551 - 560

395 29 8
                                    

အဆုံးမဲ့အာဏာ အပိုင်း ၅၅၁ ( စာစဉ် ၄၁ ) 

စိတ်ဝိညာဉ်အား


ချီကလန် ဆိုတာက နန်ရှန်းမြို့ကြီးမှာရှိတဲ့ အဓိက ကလန် လေးခုထဲမှာ တစ်ခု အပါအဝင် ဖြစ်ပြီး သူတို့ရဲ့ ချမ်းသာကြွယ်ဝမှုက အဆင့်နိမ့်ကျောက်တုံး သန်းထောင်ချီ ရှိပါတယ် ။ ဒါပေမဲ့ အဲဒါက ကလန်ရဲ့ ချမ်းသာကြွယ်ဝမှု သက်သက်ပါပဲ ။ ကလန်ရဲ့ ချမ်းသာကြွယ်ဝမှုက ကလန်သား တစ်ယောက်ရဲ့ ချမ်းသာကြွယ်ဝမှုနဲ့ နှိုင်းယှဉ်လို့ မရပါဘူး။အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး သုံးသန်း ဆိုတာက ချီကျွင်းကျွင်းလို ကလန်ရဲ့ အတောက်ပဆုံး မျိုးဆက်တောင်မှ သုံးဖို့ မတတ်နိုင်တဲ့ ပမာဏ ဖြစ်ပါတယ် ။' သည်လူက ချမ်းသာလှချည်လား ''ချီကောင်းရဲ့ မျက်လုံးတွေကလည်း အပြူးသားပါပဲ ။သူ့ရဲ့ လီဖူချန်းအပေါ် ထားရှိတဲ့ အမြင်တွေကတော့ လုံးဝ ဆန့်ကျင်ဘက် ပြောင်းသွားခဲ့ပါပြီ ။မိုးဦးကျ စားသောက်ဆိုင်မှာ တစ်ထိုင်တည်း အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး သုံးသန်းနီးပါး သုံးနိုင်တဲ့ လူက နှယ်နှယ်ရ လူတော့ မဖြစ်နိုင်ပါဘူး ။ လီဖူချန်းရဲ့ ချမ်းသာကြွယ်ဝမှုက အနည်းဆုံး အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး သန်း၁၀၀ ရှိလောက်ပြီး တုကူးရှောင်နွန်ထက်တောင်မှ ချမ်းသာကြွယ်ဝ လောက်ပါတယ် ။' ငါ့အစ်မက သည်လူကို အတော်စိတ်ဝင်စားနေပုံပဲ ။ ကြည့်ရတာ ဒါက ငါ့အတွက် အခွင့်အရေးများလား ' တစ်ယောက်တည်း စဉ်းစားနေရင်းနဲ့ ချီကန်းရဲ့ မျက်လုံးတွေက အရောင်တစ်ချက် တောက်သွားခဲ့ပါပြီ ။ကျောက်တုံး လောင်းကစားရုံ.........သည်လောင်းကစားရုံကတော့ နန်ရှန်းမြို့ရဲ့ အလယ်ဗဟိုပိုင်းမှာ တည်ရှိပြီး အရှေ့ဘက်ပိုင်းနဲ့ သိပ်မဝေးလှပါဘူး ။" သခင်မလေးချီ နဲ့ သခင်လေးချီတို့ပါလား ......။ မင်္ဂလာပါ ......မင်္ဂလာပါဗျာ ။ လာကြပါ ...... သည်ဘက်ကို ကြွပါခင်ဗျ "လီဖူချန်တို့သုံးယောက် ကျောက်တုံး လောင်းကစားရုံရဲ့ အရှေ့ကို ရောက်တာနဲ့ တစ်ပြိုင်နက် ပြန်လည်ဝင်စားခြင်း နယ်ပယ်က ထိပ်သီးအချို့ဟာ အပြေးအလွှား ရောက်လာကြပြီး ချီကျွင်းကျွင်း နဲ့ ချီကောင်းတို့ကို ကြိုဆိုကြပါတယ် ။ချီကျွင်းကျွင်းက လေသံပြတ်ပြတ်ဖြင့် " ငါတို့ကို လေးထပ်မြောက် ပို့ပေး"ကျောက်တုံးလောင်းကစားရုံ ဆိုတာက စုစုပေါင်း အထပ် ဆယ်ထပ်ရှိတဲ့ အဆောက်အဦး တစ်ခုပါပဲ ။ တစ်ထပ်မြောက်ကနေ သုံးထပ်အထိကတော့ အဆင့်နိမ့် အပိုင်းအခြားဖြစ်ပြီး လေးထပ်ကနေ ခြောက်ထပ်အထိကတော့ အလယ်အလတ်အဆင့် အပိုင်းအခြား ဖြစ်ပါတယ် ။ခုနစ်ထပ်မြောက်ကနေ ကိုးထပ်အထိကတော့ အဆင့်မြင့် အပိုင်းအခြားဖြစ်ပြီး ဆယ်ထပ်မြောက်ကိုတော့ ထိပ်သီး ပုဂ္ဂိုလ်တွေကလွဲပြီး တက်ရောက်ခွင့် မရှိပါဘူး ။ ရှင်းရှင်း ပြောရမယ် ဆိုရင်တော့ ကျောက်တုံးလောင်းကစားရုံရဲ့ ဆယ်ထပ်မြောက်က တကယ့်သီးသန့် အပိုင်းအခြား ပါပဲ ။ ဒါကြောင့် ချီကောင်းက လီဖူချန်းကို သီးသန့် အပိုင်းအခြားအကြောင်း မပြောပြခဲ့တာပါ ။လေးထပ်မြောက်ကို ရောက်တဲ့အခါမှာတော့ လီဖူချန်းဟာ အခြေအနေကို အလျင်အမြန် အကဲခတ်လိုက်ပါတယ် ။ ကျောက်တုံးလောင်းကစားရုံက ဆယ်ထပ်ပဲ ရှိတယ် ဆိုပေမယ့်လည်း အထပ်တိုင်းဟာ အချင်းဝက် မီတာတစ်ရာပတ်လည် နီးပါး ရှိပါတယ် ။အဲသည်အတွက် အထပ်တိုင်းဟာ အတော်လေး ကျယ်ပြန့်တယ်လို့ ဆိုရပါမယ် ။ သည်လေးထပ်မြောက်မှာတော့ အရွယ်အစား ပုံသဏ္ဌာန် အမျိုးမျိုးရှိတဲ့ သတ္တုတုံးတွေကို ခင်းကျင်း ပြသထားပါတယ် ။ သည်သတ္တုတုံးတွေထဲက အသေးဆုံးကတော့ လူဦးခေါင်းအရွယ် ရှိပြီး အကြီးဆုံးကတော့ အိမ်တစ်လုံးစာလောက် ရှိပါတယ် ။ သည်သတ္တုတုံးတွေက အရွယ်အစား မတူညီပေမယ့် တူညီတာတစ်ခုကတော့ သူတို့ရဲ့ မျက်နှာပြင်တွေပေါ်မှာ သွေးကြောတွေလို ရှုပ်ယှက်ခတ်နေတဲ့ အင်းကွက်တွေ ရှိနေတာပါပဲ ။လီဖူချန်းတို့ လေးထပ်မြောက်ကို ရောက်သွားတဲ့ အချိန်မှာတော့ တိုက်ပွဲဝိညာဉ်နယ်ပယ် ဆရာသခင် တော်တော်များများဟာ ရှိနှင့်နေကြပါပြီ ။ သူတို့ထဲက တချို့ကတော့ သတ္တုတုံးတွေကို လှည့်ပတ် အကဲခတ်နေကြပြီး တချို့ကတော့ အချင်းချင်း တိုင်ပင်ဆွေးနွေးနေကြပါတယ် ။ သူတို့အားလုံးရဲ့ မျက်နှာပေါ်မှာတော့ စိတ်လှုပ်ရှားမှုတွေနဲ့ မျှော်လင့်မှုတွေက အထင်းသားပါပဲ ။" အဲဒါက ကောင်းကင်ဘုံ သတ္တုတုံး ဆိုတာလား "လီဖူချန်းက အင်းကွက်တွေနဲ့ ပြည့်နေတဲ့ လူတစ်ကိုယ်စာ သတ္တုတုံး တစ်တုံးကိုကြည့်ပြီး စိ်တ်ထဲကနေ ပြောလိုက်မိပါတယ် ။သည်သတ္တုတုံးကြီးရဲ့ အရောင်က အစိမ်းရောင်ဘက်ကို သန်းနေပြီး မျက်နှာပြင်ပေါ်မှာတော့ အင်းကွင်တွေ အထင်းသားပါပဲ ။လီဖူချန်းက သည်အင်းကွက်တွေထဲမှာ နက်နဲတဲ့ ဥပဒေသတွေ ပါဝင်နေတာကို ခံစားမိပေမယ့် အင်းကွက်တွေက တော်တော်လေး ပျက်စီးနေခဲ့ပါပြီ ။ အဲဒါက အပိုင်း တစ်ရာလောက် ကွဲထွက်သွားတဲ့ သိုင်းကျမ်းတစ်ခုလိုပါပဲ ။ သည်ဟာတွေကို လေ့လာနေလို့ကတော့ ဘာမှ ထူးထူးခြားခြား ရစရာ အကြောင်း မရှိပါဘူး ။ချီကျွင်းကျွင်းက လီဖူချန်းဘက်ကို လှည့်ပြီး ရှင်းပြလိုက်ပါတယ် ။"လီသခင်လေး ...... ကောင်းကင်ဘုံ သတ္တုတုံးတွေမှာက လိပ်ပြာ အသိစိတ်အာရုံကို ပိတ်ပင်တဲ့ အစွမ်းရှိတယ် ။ အဲသည်အတွက် ကောင်းကင်ဘုံ သတ္တုတုံးတွေကို လိပ်ပြာအသိစိတ်အာရုံနဲ့ ဖြတ်ပြီး ကြည့်လို့ မရဘူး ။အဲသည်အတွက် တချို့ ကျောက်တုံးလောင်းကစား ဝိဇ္ဇာတွေက သတ္တုတုံးတွေပေါ်မှာရှိတဲ့ အင်းကွက်တွေကို လေ့လာပြီး အထဲမှာ ကောင်းကင်ဘုံကျောက်တုံး ရှိမရှိ ဆိုတာကို ခန့်မှန်းကြတယ် ။ သည်သတ္တုတုံးမှာရှိတဲ့ အင်းကွက်တွေကတော့ တော်တော်လေး ပျက်စီးနေပြီ ။ ကျွန်မရဲ့ အတွေ့အကြုံတွေအရ ဆိုရင်တော့ သည်သတ္တုတုံးထဲမှာ ကောင်းကင်ဘုံကျောက်တုံး မရှိလောက်ဘူး ။ တကယ်လို့ ရှိခဲ့ရင်တောင်မှ အဆင့်မမီတဲ့ ကောင်းကင်ဘုံ ကျောက်တုံးပဲ ။ တန်ဖိုးကလည်း အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး အနည်းငယ်ထက် မပိုဘူး "ချီကျွင်းကျွင်းရဲ့ သုံးသပ်မှုက မှန်ကန်တယ်လို့ ဆ်ိုရပါမယ် ။ သည်ကောင်းကင်ဘုံ သတ္တုတုံးရဲ့ တန်ကြေးက အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၂သိန်း ရှိပါတယ် ။တကယ်လို့ သည်သတ္တုတုံးထဲမှာ အဆင့်မမီတဲ့ ကောင်းကင်ဘုံကျောက်တုံး ပါခဲ့ရင်တောင်မှ အဲဒါက အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး အနည်းငယ်ထက် ပိုရစရာ အကြောင်း မရှိပါဘူး ။ ဒါက လုံးဝမတန်တဲ့ ရင်းနှီးမြုပ်နှံမှုပါပဲ ။" အင်း...... ကျွန်တော် သဘောပေါက်ပြီ "လီဖူချန်းက ခေါင်းညိတ်ပြလိုက်ပါတယ်။" လီသခင်လေး...... ခင်ဗျားက အခုမှ သည်ကို ပထမဦးဆုံးအကြိမ် ရောက်ဖူးတာဆိုတော့ အတွေ့အကြံု ရှိဦးမှာ မဟုတ်ဘူး ။ သည်လိုလုပ်ပါလား ။ ကျုပ်က ခင်ဗျားကို ကောင်းတဲ့ သတ္တုတုံးတစ်တုံး ရွေးပေးမယ် ။ ရလာတဲ့ အကျိုးအမြတ်ကိုတော့ တစ်ယောက်တစ်ဝက် ခွဲယူကြတာပေါ့ "ဘေးမှာ ရှ်ိနေတဲ့ ချီကောင်းကတော့ ကောင်းကင်ဘုံ သတ္တုတုံးတွေက်ုကြည့်ပြီး စိတ်မထိန်းနိုင်တော့တဲ့ ပုံပါပဲ ။ သူက လီဖူချန်းကို ကျောက်တုံး လောင်းကစားလုပ်ဖို့ သွေးဆောင်ပါတော့တယ် ။" သခင်လေးလီ ...... သူ့စကားကို နားမထောင်နဲ့ ။ သူက အဓိပါ္ပယ် မရှိတာတွေ ပြောနေတာ ။ ရှောင်ကောင်း ...... နင်ဘာဖြစ်လို့ အဓိပါ္ပယ် မရှိတာတွေ ပြောနေတာလဲ "ချီကျွင်းကျွင်းက ချီကောင်းကို လှမ်းဟန့်လိုက်ပါတယ် ။ချီကောင်းကတော့ ချီကျွင်းကျွင်းကို လုံးဝ ဂရုမစိုက်ပါဘူး ။ သူက လီဖူချန်းကို သွေးဆောင်ဖို့ပဲ အာရုံစိုက်နေပါတော့တယ် ။" သခင်လေးလီ ...... ကျုပ်စကားကို နားထောင်တာ မမှားဘူးနော် ။ ကျုပ်ဆိုတဲ့ ချီကောင်းက သည်ကျောက်တုံးလောင်းကစားရုံမှာ နည်းနည်း နာမည်ရှိတယ် ။ တစ်ခါတုန်းကဆိုရင် ကျုပ်က အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်သိန်းသုံးပြီး အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ခုနစ်ရာတန်တဲ့ ကောင်းကင်ဘုံ ကျောက်တုံးတစ်တုံးတောင် ရခဲ့ဖူးတယ် "" ပြီးတော့ ဘာဆက်ဖြစ်သေးလဲ ။ နင်အဲသည် ဝိညာဉ်ကျောက်တုံးတွေ အကုန်လုံး ရှုံးသွားပြီး အောက်ခံဘောင်းဘီတောင် မဝတ်နိုင်တော့တဲ့အထိ မွဲသွားတာ မဟုတ်ဘူးလား "ချီကျွင်းကျွင်းကတော့ သူမရဲ့ မောင်ဖြစ်သူ ချီကောင်းကို အတော်လေး စိတ်တိုနေခဲ့ပါပြီ ။" အဲဒါက ကျွန်တော့်ရဲ့ တွက်ချက်မှု နည်းနည်း လွဲသွားလို့ပါဗျာ ။ အစ်မက ဘယ်လိုဖြစ်နေတာလဲ ။ သူစိမ်းတစ်ယောက် အရှေ့မှာ မောင်ဖြစ်သူ မကောင်းကြောင်း ပြောနေတာလား "ချီကောင်းကလည်း ဒေါသ ထွက်နေတာပါပဲ ။ သူ့ရဲ့ အစ်မဖြစ်သူက သူ့ရဲ့ အစီအစဉ်ကို ဖျက်လိုဖျက်ဆီး လုပ်နေတာ မဟုတ်ပါလား ။" တော်တော့ ။ရော့......သည်မှာ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၅သိန်း ။ဒါယူပြီး နင့်ဟာနင် လျှောက်သွားကြည့်နေလိုက်တော့ ။ ငါတို့ကို လာမရှုပ်နဲ့ "ချီကျွင်းကျွင်းက ချီကောင်းရဲ့ အပြုအမူတွေကို လုံးဝ ဆက်ပြီး သည်းမခံနိုင်တော့ပါဘူး ။ အဲသည်အတွက် သူမက ချီကောင်းကို သိုလှောင်အိတ်တစ်အိတ် ပစ်ပေးလိုက်ပါတော့တယ် ။" အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး ၅သိန်းလား ။ မဆိုးပါဘူး ။ ဟမ့်......အစ်မ စောင့်ကြည့်နေလိုက် ။ ကျွန်တော် သည်တစ်ခါ အရင်က ရှုံးထားသမျှအပြင် အမြတ်ပါရအောင် လုပ်ပြမယ် "အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၅သိန်း ရပြီးတဲ့ အခါမှာတော့ ချီကောင်းဟာ နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး လီဖူချန်းတို့ ဆီကနေ ထွက်သွားခဲ့ပါပြီ ။" သခင်လေးလီ ...... ကျွန်မရဲ့ မောင်က အမြဲတမ်း အဲသည်လို ဆောင့်ကြွားကြွား နေတတ်ပါတယ် ။ ကျေးဇူးပြုပြီး သူ့ရဲ့ အပြုအမူတွေအတွက် စိတ်မရှိပါနဲ့ "ချီကျွင်းကျွင်းက လီဖူချန်းကို လေသံတိုးတိုးနဲ့ တောင်းပန်စကား ဆိုလိုက်ပါတယ် ။လီဖူချန်းက လက်ကာပြလိုက်ပြီး " ဟား......ဟား...... ရပါတယ်ဗျာ ။ ဒါက လူငယ်တွေရဲ့ သဘာဝပါပဲ ။ ရှောင်ကောင်းက အရမ်း ငယ်သေးတော့ သူ့ရဲ့ အပြုအမူတွေကို နားလည်ပေးနိုင်ပါတယ် "လီဖူချန်းရဲ့ စကားကြောင့် ချီကျွင်းကျွင်းဟာ တစ်ချက် ကြောင်သွားတယ်လို့ ဆိုရပါမယ် ။ သူမက စိတ်ထဲကနေ "အရမ်း ငယ်သေးတယ် ......ဟုတ်လား ။ သူ့ရဲ့ ပုံက ရှောင်ကောင်းထက် အသက်ကြီးတဲ့ပုံတောင် မရှိဘူး ။ ဒါကို သူက ရှောင်ကောင်းကို အရမ်းငယ်သေးတယ်လို့ ပြောနေသေးတာလား " လို့တောင် တွးလိုက်မိပါသေးတယ် ။" သခင်မလေးချီ ...... ကျွန်တော် သည်နားမှာ နည်းနည်းပါးပါး လျှောက်ပတ်ကြည့်လိုက်ဦးမယ် ။ ကျေးဇူးပြုပြီး ခွင့်ပြုပါဦး "လီဖူချန်းက သူ့နောက်ကို တစ်ယောက်ယောက် လိုက်နေတာကို မကြိုက်ပါဘူး ။ အဲသည်အတွက် သူက ချီကျွင်းကျွင်းကို ယဉ်ယဉ်ကျေးကျေးနဲ့ ခွင့်တောင်းလိုက်ပါတယ် ။" ရပါတယ်...... သခင်လေးလီ ။ သွားကြည့်ပါရှင် ။ ကျွန်မလည်း နည်းနည်းပါးပါး ကံစမ်းဖို့ စဉ်းစားထားတာနဲ့ အတော်ပါပဲ "သည်ကျောက်တုံးလောင်းကစားရုံကို ရောက်လာပြီးမှတော့ ချီကျွင်းကျွင်းဟာ သည်အတိုင်း နည်းနည်းပါးပါး ကံမစမ်းဘဲ ပြန်ဖို့ စိတ်ကူး မရှိပါဘူး ။ အဲသည်အတွက် သူမက လီဖူချန်းကို လမ်းခွဲသွားပါတော့တယ် ။" သည်လိုလုပ်ပါလား ...... သခင်လေးလီ ။ သခင်လေးက သည်နားမှာပဲ လျှောက်ပတ်ကြည့်နေလိုက်လေ ။ ကျွန်မက ဟိုဘက်ခြမ်းကို သွားလိုက်မယ် "" ဟုတ်ကဲ့ပါဗျာ "ချီကျွင်းကျွင်း ထွက်ခွာသွားပြီးတဲ့ နောက်မှာတော့ လီဖူချန်းဟာ သူ့ရဲ့ လိပ်ပြာအသိစိတ်အာရုံကို ထုတ်လိုက်ပြီး သူ့ရှေ့မှာ ရှိနေတဲ့ လူတစ်ကိုယ်စာ ကောင်းကင်ဘုံ သတ္တုတုံးကို ဆန်းစစ်လိုက်ပါတယ် ။လီဖူချန်းရဲ့ လိပ်ပြာ အသိစိတ်အာရုံဟာ အနိမ့်ဆုံးအနေနဲ့ လက်ရွေးစင် မူလပင်လယ်နယ်ပယ် ဘုရင်တစ်ပါးကို ယှဉ်လို့ ရနေပါပြီ ။ လူတွေက သည်ကောင်းကင်ဘုံ သတ္တုတုံးတွေကို ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ်က ဧကရာဇ်တွေတောင်မှ ကြည့်မြင်နိုင်ဖို့ ပြောကြပေမယ့်လည်း လီဖူချန်းက မယုံပါဘူး ။ အဲသည်အတွက် သူက လက်တွေ့စမ်းသပ်ချင်ပါသေးတယ် ။ ဒါကြောင့် သူက သူ့ရဲ့ လိပ်ပြာအသိစိတ်အာရုံကို ထုတ်လိုက်တာပါ ။' လူတွေပြောတဲ့ အတိုင်းပဲ 'လက်တွေ့စမ်းသပ်ပြီးတဲ့နောက်မှာတော့ ကောင်းကင်ဘုံသတ္တုတုံးထဲမှာ ဘာရှိသလဲ ဆိုတာကို ဥပဒေသ ပြောင်းလဲခြင်း ဧကရာဇ်တွေတောင်မှ ကြည့်မြင်ရ ခက်ခဲနေရတဲ့ အကြောင်းအရင်းကို လီဖူချန်းတစ်ယောက် ကောင်းကောင်းကြီး နားလည် သဘောပေါက်သွားခဲ့ပါပြီ ။လီဖူချန်းရဲ့ လိပ်ပြာအသိစိတ်အာရုံနဲ့ဆိုရင် သူက ကောင်းကင်ဘုံသတ္တုတုံးထဲကို တစ်စင်တီမီတာလောက်သာ ကြည့်မြင်နိုင်ပါတယ် ။သည်တစ်မီတာလောက် ထူတဲ့ ကောင်းကင်ဘုံ သတ္တုတုံးထဲကို တစ်စင်တီမီတာလောက် ကြည့်မြင်နိုင်တာက ဘာမှ အလုပ်မဖြစ်ပါဘူး ။" အင်း...... ငါ့ရဲ့ စိတ်ဝိညာဉ် စွမ်းအားကို ထုတ်သုံးပြီး စမ်းကြည့်ရက်ကော ရမလား မသိဘူး "လီဖူချန်းရဲ့ စိတ်ဝိညာဉ် ခရမ်းနုရောင် အဖြစ် ပြောင်းသွားပြီးကတည်းက လီဖူချန်းဟာ အစွမ်းတစ်ခု ထပ်ရခဲ့ပါတယ် ။အဲဒါကတော့ လီဖူချန်းအနေနဲ့ စိ်တ်ဝိညာဉ်စွမ်းအားကို ထုတ်လွှတ်လိုက်ရင် သူ့ရဲ့ တစ်ဆယ်မီတာ ပတ်လည်မှာရှိတဲ့ အရာမှန်သမျှကို အသေးစိတ် ကြည့်မြင်နိုင်တာပါပဲ ။အဲဒါက လိပ်ပြာအသိစိတ်အာရုံနဲ့ ကြည့်တာထက် ဆယ်ဆ ပိုကြည်လင် ပြတ်သားပါတယ် ။လီဖူချန်းအနေနဲ့ ကံကောင်းတယ်လို့ပဲ ဆိုရပါမယ် ။ သူ့ရဲ့ လိပ်ပြာ အသိစိတ်အာရုံက ကောင်းကင်ဘုံ သတ္တုတုံးရဲ့ တားဆီးပိတ်ပင်မှု ဥပဒေသ စွမ်းအားကို မကျော်ဖြတ်နိုင်ခဲ့ပေမယ့်လည်း သူ့ရဲ့ စိတ်ဝိညာဉ်စွမ်းအားကတော့ အလွယ်တကူပဲ ကျော်ဖြတ်နိုင်ခဲ့ပါတယ် ။ရွှစ်......လီဖူချန်း တစ်ယောက်သာ မြင်နိုင်တဲ့ ခရမ်းနုရောင် စိတ်ဝိညာဉ်စွမ်းအားဟာ ကောင်းကင်ဘုံ သတ္တုတုံးထဲကို တိုးဝင်သွားခဲ့ပါပြီ ။အဲသည်နောက်မှာတော့ လီဖူချန်းဟာ ကောင်းကင်ဘုံ သတ္တုတုံးထဲမှာ ဘာရှိနေသလဲ ဆိုတာကို ကြည့်မြင်နိုင်စွမ်း ရှိလာပါတော့တယ် ။ လက်ရှိ လီဖူချန်းရဲ့ အမြင်မှာတော့ ကောင်းကင်ဘုံ သတ္တုတုံးဟာ ထုတ်ချင်းပေါက်မြင်နေရတဲ့ ဖန်သား တစ်ခုလိုပါပဲ ။ သူ့ရဲ့ အကြည့်အောက်မှာတော့ ကောင်းကင်ဘုံ သတ္တုတုံး ဘာလျှို့ဝှက်ချက်ကိုမှ မဖုံးကွယ်ထားနိုင်တော့ပါဘူး ။လီဖူချန်းကြည့်နေတဲ့ ကောင်းကင်ဘုံ သတ္တုတုံးရဲ့ အလယ်ဗဟို တည့်တည့်မှာတော့ စိမ်းပြာရောင် ကျောက်သလင်းတုံးတစ်ခု ရှိနေပါတယ် ။ အဲသည် ကျောက်သလင်းတုံးရဲ့ အရွယ်အစားကတော့ ကြက်ဥတစ်လုံုး သာသာပါပဲ ။ ' အဲဒါက ကောင်းကင်ဘုံ ကျောက်တုံး ဆိုတာပဲ ဖြစ်ရမယ် 'တကယ်လို့ လီဖူချန်းက အရူးတစ်ယောက် ဖြစ်နေရင်တောင်မှ အဲဒါဟာ ကောင်းကင်ဘုံကျောက်တုံး ဖြစ်တယ်ဆိုတာကို သိနိုင်ပါသေးတယ် ။ ဒါပေမဲ့ သူက အဲသည် ကောင်းကင်ဘုံကျောက်တုံးဟာ ဘယ်အတန်းအစားထဲကလဲ ဆိုတာကိုပဲ မသိနိုင်တာပါ ။" သည်ကောင်းကင်ဘုံ သတ္တုတုံးက ဘယ်လောက်လဲဟေ့ "လီဖူချန်းက အနီးနားမှာ ရှိနေတဲ့ အရောင်းစာရေးတစ်ယောက်ကို လှမ်းပြီး မေးလိုက်ပါတယ် ။" သည်ကောင်းကင်ဘုံ သတ္တုတုံးရဲ့ တန်ဖိုးက အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး နှစ်သိန်းနှစ်သောင်းပါ ...... သခင်လေး ။ ဒါပေမဲ့ သခင်လေး ယူမယ်ဆိုရင်တော့ ကျွန်တော်က နှစ်သောင်း လျော့ပေးလိုက်ပါမယ် ။ သခင်လေးအနေနဲ့ ကျွန်တော့်ကို အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး နှစ်သိန်းပေးရင် ရပါပြီ "အရောင်းစာရေးကလည်း ဘယ်အချိန်ကတည်းကနေပြီး သည်ကောင်းကင်ဘုံ သတ္တုတုံးကို ရောင်းချင်နေတယ် မသိပါဘူး ။ သူက လီဖူချန်းကို အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး နှစ်သောင်းတောင် လျော့ပေးလိုက်ပါသေးတယ် ။" ဟုတ်ပြီ ...... ငါသည်ဟာကို ယူမယ် ။ ရော့ ......"လီဖူချန်းက အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး နှစ်သိန်းကို ခပ်မြန်မြန်ပဲ ပေးချေလိုက်ပါတယ် ။အဲသည်နောက်မှာတော့ လီဖူချန်းဟာ သူဝယ်ထားတဲ့ ကောင်းကင်ဘုံ သတ္တုတုံးကို သိမ်းဆည်းပြီး နောက်ထပ် ကောင်းကင်ဘုံးသတ္တုတုံး တစ်တုံး ရှိရာဆီကို ထွက်သွားခဲ့ပါပြီ ။သူ့ရဲ့ စိတ်ဝိညာဉ် စွမ်းအားကြောင့် လီဖူချန်းဟာ ကောင်းကင်ဘုံ ကျောက်တုံးတွေ ရှိနေတဲ့ သတ္တုတုံးတွေကို အလွယ်တကူပဲ ကြည့်မြင်နိုင်တော့မှာ ဖြစ်ပါတယ် ။ အဲသည်အတွက် ကျောက်တုံးလောင်းကစား လုပ်တဲ့နေရာမှာတော့ ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ်က ဧကရာဇ်တွေတောင်မှ သူ့ကို ယှဉ်နိုင်မှာ မဟုတ်ပါဘူး ။ကျောက်တုံးလောင်းကစားရုံရဲ့ လေးထပ်မြောက်မှာတော့ ကောင်းကင်ဘုံ သတ္တုတုံးတွေ တော်တော်များများ ရှိနေပါတယ် ။ ခဏအကြာမှာတော့ လီဖူချန်းဟာ နောက်ထပ် ကောင်းကင်ဘုံ သတ္တုတုံး တစ်တုံးဆီကို ရောက်ရှိလာခဲ့ပါပြီ ။သည်ကောင်းကင်ဘုံ သတ္တုတုံးကတော့ မီတာဝက်လောက်ပဲ ရှိပြီး အင်းကွက်တွေကတော့ အတော်လေး ပြည့်ပြည့်စုံစုံ ရှိနေပါသေးတယ် ။ သည်သတ္တုတုံးကနေ ဖြာထွက်နေတဲ့ ဥပဒေသ စွမ်းအားကလည်း လီဖူချန်း အစောပိုင်းက ဝယ်ခဲ့တဲ့ ကောင်းကင်ဘုံ သတ္တုတုံးထက် ပိုသိပ်သည်းတယ်လို့ ဆိုရပါမယ် ။ သည်တစ်ကြိမ်မှာတော့ လီဖူချန်းရဲ့ လိပ်ပြာ အသိစိတ်အာရုံက သတ္တုတုံးထဲကို တစ်စင်တီမီတာတောင် ဖောက်မဝင်နိုင်ပါဘူး ။တကယ်လို့ လီဖူချန်းဆီမှာသာ ထွင်းဖောက်ကြည့်မြင်နိုင်တဲ့ စိတ်ဝိညာဉ်စွမ်းအားသာ မရှိခဲ့ရင် သူဟာ သည်သတ္တုတုံးကို သေချာပေါက် ဝယ်မိမှာပါပဲ ။ဒါပေမဲ့ အခုတော့ လီဖူချန်းဆီမှာ ကောင်းကင်ဘုံ သတ္တုတုံးတွေကို ထွင်းဖောက် ကြည့်မြင်နိုင်တဲ့ စိတ်ဝိညာဉ် စွမ်းအား ရှိနေခဲ့ပါတယ် ။သူ့ရဲ့ စိတ်ဝိညာဉ်စွမ်းအားနဲ့ ထိုးဖောက် ကြည့်ပြီးတဲ့ အခါမှာတော့ လီဖူချန်းဟာ ခေါင်းတခါခါ ဖြစ်သွားခဲ့ရပါပြီ ။ ဒါက အမှိုက်သာသာ သတ္တုတုံးပါပဲ ။ သည်ထဲမှာက ကောင်းကင်ဘုံ ကျောက်တုံးရဲ့ အစအနတောင် မရှိပါဘူး ။' ကြည့်ရတာ ကောင်းကင်ဘုံ သတ္တုတုံးတွေက ဥပဒေသ စွမ်းအားအပေါ်မူတည်ပြီး ခန့်မှန်းလို့ မရဘူးပဲ ။ ဥပဒေသ စွမ်းအား သိပ်သည်းတိုင်းလည်း အထဲမှာ ကောင်းကင်ဘုံ ကျောက်တုံး ရှိမနေပါလား 'စိတ်ထဲကနေ တွေးလိုက်ပြီးတဲ့ နောက်မှာတော့ လီဖူချန်းဟာ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၃သိန်းတန်တဲ့ ကောင်းကင်ဘုံ သတ္တုတုံးကို လက်လျော့ကာ နောက်ထပ် တစ်နေရာဆီ ထွက်သွားပါတော့တယ် ။

အဆုံးမဲ့အာဏာ (လီဖူချန်း)Where stories live. Discover now