အဆုံးမဲ့အာဏာ အပိုင်း၁၇၁
ငါအလှည့် ရောက်ပြီကွ" ဖူချန်း…… အမေကတော့ မကောင်းဘူးလို့ ထင်တယ်နော်။ သားသာ အဲသည်လို လုပ်မယ်ဆိုရင် လီကလန်တစ်ခုလုံးနဲ့ ပြသနာ တက်လိမ့်မယ်။ အလျင်မလိုပါနဲ့ဦး သားရယ်……။"
ရှန်းယုရန်ကတော့ လီဖူချန်းကို သံသယ ရှိနေသည့် ပုံပါဘဲ။
လီရှန်းဟန်ကလည်း ခေါင်းညိတ်လိုက်ပြီး
" အလျင်မလိုပါနဲ့ ငါ့သားရာ……။ အခုလည်း အဖေက အဆင်ပြေပါတယ်။ ခေါင်းဆောင် မလုပ်ရတော့ ပိုပြီး ကောင်းကောင်းအိပ်၊ ကောင်းကောင်းစားရတာပေါ့ ။ ငါ့သား အဖေ့အတွက်နဲ့ ဒုက္ခမများချင် စမ်းပါနဲ့။"သူတို့ နှစ်ယောက်စလုံး ပူပန်ရမယ့် အရာတွေ အများကြီး ရှိတယ်လေ။ အဓိကကတော့ လီဖူချန်းက မြေကမ္ဘာနယ်ပယ်ကို ရောက်ဖို့ လိုနေသေးတာပါဘဲ။ သူက မြေကမ္ဘာနယ်ပယ်ကို မရောက်သေးဘဲနဲ့တော့ လီကလန်ထဲမှာ လုပ်ချင်သလို လုပ်လို့ မဖြစ်နိုင်သေးပါဘူး။
သာမန်အရိုးတည်ဆောက်ပုံ ပိုင်ရှင်ဆိုတာက မြေကမ္ဘာနယ်ပယ်ကို တစ်သက်လုံး မရောက်ဘဲနဲ့လည်း နေသွားရ နိုင်ပါသေးတယ်။
ဒါပေမဲ့ လီရှန်းဟန်တို့က လီဖူချန်းရဲ့ ကျင့်ကြံခြင်း အဆင့်ကို မကြည့်မြင်နိုင် သေးလို့သာ အခုလို စိုးရိမ်နေကျတာပါ။လီဖူချန်းက ပြုံးလိုက်ပြီး ယုံကြည်စိတ်ချမှု အပြည့်နဲ့ ပြောလိုက်ပါတယ်။
" အဖေ… အမေ…… ကျွန်တော်က အဲလောက် တုံးအတဲ့လူလို့ ထင်နေတာလား ။ ကျွန်တော်က ကိုယ့်ကိုကိုယ် ယုံကြည်စိတ်ချမှု မရှိဘဲ ဒီလို အလုပ်ကို မလုပ်ပါဘူးဗျာ။ ကျွန်တော့်ကိုသာ ယုံလိုက်စမ်းပါ။ အခုအချိန်ကစပြီး ဘယ်သူ့ကိုမှ ကြောက်စရာ မလိုတော့ဘူးဗျ။"" ဖူချန်း …… မင်းတစ်ကယ်ဘဲ ……"
လီရှန်းဟန်က ဖြစ်နိုင်ချေကို တွေးမိသွားတဲ့အတွက် လီဖူချန်းကို မေးလို့ လုပ်တုန်းမှာဘဲ လီဖူချန်းက လက်ကာပြလိုက်ပြီး
" အဖေ … သူများတွေ လာနေကျပြီ။ အဖေ့သားကို ယုံရင် ခေါင်းဆောင်ထိုင်ခုံမှာ ဝင်ထိုင်နေလိုက်တော့ "
လီဖူချန်းက လူသံတွေကို ကြားလိုက်ရတဲ့အတွက် လီရှန်းဟန်ကို အမြန် တိုက်တွန်းလိုက်ပါတယ်။
" ဟုတ်ပြီကွာ…… ထိုင်ဆိုတော့လည်း ထိုင်ရတာပေါ့ ။ အလွန်ဆုံး မောင်းထုတ်ခံရတာက လွဲပြီး ဘာမှတော့ ဖြစ်မှာ မဟုတ်ပါဘူး။ "
လီရှန်းဟန်က မျက်လုံးစုံမှိတ်ပြီး လီဖူချန်းကို ယုံကြည်လိုက်ပါတယ်။ စိတ်ကတော့ အနည်းငယ် လှုပ်ရှားနေတာပေါ့လေ။ ဒီခေါင်းဆောင်နေရာကို ပြန်ထိုင်လိုက်ရလို့ စိတိလှုပ်ရှားတာတော့ မဟုတ်ပါဘူး။ သူ့ရဲ့သား လီဖူချန်းက ဘယ်လောက်အထိ အစွမ်းထက်လာသလည်း ဆိုတာကို သိချင်တဲ့အတွက် စိတ်လှုပ်ရှားနေတာပါ။
မကြာခင်မှာဘဲ ခြေသံတွေ တစ်စထက်တစ်စ ကျယ်လာပြီး လီကလန်ရဲ့ အကြီးအကဲတွေက ပင်မခန်းဆောင်ထဲကို လှမ်းဝင်လာပါတော့တယ်။
ခေါင်းဆောင်နေရာမှာ အခန့်သား ထိုင်နေတဲ့ လီရှန်းဟန်ကို တွေ့လိုက်ရတဲ့ အခါမှာတော့ အားလုံးက ပါးစပ်အဟောင်းသား ဖြစ်သွားကျတယ်လေ။
" အရှက်မရှိလိုက်တဲ့ကောင်ပါလား။ လီရှန်းဟန်… မင်းကို ဘယ်သူက ခေါင်းဆောင်နေရာမှာ ထိုင်ခွင့်ပြုထားလို့လည်း…… ။ မင်းက အာဏာလုဖို့ ကြိုးစားနေတာလား……"

YOU ARE READING
အဆုံးမဲ့အာဏာ (လီဖူချန်း)
Akcjaမူရင်းဘာသာပြန်ဆိုသူ - လေလွင့်လုလင် (အကုန်တတ်သခင်လေး) ZAWGYI / UNICODE