191-200

327 24 0
                                    

အဆုံးမဲ့အာဏာ   အပိုင်း၁၉၁
နယ်မြေစစ်ဆေးရေးမှုး အကြီးအကဲ

နောက်ထပ်၂နာရီလောက် အကြာမှာတော့ အဖွဲ့ခွဲ၅ရဲ့ အဖွဲ့ဝင်တွေကလည်း တိုက်ပွဲဖြစ်နေရာကို ရောက်လာခဲ့ပါတယ်။
အဖွဲ့ခွဲ၂ခုရဲ့ စစ်ကူတွေကြောင့် တိုက်ပွဲက တစ်ဖက်စောင်းနင်း အခြအနေကနေ  အနည်းငယ် ရှူသာကယ်သာ အခြေအနေ တစ်ခုကို ပြောင်းလဲသွားခဲ့ပါပြီ။ယာယီအားဖြင့်ပေါ့။

လီဖူချန်းနဲ့ ရှုဖန်းကတော့ သူတို့အတွက် စံပြ ပုဂ္ဂိုလ်တွေ ဖြစ်လာမှန်းမသိ ဖြစ်လာခဲ့တယ်လေ။ ဒီ လူငယ်လေး နှစ်ယောက်က ရှေ့ဆုံးကနေ မိစ္ဆာလက်ဝါး အစည်းအရုံး အဖွဲ့သားတွေကို ရွပ်ရွပ်ချွံချွံ  တိုက်ခိုက်နေဆဲပါဘဲ။
သူတို့ နှစ်ယောက်က နတ်ဘီလူး စစ်သည်တော်တွေအလား အညှာအတာကင်းမဲ့စွာ သတ်ဖြတ်နေပါတယ်။သူတို့နှစ်ယောက်စလုံးရဲ့ ခန္ဓာကိုယ်ပေါ်မှာ ဒဏ်ရာဒဏ်ချက်တွေက တစ်ခုပြီးတစ်ခု ပိုများလာပေမဲ့လည်း ဒီလူငယ်လေး နှစ်ယောက်က မျက်နှာတစ်ချက်တောင် မတွန့်သွားဘဲ မားမားမတ်မတ် ရှိနေဆဲပါဘဲ။
သူတို့နဲ့ ထိပ်တိုက်တွေ့မိတဲ့ ရန်သူတွေကတော့ သိုးငယ်လေးတွေလို လည်စင်းပေးပြီး အသေခံရုံက လွဲလို့ ဘာမှ မတတ်နိုင်တော့ပါဘူးလေ။
အဖွဲ့ခွဲ၇က သေဆုံးသွားကြတဲ့ အဖွဲ့ဝင်တွေကတော့ ဒီနတ်ဘီလူး စစ်သည်တော်တွေအလား တိုက်ခိုက်နေတဲ့ လူငယ်လေးနှစ်ယောက်အတွက် တမလွန်ဘဝကနေ ဂုဏ်ယူနေကျမှာ အမှန်ပါဘဲ။

" ဒါမှ မိုးပြာရောင် ဂိုဏ်းတော်သားကွ " ဟု  ချီးကျူးနေလေမည်လား ဆိုတာကိုတော့  ဘယ်သူမှ မသိနိုင်တော့ပါဘူးလေ………။

တိုက်ပွဲထဲမှာတော့ လီဖူချန်းနဲ့ ရှုဖန်းထက် အစွမ်းထက်တဲ့သူတွေ အများကြီး ရှိနေပါတယ်။ ဒါပေမဲ့လည်း မည်သူ တစ်ဦးတစ်ယောက်ကမျှ သူတို့နှစ်ယောက်ထက် ပိုပြီး ရဲဝံ့စွာ တိုက်ခိုက်နိုင်တော့မှာ မဟုတ်ပါဘူး။
နှမြောစရာပါဘဲ…….။ လီဖူချန်းနဲ့ ရှုဖန်းရဲ့ ပြောင်မြောက်တဲ့ စွမ်းဆောင်မှုတွေက တိုက်ပွဲအခြေအနေကို ပြောင်းလဲနိုင်လောက်တဲ့ အထိတော့ မလုံလောက်ခဲ့ပါဘူး။ မိစ္ဆာလက်ဝါး အစည်းအရုံးရဲ့ တပ်ဖွဲ့တွေက လှိုင်းလံုံးကြီးတွေလို တစ်လုံးပြီးတစ်လုံး ဆင့်ကဲ တိုက်ခိုက်နေပါတယ်။ သူတို့ရဲ့ အရေအတွက်က အဖွဲ့ခွဲ၅နဲ့ အဖွဲ့ခွဲ၆က စစ်ကူတွေထက်တောင် နှစ်ဆလောက် များနေဆဲပါဘဲ။
အဖွဲ့ခွဲ၅နဲ့ အဖွဲ့ခွဲ၆ကလည်း ဘာမှ မတတ်နိုင်တော့ဘဲ အနောက်ကို ပြန်ဆုတ်ခွာ နေရပါပြီ။
" တစ်ယောက်…… နောက်ထပ်တစ်ယောက်……  လာခဲ့စမ်း။ ငါမသေသေးသရွေ့ကတော့ မင်းတို့ကို ရသလောက် သတ်သွားဦးမယ်။ "
လီဖူချန်းရဲ့ တစ်ကိုယ်လုံးက သွေးတွေနဲ့ စိုရွှဲနေပြီး  တစ်ကယ့် နတ်ဆိုးတစ်ကောင်အလား ဖြစ်နေပါပြီ။  သူ့ရဲ့ မျက်လုံးအစုံကလည်း သွေးတွေကဲ့သို့ ရဲရဲနီနေပြီး သတ်ဖြတ်ခြင်း အငွေ့အသက်တွေကလည်း ပြင်းထန်စူးရှစွာ ထွက်ပေါ်နေတယ်လေ။
သူ့ရဲ့ ဒဏ်ရာတွေကလည်း ၈၀ရာခိုင်နှုန်းလောက်ကို ပြန်ကောင်းစပြုနေပါပြီ။
ဆန်းကြယ်အဆင့်နိမ့် ဆေးလုံးကလည်း သူ့ရဲ့ခန္ဓာကိုယ်ကို ကောင်းသထက်ကောင်းလာအောင် သန့်စင်ပေးနေတယ်လေ။
လီဖူချန်းရဲ့ စိတ်နဲ့ ခန္ဓာက တစ်ထပ်တည်း ကျနေပြီး  လက်ထဲက နက်ရွှေမှော်ဓားက လည်း  ရန်သူ့  လည်ချောင်းသွေးတွေကို  အငမ်းမရ ဆာလောင်နေပါပြီ။

အဆုံးမဲ့အာဏာ (လီဖူချန်း)Where stories live. Discover now