်ခိုက်ဖို့ ရောက်နေတာပါ။ဖန်းယွမ်စင်မြင့်က လေးထောင့်ကျကျ ဖြစ်ပြီး တိုက်ပွဲစင်မြင့်တစ်ခုလုံးကို ကျောက်စိမ်းဖြူတွေနဲ့ တည်ဆောက်ထားတာပါ။စင်မြင့်က ၁၀မီတာကျော်မြင့်ပြီး အကျယ်အဝန်းကတော့ ၁၀၀မီတာ လောက်ကို ရှိတဲ့အတွက် စိတ်တိုင်းကျကို တိုက်ခိုက်နိုင်ပါတယ်လေ။ရှေလူကြီးတွေ ပြောကျတာကတော့ ဖန်းယွမ်စင်မြင့်ရဲ့ အောက်မှာ ခံနိုင်ရည်အားကို မြှင့်တင်ပေးတဲ့ ဓမ္မစက်အင်းပြားတစ်ခုကို ထည့်သွင်းထားပါတယ်တဲ့လေ။ ဒါကြောင့်မို့ မြေကမ္ဘာအဆင့်က ပညာရှင်တွေတောင် ဒီစင်မြင့်ကို ပျက်စီးအောင် လုပ်နိုင်စွမ်းမရှိပါဘူး။အခုလောလောဆယ်မှာတော့ အတွင်းစည်းဂိုဏ်းသားနှစ်ယောက်က ဖန်းယွမ်စင်မြင့်ရဲ့အလည်မှာ စာရင်းရှင်းဖို့အတွက် ရောက်နေကျပါပြီ။" ကျူးရှောင်ထန် ...... မင်းက ငါ့ရဲ့ ငယ်ရည်းစားကို ဖြားယောင်းသွေးဆောင်ပြီး ခိုးယူသွားတယ်။ ဒါက ငါ့ရဲ့ယောကျာ်းသိက္ခာကို အရမ်းကျဆင်းသွားစေတယ်။ ဒီကောင်းကင်ကြီးရဲ့အောက်မှာ မင်းနဲ့ငါ အတူတူနေထိုင်ဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး။ဒီနေ့ကတော့ မင်းဒုက္ခိတဖြစ်ရင်ဖြစ် မဖြစ်ရင် ငါဒုက္ခိတဖြစ်ဘဲ။ ""ကျန်းဟိုင် ...... မင်းက မင်းကိုယ်မင်း ညီမဝမ်လီနဲ့ ထိုက်တန်တယ်လို့ ထင်နေတာလား။ မင်းက သေရမှာကို မကြောက်လို့ ငါ့ကိုစိန်ခေါ်လာမှတော့ ပညာကောင်းကောင်းကြီး ပေးရသေးတာပေါ့ကွာ။"ဒီအတွင်းစည်းဂိုဏ်းသား နှစ်ယောက်စလုံးက တိုက်ခိုက်ဖို့ တာစူနေကြပါပြီ။ ကြည့်ရတာကတော့ ကျန်းဟိုင်လို့ခေါ်တဲ့ အတွင်းစည်းတပည့်ရဲ့ ငယ်ချစ်ဦးကို ကျူးရှောင်ထန်လို့ခေါ်တဲ့ အတွင်းစည်းတပည့်က လက်သွက်ခြေသွက်နဲ့ သုတ်သွားတဲ့ ပုံပါဘဲ။ ဒါကြောင့် ကျန်းဟိုင်က မခံမရပ်နိုင်ဖြစ်ပြီး ကျူးရှောင်ထန်ကို စိန်ခေါ်နေတာပါ။သြော်......' ရည်းစားလူလု အူနုကျွဲခတ်'ဆိုတဲ့ စကားအတိုင်းပါပေါ့လား။ အတွင်းစည်းတပည့်နှစ်ယောက်က လျင်မြန်စွာပင် အရှေ့ကို ခုန်ထွက်သွားကျပြီး တိုက်ခိုက်ပါတော့တယ်။ ကျန်းဟိုင်လို့အမည်ရတဲ့ အတွင်းစည်းတပည့်က အသာမရသည့်ပုံပါဘဲ။ ပါးတစ်ဖက်မှာ ဓားဒဏ်ရာတစ်ခုနဲ့ အနောက်ကို ပြန်ဆုတ်လာပါတယ်။" သေစမ်းကွာ "ကျန်းဟိုင်က မာန်သွင်းပြီး နဂါးမာန်ဓားသိုင်းကို ထုတ်သုံးလိုက်ပါတယ်။ သူ့လက်ထဲက ဓားက နဂါးနက်ကြီးတစ်ကောင်လို လေထုထဲမှာ လူးလိမ့်သွားလာနေပြီး ကျူးရှောင်ထန်ဆီကို တိုးဝင်သွားပါတော့တယ်။သူ့ရဲ့နဂါးမာန်ဓားသိုင်းက ပြီးပြည့်စုံခြင်းအဆင့်ကို ရောက်လုနီးပါးရှိနေပါပြီ။ ထို့ကြောင့် သူ့ဓားချက်က သေသပ်လှပစွာနဲ့ ကျူးရှောင်ထန်ကို ချောင်ပိတ်ထားလိုက်ပါတယ်။" ကျန်းဟိုင်...... မင်းဘာလို့ ငါ့ကို ရုတ်တရက် စိန်ခေါ်ရဲပါလိမ့်လို့ စဉ်းစားနေတာ။ လက်စသတ်တော့ မင်းက နဂါးမာန်ဓားသိုင်းကို ပြီးပြည့်စုံခြင်းအဆင့်ထိ ရောက်လုနီးပါး လေ့ကျင့်ထားနိုင်တာကိုး။ "" ဟား...... ဟား...... ဒါပေမဲ့ မင်းတစ်ခုမေ့နေတာရှိတယ်။ အဲဒါကတော့ ငါ့ရဲ့ဘုံခုနစ်ဆင့်တိမ်ပျံဓားသိုင်းကလည်း ပြီးပြည့်စုံခြင်းအဆင့်ကို ရောက်တော့မယ်ဆိုတာဘဲ။"ကျူးရှောင်ထန်က ပြောပြီးတာနဲ့ သူ့ဓားကို အဆင်မပြတ် လှုပ်ယမ်းလိုက်ပါတယ်။ ကောင်းကင်ပေါ်ကနေ ဓားရိပ်တွေ ဆက်တိုက်ဆိုသလို ကျဆင်းလာပြီး ကျန်းဟိုင်ရဲ့ ဓားချက်တွေကို ပြန်လည်တိုက်ခိုက်နေပါတော့တယ်။အား............!အော်သံနဲ့အတူ လက်မောင်းပြတ်ကြီး တစ်ခုက မြေပေါ်ကို ပြုတ်ကျလာခဲ့ပါတယ်။ ဓားရိပ်ဓားယောင်တွေကလည်း ပျောက်ကွယ်သွားပြီး သွေးတွေနဲ့ အစားထိုး ဝင်ရောက်လာပါပြီ။ကျန်းဟိုင်ကတော့ စင်မြင့်ပေါ်မှာ ပုံရက်သားလဲကျနေပြီး လူးလွန့်နေပါတယ်။ သူ့ရဲ့မျက်နှာကရှုံ့တွနေပြီး ကျူးရှောင်ထန်ကို မယုံနိုင်စွာ ကြည့်နေပါတယ်။ကျူးရှောင်ထန်က သူ့ထက် အဆင့်တစ်ဆင့်ဘဲ မြင့်တာပါ။သူ့ရဲ့လက်ရှိ ဓားစွမ်းရည်နဲ့ဆိုရင် ဘယ်လိုမှ ရုပ်ပျက်ဆင်းပျင် ရှုံးနိမ့်စရာအကြောင်း မရှိဘူးလို့ သူက တွက်ထားခဲ့တာလေ။ သူက အသက်နဲ့ရင်းပြီးတိုက်ခိုက်မယ်ဆိုရင် ပြိုင်ဖက်ကိုလည်း ဒဏ်ရာရအောင် လုပ်နိုင်မယ်လို့ ကျန်းဟိုင်က ယုံကြည်နေခဲ့တာပါ။ ကျူးရှောင်ထန်ကို အနိုင်ယူဖို့ကိုတော့ လုံးဝတွေးမထားခဲ့ပါဘူး။စိတ်မကောင်းစရာပါဘဲ။ကောင်းကင်ဘုံက ကျန်းဟိုင်ဘက်မှာ ရှိနေသည့်ပုံ မပေါ်ပါဘူးလေ။ ကျူးရှောင်ထန်ကို ဒဏ်ရာတစ်ချက်လေးရသွားအောင်တောင် သူမတိုက်နိုင်ခဲ့ပါဘူး။အနက်ရောင်သံသေဓားကို ကျန်းဟိုင်ကို ညွှန်လိုက်ပြီး ကျူးရှောင်ထန်က အရူးတစ်ယောက်လို ရယ်မောနေပါတော့တယ်။" မင်းရဲ့လက်မောင်းတစ်ဖက်ကို ဖြတ်ပြီးတာနဲ့ မင်းကို ခွင့်လွှတ်ပေးမယ်လို့ မျှော်လင့်နေတာလား။ ဟား......ဟား......ဟား...... အရမ်းစိတ်မလောပါနဲ့လေ။ အေးအေးဆေးဆေးပေါ့။ ငါက မင်းရဲ့ကျန်တဲ့ ခြေလက်တွေကို တစ်ချောင်းချင်း ဖြတ်ဦးမှာကွ။ ပြီးရင် မင်းရဲ့ အတွင်းအားပင်လယ်ကိုလည်း ဖျက်ဆီးဦးမှာ ။ ဒါမှ ငါ့စိတ်ကျေနပ်နိုင်မယ်။"ဖန်းယွမ်စင်မြင့်ရဲ့ ထုံးတမ်းစဉ်လာအရ နှစ်ဖက်စလုံးက မတိုက်ခိုက်မီမှာ ဖန်းယွမ်သဘောတူညီချက်မှာ လက်မှတ်ထိုးထားရပါတယ်။ အနိုင်ရရှိတဲ့သူက ရှုံးတဲ့လူကို မသတ်သေးသရွေ့ ကြိုက်တာ လုပ်လို့ရပါတယ်။ဒါကြောင့်မို့ အတွင်းစည်းဂိုဏ်းသားတွေဟာ တော်ရုံတန်ရုံကိစ္စနဲ့ ဖန်းယွမ်စင်မြင့်ပေါ်မှာ တိုက်ခိုက်လေ့ မရှိပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ တစ်ချက်ကလေးမှားပြီး ရှုံးနိမ့်သွားတာနဲ့ မင်းဘဝက ပြီးသွားပါပြီ။ကျင့်ကြံသူတစ်ယောက်အတွက်ကတော့ အတွင်းအားပင်လယ် ဖျက်ဆီးခံလိုက်ရတယ်ဆိုတဲ့အဖြစ်ထက် သေသွားတာကတောင်မှ ကောင်းပါသေးတယ်။ရွှမ်း.........အသံနဲ့အတူ အနက်ရောင်ဓားရိပ်က ကျန်းဟိုင်ရဲ့ ခြေထောက်တစ်ဖက်ကို ဖြတ်ယူသွားပါတယ်။ကျန်းဟိုင်ရဲ့ မျက်နှာက နာကျင်မှုကြောင့် ဖြူဖေတ်ဖြူလျော်ဖြစ်နေပြီး မျက်လုံးတွေကနေလည်း ကြောက်ရွံ့မှုတွေကို အတိုင်းသား မြင်နေရပါတယ်။" အစ်ကိုကျူး......ထားလိုက်ပါတော့။ သူလည်းဒုက္ခိတတစ်ပိုင်း ဖြစ်နေပြီဘဲ။ သူနောက်တစ်ခါ အစ်ကိုကျူးကို စိန်ခေါ်နိုင်စွမ်း မရှိတော့ပါဘူး" စင်မြင့်ရဲ့အောက်မှာတော့ ကြည့်ကောင်းပြီး ဆွဲဆောင်မှုအပြည့်ရှိတဲ့ မိန်းမပျိုလေးတစ်ယောက်က ကျူးရှောင်ထန်းကို တားလိုက်ပါတယ်။ သူမရဲ့ တင်တွေရင်တွေက လုံးတင်းနေပြီး ကြည့်ရတာ အရည်တစ်ရွှမ်းရွှမ်းနဲ့ ဖရဲသီးကြီးတစ်လုံးလိုပါဘဲ။ ပုရိသအပေါင်းကို သွားဖုံးမြုပ်အောင် ကိုက်စေချင်စိတ်တွေ တဖွားဖွား ဖြစ်ပေါ်လာစေနိုင်ပါတယ်။( အရည်ရွှမ်းတယ်ဆိုတာ သိတယ်မလား။ အဟင်းဟင်း။သောက်faတွေကတော့ မသိနိုင်ပါဘူးလေ။)" ညီမဝမ်လီက တားနေမှတော့ အစ်ကိုက ခွင့်လွှတ်ပေးရမှာပေါ့လေ။ မဟုတ်ဘူးလား။ ကျန်းဟိုင်...... ငါမင်းကို ဒီနေ့လွှတ်ပေးလိုက်မယ်။ ငါ့ကိုကလဲ့စားချေမယ်ဆိုရင်တော့ နောက်ဘဝမှ စဉ်းစားပေတော့...... ။ဟား...... ဟား......ဟား...... " ကျူးရှောင်ထန်က ရယ်မောပြီး ဖန်းယွမ်စင်မြင့်ပေါ်ကနေ မြောက်ကြွမြောက်ကြွနဲ့ ဆင်းသွားပါတော့တယ်။ကျန်းဟိုင်ရဲ့ မျက်လုံးတွေက မျှော်လင့်ချက်တွေ ကင်းမဲ့နေပါပြီ။ သူ့ကိုတော့ အတွင်းစည်း လက်ထောက်ကြီးကြပ်ရေးမှုးတစ်ယောက်က သယ်ထုတ်သွားပါပြီ။" သူ့ဘဝက အရမ်းသနားစရာ ကောင်းတာဘဲကွာ။ သူ့ငယ်ရည်းစားကိုလည်း သူများက မသွားတယ်။ လက်တစ်ဖက်နဲ့ခြေတစ်ဖက်ကိုလည်း ဖြတ်ခံလိုက်ရတယ်။ ဒီကောင်ကတော့ လုံးဝဘဝပျက်သွားပြီ။"" ဖန်းယွမ်စင်မြင့်ဆိုတာ လွယ်ကူတဲ့နေရာတစ်ခု မဟုတ်ဘူးကွ။တိုက်ခိုက်ကျတဲ့သူတွေက အမှားသေးသေးလေးတစ်ခု ကျူးလွန်မိသွားရင်တောင် ရှုံးနိမ့်သွားနိုင်တယ်။ အဲလိုရှုံးနိမ့်သွားတာနဲ့ မင်းဒုက္ခိတဖြစ်ပြီလေ။ "" သူ့ရဲ့ ငယ်ရည်းစားကလည်း တစ်ကယ်ကို လန်းတာမောင်ရေ။ အဲသည်ကောင်မနဲ့ ကျူးရှောင်ထန်းတို့နှစ်ယောက် ဂိုဏ်းအနောက်ဘက်က ဝါးရုံတောထဲမှာ ဟိုဒင်းဟိုဝှာပြုနေတာကို မြင်ခဲ့တဲ့သူတွေ ပြောတာကတော့ ဒီဟာမကြီးရဲ့ တင်တွေက မက်မွန်သီးလေးလို လုံးကျစ်ပြီး ဖွေးအုနေတာဘဲတဲ့ဟ""အဲလိုအထာတွေကော ရှိတာလားဟ။ ဝိုး...... ကြိုက်ပြီလေ။ကျူးရှောင်ထန်း ရိုးအီသွားတဲ့နေ့ကို ငါစောင့်လိုက်ဦးမယ်။ ဟင်း......ဟင်း...... ခွင့်သာခိုက်မှ အမုန်းကိုကြိတ်လိုက်ဦးမယ်ကွာ။"ယောကျာ်းလေးအတွင်းစည်းတပည့်တွေကတော့ ဖိုသဘာဝအတိုင်း အညှီအဟောက်တွေကို သွားရေတစ်မြားမြားနဲ့ အာပေါင်အာရင်းသန်သန် ဆွေးနွေးနေကျပါပြီ။ သိတဲ့အတိုင်းဘဲလေ ဒါမျိုးဆို ယောကျာ်းသားတွေက သိပ်ညီတာ မဟုတ်လား။တိုက်ပွဲက ပြီးဆုံးသွားပေမယ့်လည်း ဒီကိုရောက်နေတဲ့ လူတွေကတော့ ပြန်မယ့်အရိပ်အယောင် မပြသေးပါဘူး။ ဒါကိုကြည့်ခြင်းအားဖြင့် နောက်ထပ်တိုက်ပွဲတစ်ပွဲ ကျန်နေသေးတယ်ဆိုတာကို မပြောဘဲ နားလည်ရမှာပါ။ "တောင်းပန်ပါတယ် အစ်ကိုကြီး... ကျွန်တော်တစ်ခုမေးပါရစေ။ နောက်ထပ်တိုက်ခိုက်မယ့်သူတွေက ဘယ်သူတွေလည်းဗျ။ " အတွင်းစည်းတပည့်တစ်ယောက်က မနေနိုင်တော့တဲ့အတွက် ဘေးနားက အတွင်းစည်းတပည့်တစ်ယောက်ကို မေးလိုက်ပါတော့တယ်။အမေးခံရတဲ့ အတွင်းစည်းတပည့်က မေးလိုက်တဲ့သူကို ငကြောင်တစ်ကောင်ကို ကြည့်တဲ့အကြည့်နဲ့ ကြည့်လိုက်ပြီး " မင်းဒါကိုတောင်မသိဘဲ ဖန်းယွမ်စင်မြင့်ကို ဘာလာလုပ်တာလည်း။ ဒီနေ့က လျိုတိုင်ရှန်းနဲ့ လီဖူချန်းတို့ တိုက်ခိုက်မယ့်နေ့လေ။ ဒါကြောင့်အားလုံးက စောင့်နေတာပေါ့။ ခနနေဆို သူတို့ရောက်လာတော့မယ်။ "" အစ်ကို လျိုတိုင်ရှန်းနဲ့လား...... ဝိုး... ကျွန်တော်ကြားတာကတော့ အစ်ကိုလျိုတိုင်ရှန်းက စိတ်တန်ခိုးဖွဲ့စည်းခြင်းနယ်ပယ် အဆင့်၉ကို ရောက်သွားပြီဆို။ ဒီလီဖူချန်းဆိုတဲ့ကောင်က ကိုယ့်ကိုကိုယ်အရမ်း အထင်ကြီးနေတာဘဲ။"" စိတ်ဝင်စားစရာဘဲ။ ပထမကတော့ ကျန်းဟိုင် ။ အခုတော့ လီဖူချန်း ။ အတွင်းစည်းဂိုဏ်းမှာ ဘယ်တုန်းက ဒီလို ငနုံတွေ ရောက်လာခဲ့တာလည်း။ "ဒီဖန်းယွမ်စင်မြင့်ကို ရောက်လာတဲ့ အတွင်းစည်းတပည့်တွေထဲမှာ လီဖူချန်းကိုနိုင်မယ်လို့ ခန့်မှန်းထားတဲ့သူကတော့ တစ်ယောက်မှ မရှိပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ အဆင့်ကွာဟချက်က အရမ်းကို များနေလို့ပါဘဲ။ကျန်းဟိုင်နဲ့ ကျူးရှောင်ထန်းတုန်းကတောင် အဆင့်တစ်ဆင့်ဘဲကွာတာကို မရှုမလှ ရှုံးနိမ့်သွားတာလေ။ လီဖူချန်းနဲ့ လျိုတိုင်ရှန်းက အနည်းဆုံး အဆင့်၎ဆင့်လောက် ကွာနေမှာပါ။အဲဒါဆိုရင် စဉ်းစားသာကြည့်ပါတော့။ ဘယ်လောက် တစ်ဖက်သတ် ဆန်နေမလည်းဆိုတာကိုလေ။ဒီတစ်နှစ်အတွင်းမှာ သူ့ရဲ့အဆင့်တက်လာမယ်ဆိုရင် အများဆုံး နှစ်ဆင့်ဘဲရှိမှာပါ။" ညီမဝမ်လီ...... ဒီနှစ်ကတော့ ငတုံးတွေ ပြည့်နေတဲ့နှစ်ဘဲထင်တယ်။ အစတုန်းကတော့ အစ်ကိုက ကျန်းဟိုလို ငတုံးနောက်တစ်ယောက် မရှိနိုင်တော့ဘူးလို့ ထင်ထားတာ။ အခုတော့ လီဖူချန်းဆိုတဲ့ နောက်ထပ် ငတုံးတစ်ယောက်ပါ ပေါ်လာပြန်ပြီ။ " ကျူးရှောင်ထန်က အကြောင်းစုံကို သိသွားတဲ့နောက်မှာ လီဖူချန်းကို လှောင်ပြောင်လိုက်ပါတယ်။ဝမ်လီလို့ခေါ်တဲ့ အမျိုးသမီးတပည့်ကလည်း " ညီမကကြားဖူးတာကတော့ လီဖူချန်းက ယူဝူရှန်းကိုတောင် အပြင်စည်းဂိုဏ်းသားဘဝတုန်းက တိုက်ခိုက်အနိုင်ယူဖူးတယ်တဲ့နော်။ ပြီးတော့ အပြင်စည်းဂိုဏ်းရဲ့ နံပါတ်၁စံချိန်ရှင်လည်း ဖြစ်ခဲ့ဖူးတယ်။ ကြည့်ရတာ သူ့မှာလည်း လျိုထားတဲ့ အကွက်တွေ ရှိမယ်နဲ့တူတယ်" လို့ သူမရဲ့ထင်မြင်ချင်ကို ပြောပါတယ်။ကျူးရှောင်ထန်က ဝမ်လီရဲ့ ဆူဖြိုးတင်းရစ်နေတဲ့ တင်သားလေးကို ခပ်ဖွဖွလေး ညစ်လိုက်ပါတယ်။ ပြီးတော့မှ " လက်ရှိပစ္စုပ္ပန်ကိုဘဲကြည့် ညီမဝမ်လီ... အခုအခြေအနေမှာက အဆင့်၎ဆင့်လောက် ကွာနေတာလေ။ လီဖူချန်းက ယူဝူရှန်းကိုနိုင်ခဲ့တုန်းက အဆင့်အတူတူဘဲ။ ပြီးတော့ဒါက လူသားနယ်ပယ်မဟုတ်ဘူး။ စိတ်တန်ခိုးဖွဲ့စည်းခြင်နယ်ပယ်။ ဒီနယ်ပယ်မှာကတော့ အဆင့်၁ဆင့်ကွာရင်တောင် ဘယ်လောက်အနိုင်ယူရခက်လည်းဆိုတာ မင်းလည်းကိုယ်တွေ့မျက်မြင်ဘဲ မဟုတ်လား။ လျိုတိုင်ရှန်းကိုမပြောနဲ့ ယူဝူရှန်းကိုတောင် အခုချိန်မှာ လီဖူချန်းက ယှဉ်နိုင်တော့မှာ မဟုတ်ဘူး။"ယုဝူရှန်းက ကြယ်ငါးပွင့်အရိုးတည်ဆောက်ပုံပိုင်ရှင် ဖြစ်တဲ့အတွက် သူ့ရဲ့သတင်းတွေက အတွင်းစည်းဂိုဏ်းထဲမှာ အတော်အသင့် ကျော်ကြားနေပါပြီ။လွန်ခဲ့တဲ့၎လလောက်ကတည်းက ယုဝူရှန်းက စိတ်တန်ခိုးဖွဲ့စည်းခြင်းနယ်ပယ် အဆင့်၇ကို ရောက်ရှိသွားခဲ့ပြီလေ။ အခုဆိုရင်တော့ စိတ်တန်ခိုးဖွဲ့စည်းခြင်းနယ်ပယ် အဆင့်၈ကို ရောက်ဖို့ သိပ်လိုတော့မယ် မထင်ပါဘူး။" ဒါဆိုရင်တော့ ကြည့်ရတာ ဒီလီဖူချန်းက သူ့ကိုယ်သူ အရမ်းအထင်ကြီးလွန်းနေတာနဲ့ တူပါတယ်လေ။"ဝမ်လီက နှုတ်ဆိတ်နေလိုက်ပါတော့တယ်။ သူမ လုံးဝနားမလည်နိုင်တာ တစ်ခုက လူတွေက ဘာလို့ သူတို့မနိုင်တဲ့လူတွေနဲ့ တိုက်ခိုက်ချင်နေရတာလည်း ဆိုတာကိုပါဘဲ။ ကျန်းဟိုင်ကလည်း ကိုယ့်အတိုင်းအတာကို မသိတဲ့လူပါ။ အခုလီဖူချန်းဆိုတဲ့သူကလည်း အဲလိုလူအတန်းအစားထဲကဘဲ ထင်ပါရဲ့လေ။" ဟိုမှာကြည့်ဟေ့...... လျိုတိုင်ရှန်း ရောက်လာပြီ။ လျိုဟောင်လုံကောဘဲဟ။ ဟင်...... အကြီးအကဲ လျိုတိုင်ယွန်ကော ပါလာတာဘဲ။ "မျက်စိလျင်တဲ့ တပည့်တစ်ယောက်က ဖန်းယွမ်စင်မြင့်ကို ဦးတည်လာတဲ့ လူရိပ်၃ခုကို သတိပြုမိလိုက်ပါတယ်။အဲသည်လူရိပ်၃ခုကတော့ လျိုတိုင်ရှန်း၊လျိုဟောင်လုံနဲ့ အသက်၅၀အရွယ်လောက်ရှိတဲ့ လူကြီးတစ်ယောက်ပါ။ လျိုတိုင်ရှန်းနဲ့ အဲသည်လူကြီးက အတော်လေး ရုပ်ဆင်တူပါတယ်။ အဲသည်လူကြီးက အတွင်းစည်းအကြီးအကဲ ဝတ်ရုံကို ဝတ်ဆင်ထားပါသေးတယ်။သူကတော့ အတွင်းစည်းအကြီးအကဲ တစ်ယောက်ဖြစ်တဲ့ လျိုတိုင်ယွန် ပါဘဲ။ လျိုတိုင်ယွန်က ကောင်းကင်နယ်ပယ်အဆင့်၂ကို ရောက်နေပါပြီ။" ဦးလေး တိုင်ရှန်း... ဖန်းယွမ်စင်မြင့်ပေါ်ရောက်ရင် လီဖူချန်းကို လုံးဝ မညှာနဲ့နော် " လျိုဟောင်လုံက လျိုတိုင်ရှန်းကို မှာလိုက်ပါတယ်။လျိုတိုင်ရှန်းက ရယ်လိုက်ပြီး " စိတ်မပူနဲ့ ဟောင်လုံ။ ငါက ဒီကောင့်ကို ဘာအကြောင်းနဲ့မှ ညှာစရာ မရှိဘူး။ လျိုကလန်ကို စော်ကားတဲ့သူက ငရဲကို ရောက်သွားတာထက်တောင် ဆိုးရွားတဲ့ အဖြစ်မျိုး ကြုံသွားစေရမယ်။ ငါက လီဖူချန်းကို ဘဝတစ်လျှောက်လုံး ကြောက်ရွံ့မှုတွေနဲ့ အသက်ရှင်ခိုင်းဦးမှာ။ ပြီးရင် ဒီကောင့်လျှာတွေ ၊မျက်လုံးတွေကို ဖောက်ပြီး လျိုကလန်ရဲ့ ကျွန်လုပ်ခိုင်းပစ်မယ်။"ဘေးနားမှာရှိတဲ့ လျိုတိုင်ယွန်ကတော့" လက်လွန်ပြီး သေမသွားစေနဲ့ဦး။ အတွင်းစည်းတပည့်တစ်ယောက် သေသွားတာက ငါတို့လျိုကလန်ကို အခက်တွေ့စေလိမ့်မယ်။"" ဟုတ်ကဲ့။ ကျွန်တော်နားလည်ပါတယ် အဖေ " လျိုတိုင်ရှန်းက ခေါင်းညိတ်လိုက်ပါတယ်။" ဘာဖြစ်လို့ လီဖူချန်းက ရောက်မလာသေးတာလည်း။ ဒီကောင်က ကြောက်ပြီး ဂိုဏ်းကနေ ထွက်ပြေးသွားတာလား"" ဖြစ်နိုင်တယ်ကွ။ ဘယ်လိုဘဲဖြစ်ဖြစ် လီဖူချန်းက ဖန်းယွမ်သဘောတူညီချက်မှာ လက်မှတ်မထိုးရသေးတဲ့အတွက် ထွက်ပြေးတာက အကျုံးဝင်တယ်လေ။"" တစ်ကယ်သာ အဲလိုဆိုရင်တော့ ငါက လီဖူချန်းကိုတွေ့တိုင်း လှောင်ပြောင်နေမိမှာဘဲ။"အားလုံးက တီးတိုးတီးတိုး ဝေဖန်နေချိန်မှာဘဲ လီဖူချန်းက ချန်းဖန်းဟွာနဲ့အတူ ရောက်ရှိလာပါတော့တယ်။အဆုံးမဲ့အာဏာ အပိုင်း၁၁၈ငါ့ဓားကိုမြည်းကြည့်" မောင်လေးလီ...... မင်းကိုယ်မင်း ယုံကြည်မှု အပြည့်ရှိတာကိုတော့ အစ်မသိပါတယ်။ ဒါပေမဲ့ ဒါက ဖန်းယွမ်စင်မြင့်ဆိုတာကိုတော့ သတိရဦးနော်။ အရာအားလုံးက အချိန်တိုလေးအတွင်းမှာ ဖြစ်ပျက်သွားနိုင်တယ်။ " ချန်ဖန်းဟွာက လီဖူချန်းကို သတိပေးလိုက်ပါတယ်။လီဖူချန်းက ခေါင်းညိတ်ပြလိုက်ပြီး " ခြင်္သေ့တွေဆိုတာ ကျားကိုအမဲလိုက်ရင်လည်း အားသွန်ခွန်စိုက် လိုက်တာဘဲ။ ယုန်ကို အမဲလိုက်ရင်လည်း အားသွန်ခွန်စိုက် လိုက်တာပါဘဲ။ စိတ်မပူပါနဲ့ အစ်မချန်ရယ် "ခြင်္သေ့က ယုန်ကိုအမဲလိုက်တယ်။ ဘာကြောင့်မှန်းတော့ မသိပါဘူး။ ချန်ဖန်းဟွာတစ်ယောက် လီဖူချန်းရဲ့ စကားကို ကြားပြီးနောက်မှာ သူမကိုယ်တိုင်တောင် လီဖူချန်းကို နိုင်ပါတော့မလား ဆိုတာကို သံသယဝင်လာပါတယ်။' လျိုတိုင်ရှန်း...... နင်ကတော့ ဂြိုဟ်ဆိုးဝင်တာဘဲ။ နင်တစ်ခြားလူကို သွားရန်စရင်တောင် လွှတ်မြောက်နိုင်ဖို့ အခွင့်အရေးရှိသေးတယ်။ နင်က မောင်လေးလီကို ရန်စလိုက်မိမှတော့ လွှတ်မြောက်နိုင်စရာ အကြောင်းမရှိတော့ဘူး။' ချန်ဖန်းဟွာက စိတ်ထဲမှာတောင် တွေးလိုက်မိပါတယ်။လူအားလုံးကတော့ လီဖူချန်းတစ်ယောက် ပယ်ပယ်နယ်နယ် အရိုက်ခံရတာကို ကြည့်ဖို့ စိတ်အားထက်သန်နေကြပါပြီ။" ဟင် ...... စိတ်တန်ခိုးဖွဲ့စည်းခြင်းနယ်ပယ် အဆင့်၆လား။ ဒီလီဖူချန်းဆိုတဲ့ ကောင်လေးရဲ့ ပါရမီအလားအလာကလည်း မခေဘူးဘဲဟ။ "အတွင်းစည်း ဂိုဏ်းသားတစ်ယောက်က လီဖူချန်းရဲ့ ချီအတွင်းအားကို ခံစားလိုက်မိတဲ့အတွက် အမှတ်မထင် ပါးစပ်ကနေ ပြောလိုက်မိတယ်လေ။" ဘာ......... စိတ်တန်ခိုးဖွဲ့စည်းခြင်းနယ်ပယ် အဆင့်၆လား။ " ထိုအတွင်းစည်းတပည့်ရဲ့ စကားသံကို ကြားလိုက်ရတဲ့အခါမှာ ကျန်တဲ့သူတွေ အားလုံးကလည်း သူတို့ရဲ့ ချီအတွင်းအားတွေကို ထုတ်ပြီး လီဖူချန်းရဲ့ အဆင့်ကို စမ်းသပ်လိုက်ကျပါတယ်။" တစ်ကယ်ကို စိတ်တန်ခိုးဖွဲ့စည်းခြင်းနယ်ပယ် အဆင့်၆ဘဲဟ။ ဒါက လုံးမဖြစ်နိုင်တဲ့အရာဘဲ။ သူက သာမန်အရိုးတည်ဆောက်မှုဘဲ ရှိတာလေ။ ဘယ်လိုလုပ် သူ့ရဲ့ကျင့်ကြံမှုနှုန်းက ကြယ်လေးပွင့်အရိုးတည်ဆောက်မှု ပိုင်ရှင်တွေနဲ့ ယှဉ်လို့ ရနေတာလည်း"" ဒီကောင်က ဒီပွဲကို နိုင်ချင်လွန်လို့ တားမြစ်ထားတဲ့ ဆေးတွေ သုံးလာတာထင်တယ်။"" အဲဒါဖြစ်နိုင်တယ်ကွ။ ဒီကောင်က တားမြစ်ထားတဲ့ ဆေးတစ်မျိုးသုံးလိုက်ပြီထင်တယ်။ အဲဒီဆေးမျိုးက ဘေးထွက်ဆိုးကျိုး အရမ်များတာကို သူမသိဘူးလား။နောက်ထပ်၃နှစ်ကနေ ၅နှစ်အတွင်းမှာတော့ သူက နောက်အဆင့်တစ်ဆင့်တက်ဖို့ မဖြစ်နိုင်တော့ဘူး။""ဟမ့်...... သူက စိတ်တန်ခိုးဖွဲ့စည်းခြင်းနယ်ပယ် အဆင့်၆ဖြစ်တော့လည်း ဘာဖြစ်သေးလည်း။ အစ်ကိုလျိုက စိတ်တန်ခိုးဖွဲ့စည်းခြင်းနယ်ပယ် အဆင့်၉ကို ရောက်နေပြီကွ။ အနည်းဆုံးတော့ သူတို့ကြားမှာ အဆင့်၃ဆင့် ကွာနေသေးတယ်။လီဖူချန်းတစ်ယောက် စိတ်တန်ခိုးဖွဲ့စည်းခြင်းနယ်ပယ် အဆင့်၆ကို ရောက်သွားတာက အားလုံးကို အံ့အားသင့်သွားစေပါတယ်။ ဒါပေမဲ့ သူတို့ကတော့ လီဖူချန်းတစ်ယောက် လျိုတိုင်ရှန်းကို နိုင်မယ်လို့ မယုံကြည်သေးပါဘူ။ လီဖူချန်းက တားမြစ်ထားတဲ့ ဆေးအချို့ကို သောက်သုံးခဲ့တဲ့အတွက် ဒီအဆင့်ကို ရောက်လာတယ်လို့ ထင်မြင်နေကျတုန်းပါဘဲ။" ခွေးတစ်ကောင်လို အရည်အချင်းနဲ့များ ဒီကောင်က လျိုတိုင်ရှန်းကို စိန်ခေါ်ရဲသေးတယ်။ ဒီစောက်ရူးကတော့ သေမှ အေးမှာပါကွာ။" လူအုပ်ကြားထဲမှာတော့ ဖန်လီဟိုင်တစ်ယောက် ရောက်နေတာဖြစ်ပြီး လီဖူချန်းကို ကောင်းကောင်းကြီး သြဘာပေးနေပါတယ်။" လီဖူချန်းကတော့ ဒီတစ်ခါ သွားပြီထင်တယ်။"ဂေါင်ချန်းရှန်နဲ့ ဝူကျင်မိန်တို့ကလည်း ဖန်းယွမ်စင်မြင့်ကို ရောက်ရှိနေပါပြီ။ ဂေါင်ချန်းရှန်ကတော့ သက်ပြင်းချနေရုံကလွဲပြီး ဘာမှမတတ်နိုင်တော့ပါဘူးလေ။သူက ဒီဖန်းယွမ်စင်မြင့် အကြောင်းကို ကောင်းကောင်းကြီး သိထားပါတယ်။ စင်ပေါ်ကို နှစ်ယောက်တက်သွားပြီဆိုတာနဲ့ တစ်ယောက်ကတော့ ကြိမ်းသေ ဘဝပျက်မှာလေ။ စင်ပေါ်မှာ မတ်တပ်ရပ်ကျန်နေခဲ့တဲ့ အောင်နိုင်သူကသာ ကျင့်ကြံခြင်းလမ်းစဉ်ကို ဆက်လျှောက်ဖို့အတွက် အခွင့်အရေး ရမှာပါ။" သူကတော့ ဘယ်နေရာကို ရောက်ရောက် မီးအိမ်တစ်ခုလို ထွန်းလင်းနေမယ့်သူဘဲ။ ဒီလိုယောကျာ်းက အရမ်းကို ရှားလွန်းတယ်။" ဝူကျင်မိန်ရဲ့ အသည်းနှလုံးထဲမှာတော့ အချစ်သစ်စေ့လေးတစ်စေ့ ပေါက်ဖွားလာသလိုပါဘဲ။" အစ်ကို ယုဝူ...... လီဖူချန်းတစ်ယောက် ဘယ်နှစ်ကွက် ခံနိုင်မလည်းလို့ အစ်ကို ခန့်မှန်းမိသလည်း " ဖန်းယွမ်စင်မြင့်ရဲ့ အရှေ့ဘက်ခြမ်းမှာတော့ လူငယ်အုပ်စုတစ်စု ရှိနေပါတယ်။အဲသည်အုပ်စုရဲ့ အလည်မှာ ရပ်နေတာကတော့ ယုဝူရှန်းပါဘဲ။ကြယ်၅ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်ကတော့ ဘယ်နေရာသွားသွား နောက်လိုက်နောက်ပါတွေ ခြံရံလျက်ရှိနေတာ ထုံးစံပါဘဲလေ။တစ်ကယ်လို့ လီဖူချန်းသာ ကြယ်၅ပွင့် အရိုးတည်ဆောက်ပုံ ရှိခဲ့မယ်ဆိုရင် ဒီလောက်ပြသနာ ကြီးလာမှာ မဟုတ်ပါဘူး။ ဖန်လီဟိုင်တို့ လျိုဟောင်လုံတို့ကလည်း လီဖူချန်းကို ဘယ်တုန်းကမှ ပြသနာရှာဖို့ စဉ်းစားမှာ မဟုတ်ပါဘူးလေ။ဘာဖြစ်လို့လည်းဆိုတော့ မိုးပြာရောင်ဂိုဏ်းက ကြယ်၅ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေကို ရတနာတစ်ပါးလို့ သတ်မှတ်ထားတာကို ဂိုဏ်းဝင်အားလုံးက သိထားလို့ပါဘဲ။ ကြယ်၅ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်ကို ရန်စစော်ကားတာက ဂိုဏ်းတော်ရဲ့ အခြေခံကို ထိပါးတာနဲ့ အတူတူပါဘဲလေ။ မြို့စားအဆင့်တွေ မပြောနဲ့။ လျိုကလန်ကတောင် သူတို့ရဲ့အပြစ်တွေကို ဝန်ချတောင်းပန်ရမယ့် အမျိုးပါ။ယုဝူရှန်းက လီဖူချန်းကို သေသေချာချာ စူးစိုက်ကြည့်လိုက်ပြီး" အကွက်၁၀၀ဘဲ။ အကွက်၁၀၀ အတွင်းမှာ လီဖူချန်း ရှုံးလိမ့်မယ်။"အစောပိုင်းတုန်းကတော့ ယုဝူရှန်းက လီဖူချန်းကို အကွက်၂၀ အတွင်းမှာ ရှုံးလိမ့်မယ်လို့ ခန့်မှန်းထားတာပါ။ အခုတော့ လီဖူချန်းက စိတ်တန်ခိုးဖွဲ့စည်းခြင်းနယ်ပယ် အဆင့်၆ကို ရောက်နေပြီဆိုတာ သိလိုက်တဲ့အတွက် အကွက်၁၀၀ လို့ခန့်မှန်းလိုက်တာပါ။ ဒါပေမဲ့ လီဖူချန်းတစ်ယောက် ရှုံးနိမ့်လိမ့်မှာ မဟုတ်ဘူးလို့ မသိစိတ်ထဲမှာတော့ ထင်မိနေသလိုလိုပါဘဲ။" အကွက်၁၀၀ လား။ ကြည့်ရတာ အစ်ကိုယုဝူက လီဖူချန်းကို အရမ်းအထင်ကြီးနေတယ်နဲ့တူတယ်။"" ကျွန်တော်ကတော့ ၁၀ကွက်အတွင်းမှာဘဲ ရှုံးသွားမယ်လို့ ထင်တယ်"" တစ်ကယ်လို့ ယုဝူအစ်ကိုက အကွက်၁၀၀ ခံနိုင်မယ်လို့ပြောရင် ဒီလီဖူချန်းက အကွက်၁၀၀ ခံနိုင်တဲ့ အစွမ်ရှိနေလို့ဘဲ။ မင်းက ဘာမှမသိဘဲ ဘေးကနေ လျှောက်ပြောမနေစမ်းပါနဲ့လား။"အတွင်းစည်းတပည့်တွေက အမျိုးမျိုး ခန့်မှန်းနေတဲ့ အချိန်မှာဘဲ လူရိပ်တစ်ရိပ်က ဖန်းယွမ်စင်မြင့်ပေါ်ကို တက်လာခဲ့ပါတယ်။" လီဖူချန်း...... မင်းရဲ့ဖင်လေးကြီးကို ဒီစင်ပေါ်ရွှေ့ခဲ့"လျိုတိုင်ရှန်းက လီဖူချန်းကို စိန်ခေါ်လိုက်ပါပြီ။" လျိုတိုင်ရှန်း ...... မင်းကိုကြည့်ရတာ သေဖို့မစောင့်နိုင်တော့တဲ့ လူနာလိုပါဘဲလား။ " လီဖူချန်းက ရိပ်ခနဲ ဖန်းယွမ်စင်မြင့်ပေါ်ကို ရောက်လာပါတယ်။" မင်းက နှုတ်သီးကတော့ တော်တော်ကောင်းတာဘဲ။ ငါမင်းကို ခနနေကျရင် ကောင်းကောင်းကြီး ငိုခိုင်းဦးမယ်။ " လျိုတိုင်ရှန်းက ကြိမ်းဝါးလိုက်ပါတယ်။လီဖူချန်းကလည်း အားကျမခံပါဘူး။" ဘယ်သူက ငိုရမလည်းဆိုတာ စောင့်ကြည့်ကျတာပေါ့လေ။"လီဖူချန်းက ဘာမှပြန်မပြောဘဲ တိတ်တိတ်လေး နေနေရင်တောင်မှ အဆင်ပြေနေပါသေးတယ်။ အခုလို နှုတ်ခမ်းတစ်လှန် ပန်းတစ်လှန် ရန်တွေ့လိုက်တဲ့အခါမှာတော့ စင်အောက်က အတွင်းစည်းတပည့်တွေက လီဖူလျန်းကို စတင်ဆဲဆိုနေကျပါတော့တယ်။လီဖူချန်းရဲ့ ထီမထင်တဲ့ မျက်နှာပေးကလည်း သူ့ကိုသနားနေတဲ့ သူတွေကိုတောင် ဖိနပ်နဲ့ပြေးရိုက်ချင်တဲ့စိတ် ဖြစ်ပေါ်လာသည်အထိပါဘဲ။အတွင်းစည်းဂိုဏ်းသား အချို့ကတော့ လျိုတိုင်ရှန်းတစ်ယောက် လီဖူချန်းရဲ့ ခြေလက်တွေကို ဖြတ်ပြီး စင်ပေါ်ကနေ ကန်ချပစ်ပါစေလို့တောင် စပြီး ဆုတောင်းနေကြပါပြီ။မကြာခင်မှာဘဲ အတွင်းစည်းကြီးကြပ်ရေးမှုးတစ်ယောက်က စင်ပေါ်ကို တက်လာပါတယ်။ သူကလည်း လီဖူချန်းကို စောက်မြင်ကပ်နေသည့် ပုံပါဘဲ။မိစ္ဆာသားရဲသားရေဖြင့် ပြုလုပ်ထားသည့် စာလိပ်တစ်လိပ်ကို ထုတ်ယူလိုက်ပြီး " တိုက်ခိုက်မယ့် လူနှစ်ယောက်စလုံးက သူတို့ရဲ့နာမည်ကို ဒီစာလိပ်ပေါ်မှာ ရေးကျရမယ်။ အဲဒါပြီးတာနဲ့ မင်းတို့နှစ်ယောက် ကြိုက်သလို တိုက်ခိုက်လို့ရပြီ။ တစ်ခုမှတ်ထားရမှာက ဒီဖန်းယွမ်စင်မြင့်ပေါ်မှာ သတ်ဖြတ်တာကလွဲပြီး ကြိုက်တာ လုပ်လို့ရတယ်ဆိုတာဘဲ။"" မင်းတို့နှစ်ယောက်စလုံး ပြန်စဉ်းစားလို့ ရသေးတယ်နော်။" အတွင်းစည်းကြီးကြပ်ရးမှုးက နှစ်ယောက်စလုံးကို အခွင့်အရေးပေးပါသေးတယ်။" ဘာမှပြန်စဉ်းစားစရာ မလိုတော့ဘူး။ ကျွန်တော်ကတော့ သဘောတူတယ်။" လျိုတိုင်ရှန်းက သူ့နာမည်ကို မဆိုင်းမတွ ကောက်ရေးချလိုက်ပါတယ်။" မင်းကရော "အတွင်းစည်းကြီးကြပ်ရေးမှုး အထင်သေးသည့်မျက်လုံးတွေနှင့် လီဖူချန်းကို ကြည့်ပြီး မေးလိုက်ပါတယ်။" ကျွန်တော်ကလည်း ပြန်စဉ်းစားစရာ အကြောင်းမရှိဘူး။ "လီဖူချန်းက စုတ်တံကို ယူပြီး သူ့နာမည်ကို ရေးချလိုက်ပါတော့တယ်။မိစ္ဆာသားရဲ စာလိပ်ကို ပြန်သိမ်းလိုက်ပြီး အတွင်းစည်း ကြီးကြပ်ရေးမှုးက ကြော်ငြာလိုက်ပါတယ်။" အခုချိန်က စပြီး ဖန်းယွမ်တိုက်ပွဲကို တရားဝင်စတင်လိုက်ပါပြီ။ "ကြော်ငြာပြီးတာနဲ့ အတွင်းစည်းကြီးကြပ်ရေးမှုးက စင်ပေါ်ကနေ ခုန်ဆင်းသွားပါတော့တယ်။ဝေး... ဟေး... ဟေး.........ပွဲကြီးပွဲကောင်းကို စောင့်မျှော်နေကြတဲ့ အတွင်းစည်းတပည့်တွေကတော့ စင်အောက်ကနေ သံပြိုင်အော်ဟစ်ကာ အားပေးနေကျပါပြီ။" မင်းယွီ...... အဲဒီလီဖူချန်းဆိုတဲ့ကောင်လေးက သမီးပြောပြောနေတဲ့ တစ်ယောက်လား။ သူ့ရဲ့ကျင့်ကြံမှုနှုန်းကတော့ မဆိုးပါဘူး။ ဒါပေမဲ့ နှမြောစရာကောင်းတာက သူက သူ့ကန့်သတ်ချက်ကို သူမသိတာဘဲ။ အဲဒါက သူ့ဘဝကို ပျက်စီးစေလိမ့်မယ်။" ဖန်းယွမ်စင်မြင့်နဲ့ သိပ်မဝေးတဲ့ တောင်တစ်ခုပေါ်မှာတော့ အကြီးအကဲတစ်ယောက်က မိန်းမပျိုလေးတစ်ယောက်နဲ့အတူ ရှိနေပါတယ်။ အဲသည်မိန်းမပျိုလေးက ပန်းလေးတစ်ပွင့်လိုနုနယ်ပြီး လိပ်ပြာလေးတစ်ကောင်လို အရောင်အသွေးစုံလင်စွာနဲ့ လှပနေတယ်လေ။ သူမကတော့ ဇောင်မင်းယွီဘဲ ဖြစ်ပါတယ်။" ဘိုးဘိုးကလည်း ကောက်ချက်ချတာ အရမ်းမစောသေးနဲ့ဦးလေ။ သမီးဘက်ကတော့ လုံးဝယုံကြည်တယ်။ လီဖူချန်းက လျိုတိုင်ရှန်းကို အနိုင်ယူကို ယူသွားမှာ။ ပြီးတော့ လီဖူချန်းက ကြယ်၅ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေထက်ကို သာတယ်ဆိုတာ သမီးရဲရဲကြီး အာမခံတယ်။" သူမက သူမရဲ့အဘိုးဖြစ်သူ လီဖူချန်းအပေါ်ကို ကောက်ချက်ချတာကို လုံးဝ မကျေနပ်ဘူးလေ။" ဒီတော့...... သမီးက လီဖူချန်းအပေါ် အကြွင်းမဲ့ ယုံကြည်တယ်ပေါ့လေ။ " အဘိုးကြီးက ခပ်တိုးတိုးကလေး ရယ်မောလိုက်ပါတယ်။"ဟမ့်....... အဘိုးစောင့်ကြည့်နေလိုက်ပါ။ မကြာခင်မှာ သိလာရလိမ့်မယ်" ဇောင်မင်းယွီက နှုတ်ခမ်းစူပြီး သူမရဲ့အဘိုးဖြစ်သူကို ရန်တွေ့လိုက်ပါသေးတယ်။" ကြည့်ရတာ သမီးက ဒီကောင်လေးကို မျက်စိကျနေပုံဘဲ "အကြီးအကဲရဲ့ အတွေ့အကြုံတွေအရ ဇောင်မင်းယွီရဲ့ စိတ်ကို ကောင်းကောင်းကြီး ခန့်မှန်းလိုက်နိုင်ပါတယ်။ အကြီးအကဲက ထိတ်လန့်သွားပါတော့တယ်။ သူက သူ့ရဲ့ချစ်လှစွာသော မြေးချောလေးကို သာမန်အရိုးတည်ဆောက်ပုံပိုင်ရှင် လက်ထဲကို ကြည်ဖြူစွာနဲ့ မထည့်လိုက်နိုင်ပါဘူးလေ။လူတစ်ယောက်ရဲ့ အရိုးတည်ဆောက်မှုဆိုတာ ကျင့်ကြံခြင်းလောကမှာ အရမ်းအရေးကြီးတာ မဟုတ်ပါလား။ ပြီးတော့ သူတို့ရဲ့ သားစဉ်မြေးဆက်ကိုလည်း ထိခိုက်စေနိုင်တယ်လေ။တစ်ကယ်လို့ မိဘနှစ်ပါးစလုံးရဲ့ အရိုးတည်ဆောက်ပုံတွေက မဆိုးတဲ့အဆင့်မှာ ရှိနေရင် သူတို့မွေးလာတဲ့ သားသမီးကလည်း မဆိုးတဲ့ အရိုးတည်ဆောက်မှု ရှိနေမှာပါဘဲ။တစ်ကယ်လို့ မိဘက အသုံးမကျတဲ့ အရိုးတည်ဆောက်မှုကို ပိုင်ထားတယ်ဆိုရင် သူတို့ရဲ့ သားသမီးတွေကလည်း ဘာမှ အသုံးကျလာမှာ မဟုတ်ဘူးလေ။သူ့ရဲ့မြေးမလေးက ကြယ်၎ပွင့် အရိုးတည်ဆောက်ပုံကို ပိုင်ဆိုင်ထားတဲ့အတွက် အနည်းဆုံးတော့ ကြယ်၎ပွင့်အဆင့်ရှိတဲ့ သူနဲ့မှ သဘောတူနိုင်ပါလိမ့်မယ်။" ဘိုးဘိုး...... ဘာတွေလျှောက်ပြောနေတာလည်း" ဇောင်မင်းယွီက ရှက်သွေးဖြာသွားပြီး ခေါင်းငုံ့သွားပါတယ်။" မင်းယွီ ...... ဘိုးဘိုးကို သေသေချာချာပြောစမ်း။ သမီးက ဒီကောင်လေးကို တစ်ကယ်ဘဲ သဘောကျနေတာလား" အကြီးအကဲက အလေးအနက်ထားပြီး မေးလိုက်ပါတယ်။ဇောင်မင်းယွီက အနည်းငယ်တုံ့ဆိုင်းသွားပြီး နောက်ဆုံးမှာတော့ဘခေါင်းခါပြလိုက်ပါတယ်။" တော်သေးတာပေါ့ကွာ "အကြီးအကဲက အခုမှ စိတ်အေးသွားသည့်ပုံပါဘဲ။ဖန်းယွမ်စင်မြင့်ပေါ်မှာတော့ လီဖူချန်းနဲ့ လျိုတိုင်ရှန်းက တစ်ယောက်ကိုတစ်ယောင် မီတာ၂၀ ခြားပြီး ရပ်နေပါတယ်။လျိုတိုင်ရှန်းက မာန်တစ်ချက်သွင်းလိုက်ပြီး သူရဲ့အတွင်းအားကို ထူတ်ဖောက်လိုက်ပါတယ်။ ပတ်ဝန်းကျင်တစ်ခုလုံးမှာလည်း လေပြင်းတွေ တိုက်ခတ်လာပါပြီ။ လီဖူချန်းကို အခွင့်အရေးမပေးဖို့ စဉ်းစားထားတဲ့ လျိုတိုင်ရှန်းက ပွဲစတာနဲ့ ဦးအောင်ကို တိုက်ခိုက်ပါတော့တယ်။" မိုးမြေသိမ့်တုန်ဓားသိုင်း "ဒီမိုးမြေသိမ့်တုန်ဓားသိုင်းက ရက်စက်ကြမ်းကြုတ်တဲ့ ဓားသိုင်းအမျိုးအစားထဲမှာ ပါပါတယ်။ ဒီဓားသိုင်းကို အသုံးပြုတဲ့သူက တစ်ဖက်လူကို ဒဏ်ရာတစ်ချက်ရအောင် လုပ်လိုက်နိုင်တာနဲ့ ဓားချီတွေက ဒဏ်ရာကတစ်ဆင့် သွေးကြောတွေထဲကို ဝင်ရောက်သွားပြီး သွေးကြောတွေကို ဖျက်ဆီးနိုင်စွမ်း ရှိပါတယ်။ဒီဓားချက် ထွက်ပေါ်လာတာနဲ့ ပတ်ဝန်းကျင်လေထုတစ်ခုလုံးက သိမ့်သိမ့်တုန်သွားပြီး လှိုင်းတွန့်လေးတွေတောင် ဖြစ်ပေါ်လာတာကို လီဖူချန်းက ခံစားလိုက်ရပါတယ်။" ဒါကတစ်ကယ်ဘဲ မိုးမြေသိမ့်တုန် ဓားသိုင်းရဲ့ အနှစ်သာရဘဲကွ။ အစ်ကို လျိုတိုင်ရှန်းက ဒီဓားသိုင်းကို ပြီးပြည့်စုံခြင်း အဆင့်အထိ လေ့ကျင့်ထားနိုငိတာဘဲ။"" ရှက်စရာဘဲဟေ့။ လီဖူချန်းကတော့ ဓားချက်တစ်ချက်တည်းနဲ့ ရှုံးတော့မှာဘဲ။ မတိုက်ခင်တုန်းက မာနထောင်လွှားနေတဲ့ မျက်နှာလေးက အခုဆိုရင် ဒူးထောက်ပြီး တောင်းပန်နေရတော့မယ်။"ကြောက်စရာကောင်းလှတဲ့ ဓားချက်က လီဖူချန်းရဲ့ ခန္ဓာကိုယ်အောက်ပိုင်းကို ဦးတည်နေပါတယ်။ ကြည့်ရတာ လျိုတိုင်ရှန်းက လီဖူချန်းရဲ့ ခြေထောက်ကို ဖြတ်ပစ်ချင်နေသည့် ပုံပါဘဲ။အဆုံးမဲ့အာဏာ အပိုင်း ၁၂၀မတစ်ထောင်တစ်ကောင်ဘွား ကျားဆိုမှကျား" အတွင်းအားတိုးစေတဲ့ ဆေးလုံးလား " လီဖူချန်းကတော့ ကြောက်ရွံ့နေသည့် ပုံလုံးဝမပြပါဘူး။ ဒီကိစ္စက ဖန်းယွမ်စည်းကမ်းကို ဖောက်ဖျက်နေတာပါ။ ဒါပေမဲ့ ပွဲစဉ်ကို ကြီးကြပ်တဲ့ အတွင်းစည်းကြီးကြပ်ရေးမှုးက ဘာမှဝင်မပြောတဲ့အတွက် လီဖူချန်းကလည်း စောဒက တက်မနေတော့ပါဘူး။ အဆုံးအဖြတ်ပေးမဲ့ သူကိုက မသိချင်ယောင် ဆောင်နေမှတော့ သူစောဒက တက်နေလည်း အလကားဖြစ်နေမှာပါဘဲ။လျိုတိုင်ရှန်းရဲ့ မိုးမြေသိမ့်တုန်ဓားသိုင်းက လီဖူချန်းရဲ့ ပတ်ပတ်လည် ၃မီတာကို ဟာကွက်မရှိ ပိတ်ဆို့ထားလိုကိပါပြီ။ရွှီး.........ချီအတွင်းအားနဲ့ အဝေးကတိုက်ခိုက်တယ်။ကြည့်ရတာ ချီအတွင်းအားတိုးဆေးလုံးကို သောက်သုံးပြီးတဲ့အခါမှာ လျိုတိုင်ရှန်းက ချီတွေကို ဓားကနေ ထုတ်လွှတ်ပြီး တိုက်ခိုက်လာနိုင်တဲ့ ပုံပါဘဲ။လီဖူချန်းက လုံးဝကို မခန့်မလေးစားပါဘဲ။ သူ့ရဲ့မျက်လုံးတွေကို မှိတ်လိုက်ပြီး ထူးဆန်းတဲ့ ခြေလှမ်းအနည်းငယ်ကို လှမ်းလိုက်ပါတယ်။လီဖူချန်းတစ်ယောက်ကတော့ ထူးဆန်းစွာဘဲ ဓားကွက်ထဲက ပျောက်ကွယ်သွားပါတယ်။အဲဒါကတော့ လီဖူချန်းရဲ့ ဆန်းကြယ်အဆင့်နိမ့် အရိပ်မဲ့ခြေသိုင်းပါဘဲ။လျိုတိုင်ရှန်းရဲ့ဓားချက်က လီဖူချန်းရဲ့အရိပ်ကိုတောင် ထိအောင်မခုတလိုက်နိုင်ပါဘူး။" မင်းက ရှောင်ပြေးချင်တာလား "လျိုတိုင်ရှန်းက လီဖူချန်းဆီကို သွေးရူးသွေးတန်းပြေးသွားပြီး အရူးတစ်ယောက်လို ဆက်တိုက်ထိုးခုတ်လိုက်ပါတယ်။ သူရဲ့မိုးမြေသိမ့်တုန်ဓားသိုင်းက ထွက်လာတဲ့ ဓားချီတွေက မိုးစက်မိုးပေါက်တွေလို လီဖူချန်းဆီကို ဦးတည်သွားနေပါတော့တယ်။ လီဖူချန်းရဲ့ ပတ်ပတ်လည် ၃မီတာအကျယ်အဝန်းကတော့ တစ်ကယ့် မရဏနယ်မြေလို ဖြစ်နေပါပြီ။လျိုတိုင်ရှန်းရဲ့ ဓားချက်ကို မိသွားရင်တော့ လီဖူချန်းတစ်ယောက် ရစရာကို ရှိတော့မှာ မဟုတ်ပါဘူး။ ဒီဓားချက်တွေက သူ့ရဲ့ သေကွင်းသေကွက်တွေကိုဘဲ ဦးတည်နေတာလေ။တော်သေးတာက လီဖူချန်းရဲ့ ထူးဆန်းတဲ့ ခြေကွက်တွေက သူ့ကို တစ္ဆေတစ်ကောင်လို သွက်လက်နေစေပါတယ်။ လျိုတိုင်ရှန်းရဲ့ ဓားချက်တွေကတော့ လီဖူချန်းကို ထိရမယ့်အစား ဖန်းယွမ်စင်မြင့် ကြမ်းပြင်ကိုဘဲ ထိနေပါတော့တယ်။စင်အောက်ကနေ လျိုတိုင်ရှန်းကို အားပေးနေတဲ့လူတွေကလည်း စိတ်ဓာတ်ကျချင်သလိုလို ဖြစ်နေပါပြီ။ လျိုတိုင်ရှန်းရဲ့ အဖြစ်က လေကိုလိုက်ပြီး ခုတ်နေတဲ့ အရူးတစ်ယောက်လို ဖြစ်နေသည် မဟုတ်ပါလား။လျိုတိုင်ရှန်းက အခြေအနေမဟန်တာကို သဘောပေါက်တဲ့အတွက် ဓားကွက်ကို ရပ်လိုက်ပြီး စကားနာ ထိုးပါတော့တယ်။" ရှောင်ဖို့ဘဲသိတာလား...... ငကြောက်ကောင် "လီဖူချန်းရဲ့ ထူးဆန်းတဲ့ခြေကွက်ကြောင့် သူက လီဖူချန်းကို ထိအောက်တိုက်နိုင်တော့မှာ မဟုတ်ဘူးဆိုတာ သဘောပေါက်သွားခဲ့ပါပြီ။အခုတောင် သူသာ လက်ပန်းကျပြီး အမောဆို့နေပေမယ့် ဒီစောက်ရူးကတော့ ချွေးတောင်မစို့သေးပါဘူးလေ။" ငကြောက်ဟုတ်လား...... မင်းကတော့ စောက်ခွက်အရိုက်အရမ်းခံချင်နေပြီနဲ့တူတယ်။"လီဖူချန်းက အရှေ့ကို သုံးလှမ်းတိုးပြီး ခန္ဓာကိုယ်ကိုတစ်ပတ်လည်ကာ လေပ်ါခုန်တက်လိုက်တာနဲ့ လျိုတိုင်ရှန်းရဲ့ ဓားချီတွေအောက်ကနေ လွတ်ထွက်သွားပါတယ်။ထို့နောက်မှာတော့ လီဖူချန်းက ဝိညာဉ်တစ်ကောင်လို လျိုတိုင်ရှန်းရဲ့ ညာဘက်မှာ ပေါ်လာခဲ့ပါပြီ။လျိုတိုင်ရှန်းကတော့ လီဖူချန်းရဲ့ ထူးဆန်းတဲ့ခြေကွက်ကို အကြောင်သား ငေးကြည့်နေဆဲပါဘဲ။ ဒါပေမဲ့ လျိုတိုင်ရှန်းက ခေတဲ့သူတော့ မဟုတ်ပါဘူး။ လီဖူချန်းက သူ့ကိုတိုက်ခိုက်တော့မယ့် အချိန်မှာဘဲ ခါးကိုတစ်ချက်တွန့်လိမ်ကာ ရှောင်ထွက်သွားပါတယ်။ သူ့ခန္ဓာကိုယ်ကတော့ ဂျင်တစ်လုံးလိုဘဲ မွှတ်မွှတ်လည်နေပြီး လီဖူချန်းရဲ့ ဓားကွက်ကို ကာကွယ်ဖို့ပြင်ဆင်ထားပါတယ်။ဒီသိုင်းကွက်တော့ မိုးမြေသိမ့်တုန်ဓားသိုင်းရဲ့ အဓိကဓားကွက်ဖြစ်တဲ့ " ပဋာမြေလူးဓားကွက်" ပါဘဲ။ရွှမ်း...... ရွှမ်း...... ရွှမ်း.........လျိုတိုင်ရှန်းက မွှတ်နေအောင်လည်နေရင်းနဲ့ ဓားချက်တွေ အဆက်မပြတ်ထုတ်နေပါတော့တယ်။သူ့ရဲ့ဓားချီတွေကလည်း ဦးတည်ရာမရှိ အရပ်၈မျက်နှာစလုံးကို လွင့်ပျံနေပါတယ်။ လီဖူချန်းက သတိလက်လွှတ်ရှိမနေဘဲ သူ့ရဲ့ဓားနဲ့ ဓားချီတွေကို ရိုက်ထုတ်နေရပါပြီ။လီဖူချန်း ဓားချီတွေကို ရိုက်ထုတ်နေရတာ များလွန်းတဲ့အတွက် လက်တောင် အံသေချင်သလို ခံစားနေခဲ့ရတယ်လေ။" မင်းကအခုချိန်ထိ ခုခံနိုင်သေးတယ်ပေါ့လေ။ ရော့...... ဒီဓားသိုင်းကို မြည်းကြည့်စမ်း။" " လေရူးဓားမြန် ဓားသိုင်း"လျိုတိုင်ရှန်းက လည်နေတာကို ရပ်လိုက်ပြီး ဓားကွက်ပြောင်းလိုက်ပါတယ်။ လေရူးဓားမြန်ဓားသိုင်းက အဝါရောင်အထွတ်အထိပ်အဆင့်ဓားသိုင်းဖြစ်တဲ့အတွက် မိုးမြေသိမ့်တုန်ဓားသိုင်းလောက်တော့ မပြင်းထန်ပါဘူး။ ဒါပေမဲ့ ဒီဓားသိုင်းရဲ့ အားသာချက်က ပြင်းအားမဟုတ်ပါဘူး။ လျင်မြန်မှုပါ။ လျိုတိုင်ရှန်းရဲ့ အတွင်းအားတွေက အရမ်းပြင်းထန်နေတဲ့အတွက် ဓားချက်မြန်မြန်ထုတ်နိုင်လေလေ နိုင်ဖို့အခွင့်အလမ်း များလာလေလေပါဘဲ။" လီဖူချန်းကတော့ ရှုံးခါနီးနေပြီ" စင်အောက်က အတွင်းစည်းတပည့်တစ်ယောက်က မှတ်ချက်ချလိုက်ပါတယ်။လီဖူချန်းရဲ့ ခြေကွက်တွေက တစ်ကယ်ကို လျင်မြန်ပြီးထူးဆန်းတဲ့အတွက် မိုးမြေသိမ့်တုန်ဓားသိုင်းရဲ့ ဓားချီတွေကို အလွယ်တစ်ကူ ရှောင်တိမ်းနိုင်ပါတယ်။ အဲဒီအချက်ကို တိုက်ပွဲအတွေ့အကြုံ ရင့်ကျက်နေတဲ့ လျိုတိုင်ရှန်းကလည်း သတိပြုမိသွားတဲ့ အတွက် ဓားချက်မြန်မြန်ထုတ်နိုင်တဲ့ လေရူးဓားမြန်သိုင်းကို ပြောင်းလဲလိုက်တာပါ။လျိုတိုင်ရှန်းရဲ့ အတွေးက တစ်ကယ်ကို မှန်ကန်ခဲ့ပါတယ်။ အစောပိုင်းက တစ္ဆေတစ်ကောင်လို ရှောင်တိမ်းနေတဲ့ လီဖူချန်းက ရှောင်တိမ်းနေရာမှာ အနည်းငယ် လေးဖင့်လာခဲ့ပါပြီ။ လီဖူချန်းလိုလူသားတစ်ယောက်မပြောနဲ့ ခြင်တစ်ကောင်မှ ဒီလေရူးဓားကွက်ကို ရှောင်တိမ်းနိုင်ဖို့ ခဲယဉ်းလွန်းလှပါတယ်။လျိုတိုင်ရှန်းရဲ့ ဓားချီတွေကို ဖန်းယွမ်စင်မြင့်တစ်ဝက်လောက်ကို လွှမ်းခြုံသွားပါပြီ။ ဒီအတိုင်းဆက်သွားနေရင်တော့ လီဖူချန်းတစ်ယောက် ရှုံးနိမ့်သွားတော့မှာ မလွဲဧကန်ပါဘဲ။ လီဖူချန်းကလည်း သူ့အခြေအနေကို သူတွက်ဆထားပြီးသားပါ။" ကြည့်ရတာ ငါဓားဆန္ဒကို မထုတ်သုံးလို့မရတဲ့ အခြေအနေကို ရောက်နေပြီဟ။ ခနနေပါဦး ငါမေ့နေတာကိုး။ ငါ့မှာ တစ်ခြားအကွက်ရှိသေးတာဘဲ "လီဖူချန်းက သူ့ရဲ့ ကြက်သွေးရောင်လျို့ဝှက်မီးတောက်အတွင်းအားကို ရုတ်သိမ်းလိုက်ပြီး လေအရိပ်ကိုယ်ဖော့ပညာကို ထုတ်ဖော်လိုက်ပါတယ်။ လီဖူချန်းရဲ့ခန္ဓာကိုယ်က မြှားတစ်စင်းလို ပြေးထွက်သွားပြီး မီတာအနည်းငယ်အကွာအဝေးကို မျက်စိတစ်မှိတ်အတွင်းမှာဘဲ ရောက်သွားပါတယ်။ ဒီအလျင်က စိတ်တန်ခိုးဖွဲ့စည်းခြင်းနယ်ပယ်က ပညာရှင်တစ်ယောက် ပိုင်ဆိုင်ထားနိုင်တဲ့ အမြန်နှုန်းကို မဟုတ်ပါဘူး။" ဒီကောင်ကဘယ်လိုလုပ် အဲလောက်မြန်နေရတာလည်း။" ပွဲကြည့်ပရိသတ်တွေကတော့ လီဖူချန်းရဲ့ အမြန်နှုန်းကို လုံးဝအံ့သြနေကျတယ်လေ။" ငါ့ရဲ့တိုက်ခိုက်မှုတွေအားလုံးကို မင်းရှောင်တိမ်းနိုင်မယ်လို့ ငါမယုံဘူးကွာ။"လျိုတိုငိရှန်းက နောက်ဆုံးအနေနဲ့ သက်စောင့်အတွင်းအားကိုတောင်မချန်ဘဲ ရှိသမျှ အတွင်းအားတွေကို ဓားဆီကို ပို့ဆောင်လိုက်ပါတယ်။ ထို့နောက်မှာတော့ သူက လီဖူချန်းကို ဓားနဲ့ လှမ်းခုတ်လိုက်ပါပြီ။တစ်ပြိုင်တည်းမှာဘဲ လျိုတိုင်ရှန်းရဲ့ ဘယ်ဘက်လက်က လက်သီးတစ်လုံးထွက်လာပြီး လီဖူချန်းရဲ့ ရှောင်တိမ်းနိုင်မယ့်ဘက်ကို ထိုးနှက်လိုက်ပါတယ်။ဒီလက်သီးနဲ့ ဓားဆီကနေ ထွက်လာတဲ့ ချီအတွင်းအားတွေက လီဖူချန်းရဲ့နောက်ကို အသက်ရှိနေတဲ့ သားရဲတစ်ကောင်လို လိုက်လံတိုက်ခိုက်နေပါတယ်။လျိုတိုင်ရှန်းရဲ့ ဒီတိုက်ခိုက်မှုကနေတော့ စိတ်တန်ခိုးဖွဲ့စည်းခြင်းနယ်ပယ်အဆင့်၉မှာ ရောက်နေတဲ့ ပညာရှင်တောင် ထွက်ပြေးလွတ်မြောက်နိုင်မယ် မထင်ပါဘူး။ဒါပေမဲ့ အခုသူနဲ့ထိပ်တိုက်ရင်ဆိုင်နေတာက လီဖူချန်းပါ။လီဖူချန်းက အတော်မြင့်မြင့်ကို ခုန်တက်လိုက်ပြီး ပထမဆုံးရောက်လာတဲ့ ဓားချီတွေကို ရှောင်လိုက်ပါတယ်။ ထို့နောက်မြေပေါ်ပြန်အကျမှာတော့ ခြေဖျားတစ်ချက်ထောက်ကာ နောက်ထပ်တစ်ကြိမ် ဘေးတစ်စောင်းခုန်ထွက်သွားပြန်တယ်လေ။ သူ့ရဲ့ဒီရှောင်တိမ်းမှုက ဓားချီတွေကို ရှောင်တိမ်းနိုင်ရုံသာမက လက်သီးချက်ကိုပါ ရှောင်တိမ်းလိုက်နိုင်ပါတယ်။တစ်ကယ်တော့ ဒါက ရိုးရိုးရှင်းရှင်းလေးပါဘဲ။ ဓားချီကို အပေါ်ခုန်တက်ပြီး ပြန်အကျမှာ သူက ညာဘက်လက်ကို အသုံးပြုပြီး လေဟာနယ်တစ်ခုကို ဖန်တီးလိုက်တာပါ။ ပြီးတာနဲ့ အဲဒါကို တွန်းကန်းအားအဖြစ်ပြောင်းလိုက်တဲ့အခါမှာတော ဘေးတစ်စောင်းခုန်ထွက်သွားနိုင်တယ်လေ။လီဖူချန်းက သူ့ရဲ့အနက်ရောင်သံသေဓားကို တစ်ဖန်ဆွဲထုတ်လိုက်ပါပြီ။ သူက ခြေကိုတစ်ချက်ဆောင့်လိုက်တာနဲ့ လျိုတိုင်ရှန်းရဲ့ အနောက်ကို ရောက်သွားခဲ့တယ်လေ။လီဖူချန်းရဲ့ လှုပ်ရှားမှုအစကနေ အဆုံးအထိကို ကြည့်နေရတာက ကျွမ်းကျင်တဲ့ ကချေသည်တစ်ယောက် အစွမ်းကုန် ကပြဖျော်နေနေသလိုပါဘဲ။ မည်သည့်အရာကမှ အတင်းအကျပ် လုပ်ဆောင်ထားခြင်းမရှိဘဲ အရာရာကို လိုက်လျောညီထွေစွာ ရှိနေပါတယ်။မြေဆွဲအားသဘာဝကတော့ သူ့အပေါ်မှာ လုံးဝသက်ရောက်မှု မရှိတဲ့ပုံပါဘဲ။ " ဒီကောင်က လူကော ဟုတ်သေးရဲ့လား"" ဒီကောင်က နတ်ဆိုးတစ်ပါး ဝင်ပူးထားတာဘဲ ဖြစ်ရမယ်။"ပွဲကြည့်ပရိသတ်တွေကတော့ ရင်တစ်မမနဲ့ ကြည့်နေကျပါတယ်။လီဖူချန်းကို အစက ကြည့်မရတဲ့ အတွင်းစည်းဂိုဏ်းသား အချို့ကတောင် ဒီလှပသေသပ်တဲ့ လှုပ်ရှားမှုတွေကို မြင်တွေ့ပြီးနောက်မှာတော့ စတင်အားပေးလာကျပါပြီ။" လီဖူချန်းကွ...... ။ ဒါမျိုးတော့ လာမစမ်းနဲ့။ ရူးတောင် သွားဦးမယ်။ ကြိုစားထား လီဖူချန်း။ လျိုတိုင်ရှန်းက ကျရိပ်သန်းနေပြီ "လူတစ်ယောက်က ဒီလိုပေါ့ပါးမှုမျိုးနဲ့ အမြန်နှုန်းကို ပိုင်ဆိုင်ထားနိုင်မယ်လို့ သူတို့တွေ စိတ်ကူးထဲမှာတောင် မတွေးထင်ခဲ့ဖူးပါဘူးလေ။ အခုတော့ လီဖူချန်းက သူတို့ရဲ့ အမြင်တွေကို ကျယ်စေခဲ့ပါပြီ။" လေအရိပ်ခြေလှမ်းနဲ့ အရိပ်မဲ့ခြေသိုင်း အလုံးစုံတတ်သိနားလည်ခြင်းအဆင့်လား......။ ဒီကောင်လေးက ငါထင်ထားသလောက် မရိုးရှင်းဘူးဘဲ။ ဘိုးဘိုးတောင် နည်းနည်းစိတ်ဝင်စားစ ပြုလာပြီ။" အဘိုးအိုက ပြုံးပြီး ဇောင်မင်းယွီကို ပြောလိုက်ပါတယ်။သူက တစ်ဖြည်းဖြည်းနဲ့ လီဖူချန်းရဲ့ ထိုးထွင်းသိမြင်မှုတွေက ကောင်းကင်ဘုံက ကောင်းချီးပေးထားတဲ့ ပါရမီရှင်တွေနဲ့ တန်းတူလိုက်နေတယ်ဆိုတာကို လက်ခံလာပါပြီ။လီဖူချန်းက ဓားသိုင်းမှာတင် အစွမ်းထက်နေတာမဟုတ်ဘဲ ကိုယ်ဖော့ပညာနဲ့ ခြေသိုင်းမှာပါ အလုံးစုံတတ်သိနားလည်ခြင်းအဆင့် ရောက်နေတာလေ။ လီဖူချန်းနေရာမှာ တစ်ခြားတပည့်တစ်ယောက်ဆိုရင် အတွင်းစည်းအကြီးအကဲတစ်ယောက်ယောက်ရဲ့ မျက်စိကျခြင်းကို ရနေတာ ကြာနေလောက်ပါပြီ။" မင်းရှုံးပြီ "လျိုတိုင်ရှန်းက ဓားကွက်ပြောင်းဖို့ ပြင်ဆင်နေတုန်းမှာဘဲ လီဖူချန်းရဲ့ ဓားက သူ့လည်ပင်းပေါ်ကို ရောက်နေခဲ့ပါပြီလေ။လျိုတိုင်ရှန်းက မျက်လုံးတွေ နီရဲလာပြီး ကြုံးအော်လိုက်ပါတယ်။" ရှုံးပြီ ဟုတ်လား...ငါဘယ်တုန်းက ရှုံးသွားလို့လည်းကွ။ "ဘုန်း!လျိုတိုင်ရှန်းက ရုတ်တရက် လီဖူချန်းရဲ့ ရင်ဘတ်ကို ထိုးချလိုက်ပါတယ်။လီဖူချန်းက ပွဲပြီးသွားပြီဆိုပြီး စိတ်အေးလက်အေးနဲ့ နေနေတာ ဖြစ်တဲ့အတွက် လျိုတိုင်ရှန်းရဲ့ လက်သီးကို မကာကွယ်လိုက်နိုင်ပါဘူး။သူရဲ့ခန္ဓာကိုယ် ခွန်အားက ၂၀၀၀၀ ကီလိုဂရမ်အားကို ကျော်နေပြီဖြစ်တဲ့ ခံနိုင်ရည်အလွန်ကောင်းနေတယ်လို့ ဆိုနိုင်ပေမယ့်လည်း သွေးတစ်လုတ်မျှ အန်လိုက်ရပါသေးတယ်။ " အောက်တန်းကျလိုက်တာ" ချန်ဖန်းဟွာက စင်အောက်ကနေ အော်ပြောလိုက်ပါတယ်။" အရှက်ကိုမရှိဘူး " ဇောင်မင်းယွီကလည်း သူမရဲ့ စိတ်ကို မထိန်းထားနိုင်တော့ပါဘူး။လီဖူချန်းက သူ့ပြိုင်ဖက်ကို ညှာတာပေးလိုက်ပေမယ့်လည်း လျိုတိုငငရှန်းကတော့ အရှုံးကိုဝန်မခံဘဲ အလစ်တိုက်ခိုက်လိုက်တာလေ။" လီဖူချန်း အပိုတွေလုပ်မနေနဲ့။ မင်းက ဒီလိုပုံစံနဲ့ ငါ့ကို အနိုင်ယူဖို့ စဉ်းစားထားတာလား။ ဒါက ဖန်းယွမ်စင်မြင့်ကွ။ သတ်ဖြတ်တာကလွဲပြီး ကျန်တဲ့အရာအားလုံးကို ခွင့်ပြုထားတယ်။ မင်းနဲ့ငါ တစ်ယောက်ယောက် သွေးမြေမကျဘဲ ပွဲက ပြီးမှာမဟုတ်ဘူး။ ကဲ အခုတော့ မင်းငါ့လက်သီးအကြောင်း ကောင်းကောင်းကြီး သိသွားပြီမလား။ စိတ်မပူပါနဲ့...... အေးအေးဆေးဆေးပေါ့။ ငါကမင်းရဲ့ခြေလက်တွေကို အေးအေးဆေးဆေး တစ်ချောင်းခြင်း ဖြတ်ပေးမှာပါ။ မင်းရဲ့ အတွင်းအားပင်လယ်ကိုတော့ နောက်ဆုံးမှ ဖျက်ဆီးရတာပေါ့။"လျိုတိုင်ရှန်းက လီဖူချန်းတစ်ယောက် အမှတ်မထင် ဒဏ်ရာရသွားတဲ့ အတွက် အထက်စီးကနေ တိုက်ခိုက်နေနိုင်ပါပြီ။ သူက မိုးမြေသိမ့်တုန်ဓားသိုင်းကို သုံးပြီး လီဖူချန်းကို တိုက်ခိုက်နေပါတယ်။" ပေါ့ဆမိတဲ့ ငါ့ရဲ့အမှားဘဲ " လီဖူချန်းက သက်ပြင်းချလိုက်ပါတယ်။လျိုတိုင်ရှန်းက သူ့ကို လီဖူချန်း ဒဏ်ရာရအောင် မလုပ်ရဲဘူးဆိုတာကို သိတဲ့အတွက် အဲဒီအချက်ကို အားကိုးပြီး တိုက်ခိုက်လိုက်တာလေ။ပြီးတော့ လျိုတိုင်ရှန်းဆိုတဲ့ကောင်က အဲလောက်အရှက်ကင်းမဲ့လိမ့်မယ်လို့ သူမထင်ထားခဲ့ပါဘူး။ဒီလောက်နီးကပ်နေတဲ့ အကွာအဝေးကနေ လာတဲ့ လက်သီးချက်ကို သူလုံးဝ ရှောင်တိမ်းခွင့် မရလိုက်ပါဘူး။ ဒီလက်သီးချက် အတွင်းဒဏ်အနည်းငယ် ဖြစ်ပေါ်စေတဲ့အတွက် သူ့ရဲ့ လှုပ်ရှားမှုတွေက အနည်းငယ် လေးလံနေခဲ့ပါပြီ။လီဖူချန်းက အသက်ကို တစ်ဝကြီးရှူလိုက်ပြီး လေထဲကို ခုန်တက်လိုက်ပါတယ်။ " မင်းက အရှုံးမပေးချင်မှတော့ ငါကမင်းကို ငဲ့ညှာနေလို့ကော ဘာထူးလာမှာလည်း ။ " လီဖူချန်းရဲ့ မျက်လုံးထဲမှာတော့ ရက်စက်ပြီး အကြင်နာမဲ့တဲ့ အရိပ်အယောင်တွေ ပေါ်ထွက်လာခဲ့တယ်လေ။ခန္ဓာကိုယ်က လေလို။ လေက အရိပ်လို။ ပြီးတော့ အရိပ်က တစ္ဆေတစ်ကောင်လို ဦးတည်ရာမဲ့ သွားလာနေပြီး ပျောက်ကွယ်သွားပါပြီ။လီဖူချန်းက ကိုယ်ဖော့ပညာဆိုတာ ဘာလည်းဆိုတာကို အားလုံးကို ကောင်းကောင်းကြီး ပြသနေသလိုပါဘဲ။ လူသာမန်တွေရဲ့ မျက်လုံးနဲ့ လီဖူချန်းကို ရှာတွေ့ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်တော့ပါဘူး။ သူ့ရဲ့ ဒီတစ်ခေါက် အမြန်နှုန်းက ပထမတစ်ခေါက်တုန်းကထက်ကို အဆပေါင်းများစွာ မြန်နေပါသေးတယ်။လီဖူချန်းက လျိုတိုင်ရှန်းရဲ့ ဓားချက်တွေထဲကနေ ရုန်းထွက်ပြီး ပြန်ပေါ်လာတဲ့အချိန်မှာတော့ ...... လျိုတိုင်ရှန်းရဲ့ နောက်ကျောဘက်ကို ရောက်နေပါပြီ။လျိုတိုင်ရှန်းက ဒဏ်ရာရနေတဲ့ လီဖူချန်းတစ်ယောက် ဒီလောက်အထိ လျင်မြန်စွာ လှုပ်ရှားနေနိုင်လိမ့်မယ်လို့ မထင်ထားတဲ့အတွက် ခုခံကာကွယ်ဖို့ လုံးဝမပြင်ထားမိပါဘူး။သူ့ရဲ့ စိတ်ထဲမှာလည်း လီဖူချန်းက သူ့ကို ဒဏ်ရာရအောင် မတိုက်ခိုက်ရဲဘူးလို့ တွက်ထားခဲ့တဲ့အတွက် ခုခံကာကွယ်ဖို့ မပြင်ထားခဲ့တာလည်း ပါပါတယ်။ဒါပေမဲ့ လျိုတိုင်ရှန်းတစ်ယောက် လီဖူချန်းကို လျော့တွက်ခဲ့မိလေပြီ။ဓားရောင်တစ်ချက် ဖြတ်ခနဲ လက်သွားအပြီးမှာတော့ လျိုတိုင်ရှန်းရဲ့ ဘယ်ဘက်လက်က လက်မောင်းရင်းကနေ ပြတ်ထွက်သွားပါတော့တယ်။ သွေးတွေကလည်း ရေတံခွန်ကနေ ကျနေတဲ့ရေတွေလိုပါဘဲ။အား.........!!!လျိုတိုင်ရှန်းက အသံနက်ကြီးဖြင့် အော်ဟစ်လိုက်ပါတော့တယ်။

အဆုံးမဲ့အာဏာ (လီဖူချန်း)Where stories live. Discover now