101-110

291 27 0
                                    

အဆုံးမဲ့အာဏာ   အပိုင်း ၁၀၁
အောင်မြင်မှုရဲ့ အသီးအပွင့်များ

" ဖူချန်း……မင်းဟာဒီနေ့အရမ်းထူးချွန်စွာ စွမ်းဆောင်ပြခဲ့ပြီ။
ကောင်းကလန်နဲ့ယန်ကလန်က မင်းကိုဆက်ပြီးကြီးပျင်းလာခွင့်မပေးမှာကို ငါကြောက်နေမိတယ်။
ပြီးတော့ရှန်းတုကလန်ကလည်း မင်းကိုဒီအတိုင်းလွှတ်ထားမယ်လို့ ငါမထင်ဘူး။"
အားလုံးထွက်သွားပြီးတဲ့အခါမှာတော့ လီရှန်းရှီက လီဖူချန်းကို သတိပေးလိုက်ပါတယ်။
ဘေးနားမှာရပ်နေ့တဲ့ လီကျင်းရွယ်ကလည်း ခေါင်းညိတ်ပြလိုက်ပြီး
" ဖြစ်နိုင်မယ်ဆိုရင် ဂိုဏ်းထဲမှာဘဲနေ။
လုံးဝအပြင်မထွက်နဲ့။
တစ်ကယ်လို့ ဂိုဏ်းတာဝန်အရ ထွက်ရမယ်ဆိုရင်တောင်
သတိကို လုံးဝမလွှတ်စေနဲ့။"
ဝမ်းနည်းစရာကိစ္စတွေဆိုတာ မဖြစ်ခင်တည်းက ကြိုတင်ကာကွယ်ထားတာက အကောင်းဆုံးပင်မဟုတ်ပါလား။
**********

သာမန်အရိုးတည်ဆောက်ပုံဆိုတဲ့ လီဖူချန်းရဲ့ကိစ္စကြီးက သာမန်တော့မဖြစ်နိုင်ပေ။
တိတိကျကျပြောရမယ်ဆိုရင် လီရှန်းရှီတို့နှစ်ယောက်စလုံးက လီဖူချန်းကို သာမန်အရိုးတည်ဆောက်ပုံပိုင်ရှင်လို့ လုံးဝမမြင်နိုင်ပါဘူး။
လီဖူချန်းရဲ့ အရိုးတည်ဆောက်ပုံက  အရိုးတည်ဆောက်ပုံစမ်းသပ်ခြင်းကျောက်တုံးတွေနဲ့ စမ်းသပ်ရှာဖွေလို့မရတဲ့ အထူးအရိုးတည်ဆောက်ပုံတစ်ခု ဖြစ်နေနိုင်သည်လေ။
မဟုတ်လို့ကတော့ ဘယ်လိုလုပ်သာမန်အရိုးတည်ဆောက်ပုံပိုင်ရှင်လေးက ဒီလောက်အစွမ်းထက်နိုင်မည်နည်း။

" ကျွန်တော်နားလည်ပါတယ်။
အမြဲမပြတ်သတိထားပြီးလည်း နေပါ့မယ်။ "
လီဖူချန်းက လီရှန်းရှီတို့နှစ်ယောက်ကို ကတိပေးလိုက်ပါတယ်။

လက်ရှိသူ့အစွမ်းက သူ့ကိုယ်သူကာကွယ်နိုင်စွမ်းတောင် မရှိသေးဘူးဆိုတာ လီဖူချန်းကကောင်းကောင်းကြီးသဘောပေါက်ပါတယ်။
သူ့ရဲ့သိုင်းပညာအပေါ်နားလည်သဘောပေါက်မှုက မိုးလောက်ကြီးအထိမြင့်နေရင်တောင် အခုချိန်မှာတော့ သူက ကလန်သုံးခုရဲ့အမြင်မှာ ပုရွက်ဆိတ်လေးတစ်ကောင်သာသာဘဲ ရှိနေပါသေးတယ်။
သူမြေကမ္ဘာအဆင့်ကို ချိူးဖောက်ဝင်ရောက်ပြီးမှသာ
ကလန်၃ခုရဲ့ နှောင့်ယှက်မှုတွေကို ကောင်းကောင်းကြီး ပြန်လည်တုံ့ပြန်နိုင်မှာပါ။
လီရှန်းရှီနဲ့ လီကျင်းရွယ်ကို နှုတ်ဆက်အပြီးမှာတော့ လီဖူချန်းက အတွင်းစည်းဂိုဏ်းရဲ့ သိုင်းကျမ်းဆောင်ဘက်ကို ဦးတည်လာခဲ့ပါတယ်။

အဆုံးမဲ့အာဏာ (လီဖူချန်း)Where stories live. Discover now