471-480

279 34 0
                                    

အဆုံးမဲ့အာဏာ အပိုင်း ၄၇၁
အဆင့်သတ်မှတ်ချက်

" ကြေးမုံတာအို တန်ပြန်ခြင်းလား "
လီဖူချန်းက တွေးလိုက်မိပါတယ် ။
ကြေးမုံတွေ ဆိုတာက အလင်းပြန်နိုင်တာတော့ အမှန်ပါပဲ ။ ဒါပေမဲ့  အရာရာကိုတော့ တန်ပြန်နိုင်တာ မဟုတ်ပါဘူး ။
သာမန်ကြေးမုံတွေ နဲ့ ယှဉ်မယ်ဆိုရင်တော့ ပိုင်လိရှန်ရဲ့ ရေခဲကြေးမုံက ပိုဆန်းကြယ်နက်နဲပါတယ် ။ အဲဒါက တန်ပြန်တာထက် စာရင် စွမ်းအင်တွေကို စုပ်ယူပြီး ပြန်ပစ်လွှတ်လိုက်တာဆိုရင် ပိုမှန်ပါလိမ့်မယ် ။
အဲဒါက ဘာသီအိုရီ အယူအဆလို့ ပြောရမလဲ ဆိုတာကိုတော့ လီဖူချန်းကိုယ်တိုင်လည်း မသိပါဘူး ။

" တကယ်လို့ ကြေးမုံတာအိုကို ဖျက်ဆီးလို့ မရဘူးဆိုရင် အဲဒါကို အထောက်အအပံ့ ပေးထားတဲ့ ရေခဲတာအိုကို ဖျက်ဆီးမယ်ကွာ "

လီဖူချန်းက အသက်ကို ခပ်ပြင်းပြင်း  ရှူလိုက်ပြီး သူ့ရဲ့ မီးလျှံစွမ်းအားတွေကို ထုတ်လွှတ်လိုက်ပါတယ် ။
ဟူး……
ထွက်ပေါ်လာတဲ့ မီးလုံးတွေက သူ့ကို လွှမ်းခြုံသွားပြီးတဲ့ နောက်မှာတော့ လီဖူချန်းဟာ မီးလုံးကြီးတစ်ခု အသွင်ကို ပြောင်းလဲသွားခဲ့ပါပြီ ။ မီးလုံးကြီးရဲ့ အပြင်ဘက် မျက်နှာပြင်မှာတော့ တွန့်လိမ်ရှုပ်ထွေးနေတဲ့ မီးလျှံအင်းကွက်တွေ ရှိနေပါတယ် ။ ရုတ်တရက် ကြည့်လိုက်မယ် ဆိုရင်တော့ အဲဒါတွေက အသက်ရှိနေသလိုပါပဲ ။
ဘန်း……ဘန်း……ဘန်း……
မီးလုံးကြီးရဲ့ အပူရှိန် အောက်မှာတော့ ရေခဲကြေးမုံဟာ အရည်ပျော်ကျတော့မယ့် အရိပ်အယောင်တွေ ပြလာခဲ့ပါတယ် ။

" အားကောင်းလိုက်တဲ့ မီးလျှံတာအို "
ပိုင်လိရှန်ရဲ့ မျက်နှာက လေးနက်တည်ကြည် သွားခဲ့ပါပြီ ။
သွေးကြောတွေကို ပိုဖွင့်ထားနိုင်လေလေ စွမ်းအားတွေက ပ်ိုပြင်းထန်လာလေလေတဲ့ ။
သည်စကားက လီဖူချန်းနဲ့တော့ မသက်ဆိုင်ပုံပါပဲ ။ လီဖူချန်းရဲ့ မီးလျှံစွမ်းအားက သူ့ရဲ့ ဆီးနှင်းရေခဲ စွမ်းအားထက်တောင်မှ အားကောင်းနေပါသေးတယ် ။လီဖူချန်းက အရိုးတည်ဆောက်ပုံ အင်းကွက်ကို  နက်နက်နဲနဲ နားလည်ထားတယ်ဆိုတာ ယုံမှားသံသယ ဝင်စရာ မလိုတော့ပါဘူး ။

အဆုံးမဲ့အာဏာ (လီဖူချန်း)Where stories live. Discover now