261-270

211 30 0
                                    

အဆုံးမဲ့အာဏာ အပိုင်း၂၆၂

လီဖူချန်းက တွေဝေနှောင့်နှေးခြင်း မရှိပဲနဲ့ သတ္တမြောက် ဆန်းကြယ်တံခါးဝထဲကို ခုန်ဝင်သွားခဲ့ပါပြီ။

သတ္တမမြောက် ဆန်းကြယ်တံခါးကိုတော့  မြေကမ္ဘာတံခါးလို့ ခေါ်ပါတယ်။
ဆန်းကြယ်တံခါး ၈ခုစလုံးမှာ နာမည်ကိုယ်စီ ရှိပါတယ်။
ပထမဆုံး တံခါးကတော့  ရွှံ့နွံတံခါး ပါ။ ဒုတိယ တံခါးကတော့ တောင်တံခါး ဖြစ်ပါတယ်။ ထို့နောက်မှာတော့ မီးလျှံတံခါး ၊ ရေတံခါး  ၊ မိုးကြိုးလျှပ်စီး တံခါး  ၊ လေ တံခါး  ၊ မြေကမ္ဘာတံခါး နဲ့ ကောင်းကင် တံခါးဆိုပြီး အစဉ်လိုက် ရှိနေပါတယ်။
မြေကမ္ဘာတံခါးနဲ့ ကောင်းကင်တံခါးကိုတော့  ကောင်းကင်နဲ့မြေကမ္ဘာရဲ့   လျို့ဝှက်ချက် တံခါးဆိုပြီးလည်း သိကြပါသေးတယ်။
ဟိုးရှေးပဝေသဏီကစပြီး ယခုချိန်အထိ သည်တံခါး၂ချပ်ကို ဖြတ်ကျော်နိုင်တဲ့သူ မရှိသေးပါဘူး။
မြေကမ္ဘာတံခါး ရဲ့ အနောက်မှာတော့  အလွန်ကြီးမားတဲ့ မြေကွက်လပ်ကြီးတစ်ခု ရှိနေပါတယ်။
ကြည့်ရတာတော့ သည်နယ်မြေက  အမိကမ္ဘာမြေနဲ့ ပက်သက်နေတဲ့ဲ  ပုံပါပဲ။
လီဖူချန်းတစ်ယောက်  မြေကွက်လပ် ပေါ်မှာ မတ်တပ်ရပ်လိုက်တာနဲ့  သည်နယ်မြေရဲ့ ပြင်းထန်လှတဲ့ မြေစွမ်းအားတွေကို ခံစားလိုက်ရပါတယ်။
လီဖူချန်းရဲ့ ခန္ဓာကိုယ်တစ်ခုလုံးက  တောင့်တင်းသွားခဲ့သလို အတွေးတွေကလည်း ဝေဝါးသွားခဲ့ပါပြီ။
မျက်စိတစ်မှိတ်အတွင်းမှာပဲ မြေကြီးထဲက ထွက်လာတဲ့ ကျောက်စိုင်ကျောက်သားတွေက လီဖူချန်းကို ဖုံးလွှမ်းသွားပြီး  ကျောက်ရုပ်ကြီးတစ်ခုအသွင်သို့ ပြောင်းလဲသွားစေပါတယ်။

ဘုံဗိမ္မာန်၈ခု အတွင်းမှာ ရှိနေတဲ့ ပဟေဠိသိုင်းသမား ၈ယောက်ရဲ့ ရေကန်မျက်နှာပြင်ပေါ်မှာတော့ လီဖူချန်းကို မမြင်ရတော့ပါဘူး။
သည်တံခါး၈ခုကို ဆန်းကြယ်တံခါး၈ခုလို့ သိကြပါတယ်။ ဒါပေမယ့် ပဟေဠိသိုင်းသမားတွေက ဆဋ္ဌမမြောက် ဆန်းကြယ်တံခါးအထိကိုပဲ ကြည့်နိုင်စွမ်း ရှိတာပါ။ မြေကမ္ဘာတံခါးနဲ့ ကောင်းကင်တံခါးကိုတော့ သူတို့တွေက ခြေတစ်လှမ်းတောင် မချဘူးပါဘူး။
တိတိကျကျပြောရမယ် ဆိုရင်တော့ ထူးခြားဆန်းကြယ် သိုင်းလျို့ဝှက်နယ်မြေ စတင် ပေါ်ပေါက်လာချိန် ကတည်းကနေ အခုအချိန်အထိ တစ်ဦးတစ်ယောက်ကမှ သတ္တမတံခါးနဲ့ အဋ္ဌမ တံခါးကို မဝင်ဖူးသေးပါဘူး။
လီဖူချန်းက ပထမဦးသော  ဝင်ဖူးတဲ့ သူတစ်ယောက် ပါပဲ။
" သည်ကောင်လေး မြေကမ္ဘာ တံခါးထဲမှာ ဘာတွေ တွေ့ကြုံ ခဲ့မလည်း  မသိဘူး။ "
ဆံဖြူအဘိုးအိုက လှမ်းမေးလိုက်ပါတယ်။

အဆုံးမဲ့အာဏာ (လီဖူချန်း)Where stories live. Discover now