အဆုံးမဲ့အာဏာ
အပိုင်း၃၁ ဆုရပြီ"ဖူချန်းက လုပ်နိုင်ခဲ့ပြီ"
လီရှန်းဟန်နဲ့ ရှန်းယုယန်က တစ်ယောက်နဲ့တစ်ယောက် ဝမ်းသာကြည်နူးစွာ ကြည့်နေကြတယ်။
ကလန်ခေါင်းဆောင်ရာထူးနဲ့ အဓိက မိသားစုဝင်ဆိုတဲ့ ဂုဏ်ကိုစတေးလိုက်ရပေမယ့် ဒါကထိုက်တန်တယ်လို့ သူတို့ခံစားနေရတယ်။
"မယုံကြည်နိုင်စရာဘဲ။ ဘယ်သူက လီဖူချန်းကို အနိုင်ရမယ်လို့ ထင်ကျမှာလည်း။
"ကံကြမ္မာဆိုတာ အရမ်းထူးဆန်းတယ်ကွ။
ဘယ်သူမှ ကြိုခန့်မှန်းလို့ရတဲ့အရာ မဟုတ်ဘူး။"မင်းအခုဘဲကြည့်လေ။ဘယ်သူက လီဖူချန်းကို အထင်တကြီးရှိခဲ့လို့လည်း။အားလုံးက လီကလန်နဲ့ လီဖူချန်းအပေါ် ယုံကြည်ချက်ရှိသလား။ ဒါပေမယ့် အခုတော့ လီကလန်က လီဖူချန်းက ပထမဆုရှင်ဖြစ်နေပြီ"
လီဖူချန်းက ပါရမီရှင်ပြိုင်ပွဲမှာပထမရခဲ့တဲ့အတွက် ပရိသတ်အားလုံးရဲ့ ချီးကျူးမှုကို ရနေခဲ့တယ်။
အခုချိန်ကစပြီး ယုံဝူးမြို့နဲ့အနီးတစ်ဝိုက်ဒေသတွေမှာ သူ့ကိုမသိသူမရှိသလောက်ဖြစ်လာတော့မှာ အမှန်ပင်။ဒါပေမယ့် သူတို့တွေက လီဖူချန်းအပေါ် မျှော်လင့်ချက်ကြီးကြီးမားမား ထားတာတော့မဟုတ်။
သာမန်အရိုးတည်ဆောက်မှုနဲ့ ကောင်လေးတစ်ယောက်က ဘာများထူးထူးခြားခြားတွေ လုပ်ပြနိုင်မှာမို့ လည်းလေ။
ဒီကမ္ဘာပေါ်မှာ လူသားနယ်ပယ်အဆင့်မှာ အရမ်းတော်တဲ့ သာမန်အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေအများကြီးပေါ်ပေါက်ခဲ့ဖူးတယ်။
ဒါပေမယ့် သူတို့တွေက စိတ်တန်ခိုးတည်ဆောက်ပုံနယ်ပယ်ရောက်တဲ့အခါမှာတော့ သာမန်လူတွေ သက်သက်ဘဲဖြစ်သွားကျတာများပါတယ်။
ပြိုင်ပွဲပြီးဆုံးသွားတဲ့အခါမှာတော့ မြို့စား ရှန်းတုကျန်းဟီက ဆုပေးအပ်ဖို့ စတင်လုပ်ဆောင်တော့တယ်။
အနိုင်ရရှိသူ လီဖူချန်းကတော့ ရွှေပြား ၁၀၀၀၀ တန်ဖိုးရှိတဲ့ ရွှေကတ်ပြားလေးတစ်ခုနဲ့ အတွင်းအားသန့်စင်ဆေးပုလင်း ၂ လုံး။
ဒုတိယဆုရှင်ယန်ခိုင် ကတော့ ရွှေပြား၅၀၀၀ တန်ဖိုးရှိတဲ့ ရွှေကတ်ပြားနဲ့ အတွင်းအားသန့်စင်ဆေးပုလင်း ၁ လုံး။
တတိယဆုရှင်ရှန်းတုကျူးကတော့ ရွှေပြား ၃၀၀၀ နဲ့ စိတ်ဝိညာဉ်သန့်စင်ဆေး ၅ ပုလင်း။
စတုတ္ထဆုရှင် ဟီပင်းကတော့ ရွှေပြား ၂၀၀၀ နဲ့ စိတ်ဝိညာဉ်သန့်စင်ဆေးပုလင်း ၂ ပုလင်း။
ပဉ္စမဆုရှင် ကျူးဟောင်ရှုရဲ့ဆုကြေးကတော့ ဟီပင်းရဲ့ဆုကြေးနဲ့ အတူတူပါဘဲ။
ဒီရွှေကတ်ပြားလေးတွေက ဘဏ်တွေဆီကနေ ကြိုက်တဲ့အချိန် ရွှေပြားတွေ ထုတ်ယူလို့ရပါတယ်။
ရွှေကတ်ပြားလေးတွေက အနည်းဆုံးရွှေပြား ၅၀၀ တန်ကြေးရှိတဲ့ကတ်တွေကနေ အများဆုံး ရွှေပြား ၁၀၀၀၀၀ တန်ကြေးရှိတဲ့ကတ်အထိ အစားစားရှိတယ်။ဒီကတ်ပြားလေးတွေက ရွေပြားအထုပ်လိုက်ကြီး သယ်သွားရတာထက်စာရင် ပိုပြီးအဆင်ပြေတယ်လေ။
" ရွှေပြား ၁၀၀၀၀ ဆိုတာနည်းတဲ့ငွေကြေး မဟုတ်ဘူးဘဲ"
သူ့လက်ထဲက ရွှေကတ်ပြားလေးကို ငုံ့ကြည့်လိုက်ပြီး လီဖူချန်းက သူ့ရဲ့စိတ်လှုပ်ရှားမှုတွေကို မထိန်းချုပ်နိုင်ဘူးဖြစ်နေတယ်။
သာမန်မိသားစုတစ်စုက တစ်နှစ်နေလို့မှ ရွှေပြား ၁၀ ခုလောက်ဝင်တာလေ။
ရွှေပြား ၁၀၀၀၀နဲ့ဆိုရင် အခြွေအရံတွေနဲ့ တစ်ဘဝလုံးကို သက်သက်သာသာ ဖြတ်သန်းနိုင်ပြီလေ။
အတွင်းအားသန့်စင်ဆေး ၂ ပုလင်းကလည်း သူ့အတွက်အချိန်အကြာကြီး အသုံးပြုလို့ရတယ်။
ဆုပေးပွဲအစီအစဉ် ပြီးတဲ့နောက်မှာတော့ ချန်ဇောင်မင်က မတ်တပ်ရပ်လိုက်ပြီး
" ငါက မိုးပြာရောင်ဂိုဏ်းရဲ့ အပြင်စည်းအကြီးအကဲဖြစ်တယ်။မင်းတို့ကို မိုးပြာရောင်ဂိုဏ်းကို ခေါ်ဆောင်သွားမယ့် လူလည်းဖြစ်တယ်။မင်းတို့အားလုံးဟာ မိုးပြာရောင်ဂိုဏ်းကိုဝင်ကျရမယ့်အတွက် ကံကောင်းကြတယ်။ ဒါပေမယ့် အရမ်းလည်းပျော်မနေနဲ့ဦး။
ဂိုဏ်းတော်ရဲ့ စမ်းသပ်စစ်ဆေးမှုတွေကို အောင်မြင်ပြီးမှသာ တရားဝင်အပြင်စည်းတပည့်အဖြစ် လက်ခံမှာဖြစ်တယ်။ မဟုတ်ရင်တော့
အပြင်စည်းအထွေထွေလုပ်သားတပည့် အဖြစ်နဲ့ဘဲ ဂိုဏ်းတော်မှာ နေရလိမ့်မယ်။"
YOU ARE READING
အဆုံးမဲ့အာဏာ (လီဖူချန်း)
Açãoမူရင်းဘာသာပြန်ဆိုသူ - လေလွင့်လုလင် (အကုန်တတ်သခင်လေး) ZAWGYI / UNICODE