အဆုံးမဲ့အာဏာ အပိုင်း ၁၁၁
ဇမ္ဗူတစ်လူ"လျိုဟောင်လုံ…… တစ်ခြားလူတွေကတော့ မင်းကိုကြောက်ရင် ကြောက်မယ်။ငါကတော့ မင်းကို ဂရုကိုမစိုက်တာကွာ။ရှင်းလား။ ဒီနေ့ မင်းနဲ့ငါ ဘယ်သူက ခွေးသေပုတ်လည်းဆိုတာ ကြည့်ကျသေးတာပေါ့"
လီဖူချန်းရဲ့ ခန္ဓာကိုယ်က တစ်ဆတ်ဆတ် တုန်နေပါပြီ။ ဘာဖြစ်လို့လည်းဆိုတော့ သူ့ရဲ့ အဆင့်၁၃ရှိတဲ့ ကြက်သွေးရောင်လျို့ဝှက်မီးတောက် ပညာရပ်ကို အစွမ်းကုန် ထုတ်သုံးထားလို့ပါဘဲ။
နောက်ထပ် သူ့ရဲ့ ၁၅၀၀၀ ကီလိုဂရမ် အားရှိတဲ့ ခန္ဓာကိုယ်အပြင်အားကိုလည်း ထုတ်လိုက်ပါသေးတယ်။လျိုဟောင်လုံက ပြိုင်ဘက်ကင်း စာရင်းဝင် ဖြစ်တဲ့အပြင် သူ့ထက်အဆင့်၂ဆင့် မြင့်နေတာလေ။ သူ့အစွမ်းတွေကို မခြွင်းမချန် ထုတ်ပါမှ လီဖူချန်းတစ်ယောက် သက်သာရာ ရမှာပါ။
လီဖူချန်းရဲ့ ခန္ဓာကိုယ်က လျိုဟောင်လုံကို ထိပ်တိုက်ရင်ဆိုင်ဖို့ ပြေးထွက်သွားခဲ့ပါပြီ။ သူ့လက်ထဲကဓားကတော့ ထူးဆန်းတဲ့ အနေအထားနဲ့ လျိုဟောင်လုံကို ချိန်ထားပါတယ်။ထို့နောက်မှာတော့ မျက်စိတစ်မှိတ်အတွင်း ဓားရောင်တွေ တောက်ပလာပြီး ဓားက အမြင့်ဆုံး အရှိန်ဖြင့် လျိုဟောင်လုံဆီကို တိုးဝင်သွားပါတယ်။
ဒါကတော့ လီဖူချန်းရဲ့ လက်ရှိတိုက်တိုင်းအောင် ဓားကွက်ဖြစ်တဲ့
"ကြယ်ပျံံ ဓားသိုင်း" ပါဘဲ။
အနက်ရောင်သံသေဓား နှစ်လက်…… တစ်လက်က မိုးကြိုးသွားလို၊ နောက်တစ်လက်က ကြယ်ပျံတစ်စင်းလို။ သူတို့တွေက ထိပ်တိုက်ရင်ဆိုင် လိုက်ကျပါပြီ။
ထန် !
ဓားနှစ်လက်ထိပ်တိုက် တွေ့မိလိုက်လို့ ထွက်လာတဲ့ သတ္တုသံက လူတွေရဲ့ နားထဲကို စူးရှစွာ တိုးဝင်လာပါတယ်။ မြေပြင်ပေါ်မှာရှိနေတဲ့ ဖုန်တွေ၊သဲတွေ၊သစ်ရွက်ခြောက်တွေကလည်း လွင့်ပျံလို့ နေခဲ့ပါပြီ။
တိုက်ခိုက်နေကျတဲ့ လူနှစ်ယောက်ကိုလည်း သေချာကို မမြင်ရတော့ပါဘူး။ တစ်ထောင်းထောင်းထနေတဲ့ ဖုန်မှုန့်တွေကြားမှာတော့ အနီရောင်အလင်းနဲ့ အစိမ်းရောင်အလင်းတန်းတွေ ထွက်နေတဲ့ လူရိပ်နှစ်ရိပ်က သဲသဲမဲမဲ တိုက်ခိုက်နေကျဆဲပါဘဲ။ တစ်ချက်တစ်ချက် ထွက်လာတဲ့ မီးပွင့်လေးတွေကလည်း တရုတ်မီးထွန်းပွဲတော်မှာ ဖောက်လိုက်တဲ့ မီးရှူးမီးပန်းလေးတွေ လိုပါဘဲ။ ကြည့်ရတာတောင် မျက်စိပဒေသ ရှိလှပါတယ်။

YOU ARE READING
အဆုံးမဲ့အာဏာ (လီဖူချန်း)
Actionမူရင်းဘာသာပြန်ဆိုသူ - လေလွင့်လုလင် (အကုန်တတ်သခင်လေး) ZAWGYI / UNICODE