341-350

200 27 0
                                    

အဆုံးမဲ့အာဏာ အပိုင်း၃၄၁

မျှော်လင့်ထားသည့် အတ်ိုင်းပါပဲ ။ အထီးကျန်တောင်နယ်မြေ အတွင်းထဲအထိတော့ မိစ္ဆာတွေနဲ့ မိစ္ဆာသားရဲတွေက လိုက်လံတိုက်ခိုက်ခြင်း မပြုခဲ့ပါဘူး ။
ဒါပေမယ့်လည်း   ဂိုဏ်းပေါင်းတစ်ရာဟာ သူတို့၏  အကြီးမားဆုံး ဆုံးရှုံးမှုကြီးဟု ဆိုရနိုင်တဲ့     ပြန်လည်ဝင်စားခြင်းနယ်ပယ် ပညာရှင် ၅ယောက်ကို ဆုံးရှုံးလိုက်ရပါပြီ။
သူတို့ထဲက တစ်ယောက်က ပြန်လည်ဝင်စားခြင်းနယ်ပယ် အလယ်အလတ်ပိုင်း ပညာရှင် ဖြစ်ပြီး ကျန်လေးယောက်ကတော့ ပြန်လည်ဝင်စားခြင်းနယ်ပယ် အဆင့်နိမ့်ပိုင်း ဖြစ်ပါတယ်။
ထို့အပြင် ကောင်းကင်နယ်ပယ် ပညာရှင်ပေါင်း တစ်ထောင်ကျော်နှင့် မြေကမ္ဘာပညာရှင်ပေါင်း  တစ်သောင်းကျော်တို့၏ အသက်တွေကိုပါ ပေးလိုက်ရပါသေးတယ်။

ဒါက သည်တိုက်ပွဲ တစ်ခုပဲ  ရှိပါသေးတယ်။ နောက်ထပ်လာမယ့် တိုက်ပွဲတွေမှာ အသက်ပေါင်းဘယ်လောက် ထပ်ပေးဆပ်ရဦးမလည်းဆိုတာကိုတော့ ဘယ်သူမှ ကြိုမပြောနိုင်သေးပါဘူး။

လီဖူချန်းကတော့ တောင်နက်နယ်မြေထဲကို ရောက်ရောက်ချင်းမှာပဲ ကျင့်ကြံဖို့အတွက် ပြင်ဆင်ပါတော့တယ်။
သူရွေးချယ်လိုက်တဲ့ နေရာကတော့ တောင်နက်မြို့ထဲမှာ မဟုတ်ပါဘူး ။ သူက တောင်နက်မြို့နဲ့  မိုင်ပေါင်း၁၀၀ ကွာဝေးတဲ့ အနက်ရောင်တောင်တန်းတွေပေါ်မှာ ကျင့်ကြံဖို့အတွက် ရွေးချယ်လိုက်တာပါ။

မိုင်ပေါင်းတစ်ထောင်ကျော်  ရှည်လျားတဲ့ အနက်ရောင်တောင်တန်းကြီးရဲ့ အတွင်းပိုင်း တစ်နေရာ………

ပူပြင်းတောက်ပတဲ့ အလင်းရောင်တစ်ခုကတော့ ပတ်ဝန်းကျင်တစ်ခုလုံးကို ထိန်ထိန်လင်းနေအောင် စွမ်းဆောင်ပေးထားပါတယ်။
ဟူး……ဟူး…… ဟူး……
တိုက်ခတ်လာတဲ့ လေနီကြမ်းတစ်ခုနဲ့အတူ  နေဝန်းငယ်လေး တစ်ခုဟာ ကောင်းကင်ယံသို့ တဖြည်းဖြည်း မြှင့်တက်လာနေပါပြီ။   ထိုနေဝန်းငယ်ရဲ့ အလယ်ဗဟိုတွင်တော့ ဖြစ်တည်စပြုနေတဲ့  မီးတောက်ဆန္ဒလေးတစ်ခု ။

အစစ်အမှန် ငရဲမီးတောက်ဆန္ဒ………
ဟုတ်ပါတယ် ။ ဒါက ငရဲမီးဓားဆန္ဒထက် ပိုအားကောင်းတဲ့ ပိုအားကောင်းတဲ့  အတွင်းအားဆန္ဒပါ။
အကယ်၍  ငရဲမီးဆန္ဒက လူတစ်ယောက်ရဲ့ ဓားသိုင်းကို တိုးတက်စေနိုင်စွမ်း ရှိတယ်ဆိုရင် အစစ်အမှန် ငရဲမီးတောက်ဆန္ဒက လူတစ်ယောက်ရဲ့ ချီအတွင်းအားတွေကို တိုက်ရိုက်တိုးတက်စေနိုင်ပါတယ်။
လူတစ်ယောက်ရဲ့ ခုခံနိုင်စွမ်း ၊ တိုက်ခိုက်နိုင်စွမ်းနဲ့ အမြန်နှုန်းဟာ  ချီအတွင်းအားနဲ့ သက်ဆိုင်နေတာပါ။ ချီအတွင်းအားကောင်းလာလေလေ အဲသည်ဘက်တွေမှာ ပိုအစွမ်းထက်လာလေလေပါပဲ။
စိတ်မကောင်းစရာတစ်ခုကတော့ လီဖူချန်းရဲ့ အစစ်အမှန် ငရဲမီးတောက် အတွင်းအားကျင့်စဉ်ဟာ အဆင့်၁၉မှာပဲ ရှိပါသေးတယ်။ သူ့အနေနဲ  အစစ်အမှန် ငရဲမီးတောက်အတွင်းအားဆန္ဒကို အပြည့်အဝ ထုတ်သုံးနိုင်ဖို့အတွက်ဆိုရင် နောက်ထပ် အဆင့်၂ဆင့်ကို အောင်မြင်မှ ရမှာပါ။ အဲသည် အဆင့်၂ဆင့်ကို အောင်မြင်ဖို့အတွက်ကတော့  ထင်ထားသလောက် လွယ်ကူမှာ မဟုတ်ပါဘူး။
အစစ်အမှန် ငရဲမီးတောက် အဆင့်၁၉  အတွင်းအားတွေ အခြေကျသွားတဲ့နောက်မှာတော့ လီဖူချန်းဟာ ဆင်နဂါးခန္ဓာကိုယ် သွန်းလောင်းခြင်း နည်းစနစ်ရဲ့ စတုတ္ထအခန်းကို စတင်လေ့ကျင့်ပါတော့တယ်။
သည်အခန်းကတော့ ကောင်းကင်နယ်ပယ်နဲ့ သက်ဆိုင်နေတာပါ ။ သည်အခန်းကို  လေ့ကျင့်အောင်မြင်သွားရင်တော့ လီဖူချန်းရဲ့ ခံနိုင်ရည်ဟာ အဆင့်၅ မိစ္ဆာသားရဲအရေခွံ ချပ်ဝတ်တန်ဆာတွေနဲ့တောင် ယှဉ်လို့ ရနေပါပြီ။ အဆင့်၄ မိစ္ဆာတွေရဲ့ ခန္ဓာကိုယ်တောင်မှ သူ့လောက် ကြံ့ခိုင်ခြင်း ရှိတော့မှာ မဟုတ်ပါဘူး။
အချိန်တွေ တဖြည်းဖြည်း ကုန်ဆုံးသွားတာနဲ့အမျှ လီဖူချန်းရဲ့ ဆင်နဂါးခန္ဓာကိုယ် သွန်းလောင်းခြင်း နည်းစနစ်ဟာလည်း  ပိုပိုပြီး တိုးတက်လာခဲ့ပါတယ်။
အဆင့်၄ မိစ္ဆာ သွေးအဆီအနှစ်တွေ လုံလုံလောက်လောက် ရထားတဲ့ လီဖူချန်းအတွက်ကတော့  သည်စတုတ္ထအခန်းကို လေ့ကျင့်ရတာက ငှက်ပျောသီး အခွံနွှာရသလောက်ကို မခက်ပါဘူး။

အဆုံးမဲ့အာဏာ (လီဖူချန်း)Where stories live. Discover now