အဆုံးမဲ့အာဏာ အပိုင်း ၄၉၁ ( စာစဉ် ၃၇ )
နံပါတ်၁ မိစ္ဆာဗိုလ်ချုပ်အရိုးရှင်းဆုံး ပြောရမယ် ဆိုရင်တော့ ခန္ဓာကိုယ် အပြင်အား သိုင်းပညာတွေ ဆိုတာက လောကရဲ့ ဥပဒေသတွေကို ရုပ်ပိုင်းဆိုင်ရာ ခွန်အားနဲ့ ချိုးဖောက်ဖို့အတွက် တီထွင်ဖန်တီး ထားတာပါပဲ ။
ဒါပေမဲ့ အဲသည်ရုပ်ပိုင်းဆိုင်ရာ ခွန်အားဆိုတာကလည်း ခွန်အားချည်းသက်သက်ကို ဆိုလိုတာ မဟုတ်ပါဘူး ။ အဲဒါက စွမ်းအား ဥပဒေသကို ဆိုလိုတာလည်း ဖြစ်ပါတယ် ။
အဲသည်စွမ်းအား ဥပဒေသလို့ခေါ်တဲ့ အရာကိုတော့ ခွန်အား နဲ့ ကျွမ်းကျင်မှုဆိုပြီး အဓိပ္ပါယ် ဖွင့်ဆိုလို့ ရပါတယ် ။
ဒါကြောင့်မို့ ခန္ဓာကိုယ် အပြင်အား ပညာရှင် တစ်ယောက်ဟာ ခွန်အားချည်း သက်သက်ကို မှီခိုလို့ မရသလို ကျွမ်းကျင်မှုချည်း သက်သက်ကိုလည်း မှီခိုလို့ မရပါဘူး ။
ခွန်အားကော ကျွမ်းကျင်မှုကိုပါ အချိူးကျကျ ပေါင်းစပ် အသုံးချနိုင်မှသာ အဲသည် အပြင်အား ပညာရှင်ဟာ ခန္ဓာကိုယ်ရဲ့ လုပ်ဆောင်နိုင်မှု ကန့်သတ်ချက်ကို ကျော်လွန်တဲ့ အစွမ်းတွေကို ထုတ်ပြနိုင်မှာ ဖြစ်ပါတယ် ။
ခွန်အားကော ကျွမ်းကျင်မှုကိုပါ အချိူးကျကျ ပေါင်းစပ်သွားနိုင်ပြီ ဆိုရင်တော့ စွမ်းအားဥပဒေသ တစ်ဖြစ်လဲ ပြီးပြည့်စုံတဲ့ ခန္ဓာကိုယ်အပြင်အား သိုင်းဆန္ဒဟာ မွေးဖွားလာတော့တာပါပဲ ။
အဆိပ်နဂါးဆန္ဒ ဖြစ်ပေါ်လာပြီးတဲ့ နောက်မှာတော့ လီဖူချန်းရဲ့ လက်သီးချက်တွေဟာ ပိုအားပါလာပြီး ပိုတိကျ သေသပ်လာခဲ့ပါတယ် ။
" ဟား……ဟား…… သည်လောက်ဆို လုံလောက်ပြီကွ ။ တွေ့ကြသေးတာပေါ့ မိစ္ဆာစက်ကွင်းတိုက်ရာ "
လီဖူချန်းက အားပါးတရ အော်ရယ်ပြီး ကြိမ်းဝါးလိုက်ပါတယ် ။
သူက မိစ္ဆာစက်ကွင်းတိုက်ကို တတိယအကြ်ိမ် သွားဖို့အတွက် မစောင့်နိုင်တော့ပါဘူး ။ သူက ကမ္ဘာဦး မိစ္ဆာသစ်သီးတွေကို ခူးချင်နေလှပါပြီ ။
- မိစ္ဆာစက်ကွင်းတိုက် ၊ ဒုတိယစက်ကွင်း -
ကမ္ဘာဦး မိစ္ဆာသစ်ပင်ကတော့ လီဖူချန်းပြန်လာမှာကို ကြိုသိနေတဲ့ပုံပါပဲ ။ လီဖူချန်းက ဒုတိယစက်ကွင်းထဲမှာ ၅ရက်၊၅ည တိတိ ရှာခဲ့တာတောင်မှ ကမ္ဘာဦးမိစ္ဆာသစ်ပင်ရဲ့ အငွေ့အသက်ကို ခြေရာမခံမိခဲ့ပါဘူး ။
YOU ARE READING
အဆုံးမဲ့အာဏာ (လီဖူချန်း)
Actionမူရင်းဘာသာပြန်ဆိုသူ - လေလွင့်လုလင် (အကုန်တတ်သခင်လေး) ZAWGYI / UNICODE