201-210

263 27 0
                                    

အဆုံးမဲ့အာဏာ အပိုင်း၂၀၁
ပြေးရပြန်လေပြီ

လီဖူချန်းက ရှေးဟောင်းပစ္စည်း လမ်းကြားထဲမှာ လျှောက်မွှေနေရင်းနဲ့  ရုတ်တရက် လီဝူရှုတို့ အုပ်စုကို တွေ့လိုက်ရပါတယ်။
လီဖူချန်းက ရုပ်ဖျက်ထားတဲ့အတွက်  သူ့ကို လီဝူရှု မှတ်မိမှာ မဟုတ်ဘူးဆိုတာက သိနေပေမယ့်လည်း ပိုပြီး စိတ်ချရဖို့အတွက် လီဝူရှုကို ကျောပေးလိုက်ပြီး ခပ်သုတ်သုတ် ထွက်သွားလိုက်ပါတယ်။
ဒါပေမယ့်လည်း လီဝူရှုရဲ့ ဆဲရေးတိုင်းထွာမှုတွေကို ကြားလိုက်ရပြီး သိပ်မကြာခင်မှာဘဲ လူငယ်တစ်စုက သူ့ကို ဝိုင်းထားလိုက်ပါပြီ။
လီဖူချန်းက ဘာမှမသိသည့်ဟန်ဖြင်
" ဘာဖြစ်တာလည်းဗျ……။ ကျွန်တော်ဘာများ အကူအညီ ပေးရမလည်း "

သည်မြို့ထဲမှာတော့ သူ့ရဲ့ဇာတိရုပ် အစစ်အမှန်က  မပေါ်လျှင် ပိုကောင်းပါသည်လေ။ လီဝူရှုနဲ့ ပါလာသည့် လူငယ်တွေကလည်း ခေမယ့်ပုံ  မပေါ်ပါဘူး။

လီဝူရှုကလည်း အနည်းငယ် ကြောင်အနေပါတယ်။အနောက်ကနေ မြင်လိုက်ရတဲ့ အနေအထားက လီဖူချန်းနဲ့ အရမ်းကို ဆင်နေသည့်အတွက် သူက သည်လူကို လီဖူချန်းဟုထင်ပြီး ဝိုင်းထားခိုင်းလိုက်တာပါ။
ဒါပေမဲ့ အရှေ့ကနေ ကြည့်တဲ့အခါမှာတော့ ထိုလူက လီဖူချန်းနဲ့ တစ်စက်ကလေးမျှကို မတူပါဘူး။ ပြီးတော့ အသက်အရွယ်ကလည်း တစ်ခြားစီပါဘဲလေ။

မားတင်းယန်က ကပ်ဖားကပ်ဖားဖြင့်  "အစ်ကိုလီ…… သည်ကောင်က အစ်ကို့ကို စော်ကားဖူးတာလား။ သည့်ကောင်ကို ဖမ်းခေါ်သွားပြီး ကောင်းကောင်းကြီး နှိပ်စက်လိုက်ရအောင်လေ။ ပြီးမှ ထောင်သွင်း အကျဉ်းချထား လိုက်ကြတာပေါ့။"
" သည့်ကောင်ကို  ဝါးဆစ်ထိုင်ခုံ အကြောင်း မြည်းခိုင်းလိုက်ရအောင်။"
( ဝါးဆစ်ထိုင်ခုံဆိုတာက ရှေးတုန်းက နှိပ်စက်နည်းတစ်ခု ဖြစ်ပါတယ်။)

လီဝူရှုက သူ့ရဲ့လက်ကို ဝှေ့ယမ်းလိုက်ပြီး " သွားတော့"

သည်ကောင်က လီဖူချန်းမဟုတ်မှတော့ သူကဆက်ပြီး ပြသနာ မရှာချင်တော့ပါဘူးလေ။
" ဟုတ်……ဟုတ် "
လီဝူရှုဆီက အမိန့်သံ ကြားပြီးတာနဲ့  လီဖူချန်းကလည်း အမြန်ဘဲ လစ်ပြေးပါတော့တယ်။

အဆုံးမဲ့အာဏာ (လီဖူချန်း)Where stories live. Discover now