392-400

242 31 0
                                    

အဆုံးမဲ့အာဏာ အပိုင်း ၃၉၂
အကုန်လုံးကို ဖိနှိပ်ခြင်း (  ပထမပိုင်း )

" ပြန်လမ်းမဲ့ ရွှေရောင်ဆေဘာ ခုတ်ချက် "
လေထုထဲမှာတော့ ရွှေရောင် ဆေဘာ ဓားအရိပ်တွေ ပေါ်လာခဲ့ပါပြီ ။ ရှတတ ချီအရှိန်အဝါတွေ ခိုဝင် ကိန်းအောင်းနေတဲ့ ဆေဘာဓားအရိပ်တွေ အကုန်လုံးက  ကျောင်းမင်းကို အရှိန်အဟုန် ပြင်းစွာဖြသ့် ခုတ်ပိုင်း ပစ်လိုက်ပါတယ် ။

" တိမ်ကောင်းကင် နတ်ဘုရားလက်ဝါး "

ကျောင်းမင်ကလည်း မခေပါဘူး ။ သူကလည်း ဧရာမ လက်ဝါးရိပ်ကြီး တစ်ခုကို ဖြစ်တည်စေလိုက်ပြီး သူ့ထဲ တိုးဝင်လာတဲ့ ဆေဘာဓားရိပ်တွေကို ရိုက်ထုတ် ပစ်လိုက်ပါတယ် ။
ဝုန်း…… ဝုန်း…… ဝုန်း……
ဘန်း………

လေထုထဲမှာတော့ အဆက်မပြတ် ပေါက်ကွဲမှုတွေ ဖြစ်ပေါ်လာပြီး စွမ်းအင်စီးကြောင်းတွေဟာ ပတ်ဝန်းကျင် အရပ် ၁၈မျက်နှာ စလုံးကို လွင့်ပျံ  ကုန်ပါတယ် ။ သည်တစ်ခါ ထိပ်တိုက်ရင်ဆိုင်မှုမှာတော့ ဘယ်သူမှ အသာ မရခဲ့ပါဘူး ။

" နောင်တမဲ့ ဆေဘာ "

ကျန်းယုဖေးက လေထဲသို့  ခုန်တက်လိုက်ပြီး ဆေဘာကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ  အားရပါးရ ခုတ်ပိုင်း ပစ်လိုက် ပြန်ပါတယ် ။
သည်ဆေဘာခုတ်ချက် က ရိုးရှင်းတယ် ထင်ရပေမယ့်လည်း တကယ့်တကယ်မှာတော့ အမျိုးအမည်မသိတဲ့ စွမ်းအင်တွေ ခိုဝင်ကိန်းအောင်း နေပါတယ် ။ ဒါက အန္တရာယ် များလှတဲ့ ခုတ်ချက်တစ်ခု ဆိုတာကိုတော့ ဘယ်လိုမှ ငြင်းမရပါဘူး ။

" တိမ်ပင်လယ်မှာ ကခုန်ခြင်း "
အားမာန်အပြည့် နဲ့ ခုတ်ပိုင်းလာတဲ့ ကျန်းယုဖေးရဲ့ ဆေဘာဓားချက်ကို ခုခံဖို့အတွက် ကျောင်းမင်းဟာ တိမ်ပင်လယ်မှာ ကခုန်ခြင်းဆိုတဲ့ သိုင်းကွက်ကို ရွေးချယ်လိုက်ပါတယ် ။ ဒါကတော့ လျင်မြန်မှုကို အသားပေးတဲ့ သိုင်းကွက်တစ်ခုပါ ။
" အရှုံးပေးစမ်း "
ဟူး……ဟူး……ဟူး……
မှုန်ဝါးဝါး လက်ဝါးရိပ်တွေက  မရေမတွက်နိုင်အောင် ဖြစ်ပေါ်လာခဲ့ပါပြီ ။ ရုတ်တရက် ကြည့်လိုက်မယ် ဆိုရင်တော့ သည်လက်ဝါးရိပ်တွေက နှေးကွေးဟန် ပေါ်ပေမယ့် တကယ့်တကယ့်တမ်းမှာတော့ လျှပ်ပြက်တဲ့အလား လျင်မြန်လွန်း လှပါတယ် ။
လက်ဝါးရိပ်တွေက နူးညံ့ပုံရပေမယ့်လည်း  တကယ့်တကယ်တမ်းမှာတော့ မထင်မှတ်ထား ရလောက်အောင်ကို ကြမ်းတမ်းလွန်းပါတယ် ။
ဒါက ကောင်းကင်ပေါ်မှာ ရှိနေတဲ့ တိမ်တွေလိုပါပဲ ။ လေ ဘယ်လောက်ပဲ ပြင်းပြင်း တိမ်တွေကတော့ ပျောက်ကွယ်သွားမှာ မဟုတ်ဘဲ ပုံသဏ္ဍာန်သာ ပြောင်းလဲသွားပြီး ထုထည် ပိုကြီးလာဦးမှာပါ ။

အဆုံးမဲ့အာဏာ (လီဖူချန်း)Where stories live. Discover now