အဆုံးမဲ့အာဏာ အပိုင်း ၃၀၁
ရက်စက်တဲ့ တိုက်ပွဲ" မုယုံဒီး … ရှုံးသွားတာလား…"
ထွက်ပေါ်လာတဲ့ ရလဒ်က လူတွေအားလုံးကို ပါးစပ် အဟောင်းသား ဖြစ်သွားစေခဲ့ပါပြီ ။မုယုံဒီးရဲ့ စွမ်းရည်က တကယ်ကို ကြောက်ဖို့ ကောင်းလောက်အောင် အစွမ်းထက်ပါတယ် ။ ဒါပေမယ့် လီဖူချန်းကလည်း သူ့ရဲ့ အစွမ်းတွေကို ပြိုင်ပွဲတစ်လျှောက်လုံး ပိပိရိရိ ဖုံးကွယ်ထားပြီး နေနေခဲ့တာလေ ။
လီဖူချန်းက ဖျက်မြင်း မဟုတ်ပါဘူး ။ သူက လူတွေကြားထဲမှာ ပုန်းနေတဲ့ နဂါး တစ်ကောင်ပါ ။
ပုန်းနေတဲ့ နဂါးတစ်ကောင်က ထွက်မလာရင်တော့ ကိစ္စ မရှိသေးပါဘူး ။ ဒါပေမယ့် အဲသည်နဂါးက ထွက်ပေါ်လာပြီ ဆိုရင်တော့ လောကကြီး တစ်ခုလုံးကို တုန်လှုပ်ချောက်ချား သွားစေနိုင်ပါတယ်။မိုးကြိုးကြယ်ဘုရင်ကလွဲပြီး ကျန်တဲ့ လက်ရွေးစင် ပါရမီရှင် အားလုံးဟာ ပါးစပ်အဟောင်းသား ဖြစ်သွားကြပါပြီ ။
ရွှေကျာပွတ်ကြယ်ဘုရင် ကျင်ရုတုံကတော့ သူ့မျက်နှာကို ရေနွေးပူပူ တစ်ခွက်ဖြင့် ပက်ခံရသလို ခံစားနေရပါတယ် ။ သူက လီဖူချန်း အနေနဲ့ မုယုံဒီးကို အနိုင်ယူဖို့ လုံးဝမဖြစ်နိုင်ဘူးလို့ ပြောခဲ့တာလေ ။ ကျင်ရုတုံက အရှက်ပြေ ရယ်လိုက်ပြီး
" လီဖူချန်း က နိုင်တယ်ဆိုရုံလေး နိုင်သွားတာပါကွာ…။ သည်ကောက်က ကံလေးနည်းနည်း ကောင်းနေတာ ဖြစ်မယ် ။"၁၀၈ကွက် မဟာဝင်္ကပါ အပြင်ဘက်က ကြည့်ရှုနေကြတဲ့ လူတွေကလည်း အလွန်အမင်း အံ့အားသင့်နေကြပါတယ်။
အိုးရန်ဝမ်းထင် ၊ ဇောင်ဝူကျန်းနဲ့ မိုးပြာရောင်ဂိုဏ်းက လူတွေကတော့ ဘာပြောလို့ ပြောရမှန်းကို မသိတော့ပါဘူး ။
သူတို့ဟာ လီဖူချန်းက အရမ်း အစွမ်းထက်တယ် ဆိုတာကိုတော့ သိပါတယ် ။ ဒါပေမယ့် သခင်လေး၆ယောက်ထဲက မုယုံဒီးကို အနိုင်ယူနိုင်တဲ့အထိ အစွမ်းထက်မယ်လို့တော့ မထင်ထားခဲ့ပါဘူး ။ ဒါကြီးက အတော်လေးကို လွန်လွန်းနေပြီ မဟုတ်ပါလား ။
နက္ခတ်တာရာဂိုဏ်းချုပ် မုယုံပထျန်ကလည်း အတော်လေး အမူအယာ ပျက်ယွင်းနေပါပြီ ။
သူ့အနေနဲ့ မုယုံဒီးက လီဖူချန်းကို ရှုံးနိမ့်လိမ့်မယ်လို့ လုံးဝ မမျှော်လင့်ထားခဲ့ပါဘူး ။
YOU ARE READING
အဆုံးမဲ့အာဏာ (လီဖူချန်း)
Actionမူရင်းဘာသာပြန်ဆိုသူ - လေလွင့်လုလင် (အကုန်တတ်သခင်လေး) ZAWGYI / UNICODE