အဆုံးမဲ့အာဏာ အပိုင်း ၁၈၁
ဓားဆန္ဒ ၁၀မျိုးဆန်းကြယ်အဆင့်နိမ့် ဓားသိုင်းတွေကို လေ့ကျင့်တုန်းကတော့ ရက်အည်းငယ်လောက် လေ့ကျင့်လိုက်တာနဲ့ လီဖူချန်းက ဓားဆန္ဒကို နားလည် အသုံးပြု နိုင်ခဲ့ပါတယ်။
ဒါပေမဲ့ ဆန်းကြယ်အလယ်အလတ် ဓားသိုင်းကို လေ့ကျင့်တဲ့ အခါမှာတော့ ရလဒ်က ခြားနားသွားခဲ့ပါပြီ။
လီဖူချန်းက ၁၀ရက်လုံးလုံး လေ့ကျင့်ခဲ့တာတောင်မှ တတ်သိနားလည်ခြင်း အဆင့်ကိုဘဲ ရောက်ခဲ့ပါတယ်။
လီဖူချန်းက ဘယ်နေရာတွေမှာ မှားယွင်းနေလည်းဆိုတာ ပြန်လည် ဆန်းစစ်ဖို့ အတွက် လေ့ကျင့်တာကို ခန နားလိုက်ပါတယ်။
" ပြသနာက ငါ့ရဲ့ ထိုးထွင်းနိုင်မှုနဲ့တော့ မဆိုင်ဘူး။ ကြည့်ရတာ ငါ့ရဲ့ ကျင့်ကြံခြင်းနယ်ပယ် အဆင့်နိမ့်နေလို့ဘဲ ဖြစ်ရမယ်။"
တစ်နေကုန် ခေါင်းပူအောင် စဉ်းစားပြီးတဲ့ နောက်မှာတော့ လီဖူချန်းက ဖြစ်နိုင်ချေ တစ်ခုကို စဉ်းစားမိခဲ့တယ်လေ။
သိုင်းပညာရပ်က အဆင့်မြင့်လာတာနဲ့အမျှ လိုအပ်တဲ့ တောင်းဆိုမှုတွေကလည်း များပြားလာမှာပါဘဲ။
ဥပမာ- ခွက်အလွတ် တစ်ခုလိုပေါ့။ ခွက်ထဲကို ရေအပြည့် ဖြည့်ပြီးသွားမယ်ဆိုရင် အဲသည်ခွက်က ဘာမှ ထပ်ထည့်လို့ မရတော့ဘူးလေ။ ခွက်အသစ်တစ်ခု ထပ်ယူမှဘဲ အဆင်ပြေမှာပါ။
အခု လီဖူချန်း ဖြစ်နေတဲ့ ပြသနာက မနိုင်ဝန်ထမ်းနေရသလိုကို ဖြစ်နေတာလေ။သာမန်လူတွေမှာတော့ ဒီလိုကိစ္စတွေက သိပ်ဖြစ်လေ့ မရှိပါဘူး။ လီဖူချန်းကတော့ ဆင့်ကဲပြောင်းလဲနေတဲ့ စိတ်ဝိညာဉ်ကြောင့် ဒီအဖြစ်မျိုး ကြံုံနေရဟန် တူပါတယ်။ထိုးထွင်းသိမြင်မှုနဲ့ ကျင့်ကြံခြင်းနယ်ပယ်ဆိုတာ သိပ်ပြီးကွာဟနေလို့ မရပါဘူး။
သာမန်လူတွေမှာတော့ ကျင့်ကြံခြင်းနယ်ပယ်က မြင့်လာတာနဲ့အမျှ ထိုးထွင်းသိမြင်မှုတွေကလည်း လိုက်ပြီး ကောင်းမွန်လာကြတာလေ။
လီဖူချန်းကတော့ အဲလိုမဟုတ်ပါဘူး။
လီဖူချန်းရဲ့ ထိုးထွင်းသိမြင်မှုက မတရားကို ချွန်ထွက်နေတဲ့အတွက် ကျင့်ကြံခြင်းနယ်ပယ်က လိုက်မမှီ ဖြစ်နေရတာပါ။နောက်ထပ် နှစ်ပတ် အကြာမှာတော့ လီဖူချန်းက ပြောင်းလဲခြင်းကိုးကွက် ဓားသိုင်းနဲ့ မျောလွင့်ဓားသိုင်းကို တတ်သိနားလည်ခြင်း အဆင့်အထိ လေ့ကျင့်နိုင်ခဲ့ပါပြီ။
လီဖူချန်းက မီးတောက်ကြယ်ဓားဆန္ဒကို မလိုချင်တော့လို့ မလေ့ကျင့်တော့တာ မဟုတ်ပါဘူး။ သူ့ရဲ့ ကျင့်ကြံခြင်းနယ်ပယ်နဲ့ မဖြစ်နိုင်သေးတာကို သိလိုက်တဲ့အတွက် အခြား ဓားသိုင်းတွေကို အချိန်ပေးလိုက်တာပါ။
သူ့ကိုယ်သူ ဖိအားပေးပြီး လေ့ကျင့်လိုက်ရင် ဖြစ်နိုင်ဖို့ အခွင့်အလမ်း ရှိနေပေမယ့်လည်း လီဖူချန်းက အချိန်ကုန်လူပန်း တဲ့ အလုပ်မျိုးကို မလုပ်ချင်သေးပါဘူး။
သူ့မှာ အခြားလုပ်စရာတွေ အများကြီး ရှိနေပါသေးတယ်။
YOU ARE READING
အဆုံးမဲ့အာဏာ (လီဖူချန်း)
Actionမူရင်းဘာသာပြန်ဆိုသူ - လေလွင့်လုလင် (အကုန်တတ်သခင်လေး) ZAWGYI / UNICODE