81-90

253 30 1
                                    

အဆုံးမဲ့အာဏာ အပိုင်း၈၁
စိတ်တန်ခိုးဖွဲ့စည်းခြင်း

" အခုဆိုရင်  နာမည်ကျော်အပြင်စည်းတပည့်တွေထဲမှာဆိုရင် လီဖူချန်းတစ်ယောက်ဘဲ နောက်တစ်ဆင့်တက်လှမ်းနိုင်ဖို့လိုတော့တယ်။
သူစိတ်တန်ခိုးဖွဲ့စည်းခြင်းနယ်ပယ်ကို တက်လှမ်းဖို့အတွက် အချိန်ဘယ်လောက်ယူရမလည်းဆိုတာ ငါသိချင်နေမိတယ်။"
" သူက အသက်၁၆ နှစ်မှာ မချိုးဖောက်နိုင်မှတော့
၁၇ ဒါမှမဟုတ် ၁၈မှဘဲ ချိုးဖောက်နိုင်တော့မယ်ထင်တယ်။"

" ငါထင်တာတော့ ၁၇ ဒါမှမဟုတ် ၁၈ရောက်တဲ့အထိတောင် ဖြစ်နိုင်မယ်မထင်ဘူး။
ဒီပထမ အတားအဆီးက ကြယ်သုံးပွင့်အရိုးတည်ဆောက်ပုံနဲ့သူတွေတောင် မနည်းချိုးဖောက်ရတာလေ။
သာမန်အရိုးတည်ဆောက်ပုံနဲ့လူကဆိုရင်တော့ စဉ်းစားစရာဘဲ။"
" အစ်ကိုကြီးယုဝူရှန်းနဲ့ယှဉ်ရင်တော့ လီဖူချန်းဆိုတာ ကြယ်ကျွေတစ်လုံးလိုပါဘဲကွာ။
မင်းကြားပြီးပြီလား………
အစ်ကိုကြီးယုဝူရှန်းက စိတ်တန်ခိုးဖွဲ့စည်းခြင်းနယ်ပယ်ရဲ့အဆင့်၂ ကိုတောင် ရောက်သွားပြီတဲ့။"

" ငါကြားပြီးပြီ။
အိုင်း…ယား…………
ငါးလအတွင်းမှာဘဲ စိတ်တန်ခိုးဖွဲ့စည်းခြင်းအဆင့်၂ကို ရောက်သွားတယ်တဲ့။
ဒီလိုပါရမီရှင်ကတော့ လူအယောက်၁၀၀၀ မှာမှ ၁ယောက်ပေါ်ထွန်းလာတဲ့ သူဘဲ။
အချိန်တွေကြာမြင့်လာတာနဲ့အမျှ လူတွေကလည်း လီဖူချန်းကိုမေ့လျော့စပြုလာပါပြီ။

အထူးသဖြင့် ယုဝူရှန်းရဲ့ စိတ်တန်ခိုးဖွဲ့စည်းခြင်းနယ်ပယ်အဆင့်၂ကို ရောက်သွားတဲ့သတင်းထွက်ပေါ်လာပြီးနောက်မှာပေါ့လေ။
သူတို့စိတ်ထဲမှာ ယုဝူရှန်းနဲ့ လီဖူချန်းဆိုတာက နှိုင်းယှဉ်လို့မရတဲ့သူတွေလို့ သတ်မှတ်လိုက်ကျပါပြီ။
လီဖူချန်းရဲ့ သိုင်းပညာအပေါ်နားလည်သဘောပေါက်မှုက ယုဝူရှန်းထက်သာရင်သာမယ်။
ကျင့်ကြံမှုအပိုင်းမှာတော့ ယုဝူရှန်းကိုမှီနိုင်ဖို့အကြောင်းမရှိပါဘူး။

လီဖူချန်းတစ်ယောက် စိတ်တန်ခိုးဖွဲ့စည်းခြင်းနယ်ပယ်ကိုချိုးဖောက်နိုင်တဲ့အခါဆိုရင် ယုဝူရှန်းက စိတ်တန်ခိုးဖွဲ့စည်းခြင်းနယ်ပယ်အဆင့်၅ကို ရောက်နေတာလည်း ဖြစ်ကောင်းဖြစ်နေနိုင်တယ်လေ။
အဆင့်၁ နဲ့ အဆင့်၅ကို ဘယ်လိုယှဉ်စရာအကြောင်းရှိမှာလည်း။

အဆုံးမဲ့အာဏာ (လီဖူချန်း)Where stories live. Discover now