461-470

264 36 0
                                    

အဆုံးမဲ့အာဏာ အပိုင်း ၄၆၁
ဓားတစ်ချက်

ရွေးချယ်ခံ ပြိုင်ပွဲကတော့ အလျင်အမြန်ပဲ ကျင်းပလာခဲ့ပါတယ် ။ သည်ပြိုင်ပွဲကိုတော့ စွမ်းအင်သတ်မှတ်ချက် ဇယားရဲ့ ထိပ်ဆုံး ဆယ်ယောက်ကပဲ ဝင်ပြိုင်ခွင့် ရမှာပါ ။

အကဲဖြတ် စင်မြင့်ပေါ်မှာတော့ ကျောင်းအုပ်ကြီး မန်ချင်းဟန် ၊ လက်ထောက်ကျောင်းအုပ် လင်းကျူပိုင် ၊ အခြားသော လက်ထောက်ကျောင်းအုပ်တွေ ၊ အတွင်းစည်း အကြီးအကဲတွေနဲ့ အတွင်းစည်းနည်းပြဆရာတွေ အားလုံးဟာ စုံစုံညီညီ ရောက်ရှိနေကြပါပြီ ။

" ရွေးချယ်ခံ ပြိုင်ပွဲကို  အခုပဲ တရားဝင် စတင်လိုက်ပြီ  ။ ပြိုင်ပွဲဝင်တွေ အားလုံးက တစ်ယောက်ကို ကိုးပွဲစီ တိုက်ခိုက်ရမယ် ။ ကိုးပွဲစလုံး နိုင်တဲ့ ပြိုင်ပွဲဝင်ကတော့  သိုင်းတက္ကသိုလ် ၂၄ခု အဆင့်သတ်မှတ်ချက် ပြိုင်ပွဲကို အရွေးချယ်ခံအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရမယ် ။ အရွေးချယ်ခံ အဖြစ် သတ်မှတ်ခံရတဲ့ ကျောင်းသားက လက်ရည်စစ် ပြိုင်ပွဲမှာ ဝင်ပြိုင်စရာ မလိုတော့ဘူး "
လက်ထောက်ကျောင်းအုပ် ဖြစ်တဲ့ လင်းကျုပိုင်က မတ်တပ် ထရပ်လိုက်ပြီး ကြေညာ လိုက်ပါတယ် ။

ပထမဆုံး  ပွဲကတော့ အလျင်အမြန်ပဲ ပြီးသွားခဲ့ပါတယ် ။အဆင့်၇ လျူကျင်းက အဆင့်၉ ကျောင်းသားကို အလွယ်တကူပဲ အနိုင်ယူသွားခဲ့တာပါ ။
သိုင်းစင်မြင့်ရဲ့ အောက်မှာတော့ လီဖူချန်းနဲ့ အခြား အတွင်းစည်းကျောင်းသား ခုနစ်ယောက်ဟာ အဆင့်သတ်မှတ်ချက်အတိုင်း ရပ်နေကြပါတယ် ။
အမှန်တော့ လီဖူချန်းက စွမ်းအင်သတ်မှတ်ချက် ဇယားက ကျောင်းသားတွေကို တစ်ခါမှ စိမ်ခေါ် မတိုက်ခိုက်ရသေးပါဘူး ။ ဒါပေမဲ့ လျူကျင်းကို သူအနိုင်ယူလိုက်တဲ့ သတင်းဟာ အတွင်းစည်း တက္ကသိုလ် တစ်ခုလုံးကို ပျံ့နှံ့သွားခဲ့ပါတယ် ။ အဲသည်အတွက် တောင်ပိုင်းတောအုပ် သိုင်းတက္ကသိုလ်ရဲ့ အကြီးအကဲတွေဟာ လျုကျင်းကို အဆင့်တစ်ဆင့် နိမ့်လိုက်ပြီး လီဖူချန်းကို ကျိုးဟန်နဲ့အတူ  အဆင့်သတ်မှတ်ချက် ဇယားရဲ့ အဆင့်၆အဖြစ် ပူးတွဲ သတ်မှတ်ပေးလိုက်တာပါ ။
မဟုတ်လို့ကတော့ လီဖူချန်းအနေနဲ့ အရွေးချယ်ခံ ပြိုင်ပွဲကို ဝင်ပြိုင်ခွင့်ရမှာ မဟုတ်ပါဘူး ။ ဘာဖြစ်လို့လည်းဆိုတော့ စွမ်းအင်သတ်မှတ်ချက်ဇယားက ကျောင်းသားတွေက ရွေးချယ်ခံပြိုင်ပွဲ မပြီးမချင်း သူစိမ်ခေါ်တာကို လက်ခံမှာ မဟုတ်လို့ပါပဲ ။
ပွဲအနည်းငယ် အပြီးမှာတော့  လီဖူချန်းရဲ့ အလှည့်ကို ရောက်လာခဲ့ပါပြီ ။
လီဖူချန်းရဲ့ ပြိုင်ဘက်ကတော့  စွမ်းအင်သတ်မှတ်ချက် ဇယားရဲ့ အဆင့်၈ အတွင်းစည်းကျောင်းသားပါပဲ ။
ဓားတစ်ချက်……
လီဖူချန်းက သူ့ရဲ့ ပြိုင်ဘက်ကို ဓားတစ်ချက်ထက် ပိုမသုံးလိုက်ရပါဘူး ။
သူ့ရဲ့ ပြိုင်ဘက် လေထဲကို လွင့်ထွက်သွားတဲ့ အချိန်မှာတော့ ကျောင်းအုပ်ကြီးဖြစ်တဲ့ မန်ချင်းဟန်ဟာ ကျိတ်ပြီး ပြုံးလိုက်မိပါတယ် ။သည်အတိုင်းဆိုရင်တော့ လီဖူချန်းဟာ စွမ်းအင်သတ်မှတ်ချက် ဇယားရဲ့ အဆင့်၅ကိုတောင် မှုစရာ လိုတော့မှာ မဟုတ်ပါဘူး ။
လီဖူချန်းရဲ့ အလှည့်ပြီးတဲ့ အခါမှာတော့ ဝမ်ဟိုင်လုံရဲ့ အလှည့်ပါပဲ ။
ဝမ်ဟိုင်လုံရဲ့ ပြိုင်ဘက်ကတော့ တိုက်တောင် မတိုက်တော့ဘဲ အရှုံးပေးသွား ခဲ့ပါတယ် ။

အဆုံးမဲ့အာဏာ (လီဖူချန်း)Where stories live. Discover now