531 - 540

252 20 0
                                    

အဆုံးမဲ့အာဏာ အပိုင်း ၅၃၁ ( စာစဉ် ၃၉ )နှစ်တစ်သိန်း မီးလျှံသံ


လီဖူချန်းရဲ့ သတ်ဖြတ်မှုကို ခံရအပြီးမှာတာ့ မီးလျှံမြွေဟာ လူသားအသွင်ကို မယူထားနိုင်တော့ပါဘူး ။သူရဲ့ ရုပ်အလောင်းက ဧရာမ မြွေကြီးတစ်ကောင် အဖြစ်ကို ပြောင်းသွားခဲ့ပါတယ် ။လီဖူချန်းကတော့ မီးလျှံမြွေရဲ့ ကျောပေါ်မှာ ထိုင်ပြီး သတ္တုချဉ်ဆီတွေကို စိမ်ပြေနပြေ ထုတ်ယူနေပါတော့တယ် ။၃၄ ကီလိုဂရမ်......သည်မီးလျှံမြွေကတော့ မဆိုးလှဘူးလို့ ဆိုရပါမယ် ။ လီဖူချန်းက သည်မီးလျှံမြွေဆီကနေပြီး သတ္တုချဉ်ဆီ ၃၄ ကီလိုဂရမ် ထုတ်ယူနိုင်ခဲ့ပါတယ် ။မီးလျှံမြွေတွေရဲ့ သတ္တုချဉ်ဆီ တန်ဖိုးက မနည်းလှပါဘူး ။ အဲဒါက နှစ်တစ်သောင်း မီးလျှံသံထက်တောင်မှ ပိုတန်ဖိုး ကြီးပါသေးတယ် ။" အင်း...... ပြန်ရမယ့် အချိန်ကျပြီ "လီဖူချန်းက မီးလျှံမြွေရဲ့ မိစ္ဆာသားရဲ အမြုတေကို ထုတ်ယူဖို့လည်း လုံးဝ မမေ့ပါဘူး ။ အဲသည်နောက်မှာမှ သူက မြေပေါ်ကို ပြန်တက်ဖို့ ပြင်ပါတော့တယ် ။" ဟင်...... ဟိုဟာက ဘာလေးပါလိမ့် "ဒါပေမဲ့လည်း လီဖူချန်းက မြေပေါ်ကို ပြန်မတက်မိ လိုက်ပါဘူး ။ ဘာဖြစ်လို့လဲ ဆိုတော့ သူက သည်မြေအောက်ဂူရဲ့ ထောင့်တစ်နေရာမှာ အနီရောင်ဖျော့ဖျော့ အလင်းတန်းတစ်ခု ဖြာထွက်နေတာကို သတိပြုမိလိုက်လို့ပါပဲ ။" သွားစမ်း "လီဖူချန်း အလင်းရောင် ဖြာထွက်နေတဲ့ နေရာကို လမ်းလှျှေှာက်သွားလိုက်ပြီး လက်ဝါးနဲ့ ရိုက်ထည့်လိုက်ပါတယ် ။ဘန်း......မြေအောက်ဂူ နံရံဟာ ပေါက်ကွဲထွက်သွားခဲ့ပါပြီ ။တစ်ဆက်တည်းမှာပဲ ခြေသလုံးသာသာ ရှိတဲ့ သတ္တ္တုတုုံး တစ်တုံးဟာ ဂူနံရံ ထဲကနေ ပေါ်ထွက်လာခဲ့ပါတယ် ။ အဲဒါက မီးလျှံသံ တစ်တုံးပါပဲ ။အဲသည် မီးလျှံသံတုံးက ရိုးရိုးသာမန် နှစ်တစ်ရာ သက်တမ်းရှိ မိီးလျှံသံတုံး မဟုတ်သလို နှစ်တစ်ထောင် မီးလျှံသံတုံးလည်း မဟုတ်ပါဘူး ။ အဲဒါက နှစ်တစ်သောင်း မီးလျှံသံတုံး တစ်တုံး ဖြစ်နေပါတယ် ။" ဟာ...... ပွတာပဲဟေ့ "လီဖူချန်းရဲ့ မျက်လုံးတွေကတော့ အရောင်တောက်နေ ခဲ့ပါပြီ ။သည်နှစ်တစ်သောင်း မီးလျှံသံတုံးက ခြေသလုံး တစ်လုံးလောက်သာ ရှိပေမယ့်လည်း အလေးချိန်ကတော့ ၁၅၀၀ ကီလိုဂရမ်လောက်ကို ရှိနေပါတယ် ။ စိတ်ဝိညာဉ်ဖွဲ့စည်းခြင်း နယ်ပယ်က သာမန် ကျင့်ကြံသူ တစ်ယောက်တောင်မှ သည်မီးလျှံသံတုံးကို' မ'မယ်ဆိုရင် မနည်း ' မ 'ရမှာပါ ။" နှစ်တစ်သောင်း မီးလျှံသံတုံး နဲ့ မီးလျှံမြွေရဲ့ သတ္တုချဉ်ဆီ ။ ဒါတွေက မြေကမာ႓အဆင့်မြင့် ဓားတစ်လက် သွန်းလုပ်လို့တောင် ရနေပြီပဲ ။ ငါ့အနေနဲ့ ဟန်ချက်ထိန်း သတ္တု နည်းနည်းပဲ ရှာဖို့ လိုတော့တာ "ဟန်ချက်ထိန်း သတ္တုကိုတော့ သည်ကမာ႓ရဲ့ အခြေခံ အကျဆုံး သတ္တုအဖြစ် လူသိများပါတယ် ။အဲသည် သတ္တုရဲ့ လုပ်ဆောင်ပေးမှုကတော့ ရိုးရိုးရှင်းရှင်းလေးပါပဲလ။ ဟန်ချက်ထိန်း သတ္တုက သတ္တုတွေကို လိုက်လျောညီထွေစွာ ပေါင်းစပ်နိုင်အောင် ကူညီပေးနိုင်ပါတယ် ။သတ္တုတွေထဲမှာဆိုရင် ဟန်ချက်ထိန်း သတ္တုက တန်ဖိုးအကြီးဆုံးလို့ ဆိုရပါမယ် ။လီဖူချန်း လက်ထဲက ဓားဟာ ကီလိုဂရမ် ထောင်ပိုင်းအနည်းငယ် လေးတယ် ဆိုပေမယ့် ဟန်ချက်ထိန်း သတ္တု ပါဝင်မှုကတော့ ၅၀ ဂရမ်ထက်တောင် နည်းပါသေးတယ် ။" အင်း...... ငါမပြန်သေးဘဲ နှစ်တစ်သောင်း မီးလျှံသံတွေ ရှာနေရင် ပိုကောင်းမယ် ထင်တယ် "အစောပိုင်းတုန်းကတော့ လီဖူချန်းက မီးလျှှံသံတွေကို ရှာဖို့ စိတ်ကူးမရှိပါဘူး ။ သူက မီးလျှံမြွေ သတ္တုချဉ်ဆီ ၅၀ ကီလိုဂရမ် ရပြီးတာနဲ့ ဂိုဏ်းတော်ကို တန်းပြန်ဖို့ စီစဉ်ထားခဲ့တာပါ ။ဒါပေမဲ့လည်း အခုတော့ သူက မြေအောက်အနက် မီတာ တစ်သောင်းနားမှာ နှစ်တစ်သောင်း မီးလျှံသံတုံး တစ်ခုကို စတင် တွေ့ရှိလာခဲ့ပါပြီ ။ လီဖူချန်း ထင်ထားတာ မမှားဘူး ဆိုရင်တော့ သည်နေရာ တစ်ဝိုက်မှာ နောက်ထပ် နှစ်တစ်သောင်း မီးလျှံသံတုံးတွေ ရှိနေဦးမှာပါပဲ ။ယေဘုယျအားဖြင့် ဆိုရင်တော့ တိုက်ပွဲဝိညာဉ် ဆရာသခင် တစ်ပါးရဲ့ လိပ်ပြာ အသိစိတ်အာရုံဟာ မိုင်ရာပေါင်း အနည်းငယ်အထိ ဖြန့်ကြက်နိုင်လေ့ ရှိပြီး အစွမ်းထက် တိုက်ပွဲဝိညာဉ် ဆရာသခင်တွေကတော့ မိုင်တစ်ထောင်လောက်အထိ လိပ်ပြာအသိစိတ်အာရုံ ဖြန့်ကြက်နိုင်ပါတယ် ။ ဒါပေမဲ့လည်း အဲဒါက လေထုထဲမှာသာ ဖြန့်ကြက်နိုင်တာဆိုတဲ့ အချက်ကိုတော့ မေ့လို့ မရပါဘူး ။မြေအောက်ထဲမှာဆိုရင်တော့ တိုက်ပွဲဝိညာဉ် ဆရာသခင် တစ်ပါးရဲ့ အသိစိတ်အာရုံ ဖြန့်ကြက်နိုင်စွမ်းဟာ အဆ တစ်ရာနီးပါး ကျဆင်းသွားလေ့ ရှိပါတယ် ။တကယ်လို့ တိုက်ပွဲဝိညာဉ်နယ်ပယ် ဆရာသခင် တစ်ပါးက အသိစိတ်အာရုံကို လေထုထဲမှာ မိုင်ရာပေါင်း အနည်းငယ် ဖြန့်ကြက်နိုင်တယ် ဆိုရင် မြေထုထဲမှာတော့ မိုင်ပေါင်းအနည်းငယ်သာ ဖြန့်ကြက်နိုင်မှာပါ ။ဒါပေမဲ့လည်း လီဖူချန်းကတော့ တခြား တိုက်ပွဲဝိညာဉ်နယ်ပယ် ဆရာသခင်တွေနဲ့ မတူပါဘူး ။ သူက တိုက်ပွဲဝိညာဉ် နယ်ပယ် ဆရာသခင် မဖြစ်လာသေးခင်ကတင် အသိစိတ် အာရုံကို မိုင်ပေါင်း ငါးသောင်းအထိ ဖြန့်ကြက်ထားနိုင်ခဲ့သူပါ ။ သူ့ရဲ့ အသိစိတ်အာရုံ ့ဖြန့်ကြက်နိုင်စွမ်းဟာ ပြန်လည်ဝင်စားခြင်း နယ်ပယ်မှာကတည်းက မူလပင်လယ်နယ်ပယ် ဘုရင်တွေဖက်ကို သာလွန်နှင့်ပြီးသားပါပဲ ။တိုက်ပွဲဝိညာဉ်နယ်ပယ်ကို တက်လှမ်း အပြီးမှာတော့ လီဖူချန်းရဲ့ လိပ်ပြာအသိစိတ်အာရုံ ဖြန့်ကြက်နိုင်စွမ်း အကွာအဝေးက ပိုတောင် ဝေးလာပါသေးတယ် ။ အခုဆိုရင် သူက လိပ်ပြာ အသိစိတ်အာရုံကို မိုင်ပေါင်း တစ်သိန်းအထိတောင် ဖြန့်ကြက်နေနိုင်ပါပြီ ။အဲသည်အတွက် လီဖူချန်းဟာ မြေအောက်ထဲမှာ မိုင်ထောင်ပေါင်း အနည်းငယ်အထိ လိပ်ပြာအသိစိတ် အာရုံ ဖြန့်ကြက်နိုင်မှာ အသေအချာပါပဲ ။ ဒါပေမဲ့လည်း အဲဒါက သီအိုရီ အယူအဆ အရပဲ ရှိပါသေးတယ် ။ လီဖူချန်းက သူ့အနေနဲ့ မြေအောက်ထဲမှာ မိုင်ထောင်ပေါင်း အနည်းငယ်အထိ အသိစိတ် အာရုံ ဖြန့်ကြက် နိုင် ၊မနိုင် ဆိုတာကိုတော့ ကိုယ်တိုင် လက်တွေ့ စမ်းသပ် ကြည့်ရပါဦးမယ် ။" ကဲ......စမ်းကြည့်ဥိီးမှ "လီဖူချန်းက လက်တွေ့ စမ်းသပ်ဖို့အတွက် မြေပြင်ပေါ်ကို ပြန်တက်သွားပြီး မြေပြင်ပေါ်ကနေ သူ့ရဲ့ အသိစိတ်အာရုံကို မြေအောက်ထဲ ဖြန့်ကြက်လိုက်ပါတယ် ။မိုင် ၅၀...... မိုင် ၁၀၀ ...... မိုင် ၁၀၀၀ ......မိုင် ၁၈၀၀ ။လီဖူချန်းရဲ့ လိပ်ပြာအသိစိတ်ဟာ အရမ်း အစွမ်း ထက်နေလွန်းလို့လားတော့ မသိပါဘူး ။ သူ့ရဲ့ မြေအောက် လိပ်ပြာအသိစိတ် ဖြန့်ကြက်နိုင်စွမ်းဟာ အဆ တစ်ရာ နီးပါး ကျဆင်း မသွားဘဲ အဆ ငါးဆယ် နီးပါးသာ ကျဆင်းသွားခဲ့ပါတယ် ။" မြေအောက် မီတာအနက် တစ်သောင်းနဲ့ တစ်သောင်းကျော်မှာ ဆိုရင်ကော ဘယ်လိုနေမလဲ မသိဘူး "အဲသည်နောက်မှာတော့ လီဖူချန်းက မြေအောက်ထဲကို ပြန်ဆင်းသွားခဲ့ပါပြီ ။" အား...... မြေအောက်ထဲမှာ လိပ်ပြာအသိစိတ် အာရုံ ဖြန့်ကြက်ရတာက တော်တော်လေး ခက်တာပဲ "လီဖူချန်းက ခပ်တိုးတိုး ညည်းတွားလိုက်ပါတယ် ။မြေအောက် မီတာအနက် တစ်သောင်းမှာတော့ သူ့ရဲ့ လိပ်ပြာအသိစိတ်အာရုံက မိုင်ပေါင်း ၁၈၀၀ အထိ အလုပ်လုပ်ပေမယ့် မြေအောက်မီတာ အနက် တစ်သောင်း ကျော်သွားရင်တော့ သူ့ရဲ့ လိပ်ပြာအသိစိတ် အာရုံက သိပ်ပြီး အလုပ် မလုပ်တော့ပါဘူး ။မြေအောက်မီတာ အနက် မီတာ တစ်သောင်းကျော်ကနေ နှစ်သောင်းအတွင်းဆိုရင် သူ့ရဲ့ လိပ်ပြာ အသိစိတ်အာရုံက မိုင်ဒါဇင် အနည်းငယ် အထိသာ ဖြန့်ကြက်နိုင်စွမ်း ရှိပါတယ် ။လီဖူချန်းက မြေအောက်ထဲကို ပိုနက်နက် ဆင်းလာလေလေ မြေကမာ႓စွမ်းအင်က ပိုသိပ်သည်းလာလေလေ ဆိုတာကိုလည်း သတိပြုမိလိုက်ပါသေးတယ် ။အဲဒါကတော့ မြေကမာ႓ ဥပဒေသနဲ့ပဲ သက်ဆိုင်ပါလိမ့်မယ် ။လောကပေါ်မှာ ရှိသမျှ အရာအာလုံးဟာ ဥပဒေသတွေရဲ့ ထိန်းချုပ်ခြင်းကို ခံထားရတာပင် မဟုတ်ပါလား ။***......***......****.........***........." သည်မှာ တစ်ခု ...... သည်မှာလည်း တစ်ခု ...... သည်ဘက်မှာလည်း တစ်ခု "သိပ်မကြာခင်မှာပဲ လီဖူချန်းဟာ မြေအောက် မီတာ တစ်သောင်း အနက်မှာ ရှိနေတဲ့ မီးလျှံသံတွေကို အာရုံခံမိ သွားပါတော့တယ် ။ သူ မီးလျှံသံ တစ်တုံးတည်းတောင် အာရုံခံမိတာ မဟုတ်ပါဘူး ။ သူက မီးလျှံသံတုံး သုံးတုံးတိတိကို အာရုံခံလိုက် မိတာပါ ။ဘန်း......ဘန်း......ဘန်း...... လီဖူချန်းက မြေထုကို ထိုးခွဲလိုက်ပြီး သူ အာရုံခံမိတဲ့ မီးလျှံသံတုံး သုံးတုံးကို သိမ်းယူလိုက်ပါတော့တယ် ။" ဟား......ဟား...... တော်လိုက်တဲ့ ငါပါလား " နှစ်တစ်သောင်း မီးလျှံသံတုံး သုံးတုံးကို ရှာတွေ့ပြီးသွားတဲ့ နောက်မှာတော့ လီဖူချန်းက အတော်လေး ကျေနပ်သွားတဲ့ပုံပါပဲ ။ သူရဲ့ အပြံုးတွေက နားရွက်ကို တက်ချိတ်နေခဲ့ပါပြီ ။" အင်း...... သည်နားမှာတော့ မရှိတော့ဘူး ။ သည်ထက် နက်တဲ့ နေရာတွေမှာ ရှာကြည့်ရမယ် "အဲသည်နောက်မှာတော့ လီဖူချန်းက မြေအောက် မီတာအနက် တစ်သောင်းကျော်အထိ ဆင်းသွားပါတော့တယ် ။ လီဖူချန်းရဲ့ လိပ်ပြာ အသိစိတ်အာရုံ ဖြန့်ကြက်နိုင်စွမ်းက မြေအောက်မီတာ အနက် တစ်သောင်းကျော်မှာဆိုရင် မိုင်ဒါဇင် အနည်းငယ်သာ သက်ရောက်မှု ရှိပေမယ့်လည်း အလုပ် ဖြစ်နေဆဲပါပဲ။တစ်တုံး...... နှစ်တုံး.........နှစ်တစ်သောင်း မီးလျှံသံတွေက မြေအောက်မီတာ အနက် တစ်သောင်းကျော် နဲ့ တစ်သောင်းခွဲကြားမှာ ပိုပြီး ပေါနေသလိုပဲ ။ လီဖူချန်းက အချိန်တိုလေး အတွင်းမှာပဲ မီးလျှံသံတုံး ခုနစ်တုံးကို ရှာဖွေတွေ့ရှိခဲ့ပါတယ် ။ အဲသည်ထဲက တစ်တုံးဆိုရင် လူတစ်ရပ်လောက် ရှိပြီး အလေးချိန်အားဖြင့် ကီလိုဂရမ် သောင်းပိုင်း အနည်းငယ်လောက်တောင် ရှိနိုင်ပါတယ် ။ဒါပေမဲ့လည်း အဲသည် မီးလျှံသံတုံးတွေကို တူးယူဖို့ ဆိုတာက လီဖူချန်းအတွက် ခက်ခဲနေဆဲပါပဲ ။ နောက်ဆုံးမှာတော့ လီဖူချန်းက ရွေးချယ်စရာ မရှိတော့တဲ့အတွက် မီးလျှံမြွေ ဓားကို အသုံးပြုပြီး မြေအောက်လိုဏ်ဂူတွေ ဖောက်ကာ မီးလျှံသံတုံးတွေကို တူးယူရပါတော့တယ် ။" မြေအောက်မီတာအနက် တစ်သောင်းခွဲကျော်က မီးလျှံသံတွေကိုတော့ ငါသွားမတူးတော့ဘူး "လီဖူချန်းရဲ့ လက်ရှိ အစွမ်းနဲ့ ဆိုရင်တော့ မြေအောက်မီတာ အနက် တစ်သောင်းခွဲ ကျော်ရင် မီးလျှံသံတွေကို တူးယူရတာ မလွယ်တော့ပါဘူး ။အဲသည်အတွက် လီဖူချန်းက မြေအောက်မီတာ အနက် တစ်သောင်းခွဲကျော်မှာရှိတဲ့ မီးလျှံသံတွေကို ဥပေက္ခာပြုဖို့ ဆုံးဖြတ်လိုက်ပါတယ် ။" ဟူး...... မြေပြင်ပေါ်က လေတွေက လတ်ဆတ်လိုက်တာ "မြေအောက်ထဲမှာ အချိန် တစ်ရက်ကြာ နေပြီးတဲ့နောက်မှာတော့ လီဖူချန်းဟာ မြေပြင်ပေါ်ကို ပြန်တက်လာခဲ့ပါပြီ ။" အင်း...... နောက်ထပ် မြေအောက်ဂူတွေများ ရှိဦးမလား မသိဘူး။ ရှာကြည့်ဦးမှ "မြေပြင်ပေါ်ကို ပြန်ရောက်ပြီး သိပ်မကြာခင်မှာပဲ လီဖူချန်းက နောက်ထပ် မြေအောက်ဂူတွေများ ရှိလိုရှိငြား ထပ်ရှာပြန်ပါတယ် ။လီဖူချန်းရဲ့ လက်ရှိအဆင့်က မြေအောက် မိီတာတစ်သောင်း အနက်ရှိတဲ့ တွင်းတွေကို တူးဖို့ ဖြစ်နိုင်ပေမယ့်လည်း လီဖူချန်းက အဲသည်လောက်ကြီး အပင်ပန်း မခံချင်ပါဘူး ။ သူအခု တူးယူရရှိခဲ့တဲ့ မီးလျှံသံတွေတောင်မှ မီးလျှံမြွေရဲ့ မြေအောက်ဂူကို အခြေခံပြီး ရလာတာ ဖြစ်ပါတယ် ။" အိုး......ဟုုိမှာပဲ "အချိန်အနည်းငယ် အကြာမှာတော့ လီဖူချန်းဟာ နောက်ထပ် မြေအောက်ဂူ တစ်လုံးကို အာရုံခံမိ သွားခဲ့ပါပြီ ။ အဲသည်မြေအောက်ဂူကတော့ မြေအောက် မီတာအနက် တစ်သောင်းနှစ်ထောင်မှာ ရှိနေတာပါ ။ လီဖူချန်းက အဲသည်မြေအောက်ဂူဆီ သွားရမယ့် လမ်းကြောင်းကိုပါ တစ်ခါတည်း ရှာဖွေတွေ့ရှိခဲ့ ပါသေးတယ် ။သည်မြေအောက်ဂူကို အခြေခံပြီးတော့ လီဖူချန်းက နှစ်တစ်သောင်း မီးလျှံသံတုံး ကိုးတုံးတိတိ တူးဖော်ရရှိ ခဲ့ပါတယ် ။ အဲသည်ထဲက မီးလျှံသံ တစ်တုံးဆိုရင် လူနှစ်ကိုယ်စာလောက် ရှိပြီး အလေးချိန်ကလည်း ကီလိုဂရမ် ၂၅၀၀၀ အောက် မလျော့နည်းပါဘူး ။လီဖူချန်းရဲ့ တူးဖော်ရရှိမှုတွေကတော့ အချိန်ကြာလာလေလေ ၊ ပိုများလာလေလေပါပဲ ။လီဖူချန်းကတော့ အတော်လေး ကံကောင်းတယ်လို့ ဆိုရပါမယ် ။ဘာဖြစ်လို့လဲဆိုတော့ သူက မီးလျှံသံ တောင်တန်းပေါ်မှာ မြေအောက်ဂူတွေ အများအပြား ရှာဖွေတွေ့ရှိခဲ့လို့ပဲ ဖြစ်ပါတယ် ။ အဲသည်မြေအောက်ဂူ အများစုကတော့ အဆင့်၆ မိစ္ဆာသားရဲတွေရဲ့ လက်ချက်ကြောင့် ဖြစ်တည်လာကြတာပါ ။ သဘာဝ အလျောက် ဖြစ်တည်နေတဲ့ မြေအောက်ဂူတွေကလည်း ရှိနေဆဲပါပဲ ။ လီဖူချန်း က မြေအောက်မီတာ တစ်သောင်းခွဲထက် ပိုနက်တဲ့ နေရာတွေမှာ မြေအောက်ဂူတွေ ရှိနေတာကို အာရုံခံမိခဲ့ပေမယ့်လည်း အဲသည်ဂူတွေဆီကိုတော့ မဆင်းသွားခဲ့ပါဘူး ။ဘာဖြစ်လို့လဲ ဆိုတော့ အဲသည်ဂူတွေမှာ ခိုအောင်းနေထိုင် နေကြတဲ့ မိစ္ဆာသားရဲတွေဟာ သေချာပေါက် ထွတ်ခေါင် ဆရာသခင် အဆင့်မှာ ရှိနေမယ် ဆိုတာကို သူသိနေလို့ပါပဲ ။ ၁၅ရက်မြောက်နေ့......မြေအောက်မီတာ အနက် ခုနစ်ထောင် ရှိတဲ့ မြေအောက်ဂူ တစ်ခုရဲ့ အနီးအနားမှာတော့ လီဖူချန်းက နှစ်တစ်သိန်း မီးလျှံသံ တစ်တုံးကို ရှာဖွေတွေ့ရှိခဲ့ပါတယ် ။အဲသည် မီးလျှံသံတုံးရဲ့ အရွယ်အစားက ရေအင်တုံ တစ်လုံးလောက်သာ ရှိပေမယ့် အလေးချိန်ကတော့ နှစ်တစ်သောင်း မီးလျှံသံတုံးတွေထက် နှစ်ဆ ပိုလေးပါတယ် ။ အဲသည် မီးလျှံသံတုံးရဲ့ အလေးချိန်က ရ၀၀၀ ကီလိုဂရမ်အောက် လုံးဝ မလျော့နည်းပါဘူး ။ အဲသည် မီးလှံျသံတုံးရဲ့ မျက်နှာပြင်က ကြက်သွေးရောင် တောက်ပနေပြီး ထွက်ပေါ်နေတဲ့ အပူရှိန်ကတော့ လုံးဝကို ကြောက်စရာပါပဲ ။ ကောင်းကင်နယ်ပယ် အဆင့် ပညာရှင်တွေတောင်မှ သည်မီးလှံျသံတုံးကို အမှုမဲ့၊အမှတ်မဲ့ ထိလိုက်မိရင် တစ်ခါတည်း တန်းပြီး သေသွားလောက်ပါတယ် ။" ဟား......ဟား......ဟား...... ငါကတော့ ပွပြီးရင်း ပွပဲဟေ့ ။ နှစ်တစ်သိန်း မီးလျှံသံတွေက နှစ်တစ်သောင်း မီးလျှံသံတွေထက်တောင် အဆတစ်ရာ ပိုတန်ဖိုး ကြီးသေးတယ် ။ သည်မီးလျှံသံတုံး တစ်တုံးနဲ့တင် ငါ့အတွက် ထောက်ပ့ံရေး ရမှတ် တစ်သိန်း ပြေးမလွတ်တော့ဘူးကွ "လီဖူချန်းကတော့ မြေအောက်ထဲမှာ အော်ကြီးဟစ်ကျယ်နဲ့ ပွဲခံနေခဲ့ပါပြီ ။ သူ့အနေနဲ့ တကယ်လည်း ပွဲ ခံသင့်တာပါပဲ ။အခု သူ တူးဖော်ရရှိတဲ့ မီးလျှံသံတုံးက နှစ်တစ်သောင်း မီးလျှံသံတုံး မဟုတ်ဘဲ နှစ်တစ်သိန်း မီးလျှံသံတုံး ဖြစ်နေတာ မဟုတ်ပါလား ။" ဟင်း......ဟင်း...... ဒါကြီးနဲ့ ဆိုရင်တော့ မြေကမာ႓ အထွတ်အထိပ်အဆင့် ဓားတစ်လက် အေးအေးဆေးဆေး သွန်းလုပ်လို့ ရပြီ "လီဖူချန်းက အခု သူတူးဖော် ရရှိခဲ့တဲ့ နှစ်တစ်သိန်း မီးလျှံသံတုံးကိုတော့ ထောက်ပ့ံရေး ရမှတ်တွေနဲ့ လဲလှယ်ဖို့ မစဉ်းစားထားပါဘူး ။သူက ဂိုဏ်းတော်ရဲ့ လက်ရွေးစင် ပန်းပဲဆရာသခင် တစ်ပါး ဒါမှမဟုတ် ပန်းပဲဘုရင် တစ်ပါးဆီကို သွားပြီး သည်နှစ်တစ်သိန်း မီးလျှံသံ နဲ့ မြေကမာ႓ အထွတ်အထိပ်အဆင့် ရတနာ ဓားတစ်လက် သွန်းလုပ်ပေးဖို့ အကူအညီ တောင်းမယ်လို့ စဉ်းစားထားပါတယ် ။

အဆုံးမဲ့အာဏာ (လီဖူချန်း)Where stories live. Discover now