311-320

202 27 0
                                    

311+ 312

အဆုံးမဲ့အာဏာ အပိုင်း ၃၁၁
ကျင်ရုတုံရဲ့ နောက်ထပ်ရှုံးပွဲ

၈၄…၈၅…၈၆…၈၇…… ။
သူတို့ရဲ့  ဆက်တိုက်နိုင်ပွဲတွေကို ထိန်းထားနိုင်သူတွေကတော့ ၅ယောက်သာ ရှိပါတော့တယ် ။ သူတို့ကတော့ မိုးကြိုးကြယ်ဘုရင် စီးတုလေ့၊ မရွေ့လျားသော ကြယ်ဘုရင် ချီဟန် ၊ မိုးနဂါးဓား သခင်လေးချုးယီ၊ သုံးပါး ပရမတ်  ကျင်းရိုလုနဲ့ လီဖူချန်း တို့ပါပဲ။
တန်ကျင်းယွန်ကို အနိုင်ယူပြီး ကတည်းက  လီဖူချန်းဟာ အစွမ်းထက်တဲ့ ပြိုင်ဘက်တွေနဲ့ ကြုံတွေ့ရခြင်း မရှိတော့ပါဘူး ။
ချုးယီကတော့  နောက်ထပ် အစွမ်းထက်တဲ့ ပြိုင်ဘက်တစ်ယောက်နဲ့ တွေ့ပြန်ပါတယ်။ သည်တစ်ခါ သူ့ရဲ့ ပြိုင်ဘက်ကတော့ သုံးပါး ပရမတ် နတ်မိမယ် ကျင်းရိုလုပါပဲ ။
သူတို့နှစ်ယောက်ရဲ့ တိုက်ပွဲကတော့  လူတွေအားလုံးကို စိတ်ဝင်စားမှု ပေးစွမ်းနိုင်မယ်ဆိုတာတော့ ယုံမှားသံသယ ဝင်စရာ မရှိပါဘူး ။

ချူးယီရဲ့ ဓားသိုင်းက ထက်မြက်ပါတယ်။ ဒါပေမယ့် ကျင်းရိုလုရဲ့ စိတ်လှည့်စားခြင်း သိုင်းပညာကလည်း အလှပြသက်သက် မဟုတ်ပါဘူး။ ပြိုင်ဘက်ရဲ့ စိတ်ဝိညာဉ်ကသာ တောင့်ခံနိုင်ခြင်း မရှိခဲ့ရင်တော့ ကျင်းရိုလုဟာ  ဘယ်လောက်အစွမ်းထက်တဲ့ ပြိုင်ဘက်ကို ဖြစ်ဖြစ် အနိုင်ယူနိုင်ပါတယ်။
ကျင်းရိုလု နဲ့ ရင်ဆိုင်ရမှာ ဖြစ်တဲ့အတွက် ချူးယီဟာ လေးနက်တည်ကြည် သွားခဲ့ပါပြီ။

စိတ်လှည့်စားခြင်း သိုင်းပညာဆိုတာက ကာကွယ်ဖို့ မဖြစ်နိုင်ပါဘူး ။ ကိုယ်တိုင်ကိုယ်ကျသာ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
တကယ်လို့ ချူးယီသာ ကျင်းရိုလုရဲ့ ပုံရိပ်ယောင်ကမ္ဘာထဲမှာ ကျရောက်သွားခဲ့ပြီ ဆိုရင်တော့ သူ့အနေနဲ့ စွမ်းရည်တစ်ဝက်လောက်ကိုတောင် ထုတ်သုံးနိုင်တော့မယ် မထင်ပါဘူး။  အဲသည်လို ဖြစ်သွားခဲ့ရင်တော့ ချူးယီ အနေနဲ့ ကျင်းရိုလုကို သေချာပေါက် ရှုံးပါပြီ ။
ဒါပေမယ့် တော်ပါသေးတယ်လေ ။ ချူးယီက  စိတ်လှည့်စားခြင်း သိုင်းပညာကို တန်ပြန် တိုက်ခိုက်နိုင်တဲ့ နည်းစနစ် အချို့ကို သိထားသည် မဟုတ်ပါလား ။
ဝုန်း !

အဆုံးမဲ့အာဏာ (လီဖူချန်း)Where stories live. Discover now