361-370

197 27 0
                                    

အဆုံးမဲ့အာဏာ အပိုင်း ၃၆၁
တည်နေရာ ရွှေ့ပြောင်းခြင်း

ဒါတောင်မှ လီဖူချန်းက သူ့ရဲ့ လက်သီးအားကို အတော်လေး လျော့ထားသေးတာပါ ။ သူသာ အားကုန် ထိုးလိုက်လို့ကတော့ ယုလီတစ်ယောက် သေကောင်ပေါင်းလဲတောင် ဖြစ်သွားနိုင်ပါသေးတယ် ။

ဝှစ်……
ထို့နောက်မှာတော့ လီဖူချန်းဟာ ယုလီကို ကျော်ဖြတ်သွားခဲ့ပါပြီ ။

ယုလီက  လီဖူချန်းရဲ့ နောက်ကျောကို မျက်လုံး အပြူးသားနဲ့ ကြည့်ရင်း ကျန်နေခဲ့ပါတယ်  ။ အစောပိုင်းတုန်းက ယုလီဟာ မရဏပြည်ရဲ့ အငွေ့အသက်တွေကိုတောင် ရလိုက်တာ မဟုတ်ပါလား ။

ဟူး……ဟူး……
ခေါ့ယွင်နဲ့  သွေးနတ်ဆိုး ဘုရင်ကလည်း လွယ်လွယ်နဲ့ အလျော့ပေးမယ့်ပုံ မရှိပါဘူး ။သူတို့နှစ်ယောက်က လီဖူချန်းနောက်ကို အသည်းအသန် လိုက်နေဆဲပါပဲ ။

" သည်နန်းတော်က တကယ် အန္တရာယ် များတာပဲ ။ ငါ သည်နန်းတော်ထဲက အရင်ထွက်မှ ဖြစ်တော့မယ် "

ယုလီကတော့ အတော်လေး စိတ်ဓာတ်ကျနေပြီ ဖြစ်တဲ့အတွက် နန်းတော်ထဲကနေ ထွက်ခွာဖို့ကို စဉ်းစားနေပါပြီ ။
သူ့ဘက်က ကြည့်ရင်တော့လည်း  သူ့ရဲ့ဆုံးဖြတ်ချက်က မှန်ပါတယ်။
ယုလီက အပြင်ဘက်လောကမှာ ဆိုရင်  အရှေ့ယူနီကွန်း တိုက်ကြီးရဲ့ ထိပ်သီး ပညာရှင် တစ်ယောက်ပါ ။ သူ့ကို အနိုင်ယူနိုင်တဲ့လူက ခပ်ရှားရှားပါပဲ ။
ဒါပေမဲ့ သည်နန်းတော်ထဲမှာတော့ သူဟာ မျိုးဆက်သစ် လူငယ်တစ်ယောက်ရဲ့ လက်သီးကြောင့် နံရိုးသုံးချောင်း ကျိုးခဲ့ရပါပြီ။

*****
သည်နန်းတော်ကြီးက အတော်လေးကို ကျယ်ဝန်းပေမယ့်လည်း ထွက်ပေါက်ကတော့ တစ်ခုပဲ ရှိပါတယ်။  အဲဒါက လီဖူချန်းလို သေပြေးရှင်ပြေး ပြေးနေရတဲ့ လူအတွက်ကတော့ တကယ့် ပြသနာပါပဲ ။  လီဖူချန်းဟာ နန်းတော်ရဲ့ ထွက်ပေါက်ကို ရှာတွေ့ဖို့အတွက် အချိန်သုံးရက်တောင် ယူခဲ့ရပါတယ်။

လီဖူချန်းတစ်ယောက် အပြင်ရောက်သွားပြီ ဆိုတာနဲ့ တစ်ပြိုင်နက် သူ့ရဲ့ ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ ချီအတွင်းအားတွေဟာ ပုံမှန်အတိုင်း ပြန်လည်ပတ် လာခဲ့ပါပြီ ။

အဆုံးမဲ့အာဏာ (လီဖူချန်း)Where stories live. Discover now