အဆုံးမဲ့အာဏာ အပိုင်း၂၁၁တိုက်ရပြန်ပြီသည်သင်းချိုင်းဂူက ဝင်္ကပါတစ်ခုလို ရှုပ်ထွေးပွေလီနေပေမယ့်လည်း ဖန်ကျင်းယုကတော့ အတော်လေးကို ကံကောင်းတယ်လို့ ပြောရပေမည်။ သည်လောက် လူတွေ အများကြီးထဲမှာမှ သူမက လီဖူချန်းနှင့် တွေ့ဆုံခဲ့သည် မဟုတ်ပါလား။ နောက်ထပ်၂နာရီ လုံးလုံး သူမတို့နှစ်ယောက် သည်သင်းချိုင်းဂူအနှံ့ လျှောက်သွားနေခဲ့သော်လည်း မည်သူနှင့်မျှ ထပ်မတွေ့ရတော့သည့်အပြင် နောက်ထပ် အခန်းတွေကိုလည်း ရှာမတွေ့ခဲ့ပါဘူး။သူတို့နှစ်ယောက်ဟာ သင်းချိုင်းဂူရဲ့ အနက်ရှိုင်းဆုံး အပိုင်းတွေထဲကို တစ်ဖြည်းဖြည်းနဲ့ ဝင်ရောက်သွားကျပါပြီ။ သူတို့ရဲ့ အသိစိတ်အာရုံနယ်ပယ်ကလည်း တစ်ဖြည်းဖြည်း လျော့ကျလာတဲ့ အတွက် နှစ်ယောက်စလုံးဟာ ခြေဦးတည့်ရာကိုဘဲ ဆက်လျှောက် နေပါတယ်။နောက်ထပ်၂နာရီ အကြာမှာတော့ သူတို့နှစ်ယောက်ဟာ နောက်ထပ်လူတစ်ယောက်နဲ့ ထပ်တွေ့သွားခဲ့ပါပြီ။အဲသည်လူကတော့ လီဖူချန်းရဲ့ ချစ်မိတ်တွေကြီး လီဝူရှုပါဘဲ။ လီဖူချန်းက တွေ့ရာသင်းချိုင်းဓားမဆိုင်း သတ်မည်ဟု ကြိမ်းဝါးထားဖူးသည့် သူပါ။ဒါပေမယ့် အခုတွေ့လိုက်ရတာ လီဝူရှု တစ်ယောက်တည်းတင် မဟုတ်ပါဘူး။လီဝူရှုရဲ့ အနောက်ဘက် ခပ်လှမ်းလှမ်းမှာတော့ ဖူချောင်းရှန်ပါ ကပ်ပါလာပါသေးတယ်။" လီဖူချန်း...... မင်းကတော့ ကံဆိုးပြီဘဲ။ သည်နေရာမှာတော့ မင်းကို ဘယ်သူမှ ကယ်နိုင်တော့မှာ မဟုတ်ဘူး။ ကြည့်ရတာ ကောင်းကင်ဘုံက မင်းကို သေစေချင်နေတဲ့ ပုံဘဲ "လီဝူရှုက အိတ်ထဲကနေ သွေးရောင်ကဲ့သို့ တောက်ပနေသည့် အလံ တစ်ခုကို ထုတ်ယူရင်းနဲ့ ပြောလိုက်ပါတယ်။အဲသည်အလံကနေတော့ သွေးညှီနံ့တွေ အတော်လေး ထွက်နေပါတယ်။လီဖူချန်းကတော့ သူ့ဝသီအတိုင်း အေးအေးဆေးဆေးပါဘဲ။" ဘယ်သူက ကံဆိုးတာလည်းဆိုတာကို သေသေချာချာ မသိနိုင်သေးပါဘူးကွာ။ မင်းတို့နှစ်ယောက်စလုံး သေရင်လည်း သေသွားနိုင်သေးတာဘဲ။ "" မင်းက အခုချိန်အထိတောင် ပြန်ပြောရဲသေးတယ်ပေါ့လေ။ မင်းရဲ့ မရေမတွက်နိုင်တဲ့ အသက်ကယ်ပစ္စည်းတွေက မင်းကို ကယ်နိုင်လိမ့်မယ် ထင်နေတာလား "ဖူချောင်းရှန်ကတော့ လီဖူချန်းကို လူသေတစ်ယောက်လို့ဘဲ အပိုင်တွက်ထားသည်လေ။ သူ့ရဲ့မျက်လုံးထဲမှာတော့ လီဖူချန်းက လူသေတစ်ယောက်ထက် မပိုပါဘူး။တစ်ကယ်လို့ ဖန်ကျင်းဆောင်ပါ သည်ကိုရောက်နေမယ်ဆိုရင်တော့ မမျှော်လင့်တာတွေ ရှိချင် ရှိလာနိုင်ပါသေးတယ်။ အခုတော့ လီဖူချန်းဘေးမှာ ပါလာတာက ဖန်ကျင်းယုလေ။ ဒါက လုံးဝကို ခြံထဲကကြက် ဖြစ်နေပါပြီ။" ဖူချောင်းရှန်...... ငါက ဖန်ကျင်းယုကို တာဝန်ယူလိုက်မယ်။ မင်းက ဟိုခွေးသားကို တာဝန်ယူလိုက်" လီဝူရှုကတော့ အတော်လေးကို အတွက်အချက် တော်ပါတယ်။ သူက လီဖူချန်းကို ယှဉ်နိုင်မှာ မဟုတ်ဘူးဆိုတာ သိတဲ့အတွက် နိုင်ဖို့ အခွင့်အရေးရှိတဲ့ ဖန်ကျင်းယုကိုဘဲ တာဝန်ယူတာ အကောင်းဆုံးဆိုတာကို သိနေသည်လေ။ " ရတယ်။ သည်ကောင့်ကို ဓားဆယ်ချက်ဘဲ "ဖူချောင်းရှန်က ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်ပါတယ်။အမှန်အတိုင်းပြောရမယ်ဆိုရင် လီဖူချန်းဆီမှာသာ ထူးဆန်းတဲ့ ပစ္စည်းတွေ ရှိမနေလို့ကတော့ သူက ဓားချက်၃ချက်နဲ့တင် အနိုင်ယူနိုင်မှာပါ။လီဖူချန်းက ဖန်ကျင်းယုကို သတိပေးလိုက်ပါတယ်။" မင်းအရင် ဆုတ်သွားလိုက် "သူက ဖန်ကျင်းယုကို သည်အန္တရာယ်ထဲ ဆွဲမသွင်းချင်ဘူးလေ။ ယောကျာ်းကောင်းဆိုတာက ကိုယ်စခဲ့မိတဲ့ ဇာတ်ကို ကိုယ်ကိုယ်တိုင်ဘဲ အဆုံးသတ်ရမည် မဟုတ်ပါလား။ပြီးတော့ ဖန်ကျင်းယုက ဖန်ကျင်းဆောင် မဟုတ်ပါဘူး။ သူမက လီဖူချန်းကို အကူအညီ ပေးနိုင်မယ့် သူမျိုး မဟုတ်သည့်အပြင် လီဖူချန်းကတောင် သူမကို ပြန်ကူညီနေရဦးမှာပါ။ သည်လိုအဖြစ်မျိုး ဖြစ်လာမည့်အစား သူတစ်ယောက်တည်း တိုက်တာကမှ အခွင့်အရေး ရှိပါသေးတယ်။ဖန်ကျင်းယုကတော့ လီဖူချန်းရဲ့ သတိပေးမှုကို လက်မခံပါဘူး။" သည်သေရေးရှင်ရေးတိုက်ပွဲ အတွေ့အကြုံက ညီမကိုလည်း ပိုအစွမ်းထက်လာစေမှာဘဲ။ ပြီးတော့ ညီမဆီမှာလည်း အသက်ကယ်ပစ္စည်းတွေ ကျန်နေပါသေးတယ်။ ဒါတွေနဲ့ ဆိုရင်တော့ လီဝူရှုကို ရင်ဆိုင်နိုင်လောက်မှာပါ။ဖန်ကျင်းယုမှာလည်း သူမရဲ့ ကိုယ်ပိုင်မာန ရှိပါသေးတယ်။ သူမက မြေကမ္ဘာနယ်ပယ် အဆင့်လေး ပညာရှင်လေ။ လီဝူရှုက အခုမှ မြေကမ္ဘာအဆင့်၃ဘဲ မဟုတ်လား။ ဒါကို ကြောက်ပြီး ထွက်ပြေးသွားမယ်ဆိုရင် သူမကိုယ်သူမ သိုင်းပညာရှင်လို့ သတ်မှတ်လို့ မရတော့ပါဘူး။" ဟုတ်ပြီလေ......။ နည်းနည်းတော့ ဂရုစိုက်ဦး "လီဖူချန်းက ဖန်ကျင်းယုကို ထပ်ပြီးတော့ မတားတော့ပါဘူး။ ဖန်ကျင်းယုကို ဆက်ပြီးတော့ ပြောရင်လည်း အလကားဘဲ ဆိုတာ သူသိလိုက်ပြီ မဟုတ်ပါလား။ ပြီးတော့ ဖူချောင်းရှန်တို့ကလည်း စပြီး လှုပ်ရှားလာကျပါပြီ။ သည်အချိန်မှာက အာရုံလွင့်ပျံနေလို့ မရတော့ဘူးလေ။" အင်း "ဖန်ကျင်းယုက ခေါင်းညိတ်ပြီး သူမရဲ့ လခြမ်းကွေးဓားတစ်စုံ ထုတ်ကိုင်လိုက်ပါတယ်။" သတ်"လီဝူရှုက လက်ဦးမှုကို စတင်ရယူလိုက်ပါပြီ။သူက အလျင်အမြန်ပင် ဖန်ကျင်းယု ဆီကို ခုန်ဝင်သွားခဲ့တယ်လေ။သူရဲ့လက်ထဲက အလံနီကတော့ သွေးချီတွေကို ရေတံခွန်တစ်ခုအလား ထုတ်လွှတ်နေပါတယ်။သည်သွေးအလံကိုကြည့်ရတာ အရင်တုန်းက လီဝှုရှု အသုံးပြုသည့် လှံထက် ပို အစွမ်းထက်မည့် ပုံပင်။သေချာတာကတော့ သည်လက်နက်က အနည်းဆုံး ဆန်းကြယ်အဆင့်မြင့် အဆင့်မှာ ရှိနေနိုင်ပါတယ်။" ပျက်စီးစမ်း "ဖန်ကျင်းယုရဲ့ လက်တွေကလည်း လခြမ်းကွေးဓားနှင့်အတူ လှုပ်ရှားနေပါပြီ။ သူမရဲ့ ပတ်ပတ်လည်မှာတော့ လခြမ်းကွေးဓားရိပ်တွေက ထွက်ပေါ်လာပြီး သွေးချီတွေကို ဖြတ်တောက်ပစ်လိုက်တယ်လေ။" ငါမင်းကို စောစော အညံ့ခံလိုက်ဖို့ အကြံပေးတယ်။ ဒါဆိုရင်ငါက မင်းရဲ့အလောင်းကို အကောင်းပကတိအတိုင်း ထားပေးခဲ့မယ်။ မဟုတ်လို့ကတော့ မင်းသေသွားရင်တောင် ငါက မင်းအလောင်းကို အပိုင်းပိုင်း ခုတ်ပြီး ခွေးကျွေးပစ်မှာ "ဖူချောင်းရှန်က လီဖူချန်းကို စေ့စေ့ကြည့်ပြီး ခြိမ်းခြောက်လိုက်ပါတယ်။ သူက လီဝူရှုနဲ့ ဖန်ကျင်းယု ရဲ့ တိုက်ပွဲကို စိတ်ဝင်စားတဲ့ပုံ မပေါ်ပါဘူး။လီဖူချန်းက မခိုးမခန့် ပြုံးလိုက်ပြီး " မင်းက အိပ်မက် မက်နေတာလား......"ပြောနေရင်းနဲ့ပဲ လီဖူချန်းက သူ့ရဲ့ မီးနဂါးလျို့ဝှက်နည်းစနစ်ကို ထုတ်သုံးလိုက်ပါပြီ။ အစစ်အမှန် ငရဲမီးတောက် ချီအတွင်းအားတွေက ကျောက်ရည်ပူတွေလို ဆင်တူတဲ့ မီးနဂါးချီိအတွင်းအားအဖြစ် ပြောင်းသွားပါတယ်။" သေစမ်း ......"ဖူချောင်းရှန်က သူ့ရဲ့ ဆေဘာဓားကြီးဖြင့် လီဖူချန်းကို ခုတ်ပိုင်းထည့်လိုက်ပါတယ်။သည်ခုတ်ချက်က အင်မတန်မှ လျင်မြန်သည့်အပြင် ရက်စက်ကြမ်းကြုတ်မှုကလည်း တစ်စက်ကလေးမှ မလျော့ပါဘူး။ဘုန်း.........ဒါပေမဲ့လည်း သူ့ရဲ့ ဆေဘာဓားချက်က မြေကြီးနဲ့ဘဲ မိတ်ဆက်သွားရတယ်လေ။ သည်ဓားချက်က လီဖူချန်းကို ထိဖို့အတွက်တော့ အများကြီး လိုနေပါသေးတယ်။" အိုး ........."လီဖူချန်းရဲ့ အမြန်နှုန်းက ဟူဟိုင်းရှန်နဲ့ တိုက်ခိုက်တုန်းကထက် ပိုလျင်မြန်နေတယ် ဆိုတာကို ဖူချောင်းရှန်တစ်ယောက် သတိထားလိုက်မိပါတယ်။" ခြေသိုင်း အသိဆန္ဒနဲ့ ကိုယ်ဖော့ပညာ အသိဆန္ဒ " လီဖူချန်ရဲ့ လှုပ်ရှားမှုကို မြင်လိုက်ရတဲ့ ဖူချောင်းရှန်က ခေတ္တခဏလောက်တော့ ကြောင်အ သွားသည့် ဟန်ပင်။လီဖူချန်းတစ်ယောက် သည် ပညာရပ် အသိဆန္ဒ နှစ်ခုကို နားလည်သဘောပေါက်ထားလိမ့်မည်ဟု ဖူချောင်းရှန်က လုံးဝ မမျှော်လင့်ထားခဲ့ပါဘူး။လေအရိပ် ခြေလှမ်းနဲ့ အရိပ်မဲ့ခြေထောက်ကို ပေါင်းစပ်ထားတဲ့ လီဖူချန်းက ဘယ်လောက်ထိ မြန်သလည်းဆိုရင် အရိပ်ဘဲ မြင်ရတော့တဲ့ အထိပါဘဲ။နံရံတွေပေါ်မှာဘဲ ဖြစ်ဖြစ် ၊ မြေပြင်ပေါ်မှာဘဲ ဖြစ်ဖြစ် ၊မျက်နှာကြက်ပေါ်မှာဖြစ်ဖြစ် ကြည့်လိုက်မယ်ဆိုရင် လီဖူချန်းရဲ့ အရိပ်တွေ ထင်ဟပ်နေတယ်လေ။ " လုပ်ထား လီဖူချန်း...... မင်းရဲ့ အရှိန်ကို လျော့ချပစ်လိုက်လို့ မရဘူး"လီဖူချန်းက သူ့ကိုယ်သူ အားပေးပါတယ်။ဖူချောင်းရှန်လို ကိုယ်နဲ့ အစွမ်းအစချင်း အတော်ကွာဟနေတဲ့ လူကို ထိပ်တိုက် ရင်ဆိုင်မယ်ဆိုရင် နိုင်ဖို့အခွင့်အရေး လုံးဝမရှိဘူးဆိုတာ သူသိပါတယ်။ဒါကြောင့်လီဖူချန်းက ပတ်ပြေးနေဖို့ကိုဘဲ စဉ်းစားထားတာပါ။ တစ်ချိန်ချိန်မှာတော့ ပြန်တိုက်လို့ ရသည့် အခွင့်အရေး ရှိချင် ရှိလာနိုင်သေးသည်လေ။" ငါက ဟူဟိုင်းရှန် မဟုတ်ဘူးကွ......။ မင်းထင်နေတာက သည်လိုထွက်ပြေးနေလို့ ငါမင်းကို မတိုက်ခိုက်နိုင်တော့ဘူး ထင်နေတာလား "ရုတ်တရက် ဖူချောင်းရှန်က သူရဲ့ လှုပ်ရှားမှုတွေ အကုန်လုံးကို ရပ်ပစ်လိုက်ပါတယ်။ သူက သူ့ရဲ့ နားနဲ့ မျက်လုံးကို အစွမ်းကုန် အသုံးချပြီး လီဖူချန်းရဲ့ လှုပ်ရှားမှု လမ်းကြောင်းတွေကို ခန့်မှန်းနေသည့် ပုံပါဘဲ။" မိပြီ "ဖူချောင်းရှန်က လေဟာနယ် တစ်ခုကို ဓားနဲ့ ခုတ်ပိုင်းပစ်လိုက်ပါတယ်။ သူက လီဖူချန်း ရောက်လာမည့် နေရာကို ကြိုတင်ခန့်မှန်းပြီး ခုတ်ချလိုက်တာပါ။ ဒါပေမဲ့ လီဖူချန်းကလည်း ခေတဲ့သူတော့ မဟုတ်ပါဘူး။ဖူချောင်းရှန်ရဲ့ ဓားချက် ထွက်လာပြီ ဆိုတာကို သိလိုက်တာနဲ့ ချက်ခြက်းဘဲ လားရာကို ပြောင်းလိုက်တယ်လေ။ရွှမ်း......ရွှမ်း ......... ရွှမ်း ......... ရွှမ်း.........ဖူချောင်းရှန်က ဆက်တိုက်ဆိုသလို ဓားချက်၁၀ချက်လောက် ထုတ်လိုက်ပြီး လီဖူချန်း ရောက်လာနိုင်မည့် နေရာတွေကို မှန်းဆကာ ခုတ်ထည့်လိုက်ပါသေးတယ်။ ဒါပေမယ့်လည်း လီဖူချန်းရဲ့ အင်္ကျီစကိုမျှ ထိခိုက်အောင် မလုပ်ခဲ့နိုင်ပါဘူး။ သည်ငနဲသားက မြေဆွဲအားဆိုတာကို မျက်ကွယ်ပြုပြီး သွားချင်သည့်နေရာကို လျှောက်သွားနေသည်လေ။ ဖူချောင်းရှန်ရဲ့ အဖြစ်ကတော့ လေကို လိုက်ဖမ်းနေသည့် လူတစ်ယောက်နဲ့ ထူးမခြားနားပါဘဲ။" ဟေ့ကောင် ... ဓားချက်၁၀ချက် ပြည့်သွားပြီ"လီဖူချန်းရဲ့ လှောင်ပြောင်သံက အရပ်၁၆မျက်နှာလောက်ကနေ ထွက်ပေါ်နေပါတယ်။" ခွေးမသား......" ဖူချောင်းရှန်ကတော့ ဒေါသတကြီးနဲ့ ဆဲရေးတိုင်းထွာ လိုက်ပါတယ်။" ကောင်းကင်ဘုံ ပိုက်ကွန် ဓားကွက် "ဖူချောင်းရှန်က သူ့ရဲ့ အကြိုက်ဆုံး ဓားကွက်ကို ထုတ်ဖော်လိုက်ပါပြီ။ သည်ဓားကွက် ထွက်ပေါ်လာတာနဲ့ တစ်ပြိုင်နက် ဓားရိပ်ဓားယောင်တွေက လေနယ်နယ်တစ်ခုလုံးကို လွှမ်းခြုံသွားခဲ့ပါတယ်။ ပြောရမယ်ဆိုရင် ကောင်းကင်ပေါ်ကနေ ဓားပိုက်ကွန်ကြီးတစ်ခု ကျလာပြီး လီဖူချန်းရဲ့ လှုပ်ရှားမှုတွေကို ကန့်သတ်လိုက်သည့်ပုံပင်။လီဖူချန်းကလည်း သူ့ရဲ့ အန္တရာယ်ကို ကောင်းကာင်းကြီး အာရုံခံလိုက်မိပါတယ်။ သူရဲ့ခန္ဓာကိုယ်က လွန်းပျံ တစ်ချောင်းပမာ လူးလာ ကူးခတ်နေပြီး ထူးဆန်းတဲ့ ခြေကွက် ၈ကွက်ကို ထုတ်ဖော်အသုံးပြုလိုက်ပါပြီ။ဖတ်...ဝှီး...... ရွစ်...... ရွစ်......ဝုန်း...... ဝုန်း....... ဝုန်း.........ဆေဘာပိုက်ကွန်က မြေပြင်တစ်ခုလုံးကို အစိတ်စိတ် အမြွှာမြွှာ ပိုင်းဖြတ်လိုက်နိုင်ပေမယ့် လီဖူချန်းကိုတော့ ဒုက္ခမပေးနိုင်ခဲ့ပါဘူး။" မဖြစ်နိုင်ဘူး "ဖူချောင်းရှန်က လုံးဝကို မယုံကြည်နိုင်သည့် ပုံ ဖြစ်နေပါပြီ။သူ့ရဲ့ ကောင်းကင်ဘုံ ပိုက်ကွန် ဓားကွက် ထုတ်လိုက်တိုင်းမှာ ရှောင်နိုင်သည့်လူ မရှိသေးပါဘူး။ တစ်ကယ်လို့ တစ်စုံတစ်ယောက်က ရှောင်နိုင်သွားမည် ဆိုရင်တောင်မှ စုမုယူတို့လို တစ်ကယ့်ပါရမီရှင် အဆင့်အတန်းက သူတွေဘဲ ရှောင်နိုင်သင့်တာပါ။ အခုတော့ ဘာမှမဟုတ်သည့် အနုတ်ဂုပ်စုပ် ခွေးသားက သူ့ဓားကွက်ထဲကနေ ဘေးမသီရန်မခ လွတ်သွားခဲ့သည် ဆိုပါလား။လီဖူချန်းကတော့ နဖူးပေါ်မှ စီးကျလာသည့် ချွေးစေးတွေကို မသိမသာ သုတ်နေရပါတယ်။ သည်တစ်ကြိမ် ရှောင်ရတာက သေမင်းနဲ့ ဇယ်တောက်တမ်း ကစားနေရသလိုပါဘဲ။ဖူချောင်းရှန်ရဲ့ ဓားကွက်က အပေါ်ယံ ကြည့်လိုက်ရင်တော့ ဟာကွက်မရှိသလိုနှင့် လက်တွေ့မှာ ဟာကွက်နည်းနည်း ရှိနေလို့သာ တော်ပါသေးသည်။သည်ဓားရိပ်ဓားယောင်တွေက တစ်ချက်ချင်းစီ မကျလာဘဲ တစ်စုတစ်ပေါင်းတည်း ကျလာမည်ဆိုပါက သူ့ဘဝကတော့ မရှုမလှ ဇာတ်သိမ်းရပါပြီ။ ဖူချောင်းရှန်ဆိုသည့် ခွေးမသားက တကယ်ပင်သူ့ကို ခွေးစာ ကျွေးမည့်ပုံပင် မဟုတ်ပါလား။" အချိန်ကောင်းပဲ "လီဖူချန်းဆီကနေ သတ်ဖြတ်ခြင်းအငွေ့အသက်တွေ ထွက်ပေါ်လာခဲ့ပါပြီ။သူရဲ့လက်ထဲမှာလည်း နတ်ဆိုးတပ်မြားတစ်ချောင်းနဲ့ လေးတစ်စင်းကို ကိုင်ဆောင်ထားပါတယ်။ထို့နောက်မှာတော့ သူ့ရဲ့ ချီအတွင်းအားတွေကို လေးကြိုးဆီ ပို့လိုက်ပြီး အားရပါးရ လေကြိုးကို ဆွဲကာ ပစ်လွှတ်လိုက်ပါတယ်။" မကောင်းတော့ဘူး "ဖူချောင်းရှန်က ကြက်သီးမွှေးညင်းတွေ ထလာခဲ့ပါပြီ။သူရဲ့ အကောင်းဆုံး ဓားကွက်ထဲက လွတ်သွားတဲ့အတွက် အနည်းငယ် ကြောင်အနေတာကို တစ်ဖက်လူက မိမိရရ အခွင့်အရေး ယူသွားခဲ့သည်လေ။သူက အလျင်မြန်ဆုံး ရှောင်တိမ်းဖို့ ပြင်လိုက်ပေမယ့်လည်း မဆိုစလောက်ကလေး နောက်ကျသွားခဲ့ပါတယ်။" ချီအကာအကွယ်လာစမ်း "ရှောင်တိမ်းဖို့ မရတော့ဘူးဆိုတာ သိတဲ့အတွက် ဖူချောင်းရှန်တစ်ယောက် ချီအကာအကွယ်ကို ဖန်တီးကာ ခုခံဖို့က လွဲပြီး အခြားနည်းလမ်း မရှိတော့ပါဘူး။ တစ်ပေလောက်ကို ထူထပ်တဲ့ ချီအကာအကွယ်က ဖူချောင်းရှန်ကို ဖုံးအုပ် လိုက်ပါတယ်။ဖောက်.........ဒါပေမယ့်လည်း သည်နတ်ဆိုးသတ်မြားတွေဆိုတာက ချီအကာအကွယ်ကို ထိုးဖောက်ဝင်ရောက်နိုင်သည့် အထူးဂုဏ်သတ္တိပိုင်ရှင်တွေလေ။လီဖူချန်း ပစ်လိုက်တဲ့ နတ်ဆိုးသတ်မြားက ဖူချောင်းရှန်၏ ချီအကာအကွယ်ကို ဖောက်ထွက်သွားရုံမျှမက ခန္ဓာကိုယ်ကိုပါ ထိုးစိုက်သွားခဲ့ပါပြီ။ အား.........အသံနက်ကြီးနှင့်အတူ ဖူချောင်းရှန်ရဲ့ သွေးတွေက ဖြာထွက်လာခဲ့ပါတယ်။" လီဖူချန်း...... မင်းသေမှ ငါကျေနပ်နိုင်မယ်........."ဖူချောင်းရှန်ကတော့ သူ့ရဲ့ ဆေဘာဓားကြီးကို ဝင့်ကာဝင့်ကာဖြင့် သွေးရူးသွေးတန်း လိုက်လံ တိုက်ခိုက် လာပါပြီ။"ဟား...... ဟား...... လာလေ။ မင်းစွမ်းရင် ငါ့ကို ထိအောင် တိုက်ကြည့်ပေါ့......"လီဖူချန်းကတော့ တစ္ဆေတစ်ကောင်လိုဘဲ ပေါ့ပါးစွာဖြင့် ဖူချောင်းရှန်ရဲ့ ဓားချက်တွေကို ရှောင်တိမ်းနေဆဲပါဘဲ။အစောပိုင်းတုန်းက လီဖူချန်းတစ်ယောက် မြေကမ္ဘာ လက်နက်အပိုင်းအစကို ထုတ်မသုံးလိုက်တာက အကြောင်းရင်းရှိပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ သူက ထိုလက်နက်အပိုင်းအစရဲ့ စွမ်းရည်တွေကို သေသေချာချာ မသိသေးဘူးလေ။ နတ်ဆိုးသတ်မြားကတော့ သေချာပေါက် ဖူချောင်းရှန်ရဲ့ ချီအကာအကွယ်ကို ဖောက်ထွက်သွားနိုင်မယ်ဆိုတာ သိပါတယ်။ ဒါကြောင့်သူက နတ်ဆိုးသတ်မြားကို ထုတ်သုံးလိုက်တာပါ။" ဟား...ဟား......ဟား...... ။ ဖူချောင်းရှန် မင်းဆယ်သက် ကြိုးစားပြီး ခုတ်ရင်တောင် ငါ့ကိုထိအောင်...... အား ..."လီဖူချန်းက ဖူချောင်းရှန်းကို စကားလုံးတိုက်စစ် ဆင်နေတာကိုတောင် ပြီးအောင် မပြောလိုက်ရပါဘူး။အလင်းတမျှ မြန်ဆန်လွန်းတဲ့ ဓားချက်က လီဖူချန်းရဲ့ ဘယ်ဘက်ရင်အုံကို ပွတ်ဆွဲသွားခဲ့ပါပြီ။လီဖူချန်းက အကောင်းဆုံး ကြိုးစားပြီး ရှောင်တိမ်းလိုက်ပေမယ့်လည်း မဖြစ်နိုင်တော့ပါဘူး။ကြည့်ရတာတော့ ဖူချောင်ရှန်က သူ့၏ လျို့ဝှက်နည်းစနစ်ကို ထုတ်သုံးလိုက်လေသည်လား......" ဟား......ဟား...... မျိုးမစစ်လေး ...... ပြောဦးလေ။ ဘာလို့ စကားကို ပြီးအောင် မပြောသွားတာလည်း " ဖူချောင်းရှန်က နှာခေါင်းရှုံ့ပြီး လီဖူချန်းကို ပြန်လှောင်လိုက်ပါတယ်။အဆုံးမဲ့အာဏာ အပိုင်း ၂၁၂အစောပိုင်းတုန်းကတော့ ဖူချောင်းရှန်က လီဖူချန်းကို မှုစရာမလိုသည့် ပုရွက်ဆိတ်ကလေး သာသာမျှသာ စဉ်းစားထားသည့်အတွက် လျို့ဝှက်နည်းစနစ်ကို ထုတ်မသုံးထားခဲ့ပါဘူး။ယခုအချိန်မှာတော့ သူက ဒေါသအလွန် ထွက်လာတဲ့အတွက် လျို့ဝှက်နည်းစနစ်ကို ထုတ်သုံးလိုက်တာပါ။သည်နည်းစနစ်ကို ဘာမှမဟုတ်သည့် ပမွှားလေးတစ်ယောက်အတွက် ထုတ်သုံးလိုက်ရတဲ့အတွက် အနည်းငယ် အရှက်ရမိနေပါသေးတယ်။" ထုတ်သုံးပြီးမှတော့ မထူးတော့ပါဘူးကွာ "ဖူချောင်းရှန်က တစ်တက်စားလည်းကြက်သွန်၊ နှစ်တက်စားလည်း ကြင်သွန်ဟုသာ သဘောထားလိုက်သည့် ပုံပါဘဲ။သူက ကြယ်သုံးပွင့် လျို့ဝှက်နည်းစနစ်ကို သုံးပြီး ဒုတိယအကြိမ် ထပ်မံ တိုက်ခိုက်လိုက်ပါတယ်။လီဖူချန်းကတော့ ဒဏ်ရာပြန်လည်ကောင်းမွန်စေသည့် ဆန်းကြယ်အဆင့်နိမ့် ဆေးလုံးတစ်လုံးကို အလျင်အမြန် ထုတ်ဝါးလိုက်ရပါပြီ။ထို့နောက်မှာတော့ သူက ကသောကမျောဖြင့် ဖူချောင်းရှန်ရဲ့ ဓားချက်ကို ရှောင်တိမ်းဖို့ ပြင်ဆင်ပါတော့တယ်။ဘန်း.........လီဖူချန်းက မီးခိုးဗုံး တော်တော်များများကို ထုတ်ပြီး ဖောက်ခွဲလိုက်ပါတယ်။ ထို့နောက်မှာတော့ မီးခိုးငွေ့တွေက လီဖူချန်းကို လွှမ်းခြုံသွားခဲ့ပါပြီ။" ပြယ်စမ်း"ဖူချောင်းရှောင် ရဲ့ ဘယ်ဘက်လက်က ဒေါသထွက်နေသည့် နဂါးတစ်ကောင် ပုံသဏ္ဍာန် ဖြင့် မီးခိုးငွေ့တွေကို ရိုက်ထုတ်ပစ်လိုက်ပါတယ်။ဟူး...ဟူး......ဟူး......လေပြင်းတွေက တိုက်ခတ်လာပြီး အသက်ရှုချိန် အနည်းငယ်လေး အတွင်းမှာပင် မီးခိုးငွေ့တွေကို ဟိုးအဝေးသို့ သယ်ဆောင်သွားခဲ့သည်လေ။ဖူချောင်းရှန်ရဲ့ အစွမ်းတွေက ထင်ထားတာထက်တောင်မှ ပိုနေပါသေးတယ်။ နတ်ဆိုးသတ်မြားက သူ့ကို ဒဏ်ရာရစေခဲ့တာတောင်မှ အစွမ်းတွေကို ယုတ်လျော့သွားစေဟန် မရှိပါဘူး။ဒါပေမယ့် လျို့ဝှက်နည်းစနစ်ကို အသုံးပြုထားတဲ့အတွက် သည်လောက်အထိ အစွမ်းထက်နေတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါသေးတယ်။ လီဖူချန်းကတော့ တကယ့်ကို အကျဉ်းထဲအကျပ်ထဲကို ရောက်နေပါပြီလေ။နတ်ဆိုးသတ်မြား နောက်တစ်ချောင်း ပစ်လိုက်ရင်တောင် ဖူချောင်းရှန်ကို ဒုက္ခမပေးနိုင်တော့ဘူး ဆိုတာကိုလည်း သူက ကောင်းကောင်းကြီး တွက်ဆမိပါတယ်။အစောပိုင်းတုန်းက နတ်ဆိုးသတ်မြား ထိသွားရတဲ့ အကြောင်းအရင်းကတော့ ဖူချောင်းရှန်တစ်ယောက် အနည်းငယ် သတိလွတ်သွားလို့ပါ။ အခုအချိန်မှာတော့ တစ်ဖက်လူက အတွေ့အကြုံ ရှိသွားခဲ့ပြီလေ။ လွယ်လွယ်နဲ့ သူ့ခံစစ်ကို ဖြတ်ကျော်နိုင်တော့မှာ မဟုတ်ပါဘူး။ တစ်ကယ်လို့ မြေကမ္ဘာ လက်နက်အပိုင်းအစကို ထုတ်ပြီး ပစ်လိုက်ရင်တောင်မှ ဖူချောင်းရှန်ကို ထိမထိဆိုတာ မသေချာတော့ပါဘူး။ အခွင့်အရေးကလည်း တစ်ကြိမ်သာ ရှိသည့်အတွက် လီဖူချန်းက ပိုင်မှ ဖြစ်ဖို့ကိုဘဲ ဆုံးဖြတ်လိုက်ပါတယ်။အခြားတစ်ဖက်မှာလည်း ဖန်ကျင်းယုက အခြေအနေ သိပ်မလှတော့ပါဘူး။လီဝူရှုရဲ့ လက်ထဲမှာ ကိုင်ထားတဲ့ အလံက အတော်လေးကို အစွမ်းပြနေတယ်လေ။ အဲသည်အလံက အသုံးပြုသူရဲ့ စွမ်းရည်ကိုပါ တိုးတက်လာစေသည့် ပုံပါဘဲ။ သူက အလံကို သာမန်ဘဲ ဝှေ့ယမ်းနေပေမယ့်လည်း ဖန်ကျင်းယုကတော့ အသည်းအသန် ကာကွယ်နေရပါတယ်။နောက်ဆုံးမှာတော့ ဖန်ကျင်းယုက သူမရဲ့ လခြမ်းကွေးဓားကို သိမ်းလိုက်ပြီး သံမဏိထီးတစ်လက်ကို ထုတ်ယူလိုက်ပါပြီ။သည်သံမဏိထီးက တိုက်စစ်ကော ခံစစ်မှာပါ အသုံးချလို့ ရသည့် လက်နက်တစ်ခုပါဘဲ။ အချိန်တော်တော်ကြာသည်အထိတော့ ရှုံးနိမ့်ဖို့ရာ မဖြစ်နိုင်တော့ပါဘူး။ရွှပ်......လီဖူချန်းရဲ့ ခန္ဓာကိုယ်ပေါ်မှာတော့ နောက်ထပ် ပြတ်ရှရာတစ်ခု ဖြစ်ပေါ်လာပြန်ပါပြီ။သည်လောက်မြန်နေတဲ့ ဆေဘာဓားချက်ကိုတော့ သူလည်း ဘယ်လိုမှ မတတ်နိုင်တော့ပါဘူး။ဖူချောင်းရှန်က ဟူဟိုင်းရှန်လို ငွေအဆင့်တိုက်ရိုက်တပည့် မဟုတ်ပါဘူးလေ။ သူက ရွှေအဆင့် တိုက်ရိုက်တပည့်ပါ။ သိုင်းပညာအဆင့် ၊ လျို့ဝှက်နည်းစနစ်၊ အတွင်းအားကျင့်စဉ် စသည့် ပညာရပ်အကုန်လုံးက ဟူဟိုင်းရှန်ထက်ကို တစ်ဆင့်သာနေပါသေးတယ်။သူနိမ့်နေတာဆိုလို့ ကျင်ကြံခြင်းနယ်ပယ် အဆင့်တစ်ဆင့်သာ ရှိတာပါ။" ငါသည်ကောင့်ကို အခုထက်ထိ ဘာဖြစ်လို့ မသတ်နိုင်ရတာလည်း "ဖူချောင်းရှန်က တော်တော်ကြီးကို ကြိတ်မနိုင်ခဲမရ ဖြစ်နေပါပြီ။ သူ့ကိုထိသွားတဲ့ နတ်ဆိုးသတ်မြားက အခုတော့ ဒုက္ခမပေးနိုင်သေးပေမယ့်လည်း ကြာလာရင်တော့ ပြသနာတစ်ရပ် ဖြစ်လာနိုင်သည်လေ။ သည်ဒဏ်ရာက သိပ်မကြီးပေမယ့် သိပ်ပြီး သေးနေတာလည်း မဟုတ်ပါဘူး။ လီဖူချန်းကတော့ အခုချိန်အထိ တင်းခံထားနေဆဲပါဘဲ။ သူက လုံးဝကို သေချာပြီဆိုမှဘဲ မြေကမ္ဘာလက်နက် အစိတ်အပိုင်းကို ပစ်လွှတ်လိုက်မှာပါ။သည်လက်နက်အစိတ်အပိုင်းက သူ့ရဲ့ နောက်ဆုံးမျှော်လင့်ချက် တစ်ခုပင် မဟုတ်ပါလား။" ကောင်းကင်ဘုံ ပိုက်ကွန်ဓားသိုင်း " ဖူချောင်းရှန် က သူ့ရဲ့ အကောင်းဆုံး သတ်ဖြတ်ကွက်ကို တစ်ဖန်ထပ်ပြီး အသုံးပြုလိုက်ပြန်ပါတယ်။" မုန်တိုင်းထန် ပင်လယ် "ရုတ်တရက် မုန်တိုင်းတစ်ခုက ကောင်းကင်ပေါ်နေ ဆင်းသက်လာခဲ့ပြီး ဖူချောင်းရှန်ရဲ့ တိုက်ကွက်ကို ခံဆောင်လိုက်ပါတယ်။ ဝုန်း......ဝုန်း......ဝုန်း......ပေါက်ကွဲသံအချို့ ထွက်ပေါ်လာပြီးတဲ့နောက်မှာတော့ မုန်တိုင်းလည်း လွင့်ပြယ်သွားခဲ့သလို ဓားရိပ်ဓားယောင်တွေကလည်း ပျောက်ကွယ်သွားခဲ့ပါပြီ။လီဖူချန်းကို အစား ဓားပိုက်ကွန်ကို ခံဆောင်သွားတဲ့သူကတော့ ဖန်ကျင်းဆောင်ပါဘဲ။ဖန်ကျင်းဆောင်က မြေကမ္ဘာနယ်ပယ် အဆင့်၅ ဖြစ်သည့်အပြင် အပူအပင်မဲ့ဂိုဏ်း၏ ရွှေအဆင့်တပည့်လည်း ဖြစ်နေပါသေးတယ်။ တိတိကျကျပြောရမယ်ဆိုရင် သူက လီဖူးချန်ထက်တောင် အတော်လေး အစွမ်းထွက်ပါတယ်။ ဒါကြောင့် ဖုန်ကျင်းဆောင်ဆီမှာ ဖူချောင်းရှန်ရဲ့ ဓားကွက်ကို တစ်ကြိမ် ဒါမှမဟုတ် နှစ်ကြိမ်လောက် ထိပ်တိုက်ခုခံနိုင်သည့် အစွမ်းရှိနေသည်လေ။ဖန်ကျင်းဆောင်က ဖူချောင်းရှန်ရဲ့ သတ်ဖြတ်ကွက်ကို ခုခံလိုက်တဲ့အခါမှာတော့ လီဖူချန်းက အခွင့်အရေးကို မိမိရရ အသုံးချလိုက်ပါပြီ။ ရွပ်.........လီဖူချန်းဆီက အနက်ရောင်အလင်းတန်း တစ်ချက် ထွက်ပေါ်လာခဲ့ပြီး လေထုထဲမှာ ပျောက်ကွယ်သွားခဲ့ပါတယ်။ထိုအလင်းတန်း ပြန်ပေါ်လာတဲ့ အချိန်မှာတော့ ဖူချောင်းရှန်ရဲ့ အရှေ့ကိုတောင် ရောက်နေခဲ့ပါပြီ။" သွားစမ်း"ဖူချောင်းရှန်က တစ်ချက်ကြုံးဝါးလိုက်ပြီး ထိုအလင်းတန်းကို ချီအတွင်းအားနှင့် ရိုက်ထုတ်ပစ်လိုက်ပါတယ်။ဖောက်......သည်လက်နက် အစိတ်အပိုင်းလေးက ချီအတွင်းအားကို ထိုးဖောက်တဲ့ နေရာမှာတော့ နတ်ဆိုးသတ်မြားထက် အားနည်းပါတယ်။ ဒါပေမယ့်လည်း ပြင်းထန်မှု အပိုင်းမှာတော့ အပြတ်အသတ်ကို သာလွန်နေဆဲပါဘဲ။ သည်လက်နက်အစိတ်အပိုင်းက ဖူချောင်းရှန်းရဲ့ ချီအတွင်းအားကို ဖြတ်ကျော်သွားပြီး သူ့ရဲ့ ခန္ဓာကိုယ်ထဲကို ဖောက်ဝင်သွားခဲ့ပါပြီ။" ဝေါ့......"ဖူချောင်းရှန်က သွေးတစ်လုတ်မျှ အန်လိုက်ပြီး ဒူးထောက်ကျသွားပါတော့တယ်။သည်လက်နက် အပိုင်းအစလေးကတော့ ဖူချောင်းရှန်ကို ဒဏ်ရာ အကြီးအကျယ် ရစေခဲ့ပါပြီ။" မိုးနဲ့လေကို ဆင့်ခေါ်"ဖန်ကျင်းဆောင်ကတော့ လုံးဝကို အတင့်ရဲစွာနဲ့ တိုက်ဆင်ဆင်ဖို့ ကြိုးစားလိုက်ပါတယ်။ သူ့ရဲ့ သံမဏိတုတ်တံက လေထုထဲမှာ မွတ်နေအောင် လည်နေခဲ့ပြီး တဖြည်းဖြည်းနဲ့ အရှိန်ရလာခဲ့ပါတယ်။ ထို့နောက်မှာတော့ လွန်ပူတစ်ချောင်းလို ပုံစံနဲ့ ဖူချောင်းရှန်အပေါ်ကို ဦးတည်သွားပါတော့တယ်။" မီးတောက်ကြယ် ကို ဖူးမြော်ခြင်း "လီဖူချန်းကလည်း သူ့ရဲ့ အပိုင်နိုင်ဆုံး ဓားကွက်ကို ဖော်ထုတ်လိုက်ပြီး ဖူချောင်းရှန်ဆီကို ခုန်ဝင်သွားခဲ့ပါပြီ။" မင်းတို့နှစ်ယောက်စလုံးကို ငါနဲ့အတူ ငရဲပြည်ကို ခေါ်သွားမယ်"ဖူကျောင်းရှန်က သူ့ရဲ့ နှုတ်ခမ်းထောင့်မှ စီးကျနေသည့် သွေးတွေကိုတောင် မသုတ်တော့ဘဲ လီဖူချန်းနဲ့ ဖန်ကျင်းဆောင်တို့ နှစ်ယောက်ကို သူသေကိုယ်သေ ပြန်တိုက်ခိုက်လိုက်ပါတယ်။စွပ်.........နောက်ထပ် နတ်ဆိုးသတ်မြားတစ်စင်းက ဖူချောင်းရှန်ရဲ့ ခန္ဓာကိုယ်ထဲကို စိုက်ဝင်သွားခဲ့ပြန်ပါပြီ။ လီဖူချန်းက အတော်ကို ပါးရေနပ်ရေ ရှိလွန်းလှပါတယ်။ ဖူချောင်းရှန်က သူသေကိုယ်သေ တိုက်တော့မယ်ဆိုတာကို သိတာနဲ့ တစ်ပြိုင်နက် နောက်ဆုတ်သွားပြီး နတ်ဆိုးသတ်မြားတပ်ဆင်ထားသည့် လေးဖြင့် ထပ်မံ ပစ်ခတ်လိုက်တာပါ။" သေစမ်း...... သေစမ်း ...... ငါတို့အားလုံး အတူတူ သေစမ်း"ဖူချောင်းရှန်ကတော့ လုံးဝကို အသိစိတ် လွတ်နေတဲ့ သွေးမိစ္ဆာကြီး တစ်ကောင်လို ဖြစ်နေပါပြီ။သူ့ရဲ့ အမူအယာကို ကြည့်ရတာကတော့ သေရင်တောင် လီဖူချန်းကို အပါခေါ်သွားတော့မည့် ပုံပါဘဲ။ ဖူချောင်းရှန်က ဖြစ်နိုင်မယ်ဆိုရင် လီဖူချန်းရဲ့ အသားကိုပါ အရှင်လတ်လတ် စားသောက် ပစ်ချင်နေပါပြီ။ သူ့ရဲ့ မျက်လုံးထဲမှာတော့ လီဖူချန်းတစ်ယောက်ကိုသာ ကွက်ပြီး မြင်နေပါတော့တယ်။ဖုန်း......ဂျွတ်...... ဂျလွတ်......ထိုအခိုက်အတန့်ကို မိမိရရ အခွင့်အရေး ယူသွားတာကတော့ ဖန်ကျင်းဆောင်ပါဘဲ။ သူရဲ့ သံမဏိတုတ်တံက ဖူချောင်းရှန်ရဲ့ နံရိုးအချို့ကို ရိုင်ချိုးပစ်လိုက်သည့်အပြင် နောက်ကိုပါ အနည်းငယ် ဆုတ်သွားစေခဲ့ပါတယ်။" မီးတောက်ကြယ် ပေါက်ကွဲစမ်း"လီဖူချန်းလေ့ကျင့်ထားတဲ့ ဆန်းကြယ်အလယ်အလတ် ဓားသိုင်းတွေထဲမှာတော့ သည်ဓားသိုင်းကို အားအရဆုံးပါဘဲ။ သည်ဓားသိုင်းက ပေါက်ကွဲအား ပြင်းထန်သည့်အပြင် လောင်ကျွမ်းစေနိုင်မှုပါ အားကောင်းသည် မဟုတ်ပါလား။ ဖူချောင်းရှန်ရဲ့ တစ်ကိုယ်လုံးကတော့ မီးတောက်ကြယ် ဓားသိုင်းကြာင့် ရစရာ မရှိတော့ပါဘူး" မင်းက ငါ့ကို သည်လိုဖြစ်အောင် လုပ်စေခဲ့တာဘဲ။"" သွေးဖြင့်ရင်း၍ သတ်ဖြတ်ခြင်း "ဖူချောင်းရှန်ရဲ့ တစ်ကိုယ်လုံးကနေ ထွက်နေတဲ့သွေးတွေက ဆေဘာဆီကို စီးဆင်းသွားခဲ့ပါပြီ။ သူရဲ့ လက်တစ်ချက်ကို အဝှေ့မှာတော့ သွေးတွေ ပြည့်ဝနေတဲ့ ဆေဘာအလင်းရောင်က ပတ်ဝန်းကျက် တစ်ခုလုံးကို လွှမ်းခြုံသွားပါတော့တယ်။ဖောင်း...... ဖောင်း......လီဖူချန်းနဲ့ ဖန်ကျင်းဆောင်တို့ နှစ်ယောက်စလုံးက အနောက်ကို လွင့်ထွက်သွားပါတော့တယ်။ သူတို့နှစ်ယောက်စလုံးရဲ့ ကိုယ်ပေါ်မှာလည်း ပြတ်ရှရာတွေက မရေမတွက် နိုင်လောက်အောင်ပါဘဲ။ဖန်ကျင်းဆောင်ကတော့ တော်တော်လေး အဆင်ပြေနေပါသေးတယ်။ သူရသွားတဲ့ ဒဏ်ရာတွေကတော့ သိပ်ပြီး မပြင်းထန်လှပါဘူး။ဒါပေမယ့် လီဖူချန်းကတော့ တော်တော်ကြီးကို ဆိုးဆိုးဝါးဝါး ဒဏ်ရာ ရသွားခဲ့ပါတယ်။ ဖူချောင်းရှန်ရဲ့ ဓားကွက်က သူ့ကိုဦးတည်ပြီး တိုက်ခိုက်ခဲ့တာလေ။ ဖန်ကျင်းဆောင်က ဝင်ပြီး မျှမခံခဲ့ဘူးဆိုရင်တော့ လီဖူချန်းတစ်ယောက် နှစ်ပိုင်းပြတ်နေလောက်ပါပြီ။ဖူချောင်းရှန် ထုတ်သုံးလိုက်တဲ့ ဓားကွက်က အသုံးပြုသူရဲ့ သွေးကို အရင်းပြုကာ တစ်ဖက်လူကို သတ်ဖြတ်ရသည့် ကြယ်သုံးပွင့် လျို့ဝှက်နည်းစနစ် တစ်ခုပါဘဲ။" ငါစိတ်လျော့လိုက်လို့ မဖြစ်သေးဘူး "လီဖူချန်းက သူ့ကိုယ်သူ မေ့လဲကျမသွားအောင် အဆက်မပြတ် သတိပေးနေပါတယ်။ သူသာ ယခုအချိန်မှာ သတိမေ့သွားမယ် ဆိုရင်တော့ ဖန်ကျင်းဆောင်တစ်ယောက် ဘယ်လိုမှ ဖူချောင်းရှန်ကို ရင်ဆိုင်နိုင်တော့မှာ မဟုတ်ပါဘူး။ အခုတောင်မှ ဖန်ကျင်းဆောင်က အဆက်မပြတ် နောက်ကို ဆုတ်နေရသည် မဟုတ်ပါလား။" သေစမ်းကွာ "လီဖူချန်းက သူ့ရဲ့ နောက်ဆုံးကျန်နေသည့် နတ်ဆိုးသတ်မြားကို ပစါလွှတ်လိုက်ပြန်ပါတယ်။သည်တစ်ခါ သူ့ရဲ့ ပစ်မှတ်ကတော့ အဆုတ်ပါဘဲ။ ရွှီး...... စွပ်......လီဖူချန်း ပစ်လိုက်သည့်မြားက ဖူချောင်းရှန်ရဲ့ အဆုတ်တည့်တည့်ကို စိုက်ဝင်သွားပါတယ်။အဆုတ်ဆိုတာက လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ အရေးအကြီးဆုံး အစိတ်အပိုင်း တစ်ခုပါ။ အဲသည်အရာက ချီလှည့်ပတ်မှုကို စနစ်တကျ စီစဉ်ပေးတယ်လေ။ အဆုတ်ကို မြားစိုက်ပြီးသွားတဲ့ အခါမှာတော့ ဖူချောင်းရှန်ရဲ့ အသက်ကလည်း မီးစာကုန်ဆီခမ်း ဖြစ်စ ပြုလာခဲ့ပါပြီ။" ငရဲပြည်ကိုသာ သွားပေတော့ "ဖန်ကျင်းဆောင်က သူ့ရဲ့ သံမဏိတုတ်ကို မြှောက်လိုက်ပြီး ရိုက်ချက်၆ချက် ထုတ်လိုက်ပါတယ်။အညှာအတာကင်းမဲ့လှသည့် သူ့ရဲ့ ရိုက်ချက်တွေကတော့ ဖူချောင်းရှန်ကို သည်လောကကြီးပေါ်က ထွက်သွားစေခဲ့ပါပြီ။ဂျွတ်!အထူးသဖြင့် ဖူချောင်းရှန်ရဲ့ ပင်မကျောရိုးကို ရိုက်ချိုးပစ်လိုက်သည့် နောက်ဆုံးရိုက်ချက်ပေါ့လေ။" အခြေအနေ မကောင်းတော့ဘူးဟ။ "ဖန်ကျင်းယုနဲ့ တိုက်နေတဲ့ လီဝူရှုကလည်း အဲသည်အဖြစ်အပျက်ကို လှမ်းမြင်လိုက်ပါတယ်။အစကနေ အဆုံးအထိ သူက တစ်ခါမှ သည်လိုဖြစ်လာလိမ့်မယ်လို့ တွေးမထင်ထားခဲ့မိပါဘူး။ သူသိထားသလောက်ဆိုရင်တော့ လီဖူချန်းနဲ့ ဖန်ကျင်းဆောင်တို့နှစ်ယောက် ပေါင်းတိုက်ရင်တောင်မှ ဖူချောင်းရှန်ကို နိုင်ဖို့ မဖြစ်နိုင်ပါဘူးလေ။ အခုကျတော့ ဘယ်ကနေဘယ်လို ဖြစ်သွားသည်တောင် မသိလိုက်ဘဲ ဖူချောင်းရှန်တစ်ယောက် သေသွားခဲ့ပါပြီ။" ပြေးမှ "လီဝူရှုက သူ့ရဲ့ သွေးအလံကို ပြန်သိမ်းလိုက်ပြီး ဥမင်တစ်ခုထဲကို ဝင်ပြေးသွားပါတော့တယ်။" ငါအဆုံးသတ်လိုက်မယ်"ဖန်ကျင်းဆောင်က အင်အားတော်တော်များများ ကျန်နေသေးသည့်အတွက် လီဝူရှုရဲ့ နောက်ကို ပြေးလိုက်သွားပါတယ်။လီဖူချန်းကတော့ ပြေးဖို့ မပြောနှင့်။ မတ်တပ်ရပ်ဖို့ကိုတောင် အနိုင်နိုင် ဖြစ်နေခဲ့ပါပြီ။ သူက ဒဏ်ရာသက်သာစေသည့် ဆန်းကြယ်အဆင့်နိမ့် ဆေးတစ်လုံးကို ထုတ်သောက်လိုက်ပြီး ကြာပန်းပုံသဏ္ဍာန်ထိုင်ကာ သူ့ရဲ့ဒဏ်ရာတွေကို ပြန်လည် ကုသနေလိုက်ပါတယ်။သိပ်မကြာခင်မှာဘဲ ဖန်ကျင်းဆောင်က ပြန်လည်ရောက်ရှိလာခဲ့ပါပြီ။" အစ်ကိုကြီး ...... သူ့ကို သတ်လိုက်ပြီလား "ဖန်ကျင်းယုက မေးလိုက်ပါတယ်။ဖန်ကျင်းဆောင်က ခေါင်းခါလိုက်ပြီး" သည်ကောင့်မှာ အသက်ကယ်ပစ္စည်း တော်တော်များများ ရှိနေတယ်။ သူလွတ်သွားတယ်။"" ဖူချောင်းရှန် သေသွားပြီဆိုတော့ သူလည်း သိပ်အတင့်ရဲတော့မှာ မဟုတ်ပါဘူး။"ဖန်ကျင်းယု က သူမ၏အစ်ကိုကို နှစ်သိမ့်လိုက်ပါတယ်။ဖန်ကျင်းဆောင်ကတော့ " သည်ကောင့်ကို သတ်နိုင်မှ တော်ကာကျလိမ့်မယ်။ သည်ကောင် အပြင်လောကကို ရောက်တာနဲ့ သတင်းတွေ လိုက်ဖွနေဦးမှာ "အဆုံးမဲ့အာဏာ အပိုင်း၂၁၃အမွေဆက်ခံခြင်းနောက်ထပ်နာရီပေါင်းများစွာ ကုန်လွန်ပြီးသွားတဲ့အခါမှာတော့ လီဖူချန်းရဲ့ ဒဏ်ရာတွေက အတော်လေး ပြန်သက်သာလာခဲ့ပါပြီ။ အခုဆိုရင်သူက မူလအစွမ်းရဲ့ ၃၀ရာခိုင်နှုန်းလောက်ကိုတောင် ပြန်သုံးနေနိုင်ပြီလေ။သည်တစ်ခေါက်ရတဲ့ ဒဏ်ရာတွေကတော့ လီဖူချန်းဘဝမှာ ကြုံခဲ့ဖူးတဲ့ ဒဏ်ရာတွေထဲမှာ အပြင်းထန်ဆုံးပါဘဲ။ သူသာအနည်းငယ် ပေါ့ဆလိုက်မယ်ဆိုရင် အသက်ပါ ပေးလိုက်ရလောက်ပါတယ်။" အတော်လေးကို ကံသီပေလို့ပါလား"နောက်ဆုံးမှာတော့ လီဖူချန်းတစ်ယောက် မျက်လုံးဖွင့်လာခဲ့ပါပြီ။လီဖူချန်းက ဖူချောင်းရှန်ရဲ့ နောက်ဆုံးဓားချက်ကို စဉ်းစားလိုက်မိတိုင်းမှာ ယခုထက်ထိ ကြောက်ရွံ့နေတုန်းပါဘဲလေ။ဖန်ကျင်းဆောင်သာ မျှပြီး မခံပေးခဲ့ရင်တော့ သူက အခုချိန်လောက်ဆို ငရဲပြည် တံခါးဝကိုတောင် ရောက်နေလောက်ပြီ မဟုတ်ပါလား။" လီဖူချန်း...... မင်းရဲ့ ဒဏ်ရာအခြေအနေ......"ဖန်ကျင်းဆောင်က လီဖူချန်းကို မေးလိုက်ပါတယ်။လီဖူချန်းက ခေါင်းညိတ်ပြလိုက်ပြီး" အဆင်ပြေတယ်။ မင်းတို့ နှစ်ယောက်ကိုလည်း ကျေးဇူးအများကြီး တင်ပါတယ်။"ဖန်ကျင်းဆောင်က လက်ခါပြလိုက်ပြီး " ကျေးဇူးတင်ဖို့ မလိုပါဘူးကွာ။ ဒါနဲ့ ငါ ဖူချောင်းရှန်ရဲ့ သိုလှောင်အိတ်ကို ယူထားပြီးပြီ။ ငါတို့၃ယောက် အညီအမျှ ခွဲယူကြတာပေါ့။ "လီဖူချန်းက ခေါင်းခါလိုက်ပြီး" အဲလိုလုပ်ဖို့ မလိုဘူး။ ဖူချောင်းရှန်ရဲ့ သိုလှောင်အိတ်ကို မင်းတို့မောင်နှမ နှစ်ယောက်ဘဲ ယူသင့်တယ်လို့ ငါထင်တယ်။ ငါ့ကို သူငယ်ချင်းအဖြစ် မှတ်ယူထားတယ်ဆိုရင်တော့ ငါပြောတာကို မငြင်းလိုက်ပါနဲ့ "ဖူချောင်းရှန်ရဲ့ အိတ်ထဲမှာ ဘာပဲ ရှိနေပါစေလေ။ လီဖူချန်းကတော့ လုံးဝကို စိတ်မဝင်စားတော့ပါဘူး။" ဟုတ်ပြီလေ... ဒါဆိုရင်လည်း ငါကဘဲ မျက်နှာပြောင် တိုက်ပြီး လက်ခံလိုက်ပါ့မယ်။"ဖန်ကျင်းဆောင်က အနည်းငယ်တွေဝေနေပြီး နောက်မှာတော့ လက်ခံယူလိုက်ပါပြီ။သူ့ရဲ့ ဒဏ်ရာတွေက အခု ထက်ထိ အပြည့်အဝ ပြန်မကောင်းလာသေးတဲ့အတွက် လီဖူချန်းက နောက်ထပ် ဆန်းကြယ်အလယ်အလတ်အဆင့် ဆေးတစ်လုံးကို ထုတ်ပြီး ထပ်သောက်လိုက်ပြန်ပါတယ်။လီဖူချန်းက သည်ဆေးလုံးတွေကို မလွဲရှောင်သာလို့သာ သောက်နေရတာပါ။ စိတ်ထဲမှာတော့ အလွန်ပင် နှမြောနေမိပါတယ်။ သည်ဆေးလုံးတွေက ထောက်ပံ့ရေးရမှတ် တစ်သောင်းတောင် ပေးရတာလေ။ အပြင်လောကမှာဆိုရင် ရွှေပြားနှစ်သောင်းတောင် တန်ကြေး ရှိပါတယ်။ သူ့ရဲ့ စွန့်စားခန်းခရီး မစခင်တုန်းကတော့ လီဖူချန်းက ဒဏ်ရာပြန်လည်ကုသနိုင်တဲ့ ဆန်းကြယ်အလယ်အလတ် ဆေးလုံး၂လုံးကို လဲလှယ်ရယူခဲ့ပါတယ်။ လျူကောင်းဖန်နဲ့ ဟူဟိုင်းရှန်ကို သတ်ခဲ့တုန်းက နောက်ထပ်ဆေးလုံး၃လုံး ပြန်ရခဲ့လို့သာ တော်ပါသေးသည်။သည်ဆေးလုံးတွေက အပြင်လောကမှာ လွယ်လွယ်နဲ့ ပြန်ဝယ်လို့ ရတဲ့အမျိုးတွေလည်း မဟုတ်ပါဘူးလေ။ပြီးတော့ ဆန်းကြယ်အဆင့် ဆေးလုံးတွေဆိုတာက တစ်ခါတရံမှာမှ လေလံပွဲတွေမှာ တွေ့ရတတ်သည့် အမျိုးပင်မဟုတ်ပါလား။ဆန်းကြယ်အဆင့် အလယ်အလတ်ဆေးကတော့ တကယ်ဘဲ အစွမ်းထက်လှပါတယ်။ဆေးကို သောက်ပြီးလို့ ၁၅မိနစ်အကြာမှာဘဲ လီဖူချန်းရဲ့ အခြေအနေက ၈၀ရာခိုင်နှုန်းလောက်ကို ပြန်ကောင်းသွားခဲ့ပါပြီ။ဆေးအာနိသင်ကတော့ ခန္ဓာကိုယ်တစ်ခုလုံးအနှံ့ရှိနေတဲ့ ဒဏ်ရာတွေကို ဆက်တိုက် ကုစားပေးနေဆဲပါဘဲ။" သွားရအောင် "လီဖူချန်းက မတ်တပ်ထရပ်လိုက်ပါပြီ။သူတို့က သည်နေရာမှာ အချိန်ဖြုန်းနေတာ အရမ်းကို ကြာနေခဲ့ပြီ မဟုတ်ပါလား။ သင်းချိုင်းဂူထဲက ပစ္စည်းတွေကို တစ်ခြားလူတွေအကုန်ယူသွားမယ့် အဖြစ်မျိုးတော့ သူလုံးဝ လက်မခံနိုင်ပါဘူး။" ဟုတ်ပြီလေ "ဖန်ကျင်းဆောင်ကလည်း လီဖူချန်းပြောတာကို လက်ခံလိုက်ပါတယ်။ သူက အတော်လေးကို အူမြူးနေပါတယ်။ဘာဖြစ်လို့လည်းဆိုတော့ ဖူချောင်းရှန်ရဲ့ အိတ်ထဲမှာ ရှိနေတဲ့ ပစ္စည်းတွေက သူထင်ထားတာထက်ကို တန်ဖိုးရှိနေလို့ပါဘဲ။ သူရဲ့ညီမဖြစ်သူ ဖန်ကျင်းယုကို ဝေစုတစ်စု ခွဲပေးပြီးကျန်နေခဲ့တဲ့ ပစ္စည်းတွေကတောင် သူ့အတွက် အနည်းဆုံး တစ်နှစ်လောက်တော့ ဖူလုံနေခဲ့သည် မဟုတ်ပါလား။နောက်ထပ်နေ့တစ်ဝက်လောက် အကြာမှာတော့ လီဖူချန်းတို့သုံးယောက်ဟာ ရှုပ်ယှက်ခက်နေတဲ့ ဝင်္ကပါလို ဥမင်လမ်းကြောင်းတွေထဲကနေ ထွက်လာနိုင်ခဲ့ပါပြီ။သူတို့ အခု ရောက်နေတဲ့ နေရာကတော့ ရေကန်တစ်ခုပါဘဲ။ ရေကန်ပေါ်မှာတော့ သိပ်ကို သေသပ်လှပတဲ့ သစ်သားတံတားလေးတစ်စင်း ရှိနေပါတယ်။ သည်တံတားက အနည်းဆုံးတော့ မီတာ၅၀၀လောက် ရှိမည့်ပုံပါဘဲ။ရေကန်ထဲက ရေတွေကတော့ အစိမ်းပုတ်ရောင် ဖြစ်နေပြီး တစ်ချက်တစ်ချက်မှာတော့ ပူဖောင်းလေးတွေ ပလုံစီလို့ နေပါသေးတယ်။ဖန်ကျင်ယုက သတ္တုစတစ်ခုကို ထုတ်ယူပြီး ရေကန်ထဲကို ပစ်ထည့်လိုက်ပြီး စမ်းသပ်ကြည့်လိုက်ပါတယ်။မျက်စိတစ်မှိတ်အတွင်းမှာဘဲ ထိုသတ္တုစက တိုက်စားခံလိုက်ရပြီး ရေထဲကို နစ်မြုပ်သွားခဲ့တယ်လေ။ သည်ရေကန်ထဲက ရေတွေကတော့ အလွန်ပြင်းထန်တဲ့ အဆိပ်ရေတွေ ဆိုတာကို ယုံမှားသံသယဖြစ်စရာ မလိုတော့ပါဘူး။ ထိလိုက်တာနဲ့ အသားတွေကို ဆွေးမြည့်သွားစေပြီး အရိုးကျသွားမှာပါ။သည်အတိုင်းဆိုရင်တော့ ကန်ရေပြင်ထက်မှာ ရှိနေသည့် ရေခိုးရေငွေ့တွေမှာလည်း အဆိပ်ရှိနေမည့် ပုံပါဘဲ။" သည်ရေတွေက အင်မတန်ပြင်းထန်တဲ့ အဆိပ်ရေတွေဘဲ။ ရေကန်ထဲကနေ ဖြတ်ဖို့တော့ လုံးဝ မဖြစ်နိုင်ဘူး။ရေတွေကို ထိလို့တောင် ရမှာ မဟုတ်လောက်ဘူး"မီတာ၅၀၀ ဆိုတာက သူတို့အတွက်တော့ သိပ်ပြီး ဝေးလှတဲ့ အကွာအဝေး မဟုတ်ပါဘူး။ သူတို့ရဲ့ အရည်အချင်းနဲ့ ဆိုရင် ကန်ရေပြင်ပေါ်ကနေ အသာလေး ဖြတ်ကျော်သွားနိုင်စွမ်းရှိပါတယ်။ ဒါပေမယ့် သည်ဂူသင်းချိုင်းပိုင်ရှင် က ကန်ရေပြင်ပေါ်ကနေ ဖြတိပြီး မသွားစေချင်သည်ပုံပင်။" ငါစမ်းကြည့်လိုက်ဦးမယ်။"လီဖူချန်းက သတ္တုအစိတ်အပိုင်းတစ်ခုထုတ်ယူပြီး တစ်ဖက် ရေကန်စပ်ကို ပစ်လိုက်ပါတယ်။ဖောင်း!ထိုသတ္တုအစိတ်အပိုင်းက လမ်းတစ်ဝက်မှာဘဲ မမြင်ရတဲ့ အားတစ်ခုကြောင့် တစ်စစီ ဖြစ်သွားခဲ့ပါတယ်။" သည်အတိုင်းဆိုရင်တော့ ဟိုဘက်ကမ်းကို သွားဖို့က သစ်သားတံတားကနေ သွားဖို့တစ်နည်းပဲ ရှိတော့တယ်။"လီဖူချန်းကတော့ အတည်ပြုလိုက်ပါပြီ။သည်တံတားကနေ ဖြတ်လျှောက်သွားဖို့တာ သိပ်ပြီး စိတ်ချလို့ရတဲ့ အနေအထားတော့ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း သည်ရေကန်ကို ဖြတ်ကျော်ချင်ရင်တော့ သည်သစ်သားတံတားပေါ်ကနေ သွားမှကို ဖြစ်တော့မှာပါ။လီဖူချန်းက ခန္ဓာကိုယ်တစ်ခုလုံးကို ကြက်သွေးရောင်မီးတောက်အသိဆန္ဒဖြင့် ကာကွယ်ထားလိုက်ပြီး သစ်သားတံတားပေါ် ခြေတစ်လှမ်း ချလိုက်ပါတယ်။သူစဉ်းစားထားတဲ့အတိုင်းဆိုရင်တော့ သည်ရေကန်ထဲက အဆိပ်တွေနှင့် ရေကန်ပေါ်က ရေခိုးရေငွေ့တွေဆိုတာ ပညာရပ် ဆန္ဒတစ်ခုပဲ ဖြစ်ရမည်လေ ။ ဒါတွေက ပညာရပ်ဆန္ဒဆိုမှတော့ သူ့ရဲ့ ကိုယ်ပိုင်ပညာရပ်ဆန္ဒကဘဲ ကာကွယ်နိုင်မည် မဟုတ်ပါလား။ အဲဒါက အလုပ်ဖြစ်ခဲ့ရင်တော့ အသက်ရှင်ဖို့ မျှော်လင့်ချက် ပိုများလာမှာပါ။" ငါထင်ထားတဲ့အတိုင်းပဲ"ရေကန်ထဲကအဆိပ်ချီတွေနဲ့ မမြင်ရတဲ့ အားလှိုင်းတွေက ပညာရပ်ဆန္ဒ တစ်ခုမှန်း သေချာသွားခဲ့ပါပြီ။ ကြက်သွေးရောင် မီးတောက်ဆန္ဒကို အသုံးပြုထားတဲ့လီဖူချန်းက အဲဒါတွေကို ခံစားမိနေတယ်လေ။လီဖူချန်းက တံတားပေါ်ကနေ ပြန်ဆင်းလာပြီး" ဖန်ကျင်းယု ...... နင်က အတွင်းအားဆန္ဒကို မရသေးဘူး မဟုတ်လား...။ ငါနဲ့လိုက်ခဲ့ ။ ငါနင့်ကို ကာကွယ်ပေးထားမယ်။"ဖန်ကျင်းဆောင်က ရွှေအဆင့်တိုက်ရိုက်တပည့် ဖြစ်တဲ့အတွက် အတွင်းအားဆန္ဒကို နားလည်ပြီးပြီိဆိုတာ မေးစရာမလိုဘဲနဲ့ သိနိုင်ပါတယ်။ ဒါပေမယ့် ဖန်ကျင်းယုကတော့ မနားလည်လောက်သေးပါဘူး။ပြီးတော့ လီဖူချန်းက သူ့ကြက်သွေးရောင်မီးတောက်ဆန္ဒ အကြောင်းကို ကောင်းကောင်းကြီး သိပါတယ်။ သည်ဆန္ဒက ဖန်ကျင်းယုကိုပါ ကာကွယ်ပေးနိုင်မှာပါ။ဖန်ကျင်းယုက ခေါင်းညိတ်လိုက်ပြီး လီဖူချန်းရဲ့ အနောက်ကနေ ကပ်လိုက်လာခဲ့ပါတယ်။လီဖူချန်းက သူ့ရဲ့ ကြက်သွေးရောင် မီးတောက်ဆန္ဒကို ပြန့်ကားစေလိုက်ပြီး ဖန်ကျင်းယုကိုပါ လွှမ်းခြုံစေလိုက်ပါပြီ။လမ်းတစ်ဝက်လောက်မှာတော့ ကြက်သွေးရောင် မီးဆန္ဒက အဆက်မပြတ် တုန်ခါလာခဲ့ပြီး ပေါက်ကွဲလုမတတ် ဖြစ်လာပါသေးတယ်။ဒါပေမယ့်လည်း မီးတောက်ဆန္ဒကို အပြည့်အဝနားလည်ထားတဲ့ လီဖူချန်းက တံတာဆုံးတဲ့အထိ တောင့်ခံ ထားနိုင်ဆဲပါပဲ။" အစ်ကို သတိထားနော် "ဖန်ကျင်းယုက တစ်ဖက်ကမ်းမှာ ကျန်နေခဲ့တဲ့ ဖန်ကျင်းဆောင်ကို စိတ်ပူသဖြင့် သတိပေးလိုက်ပါသေးတယ်။ဖန်ကျင်းဆောင်က ခေါင်းညိတ်လိုက်ပြီး အပူအပင်မဲ့ အတွင်းအားဆန္ဒကို ထုတ်ပြီး တစ်ကိုယ်လုံးကို ကာကွယ်လိုက်ပါတယ်။ ထို့နောက်မှာတော့ သူက တံတားပေါ်ကနေ ဖြတ်လျှောက်လာခဲ့ပါပြီ။လီဖူချန်းတို့ ကြုံခဲ့ရသလိုဘဲ ဖန်ကျင်းဆောင်ရဲ့ အတွင်းအားဆန္ဒကလည်း လမ်းတစ်ဝက်အရောက်မှာ ကြီးမားတဲ့ ဖိအားကြောင့် အဆတ်မပြတ် တုန်ခါလာပေမယ့်လည်း သူက အဆုံးအထိကို ရောက်အောင် လျှောက်လာနိုင်ခဲ့ပါတယ်။" သည်သင်းချိုင်းဂူက အနည်းဆုံးတော့ တိုက်ပွဲဝိညာဉ်နယ်ပယ်နဲ့အထက်မှာဘဲ ရှိနေလိမ့်မယ်။အစွမ်းထက်တဲ့ မဟာပညာရှင်တွေကပဲ သည်လို ထူးဆန်းတဲ့ သင်းချိုင်းဂူကို တည်ဆောက်နိုင်မှာ "ဖန်ကျင်းဆောင်က ရယ်ကျဲကျဲဖြင့် မှတ်ချက်ချလိုက်ပါတယ်။လီဖူချန်းက" တိုက်ပွဲဝိညာဉ်နယ်ပယ် က ပြန်လည်ဝင်စားခြင်းနယ်ပယ်ရဲ့ အထက်မှာရှိတဲ့ နယ်ပယ်တစ်ခုလား......"ဖန်ကျင်းဆောင်က ခေါင်းညိတ်လိုက်ပြီး" ဟုတ်တယ်။ မင်း တုံလင်ကလန်ဆိုတာ ကြားဖူးလား......။သူတို့ကလန်ရဲ့ တိုက်ပွဲဝင်ဝိညာဉ် အရိုးတည်ဆောက်ပုံက တိုက်ပွဲဝိညာဉ်နယ်ပယ်နဲ့ ပက်သက်မှု ရှိတယ်လေ။ အဲဒါကြောင့် တုံလင်ကလန်က အရမ်းအစွမ်းထက်နေတာပဲ။ အရှေ့ယူနီကွန်း တိုက်ကြီးတစ်ခုလုံးမှာတောင် ဘယ်အင်အားစုကမှ တုံလင်ကလန်ကို လျော့မတွက်ရဲဘူး။"" တိုက်ပွဲဝိညာဉ်နယ်ပယ်နဲ့ တုံလင်ကလန် "လီဖူလျန်းက သူ့ရဲ အသိပညာဗဟုသုတတွေက အရမ်းကို လိုအပ်ျနသေးတယ်ဆိုတာကို သတိပြုမိလိုက်ပါတယ်။( ဘာသာပြန်သူ၏ အမှာ - တရုတ်လိုဆိုရင်တော့ တုံလင်ဆိုတာ တိုက်ပွဲဝိညာဉ်ကို ခေါ်တာပါဘဲ။ ကျွန်တော်က ရောကုန်မှာစိုးလို့ တုံလင်ကလန်လို့ ရေးလိုက်တာပါ။ # လေလွင့်)ဖန်ကျင်းယုကလည်း ဝင်ပြီး ပြောပြပါတယ်။" အရှေ့ယူနီကွန်း တိုက်ကြီးမှာ မူလအစကတော့ ထိပ်သီးဆရာသခင်တွေ အများကြီးပဲ။ ဒါပေမယ့် အကျိုးအကြောင်းမသိရတဲ့ ပြသနာ တစ်ခုကြောင့် တိုက်ပွဲတွေ တိုက်ကြီးတစ်ခုလုံးအနှံ့ ဖြစ်ပေါ်လာပြီးနောက်မှာတော့ ဆရာသခင်တွေက ပျောက်ကွယ်သွားတော့တာပဲ။ သည်အကြောင်းတွေကိုတော့ ဂိုဏ်းတွေက ထိပ်တန်းလျို့ဝှက်ချက်အဖြစ် သတ်မှတ်ပြီး သိမ်းဆည်းထားခဲ့တယ်။ ငါတို့တောင်မှ ရှေးဟောင်းမှတ်တမ်းတစ်ခုမှာ ဖတ်မိလို့ နည်းနည်းပါးပါး သိလာတာ "ဖန်ကျင်းဆောင်ကလည်း" ငါတို့ကတော့ အဲသည်အဆင့်ကို ရောက်ဖို့ အများကြီး လိုပါသေးတယ်။ ကဲ...... တော်လိုက်ကြစို့ ။ အရှေ့မှာ ခန်းမကြီးတစ်ခုကို ငါမြင်လိုက်သလိုပဲ "အရှေ့ဘက်မှာတော့ တကယ်ပဲ တံခါးပွင့်နေတဲ့ ခန်းမကြီးတစ်ခု ရှိနေပါတယ်။ အဲသည်ခန်းမထဲမှာလည်း လူအချို့ တိုက်ခိုက်နေကျသည့် ပုံပါပဲ။" အမြန်သွားကြည့်ရအောင် "လီဖူချန်းက ရှေ့ဆုံးကနေ ပြေးထွက်သွားခဲ့ပါပြီ။ခန်းမထဲမှာတော့ အလင်းပြောက်လေးတွေနှင့်တူသည့် သေးငယ်တဲ့ စိတ်ဝိညာဉ်လေးတွေက နေရာအနှံ့ ပြေးလွှားနေကြသည်လေ။ စုမုယူ၊ ဆောင်ကျန်းဟီနဲ့ ဝေရှန်းဟီတို့က အရူးတွေပမာ ထိုအလင်းပြောက်လေးတွေ နောက်ကို လိုက်နေပါတယ်။" ဒါက အမွေအနှစ်တွေလား......"ဖန်ကျင်းဆောင်က မျက်ခုံးပင့်လိုက်ပါတယ်။အမွေအနှစ်တွေဆိုတာ ထူးခြားတဲ့ အရာတစ်ခုပါပဲ။ သူတို့က သတင်းအချက်အလက် အမျိုးအစား တစ်ခုဖြစ်ပါတယ်။ အဲသည်အမွေအနှစ်တွေကို မပိုင်ဆိုင်သေးသရွေ့ကတော့ အထဲမှာ ဘာတွေပါသလည်းဆိုတာကို ဘယ်သူမှ မသိနိုင်ပါဘူးး။အမွေအနှစ်တွေထဲမှာ အဓိကနဲ့ သာမညဆိုပြီး နှစ်မျိုးနှစ်စား ရှိပါတယ်။သာမညအမွေအနှစ်တွေကတော့ အမျိုးမျိုးသော သိုင်းပညာရပ်တွေနဲ့ လျို့ဝှက်နည်းစနစ်တွေပါပဲ။အဓိက အမွေအနှစ်တွေထဲမှာတော့ ချန်ထားရစ်ခဲ့တဲ့ ပညာရှင်ရဲ့ ဘဝတစ်သက်စာ အတွေ့အကြုံတွေနဲ့ ပညာရှင် နားလည်တတ်မြောက်ခဲ့သမျှ ပညာရပ်တွေ ပါဝင်ပါတယ်။အဆုံးမဲ့အာဏာ အပိုင်း၂၁၄မပြည့်စုံသော လျို့ဝှက်နည်းစနစ်သည်ခန်းမ အတွင်းမှာတော့ အလင်းပြောက် ၁၀ခု ရှိနေပါတယ်။ သည်အလင်းပြောက်လေးတွေက အသိဥာဏ် ရှိနေသည့် ပုံပါပဲ။ စုမုယူနဲ့ အခြားနှစ်ယောက်က အလင်းပြောက်လေးတွေနားကို ချည်းကပ်သွားတိုင်းမှာ ထိုအလင်းပြောက်လေးတွေက အလျင်အမြန်ပင် ထွက်ပြေးသွားကြသည်လေ။လီဖူချန်းတို့ သုံးယောက် ခန်းမထဲကို ဝင်လာတာကိုတောင်မှ စုမုယူတို့က ဂရုမစိုက်အားဘဲ အလင်းပြောက်လေးတွေကို အသည်းအသန်လိုက်ဖမ်းနေကြပါတယ်။သူတို့ရဲ့ အတွေးထဲမှာ ရှိနေတဲ့ တစ်ခုတည်းသော အရာကတော့ သည်အလင်းပြောက်လေးတွေကို အမြန်ဆုံးဖမ်းမိပြီး အမွေအနှစ်တွေ ဆက်ခံဖို့ပါပဲ။သည်အမွေအနှစ်တွေထဲမှာ ရှိနေမယ့် ပညာရပ်တွေက လုံးဝအစွမ်းထက်မယ်ဆိုတာ ယုံမှားစရာ မရှိပါဘူး။ဘယ်လိုပညာရပ်မျိုးပဲဖြစ်ဖြစ် သူတို့အတွက်ကတော့ တစ်ကယ့်ရတနာ တစ်ပါးပါပဲလေ။သူတို့ရဲ့ လက်ရှိအဆင့်အတန်းနဲ့ ဆိုရင် သက်ဆိုင်ရာဂိုဏ်းတော်တွေက လက်ရွေးစင်ပညာရပ်တွေကို လေ့ကျင့်ခွင့် မရနိုင်သေးပါဘူး။ သည်ဟာက သူတို့အတွက်တော့ တကယ့် အခွင့်အရေးကြီး တစ်ရပ်ပါပဲ။"ညီမကတော့ ဟိုဘက်က တလဲ့လဲ့ တောက်ပနေတဲ့ မီးအလင်းပြောက်လေးကို မျက်စိကျမိတယ်"ဖန်ကျင်းယုက စိမ်ပြေးလိုက်တမ်း ကစားပွဲကြီးထဲ ပြေးဝင်သွားခဲ့ပါပြီ။" ငါကတော့ အဖြူရောင် အလင်းပြောက်လေးကို သဘောကျတယ်။" ဖန်ကျင်းဆောင်ကလည်း ရပ်ပြီးကျန်မနေဘဲ လိုက်သွားပါတယ်။သူတို့က ထိုအလင်းပြောက်လေးတွေကို ဖမ်းနိုင်လိမ့်မယ်လို့တော့ ယုံကြည်မှု မရှိပါဘူး။ ဒါပေမယ့်လည်း ကံစမ်းကြည့်ချင်သေးတယ်လေ။လီဖူချန်းကတော့ ချက်ခြင်း လိုက်မဖမ်းသေးဘဲ သေသေချာချာ ဆန်းစစ်နေခဲ့ပါတယ်။သူက သည်မတူညီတဲ့ အလင်းပြောက်လေး၁၀ခုကနေ မတူညီတဲ့ အရှိန်အဝါကိုယ်စီ ထွက်နေတာကို ခံစားမိနေသည် မဟုတ်ပါလား။ကျန်တဲ့လူတွေကကော သူ့လို ခံစားရမလား ဆိုတာကိုတော့ လီဖူချန်းကိုယ်တိုင်လည်း မသိပါဘူး။လီဖူချန်းက ဘေးကနေ ရပ်ကြည့်နေပြီး ထိုအလင်းပြောက်လေးတွေရဲ့ သဘောသဘာဝကို ခံစားနေရင်းနဲ့ နည်းနည်းပါးပါး သိလာခဲ့ပါတယ်။အထူးသဖြင့် ရွှေရောင် အလင်းပြောက်ကလေးပေါ့လေ။သည်ရွှေရောင်အလင်းပြောက်ကလေးက အလွန်တရာမှ မာနကြီးမည့် ပုံပါပဲ။ ထိုအလင်းပြောက်လေးကနေ ဘုန်းတန်ခိုးကြီးမားလှသည့် ဘုရင်မင်းမြတ်တစ်ပါးရဲ့ အရှိန်အဝါတွေ ထွက်နေပါတယ်။အခြားသော အလင်းပြောက်တွေက သူရှိနေတဲ့ နေရာကို မလာရဲပါဘူး။" အိုး...... ငါလိုချင်တာ ဒါပဲနေမှာ "လီဖူချန်းက လေအရိပ်ခြေလှမ်းကို သုံးလိုက်ပြီး ထိုရွှေရောင် အလင်းပြောက်လေးဆီကို ခုန်ဝင်ကာ ဖမ်းလိုက်ပါတယ်။ရွှေရောင်အလင်းပြောက်လေးက ဖျတ်ခနဲ အနောက်ကို ဆုတ်သွားပါတယ်။ သူနဲ့ လီဖူချန်းအကြားက အကွာအဝေးကတော့ မူလအတိုင်း ပြန်ဖြစ်သွားခဲ့ပါပြီ။" သည်အရာကတော့ ငါ့ကို စိတ်တိုအောင် လုပ်နေတာပဲ "လီဖူချန်းက မီးနဂါးလျို့ဝှက်နည်းစနစ်ကိုပါ ထုတ်သုံးလိုက်ပါတယ်။ ထို့နောက်မှာတော့ လီဖူချန်းက အရိပ်တစ်ခုပမာ ရုတ်ချည်းပျောက်သွားပြီး ရွှေရောင်အလင်းပြောက်ရဲ့ အနောက်မှာ ပြန်ပေါ်လာခဲ့ပါတယ်။သည်အလင်းပြောက်လေးတွေကို ရရှိဖို့အတွက် ခက်ခဲမှုတွေကလည်း အမျိုးမျိုး ရှိနေမည့် ပုံပင်။ဆောင်ကျန်းဟီ ၊ ဝေရှန်းဟီနဲ့ ဖန်ကျင်းယုတို့မှာလည်း သူတို့အခက်အခဲနှင့် သူတို့ပါပဲ။ သူတို့က အလင်းပြောက်လေးတွေကို ဖမ်းမိဖို့ တစ်လှမ်းလောက်ပဲ လိုနေတာတောင်မှ အခုထက်ထိ ဖမ်းဘို့ မမိသေးပါဘူး။ဖန်ကျင်းဆောင်လိုက်ဖမ်းနေတဲ့ အလင်းပြောက်လေးကတော့ သူတို့ထက် နည်းနည်း ပိုခက်မည့်ပုံပါပဲ။ ထို့နောက်မှာတော့ စုမုယူ ရဲ့ အလင်းပြောက်လေးက ရှိနေပါတယ်။ လီဖူချန်းလိုက်နေတဲ့ ရွှေရောင်အလင်းပြောက်ကတော့ အဆိုးဆုံးပါပဲ။ကြည့်ရတာတော့ သည်အလင်းပျောက်လေးတွေ လူတစ်ယောက်ရဲ့ မွေးရာပါ အလားအလာကို ကြည့်ပြီး ဆွဲဆောင်နေတာ ဖြစ်နိုင်ပါတယ်။အလားအလာ ပိုကောင်းသည့် လူတွေက ပိုခက်ခဲသည့် အလင်းပြောက်တွေကို မျက်စိကျနေသည်လေ။စုမုယူကတော့ အစိမ်းရောင် အလင်းပြောက်လေးကို အသည်းအသန် လိုက်ဖမ်းနေပါတယ်။ သူမ လိုက်ဖမ်းနေသည့် အလင်းပြောက်လေးရဲ့ အရှိန်အဝါက ရွှေရောင်အလင်းပြောက်လေးထက် အနည်းငယ်မျှသာ နိမ့်ကျသည့် ပုံပင်။" ဟဟဟ ...... ငါမိပြီကွ "ပထမဆုံး အလင်းပြောက်တစ်ခုကို ဖမ်းမိသွားသည့် လူကတော့ ဆောင်ကျန်းဟီပါဘဲ။ သူက ထိုအလင်းပြောက်လေးကို ဆုပ်ကိုင်လိုက်တာနဲ့ အဲသည်အရာက သူ့ရဲ့ ခန္ဓာကိုယ်ထဲကို ဝင်သွားခဲ့တယ်လေ။ ထို့နောက်မှာတော့ ဆောင်ကျန်းဟီက လက်ရှိအခြေအနေကို သတိမထားမိတော့သည့်အလား လှုပ်ရှားမှုတွေ ရပ်တန့်သွားခဲ့ပါပြီ။"မင်းဘယ်ကို ပြေးဦးမလို့လည်း "ဝေရှန်းဟီကလည်း သူလိုက်နေတဲ့ အလင်းပြောက်လေးကို ဖမ်းမိသွားတဲ့နောက်မှာတော့ ကျောက်ရုပ်ကြီးလို ရပ်တန့်သွားပါတော့တယ်။အဲသည်နောက်မှာတော့ ဖန်ကျင်းယုကလည်း သူမရဲ့ အဖြူရောင် အလင်းပြောက်လေးကို ဖမ်းမိသွားပြန်ပါပြီ။သည်ခန်းမကြီးထဲမှာ ပြေးလွှားပြီး ကျန်ရစ်နေခဲ့တာဆိုလို့ လီဖူချန်း၊ ဖန်ကျင်းဆောင်နဲ့ စုမုယူတို့ပဲ ရှိပါတော့တယ်။" ကြည့်ရတာ သာမန်နည်းလမ်းတွေနဲ့တော့ သည်ရွှေရောင် အလင်းပြောက်ကို ဖမ်းမိမှာ မဟုတ်ဘူး "လီဖူချန်းကတော့ ရွှေရောင်အလင်းပြောက်ကို လိုက်ဖမ်းနေတာကို ရပ်လိုက်ပါပြီ။အခုချိန်အထိ သူက ရွှေရောင်အလင်းပြောက်နဲ့ မီတာအနည်းငယ်မျှ ကွာဝေးနေဆဲပါပဲ။ သည်အတိုင်းသာ ဆက်ပြီးလိုက်နေမယ်ဆိုရင်တော့ သူသာ အမောဆို့ပြီး သေရင်သေသွားပါမယ်။ သည်အလင်းပြောင်ကိုတော့ မိမှာ မဟုတ်ပါဘူး။လီဖူချန်းက အကြီးအကျယ် စဉ်းစားခန်းဝင်နေပါပြီ။အချိန်အတန်ကြာမှာတော့......" ဟုတ်ပြီ။ ငါက သည်အလင်းပြောက်ကို လိုက်မဖမ်းနိုင်မှတော့ ဘာလို့ မမြူဆွယ်ရမှာလည်း......"ထူးဆန်းတဲ့ အကြံတစ်ခုက ဖျတ်ခနဲပေါ်လာပါတယ်။လီဖူချန်းကတော့ သူ့ရဲ့ အကြံအတိုင်း လုပ်ဆောင်လိုက်ပါပြီ။လီဖူချန်းက သူ့ရဲ့ အရှိန်အဝါတွေကို အလျင်အမြန် ထုတ်ဖော်လိုက်ပါတယ်။လီဖူချန်းရဲ့ အကြံက ထိုရွှေရောင်အလင်းပြောက်ကို ချီအရှိန်အဝါနဲ့ ဖိနှိပ်ဖို့တော့ မဟုတ်ပါဘူး။ သူ့ရည်ရွယ်ချက်က သူ့ရဲ ချီအရှိန်အဝါတွေကလည်း မာနကြီးပြီး လွှမ်းမိုးနိုင်စွမ်း ရှိတယ်ဆိုတာကို ထို ရွှေရောင်အလင်းပြောက်ကို သိစေချင်တာပါ။ လောကမှာ ဘဝင်မြင့်ပြီး စိတ်ကြီးဝင်နေတဲ့ သူတွေက သူတို့အချင်းချင်းသာ အပေါင်းအဖက် ပြုလုပ်ကြသည် မဟုတ်ပါလား။လီဖူချန်းရဲ့ စိတ်ဝိညာဉ် နယ်ပယ်ထဲမှာက ထူးဆန်းသည့် ရွှေရောင်အဆောင်လက်ဖွဲ့ ရှိနေတယ်လေ။ ထိုရွှေအလင်းပြောက်ကသာ လီဖူချန်းရဲ့ တည်ရှိမှုကို လက်ခံသွားတာနဲ့ ထိုရွှေရောင်လက်ဖွဲ့အဆောင်ကို သတိပြုမိသွားနိုင်ပါတယ်။ထိုထူးဆန်းတဲ့ ရွှေရောင်လက်ဖွဲ့အဆောင်ကတော့ သည်ရွှေအလင်းပြောက်ကို လုံးဝ ဆွဲဆောင်နိုင်မှာပါပဲ။စုမုယူကတော့ လီဖူချန်းရဲ့ ထူးဆန်းတဲ့ အပြုအမူကို သတိပြုမိသွားပါတယ်။သူမကလည်း အစိမ်းရောင် အလင်းပြောက်ကို လိုက်မဖမ်းနိုင်တဲ့အတွက် စိတ်ဓာတ်ကျနေပါပြီ။ထို့ကြောင့် သူမက လိုက်ဖမ်းနေတာကို ရပ်လိုက်ပြီး လီဖူချန်းကို ကောင်းကောင်းကြီး လေ့လာနေပါတယ်။လီဖူချန်းရဲ့ ချီအရှိန်အဝါကြောင့်လား စိတ်ဝိညာဉ်နယ်ပယ်ထဲက ရွှေရောင်လက်ဖွဲ့အဆောင်ကြောင့်လားတော့ မသိပါဘူး။ ရွှေရောင် အလင်းပြောက်ကတော့ ချီတုံချတုံဖြင့် လီဖူချန်းနားကို ဖြည်းဖြည်းချင်း ကပ်လာပါတယ်။ ဒါပေမယ့်လည်း သူက လီဖူချန်းရဲ့ ကိုယ်ထဲကို မဝင်သေးဘဲ လှည့်ပတ် ပျံသန်းနေဆဲပါပဲ။" အဲဒါက တကယ်ကြီး အလုပ်ဖြစ်တာလား"လီဖူချန်းကိုကြည့်ပြီး စုမုယူကတော့ ပါးစပ်အဟောင်းသား ဖြစ်လို့နေပါပြီ။ သည်ကောင်လေးက ပါရမီရင့်သန်ရုံမက ထူးထူးခြားခြား နည်းလမ်းတွေကိုတောင် စဉ်းစားနိုင်တယ်လေ။ ပြီးတော့ အဲသည်နည်းလမ်းကလည်း အလုပ်ဖြစ်နေသည် မဟုတ်ပါလား။ စုမုယူကတော့ လီဖူချန်းကို လုံးဝ ချီးကျူးလိုက်ပါတယ်။"သည်တစ်ယောက်ကိုမှ တကယ့် ထွဋ်ခေါင် ပါရမီရှင်လို့ သမုတ်ရမှာ"အရှေ့မှာ သာဓက ပြသွားသည့် လူတစ်ယောက်လုံး ရှိနေမှတော့ စုမုယူက ဘာမှ သံသယ ဝင်မနေတော့ပါဘူး။ သူမကလည်း မြေပြင်ပေါ်မှာ ထိုင်ချလိုက်ပြီး ချီအရှိန်အဝါတွေကို ဖော်ထုတ်လိုက်ပါတော့တယ်။" သူတို့နှစ်ယောက်စလုံး လုပ်နေမှတော့ ငါလည်း လိုက်လုပ်ကြည့်ရမှာဘဲ "ဖန်ကျင်းဆောင်လည်း ရွှေအဆင့်တပည့်တစ်ယောက် ဖြစ်တဲ့အတွက် ချက်ဆို နားခွက်က မီးတောက်သည့် လူအမျိုးအစားပါပဲ။ စုမုယူတောင်မှ လီဖူချန်းလုပ်သလို လိုက်လုပ်နေမှတော့ ဒါက မှားယွင်းသည့် နည်းလမ်းတစ်ခု မဟုတ်နိုင်တော့ဘူးလေ။အခုအချိန်မှာတော့ သုံးယောက်စလုံးက သူတို့ရဲ့ ကိုယ်ပိုင်ချီအရှိန်အဝါတွေကို ဖော်ထုတ်ထားပြီး စိတ်ဝိညာဉ်စွမ်းအားဖြင့် သက်ဆိုင်ရာ အလင်းပြောက်အသီးသီးကို ဆွဲဆောင်နေကြပါတယ်။နောက်ထပ်၅မိနစ်မျှ အကြာမှာတော့ ထူးဆန်းတဲ့ အဖြစ်အပျက်တွေ့ဖစ်ပေါ်လာခဲ့ပါပြီ။ အလင်းပြောက်လေးတွေက သူတို့ကို စတင်ပြီး စက်ဝိုင်းပတ် ပတ်လာပါတယ်။ ထို့နောက်မှာတော့ ထိုအလင်းပြောက်လေးတွေက ကလေးငယ်လေးတွေပမာ ဆော့ကစားနေပါတော့တယ်။ သူတို့ က သက်ဆိုင်ရာ လူအသီးသီးကို တစ်ချက် ထိကြည့်လိုက် အပေါ်ကို ပျံတက်သွားလိုက်နဲ့ အလုပ်ရှုပ်နေကြသည်လေ။ ဒါပေမယ့် သူတို့က အခုထက်ထိတော့ အမွေအနှစ်တွေကို လက်ဆင့်မကမ်းချင်သေးသည့် ပုံပါပဲ။" လာခဲ့" စုမုယူက တစ်ချက်ကြုံးဝါးလိုက်ပြီး သူမရဲ့ ချီအရှိန်အဝါတွေကို ပိုမြှင့်တင်လိုက်ပါတယ်။ သူမရဲ့ ပတ်ပတ်လည်မှာတော့ သေခြင်းရှင်ခြင်း စွမ်းအင်လှိုင်းတွေက ဖြစ်ပေါ်လာခဲ့ပါပြီ။ဟူး!အစိမ်းရောင် အလင်းပြောက်လေးကတော့ သူ့ရဲ့အသိုက်ထဲကို ပြန်လာတဲ့ ပျံလွှားတစ်ကောင်ပမာဖြင့် စုမုယူရဲ့ ခန္ဓာကိုယ်ထဲကို ဝင်သွားပါတော့တယ်။ အဲသည်နောက်မှာတော့ စုမုယူကလည်း မျက်လုံးမှိတ်ပြီး ငြိမ်သက်သွားခဲ့ပါပြီ။နောက်ထပ် အမွှေးတိုင်တစ်တိုင်ထွန်းချိန် အကြာမှာတော့ ဖန်ကျင်းဆောင်ကလည်း မျက်လုံးမှိတ်သွားပါတော့တယ်။ သူ့ရဲ့ ခန္ဓာကိုယ်ထဲကိုလည်း သူဆွဲဆောင်နေတဲ့ အလင်းပြောက်လေးက ဝင်သွားခဲ့ပြီ မဟုတ်ပါလား။လီဖူချန်းရဲ့ ရွှေရောင်အလင်းပြောက်လေးကတော့ အပေါ်ပျံတက်လိုက်သွားလိုက် အနားကပ်လာလိုက်ဖြင့် အလုပ်ရှုပ်နေဆဲပါပဲ။' လခွီးတဲ့မှဘဲ'လီဖူချန်း စိတ်ထဲကနေ ဆဲရေးတိုင်းထွာလိုက်ပါတယ်။ သည်အတိုင်းနေလို့ကတော့ ဘာမှ ထူးလာဦးမှာ မဟုတ်ပါဘူး။ တစ်ခုခုတော့ လုပ်ဖို့ လိုအပ်နေပါပြီ။သူက ရွှေရောင်အလင်းပြောက်ကို ကြည့်လိုက်ပြီး" မင်းအခုထိ ဘာတွေ တွေဝေနေတာလည်း"လီဖူချန်းရဲ့ စကားသံကြောင့် ရွှေရောင်အလင်းပြောက်က နည်းနည်း ရှေ့တိုးလာပါတယ်။" ငါ့ခန္ဓာကိုယ်ထဲမှာ ရှိတဲ့အရာက မင်းထက်အများကြီး မြင့်မြတ်တယ်ကွ။ မင်းက ငါ့ဆီမှာ မခစားဘဲ ဘယ်ကို သွားချင်နေတာလည်း.......။ မင်းက ငါ့ရဲ့ ခွန်အားတစ်စိတ်တစ်ပိုင်း မဖြစ်လာချင်ဘူးလား......"လီဖူချန်းရဲ့ အသံက ထက်ရှလှသည့် ဓားတစ်လက်ရဲ့ အရှိန်အဝါတွေနှင့် ပြည့်နှက်နေပါတယ်။ သူ့ရဲ့ စိတ်ဝိညာဉ်နယ်ပယ်ထဲက ရွှေရောင်လက်ဖွဲ့အဆောင်ကလည်း ဒေါသထွက်လာသည့် ပုံပါပဲ။ ထိုအဆောင်ထံကနေ ရွှေရောင်အလင်းတန်းတွေတောင် ထွက်ပေါ်လာပါပြီ။နောက်ဆုံးမှာတော့ ရွှေရောင်အလင်းပြောက်လေးက တွေဝေမနေတော့ဘဲ လီဖူချန်းရဲ့ ခန္ဓာကိုယ်ထဲကို တိုးဝင်သွားပါတော့တယ်။ဘုန်း!လီဖူချန်းရဲ့ စိတ်ထဲမှာတော့ ပေါက်ကွဲမှုတစ်ခု ဖြစ်ပေါ်လာပြီး သတင်းအချက်အလက်တွေက သူ့အသိစိတ်ထဲကို အဆက်မပြတ် စီးဝင်လာခဲ့ပါတယ်။သတင်းအချက်အလက်တွေက အစီအစဉ်တကျ ဖြစ်မနေဘဲ ဖရိုဖရဲ ဝင်ရောက်လာတဲ့အတွက် လီဖူချန်းတစ်ယောက်ကတော့ သူ့ရဲ့ခေါင်း ပေါက်ထွက်သွားတော့မည်လားဟုတောင် ခံစားနေရပါပြီ။သိပ်မကြာခင်မှာတော့ အချက်အလက်တွေက အလိုအလျောက် အစီအစဉ်တကျ ပြန်ဖြစ်သွားပြီး စာလုံးတွေ ပေါ်လာခဲ့ပါတယ်။" မပြည့်စုံသည့် ဓားအဆီအနှစ်ကျမ်း ။ ကြယ်၆ပွင့် လျို့ဝှက်နည်းစနစ်။ လေ့ကျင့်သူရဲ့ ခန္ဓာကိုယ်ပေါ်မှာ ဓားပုံသဏ္ဍာန် ဆေးမှင်ကြောင်တွေ ပေါ်လာသည်နှင့် တစ်ပြိုင်နက် ဓားအဆီအနှစ်ကလည်း ဖြစ်တည်လာလိမ့်မည်။ သည်နည်းစနစ်ကို အသုံးပြုဖို့အတွက် ဓားတွေ၊ဆေဘာတွေ မလိုအပ်ဘူး။ အသုံးပြုသူကိုယ်တိုင် က ဓားတစ်ချောင်းဖြစ်သွားပေလိမ့်မည်။"" အနက်ရောင်သံ ဓားအဆီအနှစ်က အနက်ရောင်သံဓား ပုံသဏ္ဍန် ဆေးမှင်ကြောင် ထဲမှာ ဖြစ်တည်လိမ့်မယ်။ ကြေးဝါရောင် ဓားအဆီအနှစ်က ကြေးဝါရောင် ဓားပုံသဏ္ဍာန် ဆေးမှင်ကြောင်ထဲမှာ ဖြစ်တည်လိမ့်မယ်။"အချက်အလက်တွေကို သေသေချာချာ ဖတ်ပြီးတဲ့နောက်မှာတော့ လီဖူချန်းက အံ့သြတုန်လှုပ်သွားခဲ့ပါတယ်။သည်နည်းစနစ်က တကယ်ကြီး ကြယ်၆ပွင့် လျို့ဝှက်နည်းစနစ် ဖြစ်နေသည်လေ။အရှေ့ယူနီကွန်း တိုက်ကြီးတစ်ခုလုံးမှာတောင်မှ ကြယ်၆ပွင့်အဆင့် လျို့ဝှက်နည်းစနစ်တွေဆိုတာ ပျောက်ကွယ်လုနီးပါး ဖြစ်နေပြီ မဟုတ်ပါလား။ မိုးပြာရောင်ဂိုဏ်းတောင်မှ ကြယ်၅ပွင့်အဆင့် လျို့ဝှက်နည်းစနစ်ကို မှီခိုနေရတာလေ။ ကြယ်၆ပွင့်အဆင့် လျို့ဝှက်နည်းစနစ်ဆိုတာက လုံးဝကို မမျှော်မှန်းနိုင်သည့် အဆင့်တစ်ခုပါပဲ။အဲသည်ထက် ပိုဆိုးတာက သည်နည်းစနစ်က မပြည့်စုံသည့် ကျမ်းတစ်အုပ်ဖြစ်နေသေးတာပါ။ တကယ်လို့ အပြည့်အစုံ ကျမ်းစာအုပ်ဆိုပါက ကြယ်၇ပွင့် ၊ ကြယ်၈ပွင့် ဒါမှမဟုတ် ဒဏ္ဍာရီတွေထဲက ကြယ်၉ပွင့်အဆင့်အထိတောင် ဖြစ်နိုင်ပါသေးတယ်။" ရိုးတွင်းချဉ်ဆီကို အသုံးချပြီး ဆေးမှင်ကြောင်တွေကို ဖြစ်ပေါ်လာအောင် လုပ်ရမယ်။ သည်နည်းစနစ်က အရိုးတည်ဆောက်ပုံတစ်ခုလုံးကို လက်နက်အဖြစ် ပြောင်းသွားစေတာလား"မာတိကာမှာ ပါရှိသည့် အချက်အလက်တွေက လီဖူချန်းကို စဉ်းစားစေခဲ့ပါပြီ။လက်နက်တစ်ခုရဲ့ အဆင့်အတန်းဆိုတာက ပါဝင်ပစ္စည်းတွေနဲ့ဘဲ သက်ဆိုင်နေတာ မဟုတ်ပါဘူး။ ထိုလက်နက်ပေါ်မှာ ရှိနေတဲ့ အင်းကွက်တွေနဲ့လည်း သက်ဆိုင်ပါသေးတယ်။ဥပမာအားဖြင့် ပြောရမယ်ဆိုရင် လီဖူချန်းရဲ့ နက်ရွှေမှော်ဓားမှာ ပါဝင်တဲ့ ပစ္စည်းတွေက ၇ကီလိုဂရမ်နီးပါးသာ လေးတာပါ။ ဒါပေမယ့် အင်းကွက်ပါ ပေါင်းထည့်လိုက်တဲ့အခါမှာတော့ အလေးချိန်က ၅၀ကီလိုဂရမ်နီးပါးတောင် ဖြစ်သွားခဲ့ပြီလေ။သည်လျို့ဝှက်နည်းစနစ်ကြောင့် ဖြစ်ပေါ်လာမယ့် ဆေးမှင်ကြောင်တွေဆိုတာက တစ်နည်းအားဖြင့် ပြောရမယ်ဆိုရင် အင်းကွက်တွေပါပဲ။ သူ့ရဲ့ ရိုးတွင်းချဉ်ဆီတွေကသာ ဆေးမှင်ကြောင်တွေကို ဖြစ်ပေါ်စေခဲ့မယ်ဆိုရင် ဖြစ်လာမည့် အကျိုးဆက်ကတော့ တွေးလို့တောင် မရတော့ပါဘူး။သူသာ လုံလောက်တဲ့ အဆင့်တစ်ခုအထိ လေ့ကျင့်နိုင်သွားခဲ့မည်ဆိုပါက သူ့ရဲ့ အရိုးတွေကလည်း အလွန်ခိုင်ခံ့မာကျောလာမည် မဟုတ်ပါလား။ မိစ္ဆာသားရဲတွေရဲ့ အရိုးထက်တောင် ပိုမာလာနိုင်ပါသေးတယ်။" ငါက ဂိုဏ်းတော်ရဲ့ မူလဘူတဓား ကိုတောင် မကျင့်ရသေးဘဲနဲ့ ကြယ်၆ပွင့် လျို့ဝှက်နည်းစနစ်တစ်ခု ရလာလိမ့်မယ်လို့ တစ်ခါမှ မမျှော်လင့်ထားခဲ့မိဘူး"လီဖူချန်းက သည်နည်းစနစ်ကို ပိုင်ဆိုင်ထားတယ်ဆိုတာကိုတော့ တစ်ဦးတစ်ယောက်ကိုမှ မပြောပြဘူးလို့ ဆုံးဖြတ်လိုက်ပါတယ်။ ဂိုဏ်းတော်ကိုလည်း ပြောပြလို့တော့ မဖြစ်ပါဘူး။ သူ့ဆီမှာသာ ကြယ်၆ပွင့် လျို့ဝှက်နည်းစနစ် ရှိနေတာကို သိသွားခဲ့ရင် မလိုလားအပ်သည့် ပြသနာတွေနှင့် ကြုံလာနိုင်သည်လေ။ သူ့ရဲ့ အသက်အန္တရာယ်ကိုပါ လုပ်ကြံလာနိုင်ပါသေးတယ်။" ငါက သည်မပြည့်စုံတဲ့ ဓားအဆီအနှစ်ကျမ်းကို ရခဲ့ပေမယ့်လည်း မူလဘူတဓားကို လေ့ကျင့်ခွင့်ရအောင် လုပ်ရဦးမယ်။ ဒါမှ မတော်တစ်ဆ သည်နည်းစနစ်ကို ထုတ်သုံးမိတဲ့အခါကျရင် မူလဘူတဓားပညာရပ်လို့ ပြောလို့ရမှာ"လီဖူချန်းက ကောင်းမွန်တဲ့ အကြံတစ်ခု ရလိုက်ပါပြီ။အဆုံးမဲ့အာဏာ အပိုင်း၂၁၅မကောင်းဆိုးရွား ဝိညာဉ်များအချိန်တွေဘယ်လောက်တောင် ကြာသွားမှန်း မသိတော့တဲ့အချိန်မှာတော့ လီဖူချန်းက မပြည့်စုံတဲ့ ဓားအဆီအနှစ်ကျမ်းကို ကောင်းကောင်းကြီး လေ့လာလို့ ပြီးသွားခဲ့ပါပြီ။လီဖူချန်း သတိပြုမိလိုက်တာကတော့ သည်ဓားအဆီအနှစ်ကျမ်းမှာ အပြည့်အစုံ ပါတာဆိုလို့ နှစ်ခန်းပဲ ရှိတယ်ဆိုတာပါပဲ။ အဲသည်နှစ်ခန်းကတော့ သံနက် ဓားအဆီအနှစ်နဲ့ ကြေးဝါ ဓားအဆီအနှစ် ဖြစ်ပါတယ်။ ငွေဓား အဆီအနှစ်အခန်းမှာတော့ နည်းနည်းပဲ ရှင်းပြထားတာပါ။ မှတ်တမ်းမှတ်ရာတွေအရ ဆိုရင်တော့ သံနက် ဓားအဆီအနှစ်က အခြားသော ကြယ်၅ပွင့်အဆင့် လျို့ဝှက်နည်းစနစ်တွေထက် မည်သည့်နေရာမှာမျှ နိမ့်ကျမနေပါဘူး။ကြေးဝါ ဓားအဆီအနှစ်ကိုတော့ ကြယ်၆ပွင့်အဆင့် လျို့ဝှက်နည်းစနစ်အဖြစ် သတ်မှတ်လို့ ရပါတယ်။သည်ဓားအဆီအနှစ် လျို့ဝှက်နည်းစနစ်က ကိုယ်တိုင် တိုက်ခိုက်ရတဲ့ နည်းစနစ်တင် မကဘဲ အထောက်အပံ့ပါ ပေးလို့ရတဲ့ နည်းစနစ် တစ်မျိုးပါ။ အသုံးပြုတဲ့ သူအပေါ်မူတည်ပြီး သူ့ရဲ့ စွမ်းပကားတွေက ကွာခြားသွားပါတယ်။ပြောရမယ်ဆိုရင် ရတနာဓားတစ်လက်လိုပေါ့။ သည်အတိုင်းနေရင်တော့ ဘာမှ မဟုတ်ပါဘူး။ ဒါပေမယ့် အစွမ်းထင်တဲ့ ဓားသမားတစ်ယောက် လက်ထဲကို ရောက်သွားရင်တော့ မည်သူ့ကိုမဆို သတ်ဖြတ် နိုင်သွားပါပြီ။သည်ဓားအဆီအနှစ်ရဲ့ သဘောတရားကလည်း အလားတူပါပဲ။လီဖူချန်းကသာ ဓားအဆီအနှစ်ကို ကျင့်ယူနိုင်ခဲ့ရင်တော့ သူ့ရဲ့ ရိုးတွင်င်းချဉ်ဆီက ဓားချီတွေ ဖြစ်လာပါလိမ့်မယ်။ အဲသည်ဓားချီတွေကို လီဖူချန်းက ဓားကိုအသုံးပြုစရာတောင် မလိုဘဲ ထုတ်သုံးလာနိုင်ဦးမှာပါ။လီဖူချန်းသာ ရတနာဓားတစ်လက်နဲ့ ပူပေါင်းပြီး အသုံးပြုလိုက်မယ်ဆိုရင်တော့ လီဖူချန်းရဲ့ ဓားချီတွေက ကြောက်စရာကောင်းအောင် ထက်ရှလှသည့် အဆင့်တစ်ခုကိုတောင် ရောက်သွားနိုင်ပါသေးတယ်။ဒါပေမယ့် သတိပြုရမှာ တစ်ခုကတော့ ဒါက ကြယ်၆ပွင့်အဆင့် လျို့ဝှက်နည်းစနစ် ဆိုတာပါပဲ။ သံနက် ဓားအဆီအနှစ်ကတောင်မှ ကြယ်၅ပွင့် လျို့ဝှက်နည်းစနစ် အဆင့်မှာ ရှိတယ်လေ။သည်နည်းစနစ်ကိုတော့ အချိန်တိုတိုအတွင်းမှာ လေ့ကျင့်လို့ ရနိုင်ဦးမှာ မဟုတ်ပါဘူး။အနည်းဆုံးတော့ လပေါင်းများစွာ တံခါးပိတ် လေ့ကျင့်နေရဦးမှာပါ။ပထမဦးဆုံး အသိစိတ်ဝင်လာတာကတော့ လီဖူချန်းပဲ ဖြစ်ပါတယ်။ဒုတိယ မျက်လုံးပွင့်လာတာကတော့ စုမုယူပါ။သူမကတော့ လီဖူချန်းကို ကြည့်မနေဘဲ စဉ်းစားခန်း ဝင်နေပါသေးတယ်။' သည်ကြယ်၆ပွင့် လျို့ဝှက်နည်းစနစ်က ငါ့ကို အရှေ့ယူနီကွန်း တိုက်ကြီးတစ်ခုလုံးမှာ နာမည်ကျော်ကြားသွားစေမှာပဲ။ ဒါပေမယ့် ငါသည်လျို့ဝှက်နည်းစနစ်ကို ရလာတယ်ဆိုတာကို ဘယ်သူ့ကိုမှ ပေးသိလို့ မရဘူး။'နတ်စမ်းရေတောင်ကြားမှာ ကြယ်၆ပွင့်အဆင့် လျို့ဝှက်နည်းစနစ်ကို မပိုင်ဆိုင်ထားဘူးဆိုတာ လူတိုင်းသိနေသည် မဟုတ်ပါလား။တကယ်လို့သာ သူမမှာ ကြယ်၆ပွင့်အဆင့် လျို့ဝှက်နည်းစနစ် ရှိနေတာကို သိသွားပါက အရှေ့ယူနီကွန်း တိုက်ကြီးတစ်ခုလုံးတောင် ပွက်ပွက်ညံသွားနိုင်ပါတယ်။" သူကကော ဘယ်လိုနည်းစနစ်မျိုးကို ရလာမလည်း မသိဘူး။ "စုမုယူ က လီဖူချန်းကို ကြည့်လိုက်ပါတယ်။သူမရဲ့ ခန့်မှန်းချက်အရဆိုရင်တော့ လီဖူချန်းရမယ့် လျို့ဝှက်နည်းစနစ်ကလည်း ကြယ်၆ပွင့်အဆင့် လျို့ဝှက်နည်းစနစ်ထက် လျော့မှာ မဟုတ်ပါဘူး။ အစောပိုင်းတုန်းက လီဖူချန်း လိုက်ဖမ်းနေတဲ့ အလင်းပြောက်လေးရဲ့ အရှိန်အဝါ အရဆိုရင် သူမရထားတဲ့ လျို့ဝှက်နည်းစနစ်ထက်ကို ပိုအဆင့်မြင့်နိုင်ပါတယ်။အခြားကျန်တဲ့သူတွေကတော့ ကြယ်၎ပွင့် လျို့ဝှက်နည်းစနစ် ဒါမှမဟုတ် ကြယ်၅ပွင့် လျို့ဝှက်နည်းစနစ်လောက်ပဲ ရမှာပါ။လီဖူချန်းကတော့ သူမထင်ထားတာထက်ကို အကြံကြီးပါသေးတယ်။ သည်သကောင့်သားက ထရပ်လိုက်ပြီး အခြားအလင်းပြောက်တွေကိုပါ လိုက်ဖမ်းဖို့ ကြိုးစားနေသည်လေ။တော်ပါသေးတယ် ။ ထိုအလင်းပြောက်တွေက လီဖူချန်းတစ်ယောက် အနားကပ်လာပြီဆိုတာနဲ့ နံရံတွေထဲကို ဝင်သွားခဲ့လို့သာပေါ့။လီဖူချန်းကတော့ လက်သီးတစ်ဆုပ်ဆုပ်ဖြင့် ကျန်နေခဲ့ပါတယ်။" ကြည့်ရတာ သည်ဂူသင်းချိုင်းပိုင်ရှင်က လူတစ်ယောက်ကို အမွေအနှစ် တစ်ခုပဲ ဆက်ခံစေချင်တာလား ။ ဘယ်လောက်တောင် ကပ်စေးနှဲလိုက်တဲ့ လူပါလိမ့် "သိပ်မကြာခင်မှာတော့ လူတွေအကုန်လုံးက မျက်စိပွင့်လာကျပါပြီ။" ခိခိခိ...... မင်းတို့အားလုံး သည်နေရာကို ရောက်နေပြီဆိုမှတော့ ငါတို့ကလည်း အကုန်လုံးကို စားတော်တည်ရမှာပေါ့လေ။ မင်းတို့ရဲ့ အသွေးအသားတွေက ငါတို့ကို ပိုသန်မာ လာစေနိုင်လောက်မှာပါ။"ရုတ်တရက် ခြောက်ခြားစရာ အသံကြီးတစ်ခုနှင့်အတူ ရင်းနှီးနေတဲ့ လူတစ်စုက ခန်းမထဲကို ဝင်လာခဲ့ပါတယ်။သူတို့တွေကတော့ ဟူဟိုင်းရှန် ၊ ဖူချောင်းရှန်နဲ့ မြေကမ္ဘာမီးလျှံဂိုဏ်းက အခြားတိုက်ရိုက်တပည့် နှစ်ယောက်ပါပဲ။ လီဝူရှုလည်း ပါလာပါသေးတယ်။သူတို့၅ယောက်စလုံး ရဲ့ မျက်လုံးတွေကတော့ လူနဲ့ကို မတူတော့ပါဘူး။ မျက်လုံးအပြင်သားတွေက မည်းနက်နေပြီး မျက်ဆံတွေကတော့ ဖြူဖွေးနေပါတယ်။ သူတို့ရဲ့ မျက်လုံးတွေကို ကြည့်လိုက်တာနဲ့ မူမမှန်ဘူး ဆိုတာကို တန်းသိနိုင်ပါတယ်။" ဘာတွေ ဖြစ်ကုန်တာလည်း......။ သူတို့တွေက သေကုန်ကျပြီ မဟတ်ဘူလား......"ဖန်ကျင်းယုရဲ့ အာမေဍိတ်သံက ကြောက်လန့်တကြားနဲ့ ထွက်ပေါ်လာခဲ့တယ်လေ။" တစ်ခုခုတော့ ထူးဆန်းနေတယ်။"လီဖူချန်းက မျက်မှောင်ကြုပ်ကာ သူတို့ကို ဆန်းစစ်နေပါတယ်။" ညီလေးကျောင်း...... ညီလေးလု...... မင်းတို့နှစ်ယောက် ဘာဖြစ်သွားတာလည်း "ဆောင်ကျန်းဟီက သူ့ရဲ့ ဂိုဏ်းတူညီ နှစ်ယောက်ကို အော်မေးလိုက်ပါတယ်။ သူတို့သုံးယောက်စလုံးက ရေကန်နားကို အတူတူ ရောက်လာခဲ့ပေမယ့် ဆောင်ကျန်းဟီ တစ်ယောက်သာလျှင် သစ်သားတံတားကို ဖြတ်ကူးနိုင်စွမ်း ရှိခဲ့တာလေ။ဆောင်ကျန်းဟီက သူ့ဂိုဏ်းတူညီနှစ်ယောက်ကို ရေကန်စပ်အနားမှာ စောင့်နေဖို့ သေသေချာချာ မှာကြားထားခဲ့တာပါ။" ဘယ်သူက မင်းရဲ့ ညီလေးကျောင်းလည်း"ညီလေးကျောင်းဟု အခေါ်ခံရသည့် လူငယ်က သူ၏လျှာကြီးကို သပ်ရင်းနဲ့ ပြန်ပြောလိုကိပါတယ်။ ခက်ရင်းခွလို ဖြစ်နေတဲ့ သူ့လျှာကြီးက တစ်ကယ်ကို ကျောချမ်းစရာပါဘဲ။စုမုယူကတော့ လေးနက်တည်ကြည်စွာဖြင့်" သူတို့ရဲ့ ခန္ဓာကိုယ်တွေကို မကောင်းဆိုးရွားတွေ အပိုင်စီးသွားပြီ။ "သူမက နတ်စမ်းရေတောင်ကြားမှ ထိပ်တန်းတစ်ယောက် ဖြစ်သည့်အတွက် သည်လိုအဖြစ်အပျက်မျိုးကို ကြားခဲ့ဖူးပါတယ်။" မကောင်းဆိုးရွားတွေလား"လီဖူချန်းကတော့ အနည်းငယ် ကျိတ်ပြီးတောင် ဝမ်းသာနေပါသေးတယ်။ကြည့်ရတာတော့ လီဝူရှုက ထင်ထားသလောက် ကံမကောင်းခဲ့သည့် ပုံပါပဲ။ ဒါကလည်း လီဖူချန်းအတွက် တစ်နည်းအားဖြင့် ကောင်းပါသည်လေ။အနည်းဆုံးတော့ သူကိုယ်တိုင် လိုက်ရှာပြီး သတ်စရာမလိုတော့ဘူးပေါ့။ဒါပေမယ့် ရုတ်တရက် ကြောက်စရာအတွေးတစ်ခုက လီဖူချန်း ခေါင်းထဲကို ဝင်လာခဲ့ပါတယ်။ လီဝူရှုကို သတ်လိုက်တဲ့ မကောင်းဆိုးရွားက သူ့ခန္ဓာကိုယ်တောင် အပိုင်စီးနိုင်တယ်ဆိုမှတော့ ပိုပြီး ကြောက်စရာ ကောင်းတော့မည် မဟုတ်ပါလော။ သည်ကောင်တွေကို ဘယ်လိုနည်းလမ်းဖြင့် အနိုင်ယူရမည်နည်း။" ညီလေးကျောင်းရဲ့ ခန္ဓာကိုယ်ထဲကနေ ထွက်သွားစမ်း......"အဲသည်အချိန်မှာပဲ ဆောင်ကျန်းဟီက ဒေါသတကြီးဖြင့် ခုန်ဝင်သွားကာ လက်သီးဖြင့် ထိုးချလိုက်ပါတယ်။" ခိခိ......။ မင်းကိုယ်မင်း အရမ်းအထင်ကြီးနေတာပဲ။"အရိပ်တစ်ခုက ညီလေးကျောင်းဟုခေါ်သည့် လူငယ်၏ နောက်ဖက်ကနေ ထွက်လာပြီး ဆောင်ကျန်းဟီကို ရိုက်ချလိုက်ပါတယ်။အဲသည်ရိုက်ချက်က ဆောင်ကျန်းဟီကို လွင့်ထွက်သွားစေခဲ့ပါပြီ။ဝေါ့!သွေးတစ်လုတ် အန်ထုတ်လိုက်ပြီးနောက်မှာတော့ ဆောင်ကျန်းဟီရဲ့ ခန္ဓာကိုယ်တစ်ခုလုံးက တဆတ်ဆတ် တုန်ယင်နေပါတယ်။သူ့ရဲ့ အရည်အချင်းက စုမုယူတို့လို ပါရမီရှင်တွေနှင့် ယှဉ်လို့မရပေမယ့်လည်း အနိမ့်ကျကြီးတော့ မဟုတ်ပါဘူး။ ဒါကိုတောင်မှ တစ်ဖက်လူက တစ်ချက်တည်းနဲ့ ရိုက်ထုတ်ပစ်လိုက်တာလေ။ ညီလေကျောင်းက ဘယ်လိုလုပ်ပြီး သည်လောက် အစွမ်းထက်လာရတာပါလိမ့်။" အမြီးတစ်ခုလား......"လီဖူချန်းရဲ့ မျက်လုံးတွေက ပြူးထွက်သွားခဲ့ပါပြီ။ သူ့ရဲ့အမြင်အာရုံက လုံးဝ မမှားနိုင်ပါဘူး။ ညီလေးကျောင်းဆိုသည့် လူငယ်ရဲ့ အနောက်နေ ထွက်လာခဲ့တာက အမြီးတစ်ခုပါ။ အဲဒါက မြွေအမြီးတစ်ခုနဲ့တောင် ဆင်တူပါတယ်။ရွှမ်း......ရွှမ်း...... ရွှမ်း......ထိုအမြီးက လေထဲမှာတောင် သုံးချက်လောက် ဆင့်ပြီး ရိုက်နေပါသေးတယ်။" ငါသိပြီ။ သည်ကောင်တွေက မိစ္ဆာဝိညာဉ်တွေပဲ "ဖန်ကျင်းဆောင်က အလန့်တကြား အော်ပြောလိုက်ပါတယ်။လူအားလုံးကလည်း ဖန်ကျင်းဆောင်ကို လှည့်ကြည့်လိုက်ကျပါပြီ။ဖန်ကျင်းဆောင်က သူသိထားတာကို အလျင်အမြန်ပဲ ရှင်းပြလိုက်ပါတယ်။" အဆင့်၆ကို ရောက်သွားတဲ့ မိစ္ဆာသားရဲတိုင်းက မိစ္ဆာဝိညာဉ်တွေကို ထုတ်နိုင်တယ်။ မိစ္ဆာဝိညာဉ် မပျက်စီးသရွေ့ကတော့ ခန္ဓာကိုယ်ပျက်စီးသွားရင်တောင် မသေနိုင်သေးဘူး။ မိစ္ဆာဝိညာဉ်တွေက အခြားကိုယ်ပိုင် စိတ်ဝိညာဉ် မရှိတော့တဲ့ ခန္ဓာကိုယ်တွေကို အပိုင်စီးပြီး ပြန်လည်ရှင်သန်နိုင်သေးတယ်။ မိစ္ဆာဝိညာဉ်တွေက သိုင်းပညာရှင်တွေရဲ့ ခန္ဓာကိုယ်ကို အပိုင်စီးလိုက်တဲ့အခါမှာတော့ မိစ္ဆာဓာတ်တွေက ပိုအားကောင်းလာပြီး မိစ္ဆာတစ်ပိုင်း ၊လူသားတစ်ပိုင်း ဖြစ်လာတော့တာပဲ။"" သူပြောတာ မှန်တယ် " စုမုယူကလည်း ခေါင်းညိတ်လိုက်ပါတယ်။သူမကလည်း ဖန်းကျင်ဆောင် ပြောသည့်အတိုင်း ထင်နေတာပါ။အထူးသဖြင့် ဆောင်ကျန်းဟီကို တိုက်လိုက်လိုက်သည့် လူငယ်က မြွေအမျိုးအစား မိစ္ဆာသားရဲတစ်ကောင်ရဲ့ အပိုင်စီးခြင်းကို ခံလိုက်ရပြီဆိုတာ သေချာလွန်းနေသည် မဟုတ်ပါလား။"အိုး...... မဆိုးဘူးဘဲ။ မင်းတို့တွေက ဗဟုသုတ တော်တော်ရှိတယ်။ ငါက သည်အရှေ့ယူနီကွန်း တိုက်ကြီးတစ်ခုလုံးမှာတောင်မှ မိစ္ဆာဝိညာဉ်တွေအကြောင်းကို ပြန်လည်ဝင်စားခြင်းနယ်ပယ် ပညာရှင်တွေလောက်ပဲ သိလိမ့်မယ့်လို့ ထင်ထားခဲ့တာ။"ဟူဟိုင်းရှန်က ပြောလိုက်ပါတယ်။ သူရဲ့ပါးစပ်ထဲမှာတော့ သင်တုန်းဓားသမျှ ချွန်ထက်နေသည့် သွားတွေရှိနေပြီး လျှာကြီးကလည်း တစ်တောင်သာသာမျှ ရှိနေသည်လေ။ မျက်နှာပေါ်မှာကလည်း အကြေးခွံအချို့ ရှိနေပါသေးတယ်။" သည်ကောင်တွေက တကယ့်မိစ္ဆာဝိညာဉ်တွေဆိုရင်တော့ ပြသနာပဲ ဟေ့။"ဝေရှန်းဟီကတော့ တော်တော်လေးကို မအီမသာ ခံစားနေရပါပြီ။မိစ္ဆာဝိညာဉ်တွေဆိုတာက အရင်တုန်းကတော့ အဆင့်အနိမ့်ဆုံးအနေနဲ့ အဆင့်၆မိစ္ဆာသားရဲတွေ ဖြစ်ခဲ့တာပါ။ သည်မိစ္ဆာဝိညာဉ်တွေက မိစ္ဆာသားရဲတွေချန်ထားခဲ့တဲ့ အရာ ဖြစ်ပေမယ့်လည်း အစွမ်းထက်နေဆဲပါပဲ။ သည်မိစ္ဆာဝိညာဉ်တွေသာ နဂိုမူလအဆင့်ကို ပြန်ရောက်သွားမည်ဆိုပါက လီဖူချန်းတို့ တစ်သိုက်လုံး ပေါင်းတိုက်ရင်တောင်မှ တစ်ကွက်တောင် ခံနိုင်မှာ မဟုတ်တော့ပါဘူး။" မိစ္ဆာဝိညာဉ်တွေဆိုတာ မသေခင်တုန်းကဘဲ အရမ်းအစွမ်းထက်တာ သူတို့က လူတစ်ယောက်ကို ပူးကပ်လိုက်ပြီ ဆိုတာနဲ့ အဲသည်လူရဲ့ အစွမ်းအစထက် အနည်းငယ်ပဲ အစွမ်းထက်တော့မှာ "စုမုယူကလည်း သူမ သိထားတာကို ထပ်မံပြောကြားလိုက်ပါတယ်။" မင်းပြောတာမှန်တယ်။ ဒါကြောင့်လည်း ငါတို့က မင်းတို့ရဲ့ အသွေးအသားတွေကို စားသောက်ဖို့ လိုနေတာပေါ့ "ဗြိ...... ဗြဲ......ဟူဟိုင်းရှန်ရဲ့ ခန္ဓာကိုယ်ပေါ်က အဝတ်အစားတွေကတော့ အပိုင်းပိုင်းအစအစ ဖြစ်သွားခဲ့ပါပြီ။ မျက်စိတစ်မှိတ်အတွင်းမှာပဲ ဖွတ်တစ်ပိုင်း လူတစ်ပိုင်း အကြောင်းကြီး ဖြစ်ပေါ်လာပါတယ်။" ဒါက ဂူသင်းချိုင်းတစ်ခုလေ။ ဘယ်လိုဖြစ်ပြီး မိစ္ဆာဝိညာဉ်တွေက ပေါ်လာရတာလည်း ......။ အဆင့်၆ မိစ္ဆာသားရဲတွေက အရှေ့ယူနီကွန်း တိုက်ကြီးပေါ်ကနေ ပျောက်ကွယ်သွားတာ ကြာလှပြီ မဟုတ်လား......။"ဖန်ကျင်းယုက မေးလိုက်ပါသေးတယ်။" ငါတို့ဆီကို လိမ်လိမ်မာမာနဲ့သာ လာပြီး အစားခံလိုက်စမ်းပါ ။"ဟူဟိုင်းရှန်က ကျယ်လောင်စွာ တစ်ချက် ဟိန်းလိုက်ပြီး ပြေးဝင်လာခဲ့ပါတယ်။" နောက်ဆုတ်စမ်း "ချိတ်ကောက်ဓားတစ်လက်က စုမုယူရဲ့ လက်ထဲမှာ ပေါ်လာခဲ့ပါပြီ။ သူမရဲ့ လက်တွေကို လှုပ်ရှားလိုက်တဲ့အခါမှာတော့ မြစိမ်းရောင် အလကင်းတန်းတွေက ဟူဟိုင်းရှန်ကို ဆီးကြိုတိုက်ခိုက်လိုက်ပါတယ်။ဝုန်း.........ပေါက်ကွဲသံကြီး တစ်ခုနှင့်အတူ စုမုယူကော ဟူဟိုင်းရှန်ကောက နောက်ဆုတ်လိုက်ကြရပါတယ်။" စိတ်ဝင်စားစရာပဲ "ဟူဟိုင်းရှန်က သူ့ရဲ့ နှုတ်ခမ်းတွေကို လျှာဖြင့် တစ်ချက်သပ်လိုက်ပါတယ်။ပဇိ......ပဇိ...... ပဇိ......ဝီ...ဝီ...ဝီ......နားကြားပျင်း ကပ်လှသည့် အသံတစ်ခုက လီဝူရှုထံကနေ ထွက်ပေါ်လာပါတယ်။ သူ့ရဲ့ နောက်ကျောမှာတော့ ပါးလျသည့် အတောင်ပံတစ်စုံ ထွက်ပေါ်လာပြီး အဆက်မပြတ် တုန်ခါနေသည်လေ။သူ့ရဲ့ ပါးစပ်က ရှည်ထွက်လာပြီး အပ်တစ်ချောင်းနှင့်တောင် တူလာပါပြီ။သည်ကောင်ကတော့ ခြင်အမျိုးအစား မိစ္ဆာသားရဲ ဖြစ်မည့်ပုံပါပဲ။" ဟိုဘက် ခန်းမထဲကို ဝင်ကြ "လီဖူချန်းကတော့ သည်မိစ္ဆာဝိညာဉ်တွေနဲ့ ထိပ်တိုက်ရင်ဆိုင်ဖို့ မစဉ်းစားထားပါဘူး။ သူက ခန်းမကြီးနှင့် ဆက်စပ်လျက်ရှိနေသည့် အခြားခန်းမတစ်ခုထဲကို ပြေးဝင်သွားပါတယ်။ကျန်တဲ့သူတွေကလည်း လီဖူချန်းရဲ့အနောက်ကို လိုက်လာကြပါတယ်။" ထွက်ပြေးဖို့ မစဉ်းစားနဲ့ "မိစ္ဆာဝိညာဉ် ၅ကောင်ကလည်း အနောက်ကနေ လိုက်လာခဲ့ပါတယ်။ အထူးသဖြင့် လီဝူရှုရဲ့ ခန္ဓာကိုယ်ကို အပိုင်စီးထားတဲ့ မိစ္ဆာဝိညာဉ်က အမြန်ဆုံးပါဘဲ။ အချိန်တစ်ခဏအတွင်းမှာဘဲ သူက ဆောင်ကျန်းဟီကို လိုက်မီလာပြီး သူ့ရဲ့ အပ်လိုနှုတ်သီးဖြင့် ဆောင်ကျန်းဟီ၏ ချီအကာအကွယ်ကို ဖြတ်ကျော်ပြီး သွေးတွေကို စုပ်ယူလိုက်ပါတယ်။ဆောင်ကျန်းဟီကတော့ အရိုးစုတစ်စု သာသာမျှသာ ကျန်ပါတော့တယ်။ လီဝူရှုရဲ့ ခန္ဓာကိုယ်ပေါ်မှာတော့ အနီဖျော့ဖျော့ အလင်းလေးတွေ ဖြစ်ပေါ်လာခဲ့ပါပြီ။အဆုံးမဲ့အာဏာ အပိုင်း၂၁၆အဆင့်တက်ပြီသည်မိစ္ဘာဝိညာဉ်တွေရဲ့ အစွမ်းအစကိုတော့ လုံးဝ လျော့တွက်လို့ မရပါဘူး။ သူတို့က သူတို့အပိုင်စီးထားတဲ့ ခန္ဓာကိုယ်ပိုင်ရှင်တွေရဲ့ အစွမ်းအစကို ၃ဆလောက် မြှင့်တင်ပေးနိုင်သည်လေ။ ဆောင်ကျန်းဟီလို ဖူချောင်းရှန်နဲ့ အရည်အချင်း သိပ်မကွာသည့် လူတောင်မှ တစ်ချက်တည်းနဲ့ လီဝူရှုရဲ့ သွေးစုပ်ခြင်းကို ခံလိုက်ရပြီး အရိုးစုသာသာ ဖြစ်သွားသည် မဟုတ်ပါလား။ ဆောင်ကျန်းဟီရဲ့ သွေးတွေကို ကုန်စင်အောင် စုပ်ယူပြီးသွားတဲ့နောက်မှတော့ လီဝူရှုက လီဖူချန်းတို့တစ်သိုက်နောက်ကို ဆက်မလိုက်တော့ပါဘူး။သူ့ခန္ဓာကိုယ်က လေထဲမှာ ရပ်တန့်ပြီး လှုပ်ရှားခြင်းအလျင်း မရှိတောါပါဘူး။ကြည့်ရတာ လီဝူရှုက သူစုပ်ယူထားသည့် သွေးတွေကို ပြန်လည်သန့်စင်နေသည့်ပုံပါပဲ။လီဖူချန်းကတော့ တစ်ဖက်ခန်းမထဲကို ရောက်တာနဲ့ တစ်ပြိုက်နက် သူ့ရဲ့ အသိစိတ်အာရုံကို အသုံးပြုလိုက်ပြီး ထွက်ပေါက်ကို အလျင်အမြန်ရှာဖွေလိုက်ပါတယ်။ ထို့နောက်မှာတော့ သူက ထွက်ပေါက်ဆီကို အမြန်ဆုံးပြေးနှုန်းဖြင့် ဦးတည်သွားခဲ့ပါပြီ။"ဒါက ငါတို့ရဲ့ ပိုင်နက်ကွ ။ မင်းက ဘယ်ကို ထွက်ပြေးချင်တာလည်း"ဖူချောင်းရှန်က ကျားတစ်ပိုင်းလူတစ်ပိုင်း အဖြစ် ပြောင်းလဲသွားပြီး လီဖူချန်းနောက်ကို လိုက်လာပါတယ်။ သူ့ရဲ့ မျက်လုံးထဲမှာတော့ သတ်ဖြတ်လိုသည့် အငွေ့အသက်တွေ အပြည့်ပါပဲ။ခန်းမရဲ့ အပြင်ဘက်မှာတော့ နေရာလပ်တွေက ပိုကျယ်ပြန့်လာပါတယ်။ မိစ္ဆာဝိညာဉ်ကောင်တွေရဲ့ လှုပ်ရှားမှုတွေကလည်း ပိုပြီးတော့ လျင်မြန်လာပါပြီ။မိစ္ဆာဝိညာဉ်တစ်ကောင်က ဖန်ကျင်းယုကို မီလုနီးပါး ဖြစ်နေသည့်အတွက် လီဖူချန်းက အလျင်အမြန် လေးကိုဆွဲကာ နတ်ဆိုးသတ်မြားတစ်ချောင်း ပစ်လွှတ်လိုက်ရပါသေးတယ်။( note -ဖူချောင်းရှန်ကို သတ်ပြီးတုန်းက နတ်ဆိုးသတ်မြားတွေ ပြန်နှုတ်လာတာပါ။ သည်နတ်ဆိုးသတ်မြားတွေက ပြန်လည် အသုံးပြုလို့ ရပါတယ်။)နတ်ဆိုးသတ်မြားက အလွန်လျင်မြန်စွာဖြင့် မိစ္ဆာဝိညာဉ်ကောင်ရဲ့ ခန္ဓာကိုယ်ကို ဖောက်ဝင်သွားခဲ့ပါတယ်။"ဝေါင်း"ဖန်ကျင်းယုနောက်ကို လိုက်နေတဲ့ မိစ္ဆာဝိညာဉ် က ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ပြီး နတ်ဆိုးသတ်မြားကို ဆွဲနုတ်ယူကာ နှစ်ပိုင်းချိုးပစ်လိုက်ပါပြီ။" နှမြောစရာကြီးကွာ "လီဖူလျန်းက သေပြေးရှင်ပြေး ပြေးနေရတာကိုမှ သူ့ရဲ့ နတ်ဆိုးသတ်မြားကို နှမြောနေပါသေးတယ်။သည်အတိုင်းဆိုရင်တော့ သူ့ရဲ့ နတ်ဆိုးသတ်မြားတွေက အဆုံးပါပဲ။သူ့ဘက်က ကြည့်ရင်တော့လည်း နှမြောသင့်ပါတယ်လေ။ သည်နတ်ဆိုးသတ်မြားတွေက အကြိမ်ကြိမ်အခါခါ ပြန်လည်အသုံးပြုလို့ရသည် မဟုတ်ပါလား။ လီဖူချန်းက ဘယ်လောက်ပဲ နှမြောနေပေမယ့်လည်း အခြားရွေးချယ်စရာ မရှိတော့ပါဘူးလေ။သူကိုယ်တိုင်တောင်မှ သည်မိစ္ဆာဝိညာဉ်လေးကောင်လက်ထဲက ဘယ်လိုထွက်ပြေးရမည်ဆိုတာကို မသိတော့ပါဘူး။ " သည်တစ်ခါတော့ တကယ်သေပြီနဲ့တူတယ်"လီဖူချန်းက သူ့ရဲ့ ကံကို လက်မခံနိုင်သေးဘဲ ဖြစ်နေပါတယ်။အခုချိန်မှာတော့ သူက ဘယ်လောက်ပင် အားနည်းနေသေးသည်ဆိုတာကို ကောင်းကောင်းကြီး သဘောပေါက်နေပါပြီ။သူ့ရဲ့ စွမ်းရည်တွေသာ ယခုထက် နည်းနည်းလေး မြင့်နေရင်တောင်မှ သည်မိစ္ဆာဝိညာဉ်တွေကို ယှဉ်တိုက်ဖို့ မျှော်လင့်နေနိုင်ပါသေးတယ်။ သူတို့အထဲမှာတော့ စုမုယူတစ်ယောက်သာ မိစ္ဆာဝိညာဉ်တွေကို ကောင်းကောင်းကြီး ယှဉ်နိုင်တာပါ။မိစ္ဆာဝိညာဉ်တွေဘက်ကသာ အရေအတွက် များမနေခဲ့ရင် စုမုယူက အခုလို ထွက်ပြေးနေမှာတောင် မဟုတ်ပါဘူး။သူတို့အုပ်စုထဲမှာသာ ခံစားချက်မဲ့ဓား ရှုဖန်းလို လူတစ်ယောက် ပါလာခဲ့ရင် ထိုလူက မိစ္ဆာဝိညာဉ် ၂ကောင်လောင်ကို အသာလေးထိန်းထားနိုင်မှာပါ။ဓားအရူးသူတော်လို လူတစ်ယောက်ပါလာခဲ့ရင်တော့ သည်မိစ္ဘာဝိညာဉ်ကောင်တွေကို သောက်ဂရုတောင် စိုက်စရာ လိုတော့မှာ မဟုတ်ပါဘူး။" စွမ်းရည်...... ငါလိုအပ်နေတဲ့ အရာအားလုံးက စွမ်းရည်ဘဲ။ ငါ့ရဲ့ ကျင့်ကြံမှုအဆင့်က အရမ်းကို နိမ့်နေသေးတယ်။"မြေကမ္ဘာနယ်ပယ် အဆင့်၂ဆိုတာက အရမ်းကို အဆင့်နိမ့်နေသေးသည် မဟုတ်ပါလား။သူ့ရဲ့ ရူးသွပ်လောက်အောင် ထက်မြက်လှသည့် ထိုးထွင်းသိမြင်မှုကလည်း သည်နေရာမှာတော့ အသုံးမဝင်တော့ပါဘူး။သူ့ရဲ့ စိတ်ဝိညာဉ် အပြာနုရောင် ပြောင်းသွားပြီးကတည်းက လီဖူချန်းရဲ့ ထိုးထွင်းသိမြင်နိုင်မှုက သာမန်ကြယ်၆ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေနှင့်တောင် ယှဉ်လို့ ရနေပါပြီ။ သူ့ရဲ့လက်ရှိ အနေအထားနဲ့ဆိုရင်တော့ ကြယ်၆ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေကိုတောင် သာရင်သာနေမှာပါ။သည်အတိုင်းသာ ဆက်လက်ကြီးထွားရှင်သန်သွားမည်ဆိုပါက လီဖူချန်းတစ်ယောက် အရှေ့ယူနီကွန်းတိုက်ကြီးတစ်ခုလုံးရဲ့ ပြယုဂ်တောင် ဖြစ်လာနိုင်ပါသေးတယ်။"သည်စွန့်စားခန်းခရီးထွက်လာတာ က ကာင်းတာလား ၊ဆိုးတာလား "လီဖူချန်းက သူ့ရဲ့ရွေးချယ်မှုကိုတောင် သံသယ ဝင်လာမိပါပြီ။" ဟားဟားဟား"လီဖူချန်းက သူ့ကိုယ်သူ ပြန်ရယ်ချင်လာပါတယ်။" ကြည့်ရတာတော့ င့ရဲ့နှလုံးသားက ထင်ထားသလောက် မကြံ့ခိုင်သေးဘူးဘဲ။ ငါမှားသွားပြီ ...... ငါ့ရဲ့ ရွေးချယ်မှုကို သံသယ မဝင်ခဲ့သင့်ဘူး။ သည်ခရီးက အသက်အန္တရာယ်များတယ်ဆိုတာကို အစောကြီးကတည်းက သိထားပြီးသားဘဲ။ ဒါက ငါ့ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်ပဲလေ။ ဒါကို သံသယ ဝင်နေလို့ မသင့်တော်ဘူး။"လီဖူချန်းက သူ့ကိုယ်သူ ပြန်အားပေးလိုက်ပါတယ်။သည်ခရီးကို ထွက်မည်ဆိုတုန်းက အကြီးခေါင်ချုပ်ကတောင် တားမြစ်နေသေးသည် မဟုတ်ပါလား။ သူကိုယ်တိုင်က အလွန်ခေါင်းမာစွာ့ဖင့် တားမြစ်ချက်ကို ငြင်းဆန်ခဲ့တာလေ။ စွန့်စားခန်းခရီးမှာ သုံးဖို့ဆိုပြီး ထောက်ပံ့ရေးရမှတ် ၂သန်းဖိုးရှိသည့် အသက်ကယ်ပစ္စည်းတွေ ဝယ်လိုက်ပါသေးတယ်။" ဟင်...... နေပါဦး....။ အသက်ကယ်ပစ္စည်းဆိုမှ သတိရတယ်။ ငါအဆိပ်ဆေးလုံးတွေ ရှိတယ် မဟုတ်လား......။"လီဖူချန်းတစ်ယောက် ရုတ်တရက် ငွေဝတ်ရုံဂိုဏ်းမှ လျူကောင်းဖန်ဆီက ယူလာတဲ့ သိုလှောင်အိတ်ကို သတိရလိုက်ပါတယ်။ အဲသည် သိုလှောင်အိတ်ထဲမှာက အဆိပ်ဆေးလုံးတွေ ရှိနေသည်လေ။ပြီးတော့ လျူကောင်းဖန်ရဲ့ အဆိပ်ဆေးလုံးတွေက ကျင့်ကြံမှုအဆင့်တွေကိုတောင် လျော့ကျစေနိုင်တယ်လေ။လျုကောင်းဖန်ရဲ့ အဆိပ်ဆေးလုံးက ဖန်ကျင်းယုကိုတောင် ဒုက္ခပေးခဲ့သည် မဟုတ်ပါလား။လီဖူချန်းက သည်အဆိပ်ဆေးလုံးတွေကို လုံးဝ မေ့နေခဲ့တာပါ။ အခုတော့ သည်အဆိပ်ဆေးလုံးတွေကို အသုံးပြုဖို့ သတိရလာပါပြီ။လီဖူချန်းက အဆိပ်ဆေးလုံးတစ်ခုကို ထုတ်ယူလိုက်ပြီး သူ့နောက်ကို ပြေးလိုက်လာတဲ့ ဖူချောင်းရှန်ကို ပစ်ပေါက်ထည့်လိုက်ပါတယ်။ဘုန်း!အဆိပ်ဆေးလုံးက ပေါက်ကွဲသွားပြီး အဆိပ်ငွေ့တွေ ထွက်လာခဲ့ပါတယ်။အဆိပ်ငွေ့အနည်းအကျဉ်း ရှုမိလိုက်တဲ့ သူကိုယ်တောင်မှ ခေါင်းအနည်းငယ် မူးသွားသလိုပါပဲ။ သူက အဆိပ်ဖြေဆေးတစ်လုံးကို ထုတ်သောက်လိုက်ပြီး အခြားသူတွေကိုတောင် သတိပေးလိုက်ပါသေးတယ်။" အဆိပ်ဖြေဆေးတွေ အမြန်သောက်ထားလိုက် "သူ့ရဲ့ အသံကို ကြားလိုက်တဲ့ အခြားသူတွေကလည်း အဆိပ်ဖြေဆေးတွေ ထုတ်သောက်လိုက်ကြပါပြီ။အဆိပ်ငွေ့တွေရဲ့ ပျံ့နှံ့နှုန်းက ထင်ထားတာထက်တောင်မှ မြန်နေပါသေးတယ်။ မိစ္ဆာဝိညာဉ်လေးကောင်စလုံးက အဆိပ်ဒဏ်ကို ခံလိုက်ရသည့်ပုံပါပဲ။အထူးသဖြင့် ဖူချောင်းရှန်ကို အပိုင်စီးထားတဲ့ မိစ္ဆာပေါ့။ သူက လီဖူချန်းကို မီလုနီးပါး ဖြစ်နေတဲ့အတွက် ခုခံဖို့ကို သတိမထားမိခဲ့ဘူးလေ။ သိပ်မကြာခင်မှာဘဲ မိစ္ဆာဝိညာဉ်လေးကောင်စလုံးရဲ့ ပြေးနှုန်းတွေက လျော့ကျသွားခဲ့ပါပြီ။" အဲဒါက အလုပ်ဖြစ်တယ်ဟ။"လီဖူချန်းရဲ့ မျက်လုံးတွေက အရောင်တောက်ပသွားပါတယ်။သိုင်းပညာရှင်ပဲဖြစ်ဖြစ် မိစ္ဆာသားရဲပဲ ဖြစ်ဖြစ်ပါလေ ။ အဆိပ်ကိုတော့ ကြောက်ရွံ့ကျသည် မဟုတ်ပါလား။အဆိပ်ဂုဏ်သတ္တိထူးကို ပိုင်ဆိုင်ထားသည့် မိစ္ဆာသားရဲတွေကတော့ ချွင်းချက်ပေါ့။လီဖူချန်းက အခြေအနေကို တစ်ချက်စောင့်ကြည့်လိုက်ပြီး နောက်ထပ် အဆိပ်ဆေး၂လုံးကို ထပ်ပစ်လိုက်ပါသေးတယ်။အနီရောင် နဲ့ အပြာရောင် အဆိပ်ငွေ့တွေ ထပ်မံပေါ်ပေါက်လာတဲ့အခါမှာတော့ မိစ္ဆာဝိညာဉ်တွေက အရှိန်လျော့ချလိုက်ပြီး အဆိပ်ငွေ့တွေကို အသည်းအသန် ရှောင်တိမ်းနေကြပါပြီ။အဲသည်အခွင့်အရေးကို အသုံးချပြီး လီဖူချန်းတို့ ၅ယောက်ကတော့ ကျောက်တုံးတွေနှင့် ပြုလုပ်ထားသည့် ခန်းမကြီးတစ်ခုထဲကို ပြေးဝင်သွားပါတော့တယ်။ဂျိန်း......ဂျလိမ်း......သူတို့၅ယောက်က အခန်းထဲကို ဝင်ပြီးပြီဆိုတာနဲ့ ပိတ်သည့်ခလုတ်ကို ဆွဲချကာ ကျောက်တံခါးကြီးကို ပိတ်ပစ်လိုက်ပါပြီ။ဟောဟဲ......ဟောဟဲ......ဟောဟဲ...အခုမှပဲ သူတို့၅ယောက်စလုံးက အသက်ဝဝ ရှုနိုင်ပါတော့တယ်။" လီဖူချန်း...... မင်းရဲ့ အဆိပ်ဆေးလုံးတွေက ငါတို့ကို ကယ်လိုက်တာပဲ။"ဖန်ကျင်းဆောင်က ကျေးဇူးတင်စကား ပြောလိုက်ပါတယ်။ သူ့ရဲ့ပုံကို ကြည့်ရတာတော့ အခုထက်ထိ အကြောက်ပြေသေးသည့်ပုံ မပေါ်ပါဘူး။လီဖူချန်းက စကားပြန်မပြောနိုင်သေးဘဲ အသက်ကို အရင်ဝအောင် ရှုလိုက်ပြီး" ငါလည်း ရုတ်တရက် သတိရသွားတာနဲ့ စမ်းသုံးကြည့်လိုက်မိတာ "ဘန်း!ကျောက်တံခါးကိုတော့ အပြင်ကနေ ရိုက်ဖွင့်နေသည့် ပုံပါပဲ။" ငါတို့ ဘာဆက်လုပ်ကြမလည်း "ဖန်ကျင်းယုက လီဖူချန်းကို အားကိုးတကြီးနဲ့ မေးလိုက်ပါတယ်။လီဖူချန်းက" ငါလည်း မသိသေးဘူး။ မီးစဉ်ကြည့်က ကြတာပေါ့။"သည်ကျောက်တုံးခန်းမကြီးထဲကနေ အပြင်ကို ထွက်လိုက်တာနဲ့ သေမှာပါပဲ။ အခုအချိန်မှာ သူတို့လုပ်နိုင်တာကတော့ သည်ခန်းမကြီးထဲမှာ န ထိုင်နေတာပဲ ရှိပါတယ်။အခြားတစ်ဖက်မှာတော့ စုမုယူက ကြာပန်းပုံသဏ္ဍာန်ထိုင်နေပြီး သူမရရှိခဲ့တဲ့ လျို့ဝှက်နည်းစနစ်ကို လေ့လာဆန်းစစ်နေပါတယ်။ တစ်ကယ်လို့ သူမ သာ တစ်ခုခုကို နားလည်နိုင်ခဲ့ပါက အပြင်ကို ထွက်သွားနိုင်ဖို့ မျှော်လင့်လို့ ရသည် မဟုတ်ပါလား။ဖန်ကျင်းဆောင်က အကြံတစ်ခု ပေးလိုက်ပါတယ်။" ငါတို့အားလုံးမှာ ရိက္ခာခြောက်တွေရှိနေတာပဲလေ။ ငါတို့ သည်အတိုင်း အချိန်ဖြုန်းနေမယ့်အစား လေ့ကျင့်နေကြရင် ပိုမကောင်းဘူးလား"အမွေအနှစ်ခန်းမမှာတုန်းက သူကိုယ်တိုင်လည်း ကြယ်၅ပွင့်အဆင့် လျို့ဝှက်နည်းစနစ်တစ်ခုကို ရခဲ့တယ်လေ။ ယခုအချိန်ကတော့ သည်နည်းစနစ်ကို လေ့လာဖို့ အချိန်ကောင်းပါပဲ။" မင်းပြောတာဟုတ်တယ်။ "ဝေရှန်းဟီနဲ့ ဖန်ကျင်းယုတို့ကလည်း ထောက်ခံလိုက်ပါတယ်။လီဖူချန်းကတော့ မြေကမ္ဘာနယ်ပယ် အဆင့်၃ကို ချိုးဖောက်ဝင်ရောင်ဖို့ကိုပဲ ဆုံးဖြတ်လိုက်ပါတယ်။ ကြယ်၆ပွင့် လျို့ဝှက်နည်းစနစ်ကို ကျင့်မယ့်အစား ဒါက ပိုမိုသေချာသည် မဟုတ်ပါလား။သူက လျူကောင်းဖန်နဲ့ ဟူဟိုင်းရှန်တို့ရဲ့ သိုလှောင်အိတ်တွေဆီကနေ ကျင်ကြံခြင်းအဆင့် တိုးတက်ဖို့အတွက် အထောက်အကူပြုသည့် ပစ္စည်းတွေကို ရှာဖွေလိုက်ပါတယ်။ကျောက်တုံးခန်းမရဲ့ ထောင့်တစ်နေရာမှာတော့......" ဝိုး...... ဒါက နှင်းကျောက်စိမ်း ပန်းပါလား။ ဒါက ငါ့ရဲ့ နှလုံးကို ပိုသန်မာလာစေတယ်။""ဒါကတော့ လေပွေဆေးမြစ်ပဲ။ ဒါက ငါ့ရဲ့ ကျင့်ကြံမှုနှုန်းကို မြန်စေတယ်။"" ဟာ...... ဒါက ငါ့ရဲ့ စွမ်းအင်ပင်လယ်ကို သန့်စင်ပေးတဲ့ ပန်းတစ်ရာ ဆေးလုံးပဲ"လီဖူချန်း သူ့အတွက် အသုံးဝင်မည့် အရာမှန်သမျှကို ဆွဲထုတ်နေပါတယ်။နောက်ဆုံးမှာတော့ လီဖူချန်းက သူ့ရဲ့ကိုယ်ပိုင် သိုလှောင်အိတ်ထဲက မြေကွဲသစ်သီးကို ထုတ်ယူလိုက်ပါပြီ။သူက သည်မြေကွဲသစ်သီးကို သူ့အတွက် သီးသန့် ချန်ထားခဲ့တာပါ။ပထမအကြိမ် မြေကွဲသစ်သီးကို စားလိုက်ရင်တော့ နောက်တစ်ဆင့်ကို ချိုးဖောက်ဝင်ရောက်နိုင်ဖို့အတွက် ၁၀၀ ရာခိုင်နှုန်း သေချာပေမယ့်လည်း ဒုတိယအကြိမ် မြေကွဲသစ်သီးကို စားလိုက်ရင်တော့ နောက်တစ်ဆင့်ကို တက်ဖို့အတွက် အခွင့်အရေးက ၁၀ရာခိုင်နှုန်းကနေ ၂၀ရာခိုင်နှုန်းအထိပဲ ရှိပါတော့တယ်။သည်အခွင့်အရေးက သိပ်ပြီး မများပေမယ့်လည်း လီဖူချန်းဆီမှာ ရှိနေတဲ့ အခြားသော ဆေးတွေနှင့် ယှဉ်လိုက်ရင်တော့ အတော်ကြီး သာနေပါသေးသည်လေ။ ဒါကြောင့်ပဲ လီဖူချန်းက သည်မြေကွဲသစ်သီးကို အသုံးပြုဖို့ စဉ်းစားလိုက်တာပါ။အသက်ကို တဝကြီးရှုလိုက်ပြီး နောက်မှာတော့ လီဖူချန်းက ပထမဦးဆုံးအနေနဲ့ လေပွေဆေးမြစ်ကို စားလိုက်ပြီး အစစ်အမှန်ငရဲမီးတောက် အတွင်းအားကို လည်ပတ်လိုက်ပါတယ်။လေပွေဆေးမြစ်ရဲ့ အာနိသင်တွေ ခန္ဓာကိုယ်ထဲမှာ ပျံနှံ့သွားပြီဟု ထင်ရလောက်သည့် အချိန်မှာတော့ လီဖူချန်းက နှင်းကျောက်စိမ်းပန်းကို ဝါးစားလိုက်ပါပြီ။ထို့နောက်မှာတော့ ပန်းတစ်ရာ ဆေးလုံးပေါ့လေ။နောက်ဆုံးမှ လီဖူချန်းက မြေကွဲသစ်သီးကို စားလိုက်ပါတယ်။မြေကွဲသစ်သီးက သူ့ရဲ့အစာအိမ်ထဲကို ရောက်သွားပြီးတဲ့အခါမှာတော့ အကန့်အသတ်မရှိသည့် စွမ်းအင်တွေက ပေါက်ကွဲထွက်လာခဲ့ပါပြီ။သည်စွမ်းအင် အဆီအနှစ်တွေက အင်မတန်မှ သန့်စင်နေသည့် အတွက် ပြန်လည်သန့်စင်နေဖို့တောင် မလိုတော့ပါဘူး။လီဖူချန်း လုပ်စရာဆိုလို့ မြေကမ္ဘာအဆင့်၃ကို ချိုးဖောက်ဝင်ရောက်ဖို့အတွက် အားစိုက်ဖို့ပဲ ရှိပါတယ်။အဆုံးမဲ့အာဏာ အပိုင်း၂၁၇မြေကမ္ဘာနယ်ပယ်အဆင့်၃မြေကမ္ဘာနယ်ပယ်မှာတော့ အဆင့်တိုင်းအဆင့်တိုင်းဟာ အင်မတန်မှ ခက်ခဲပါတယ်။ ထိပ်တန်းတိုက်ရိုက်တပည့်တွေတောင်မှ အဆင့်တစ်ဆင့်ကို ချိုးဖောက်ဖို့အတွက် တစ်နှစ်လောက် အချိန်ယူရတာပါ။ အဲသည်အဆင့်တစ်ဆင့်ကို တစ်နှစ်အတွင်းမှာ ချိုးဖောက်ဝင်ရောက်သွားနိုင်တဲ့ သူတွေဆိုတာက ကြယ်၅ပွင့် အထူးအရိုးတည်ဆောက်ပုံ ဒါမှမဟုတ် ကြယ်၆ပွင့် အရိုးတည်ဆောက်ပုံ ရှိတဲ့ သူတွေချည်းပါပဲ။ဒါပေမယ့်လည်း ချွင်းချက်အချို့တော့ ရှိပါသေးတယ်။ အချို့တွေကတော့ မဟာကံကောင်းမှုကြီးတွေနှင့် ကြုံတွေ့ရပြီး အဆင့်တက်သွားနိုင်ကြတယ်လေ။ဥပမာအားဖြင့် ဆိုရသော် မြေကွဲသစ်သီးကို စားမိတာတို့ ၊ ကြယ်တာရာလမ်းမ လျို့ဝှက်နယ်မြေကနေ တစ်ခုခု ရခဲ့တာတို့ပေါ့။သည်အကြောင်းအရာတွေက မြေကမ္ဘာအဆင့်တစ်ဆင့်ကို အလျင်အမြန် ချိုးဖောက် ဝင်ရောက်သွားစေနိုင်ပါတယ်။သိပိမကြာခင် အချိန်လေးအတွင်းမှာပဲ လီဖူချန်း စားထားတဲ့ ဆေးတွေရဲ့ အာနိသင်တွေက အစွမ်းပြလာကျပါပြီ။ ဆေးစွမ်းသတ္တိတွေက ခန္ဓာကိုယ်နှင့်သဟဇာတ ဖြစ်လာပြီး လီဖူချန်းရဲ့ ကျင့်ကြံမှုကို အဆင့်တက်စေဖို့အတွက် စတင် တွန်းအားပေးလာပါတော့တယ်။သည်ခံစားမှုက ဘာနဲ့တူသလည်းဆိုတော့ ငါးကြီးတွေက အဆင့်ဆင့် လက်ဆင့်ကမ်းပြီး လီဖူချန်းရဲ့ လှေကလေးကို ရေကိုဆန်တက်ကာ ဆွဲယူသွားသလိုပါဘဲ။လီဖူချန်းရဲ့ စွမ်းအင်ပင်လယ်ထဲမှာလည်း စွမ်းအင်တွေက တဖြည်းဖြည်းနဲ့ ပြည့်သိပ်ကျပ် လာခဲ့ပါတယ်။ သူ့ရဲ့ကျင်ကြံမှုကလည်း မြေကမ္ဘာအဆင့်၂ အထွတ်အထိပ်ကနေ အဆုံးစွန်သော ကန့်သတ်ချက်အထိကို ရောက်လာနေပါပြီ။ လီဖူချန်းကလည်း မြေကမ္ဘာအဆင်၃ရဲ့ တံခါးဝကို ရောက်နေပြီဆိုတာကို ခံစားလိုက်မိပါတယ်။တံခါး.........သည်တံခါးကို ကျော်လွန်သွားပြီ ဆိုရင်တော့ သေချာပေါက် မြေကမ္ဘာနယ်ပယ် အဆင့်၃ကို တက်လှမ်းနိုင်မှာပါပဲ။သည်တံခါးကို ပိတ်ထားတဲ့ သော့ခလောက်ကတော့ လီဖူချန်းကို ဖွင့်ပေးမည့်ပုံ မပေါ်သေးပါဘူး။ကြည့်ရတာတော့ သည်တံခါးကို သူကိုယ်တိုင် ရိုက်ချိုးမှပဲ ရမည့်ပုံပင်။လီဖူချန်းက သေသေချာချာ စဉ်းစားရပါပြီ။ သူ့ဆီမှာ နည်းလမ်း၂ခုရှိပါတယ်။ပထမ တစ်နည်းကတော့ သည်အတိုင်းပုံမှန်လေး ဆက်လေ့ကျင့်နေပြီး တံခါးသော့ ပွင့်လာတာကို စောင့်နေဖို့ပါပဲ။ ဒါပေမယ့် သည်နည်းလမ်းက သိပ်ပြီး အောင်မြင်မည့် အလားအလာ မရှိပါဘူး။နောက်တစ်နည်းကတော့ သူ့ရဲ့ စိတ်နှလုံးနဲ့ ချီတွေကို ဓားသွားတစ်လင်အဖြစ် ပြောင်းလိုက်ပြီး သည်သော့ကို ရိုက်ဖျက်ဖို့ပါပဲ။သည်နည်းလမ်းကတော့ အောင်မြင်ဖို့ အခွင့်အလမ်း ပိုများပေမယ့်လည်း အင်မတန်မှ ဇွဲရှိဖို့ လိုအပ်ပါတယ်။လီဖူချန်းက တံခါးသော့ ကို ရိုက်ဖျက်ဖို့ကိုဘဲ ရွေးလိုက်ပါတယ်။အချိန်တွေ ဘယ်လောက်ကြာသွားမှန်းတောင် မသိတော့သည့် အထိပါပဲ။ လီဖူချန်း စားထားတဲ့ ဆေးတွေရဲ့ အာနိသင်တွေတောင် ယုတ်လျော့လာခဲ့ပါပြီ။ ဒါပေမယ့် ပိတ်ထားတဲ့ တံခါးရဲ့ သော့ကိုတော့ မဖျက်ဆီးနိုင်သေးပါဘူး။လီဖူချန်း အာရုံစိုက်နေတဲ့ အရာကတော့ သည်တံခါးသော့ကို ရိုက်ဖျက်နိုင်ဖို့ပါပဲ။ သူက အခြားအရာတွေ အကုန်လုံးကို လျစ်လျူရှုထားပါတယ်။ချွမ်......ချွမ်......ချွမ်...သူရဲ့စိတ်ဓာတ်က ပိုမို ခိုင်မာလာသည့်အမျှ ဓားချက်တွေကလည်း ပိုမို မြန်ဆန်လာပါတယ်။ဒေါက်!နောက်ဆုံးမှာတော့ လီဖူချန်းရဲ့ ဇွဲလုံ့လက အနိုင်ရသွားခဲ့ပါပြီ။ မြေကမ္ဘာနယ်ပယ်အဆင့်၃ရဲ့ အခန်းဝမှာရှိတဲ့ သော့ခလောက်က ရိုက်ချိုးခံလိုက်ရပါပြီ မဟုတ်ပါလား။လီဖူချန်းရဲ့ အတွင်းအားတွေကတော့ အဆက်မပြတ် လည်ပတ်လာပြီး ရေဝဲကြီးတစ်ခုလို အော်မြည်နေပါတော့တယ်။ လီဖူချန်းက အရှိန်ကို လျော့မချရဲပါဘူး။ သူက အဝါရောင် အထွတ်အထိပ်အဆင့် အတွင်းအား ပြန်လည်ဖြည့်တင်းဆေး တစ်လုံးကို သောက်လိုက်ပြီး မြေကမ္ဆာနယ်ပယ်အဆင့်၃ကို တက်လှမ်းဖို့အတွက် ပြင်ဆင်ပါတော့တယ်။ဘာဖြစ်လို့လည်းဆိုတော့ သည်နေရာက ဆေးပင်တစ်ရာ လျို့ဝှက်နယ်မြေမှ မဟုတ်တာလေ။ သည်နေရာမှာ ရှိနေတဲ့ ကောင်းကင်နဲ့မြေကြီးရဲ့ စွမ်းအင်တွေက ဆေးပင်တစ်ရာ လျို့ဝှက်နယ်မြေတုန်းကလို သိပ်သည်းမနေပါဘူး။ ဒါကြောင့် သူက အစစအရာရာမှာ ပြင်ဆင်ထားရပါမယ်။ သူ့ရဲ့ စွမ်းအင်ဗဟိုချက်မ ပင်လယ်ထဲမှာ နေရာလပ်တွေမရှိစေဖို့အတွက်ကတော့ သည်ဆေးလုံးတွေကိုပဲ အားကိုးရမည်လေ။အားလုံးအဆင့်သင့်ဖြစ်တဲ့အခါမှာတော့ လီဖူချန်းက မြေကမ္ဘာနယ်ကယ် အဆင့်၃ကို ချိုးဖောက်ဝင်ရောက်သွားခဲ့ပါပြီ။ကျောက်တုံးခန်းမထဲမှာ ရောက်နေတဲ့ လူတွေအကုန်လုံးက မီးလောင်ပြင်တမျှ ပူလောင်နေတဲ့ အငွေ့အသက်တွေကို ခံစားလိုက်ရပါတယ်။" သူ အဆင့်တက်သွားတာလား"စုမုယူက မျက်လုံးဖွင့်လိုက်ပြီး လီဖူချန်းဘက်ကို လှမ်းကြည့်လိုက်ပါတယ်။သည်မှာရှိနေတဲ့ လူတွေထဲမှာ အဆင့်တက်မယ်ဆိုရင် အဖြစ်နိုင်ဆုံး လူကတော့ လီဖူချန်းကလွဲရင် တစ်ခြားလူ မရှိပါဘူး။။ လီဖူချန်းက သူမ အသိအမှတ်ပြုထားသည့် လက်တစ်ဆုပ်စာ ထွဋ်ခေါင်ပါရမီရှင်တွေထဲက တစ်ယောက်ဖြစ်နေသည် မဟုတ်ပါလား။သည်အရှေ့ယူနီကွန်း တိုက်ကြီးတစ်ခုလုံးမှာတောင်မှ စုမုယူ အသိအမှတ်ပြုထားသည့် လူငယ်တွေဆိုတာ လက်ချိုးရေလို့တောင် ရပါသေးတယ်။" ဒါလည်း ကောင်းတာပဲ။ သူက အဆင့်တက်သွားပြီဆိုတော့ မိစ္ဆာဝိညာဉ်တစ်ကောင်ကို တာဝန်ယူနိုင်ပြီပေါ့ "သူမ အသိအမှတ်ပြုထားသည့် လူတွေထဲက တစ်ယောက်ဖြစ်တဲ့အတွက် စုမုယူက လီဖူချန်းရဲ့ စွမ်းရည်အပေါ် လုံးဝယုံကြည်ထားပါတယ်။လီဖူချန်းဆိုတာက သူမနှင့် တစ်တန်းစားတည်းပါပဲ။သူမတို့လို အတန်းအစားတွေက အဆင့်တစ်ခု တက်သွားပြီ ဆိုတာနဲ့ စွမ်းရည်တွေက အတော်လေးပင် ထိုးတက်သွားတတ်သည် မဟုတ်ပါလား။သာမန် မြေကမ္ဘာနယ်ပယ် ပညာရှင်တွေကတော့ အဆင့်တစ်ဆင့် တပ်သွားရင် စွမ်းရည်တွေက တစ်ဆလောက် တိုးလာတယ်လေ။ငွေအဆင့် တိုက်ရိုက်တပည့်တွေ ဆိုရင်တော့ နှစ်ဆလောက်ကို တက်လာပါတယ်။ရွှေအဆင့်တိုက်ရိုက်တပည့်တွေကတော့ နဂိုမူလ စွမ်းရည်ထက် သုံးဆလောက် တိုးလာနိုင်ပြီး သူမတို့လို အတန်းအစားက ထွဋ်ခေါင်ပါရမီရှင်တွေကတော့ နဂိုမူလစွမ်းရည်ရဲ့ လေးဆလောက်ကို တိုးတက်လာမှာပါ။ဒါကတော့ သာမန်လူတွေနဲ့ သူမတို့လို လူတွေကြားက ကွာဟချက်ပါပဲ။ထို့နောက်မှာတော့ စုမုယူက မျက်လုံးပြန်မှိတ်လိုက်ပြီး သူမရဲ့ ကြယ်၆ပွင့် လျို့ဝှက်နည်းစနစ်ကို ပြန်လည် ဆန်းစစ်နေပါတော့တယ်။" ကောင်းလိုက်တာ...... လီဖူချန်းတစ်ယောက် အဆင့်တက်သွားပြီ။"ဖန်ကျင်းဆောင်နဲ့ ဖန်ကျင်းယုတို့ကတော့ လီဖူချန်း အဆင့်တက်သွားတာကို သူတို့အဆင့် တက်သွားတာထက်တောင် ပျော်နေသည့်ပုံပင်။သည်မောင်နှမရဲ့ မျက်လုံးထဲမှာတော့ လီဖူချန်းဆိုတာက ဘယ်သူနဲ့မှ နှိုင်းယှဉ်လို့ မရသည့် ပါရမီရှင် တစ်ယောက် ဖြစ်နေသည် မဟုတ်ပါလား။ သူတို့က လီဖူချန်းတစ်ယောက် ဘယ်လောက်ထိ အစွမ်းထက်လာမလည်း ဆိုတာကိုတောင် အရမ်းသိချင် နေကြပါပြီ။ဟူး!သက်ပြင်းချသံ တစ်ခုနဲ့အတူ လီဖူချန်းက မျက်လုံးကို ဖြည်းညှင်းစွာ ဖွင့်လိုက်ပါတယ်။" နောက်ဆုံးတော့လည်း မြေကမ္ဘာနယ်ပယ် အဆင့်၃ကို ရောက်ခဲ့ပြီပေါ့။"သူ့ရဲ့ ခန္ဓာကိုယ်ထဲမှာ လှည့်ပတ်စီးဆင်းနေတဲ့ စွမ်းအားတွေက အရမ်းပြင်းထန်နေပေမယ့်လည်း နှလုံးသားကတော့ အလွန်တည်ငြိမ်နေတယ် ဆိုတာကို လီဖူချန်းက ခံစားမိနေတယ်လေ။သူ့ရဲ့ ကျင့်ကြံမှုအဆင့်က မြေကမ္ဘာနယ်ပယ် အဆင့်၃ကို ရောက်သွားပြီဆိုတာနဲ့ လီဖူချန်းက တော်တော်လေး ယုံကြည်မှု ပြန်ရလာပါတယ်။ အခုအချိန်မှာ ဖူချောင်းရှန်လို နောက်တစ်ယောက် ပြန်တွေ့မယ်ဆိုရင်တောင် လီဖူချန်းက ထိပ်တိုက်ရင်ဆိုင်ဖို့အတွက် ယုံကြည်မှု အပြည့်ရှိပါတယ်။" သည်မိစ္ဆာဝိညာဉ်ကောင်တွေကို ယှဉ်နိုင်ဖို့အတွက်တော့ မလုံလောက်သေးဘူး။ ငါ အစွမ်းကုန် တိုက်ခိုက်ရင်တောင်မှ တစ်ကောင်လောက်ကို မနည်းခုခံရမှာ။"မိစ္ဆာဝိညာဉ်တစ်ကောင်ရဲ့ စွမ်းရည်က စုမုယူနဲ့ သိပ်မကွာလောက်ပါဘူး။လီဖူချန်းရဲ့ လက်ရှိစွမ်းရည်က စုမုယူနဲ့ ယှဉ်ဖို့တော့ အတော်ကြီး လိုအပ်ပါသေးတယ်။တကယ်တမ်း တိုက်ခိုက်ကျမယ်ဆိုရင် လီဖူချန်းက စုမုယူကို ဘယ်လိုမှ ခုခံနိုင်မှာ မဟုတ်ပါဘူးလေ။စုမူယူရဲ့ အသက်က သူနှင့်တောင် မတိမ်းမယိမ်းလောက်ဟု ခန့်မှန်းလို့ ရပါတယ်။ စုမုယူ မြေကမ္ဘာအဆင့်ကို တက်လှမ်းခဲ့တုန်းကဆိုရင် ရန်ချင်းဟူထက်တောင် သေချာပေါက် ကို ပိုငယ်မှာပါ။အဲသည်အဓိပ္ပါယ်က ဘာကို ရည်ညွှန်းသလည်းဆိုတော့ စုမုယူ မြေကမ္ဘာအဆင့်ကို တက်လှမ်းခဲ့တုန်းက ၁၆နှစ် ဒါမှမဟုတ် ၁၇နှစ်ဘဲ ရှိဦးမှာပါ။ လီဖူချန်းကတော့ အသက်၁၉နှစ်မှ မြေကမ္ဘာအဆင့်ကို ရောက်လာတာလေ။ သူတို့ရဲ့ အတွေ့အကြုံက ၃ နှစ်လောက်တောင် ကွာခြားပါတယ်။သုံးနှစ်ဆိုတဲ့ အတိုင်းအတာတစ်ခုက စုမုယူလို မိန်းကလေးမျိုးအတွက်ကတော့ ပညာရပ် အများကြီးကို လေ့လာနိုင်သည် မဟုတ်ပါလား။ပြီးတော့ လီဖူချန်း ခံစားနေမိတာ တစ်ခုက စုမုယူရဲ့ ဆန်းကြယ်အလယ်အလတ် ဆန္ဒက သူရဲ့ ဆန်းကြယ်အလယ်အလတ် ဓားဆန္ဒထက် အများကြီး နက်နဲနေတယ်ဆိုတာပါပဲ။ လီဖူချန်းက အခုအချိန်မှာ မြေကမ္ဘာနယ်ပယ် အဆင့်၎ကို ရောက်သွားရင်တောင် စုမုယူရဲ့ ပြိုင်ဘက် မဖြစ်နိုင်သေးပါဘူး။အတွေ့အကြုံ ဆိုသည့်အရာက ပါရမီချင်းတူညီသည့် လူနှစ်ယောက် ယှဉ်ပြိုင်တဲ့အခါမှာတော့ အလွန်တရာမှာ အရေးပါသည် မဟုတ်ပါလား။သူ့ဆီမှာ အရမ်းထက်မြက်သည့် ထိုးထွင်းသိမြင်မှု ရှိနေပေမယ့်လည်း အဆင့်သစ်နှင့် ရင်းနှီးဖို့အတွက် သင့်တော်သည့်အချိန် လိုအပ်ပါသေးတယ်။ဘန်း......ဘန်း......ဘန်း......ကျောက်တံခါးကြီးကလည်း အပြင်က ရိုက်ပုတ်မှုကို သိပ်မခံနိုင်လောင်တော့သည့် ပုံပါပဲ။့ကြည့်ရတာတော့ မိစ္ဆာဝိညာဉ်ကောင်တွေနှင့် ထိပ်တိုက်ရင်ဆိုင်ရမည့် အချိန်ကို ရှောင်လွဲလို့ မရတော့ပါဘူးကျောက်တံခါးမကြီးကလည်း သက်မဲ့အရာ တစ်ခုပင် မဟုတ်ပါလား။ဘယ်လောက်ပဲ မာကျောခိုင်ခံ့နေပါစေလေ အချိန်တန်ရင်တော့ ပျက်စီးရမှာပါပဲ။သူ့ရဲ့ အဆင့်သစ်မှာ အခြေတကျ ဖြစ်သွားပြီးတဲ့ အခါမှာတော့ လီဖူချန်းက မူလအသက်ရင်းမြစ် လျို့ဝှက်နည်းစနစ်ကို စတင်ပြီး လေ့လာပါတော့တယ်။ကြယ်၆ပွင့် လျို့ဝှက်နည်းစနစ်ဖြစ်တဲ့ မပြည့်စုံတဲ့ ဓားအဆီအနှစ် ကျမ်းက သူ့အတွက်တော့ အရမ်း အဆင့်မြင့်နေပါသေးတယ်။ သည်လောက် အချိန်တိုလေးအတွင်းမှာတော့ သူက သည်နည်းစနစ်ကနေ ဘာမှ လေ့လာနိုင်မှာ မဟုတ်ပါဘူး။ သူက မသေချာတဲ့ လျို့ဝှက်နည်းစနစ်ကို လေ့လာမယ့်အစား အပိုင်သေချာတဲ့ မူလအသက်ရင်းမြစ် နည်းစနစ်ကို လေ့လာတာက ပိုအခွင့်အလမ်းရှိသည် မဟုတ်ပါလား။မူလအသက်ရင်းမြစ် နည်းစနစ်က လူတစ်ယောက်ရဲ့ အသက်ဓာတ်ကို မြှင့်တင်ပေးနိုင်သည့်အပြင် အဲဒါကို အသုံးပြုပြီး ဒဏ်ရာတွေကို တစ်မုဟုတ်ချင်း ပြန်ကောင်းစေနိုင်တယ်လေ။သည်နည်းစနစ်က တကယ့်သေရေးရှင်ရေး တိုက်ပွဲတွေမှာ အင်မတန်မှ အသုံးဝင်ပါတယ်။ အနည်းဆုံးတော့ ဒဏ်ရာအကြီးအကျယ်ရနေရင်တောင် သူ့ရဲ့ စွမ်းရည်တွေကို ယုတ်လျော့မသွားအောင် ထိန်းထားနိုင်သည် မဟုတ်ပါလား။အသက်မူလရင်းမြစ်ကို ကျင့်ကြံရာမှာ ပထမဆုံး လိုအပ်တာကတော့ အသက်ရေပန်းကို ဖွင့်ဖို့ပါပဲ။အသက်ရေပန်းကတော့ ခန္ဓာကိုယ်ရဲ့ မင်းမန် သွေးကြောဆုံမှတ်မှာ တည်ရှိပါတယ်။( note - မင်းမန်သွေးကြောဆုံမှတ်ကိုတော့ အသက်တံခါးဝ လို့ တရုတ်တွေက ခေါ်ဆိုကြပါတယ်။ )မင်းမန် သွေးကြောဆုံမှတ်က လူသားတွေရဲ့ ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ အရေးကြီးတဲ့ သွေးကြောဆုံမှတ်တွေထဲက တစ်ခု ဖြစ်ပါတယ်။အဲသည်သွေးကြောဆုံမှတ်ထဲမှာတော့ အသက်ဓာတ် အဆီအနှစ် ၊ သေခြင်းနှင့် ရှင်ခြင်းတရားရဲ့ စွမ်းအင် တို့ ခိုအောင်းနေပါတယ်။သည်သွေးကြောဆုံမှတ်ကိုသာ သန့်စင်နိုင်လို့ကတော့ လူတစ်ယောက်ရဲ့ အသက်ဓာတ်စွမ်းအင်ကို တိုးပွားလာစေနိုင်သည့်အပြင် လူ့သက်တမ်းကိုလည်း ပိုရှည်လာစေမှာပါ။အသက်ဓာတ်အဆီအနှစ်ကို တိုးပွားလာစေဖို့ဆိုတာက ပါးစပ်က ပြောတာသာ လွယ်တာပါ။ လက်တွေ့မှာတော့ အင်မတန် ခဲယဉ်းလှပါတယ်။အလွန်ရှားပါးလှသော ဆေးပင်တွေမှသာ အသက်ဓာတ် အဆီအနှစ်ကို တိုးပွားစေနိုင်တာပါ။လူတစ်ယောက်ရဲ့ အသက်ဓာတ်အဆီအနှစ်က ကုန်ဆုံးသွားပြီ ဆိုတာနှင့် ဇာတ်လမ်းက ပြီးသွားပါပြီ။ ပြန်လည် တိုးပွားလာအောင် လုပ်ရင်လည်း မရတော့ပါဘူး။သည်မူလအသက်ရင်းမြစ် နည်းစနစ်ကတော့ အဲသည်အခြေအနေတွေ အတွက် ရည်ရွယ်ပြီး တီထွင်ထားခဲ့တာပါ။ မင်းမန် သွေးကြောဆုံမှတ်ကို ဖွင့်ပြီး အသက်ရေပန်း ဖြစ်တည်လာသည်နှင့် အသက်ဓာတ်အဆီအနှစ်ကို ချက်ချင်း ပြန်လည်ရယူနိုင်ပါတယ်။ ဒါပေမယ့် သတိထားရမှာ တစ်ခုက အသက်ဓာတ်အဆီအနှစ် အနည်းငယ်တော့ ကျန်နေရပါဦးမယ်။လီဖူချန်းက မူလအသက်ရင်းမြစ်ကို သုံးလိုက်တိုင်းမှာ သူ့ရဲ့ အသက်ဓာတ် အဆီအနှစ်ကလည်း တော်တော်များများ ကုန်ဆုံးသွားမှာပါ။ အဲသည်အသက်ဓာတ် အဆီအနှစ်ကို ပြန်လည်မဖြည့်တင်းဘဲ အသုံးပြုမယ်ဆိုရင်တော့ အန္တရာယ်ရှိပါတယ်။ အသက်ဓာတ် အဆီအနှစ် ကုန်ဆုံးသွားတာနဲ့ လီဖူချန်းကလည်း သေသွားမှာပါ။" သည်နည်းစနစ်က အသုံးဝင်သလောက် အသက်အန္တရာယ်လည်း တော်တော်များတာပဲ "လီဖူချန်းက မျက်ခုံးပင့်လိုက်ပါတယ်။လူတစ်ယောက်ရဲ့ အသက်ဓာတ်အဆီအနှစ်ဆိုတာက ကန့်သတ်ချက် ရှိတယ်လေ။ ပြန်လည်ဝင်စားခြင်းနယ်ပယ် ပညာရှင်တွေမှာသာ သူတို့ရဲ့ အသက်ဓာတ်ကို ပွားများလာအောင် လုပ်နိုင်တာပါ။အသက်ရေပန်းကို ဖွင့်တဲ့အခါမှာလည်း အင်မတန်မှ သတိကြီးကြီး ထားရဦးမှာပါ။ အနည်းငယ် ချွတ်ချော်မှု တစ်ခု ဖြစ်သွားတာနဲ့ အသက်ဓာတ်အဆီအနှစ်က ပေါက်ထွက်သွားပြီး လေ့ကျင့်တဲ့သူရဲ့ အသက်အန္တရာယ်ကို ဒုက္ခပေးနိုင်ပါသေးတယ်။သုံးရက်လောက် မနားမနေ ကြိုးစားပြီးတဲ့အခါမှာတော့ လီဖူချန်းက သူ့ရဲ့အသက်ရေပန်းကို ဖွင့်လိုက်နိုင်ပါပြီ။" သည်နည်းစနစ်က စွန့်စားရပေမယ့်လည်း ကျင့်ရတာ မြန်သားပဲ။ ဗလာနယ်လက်ဝါးလို အချိန်အများကြီး မပေးရဘူး။"အသက်ဓာတ်ရေပန်းကို ဖွင့်ပြီးတဲ့အခါမှာတော့ လီဖူချန်းရဲ့ မူလအသက်ရင်းမြစ် နည်းစနစ်က အစောပိုင်းအဆင့်ကို ရောက်နေပြီလို့ သတမမှတ်လို့ရပါတယ်။ နောက်ပိုင်းအဆင့်တွေကိုတော့ ဒဏ်ရာဘယ်နှစ်ခုကို အချိန်တိုအတွင်းမှာ ပျောက်ကင်းစေနိုငိမလည်း ဆိုတာကိုပဲ ကြည့်ပြီး သတ်မှတ်ရမှာပါ။သည်နည်းစနစ်ကို အောင်မြင်သွားပြီဆိုရင်တော့ ခန္ဓာကိုယ်တစ်ခုလုံးအပြည့် ရှိနေတဲ့ ဒဏ်ရာတွေကို ချက်ချင်း ပျောက်ကင်းစေတယ်လို့တော့ ရေးထားပါတယ်။ ဒါပေမယ့်လည်း အသက်ဓာတ်အဆီအနှစ် တော်တော်များများတော့ စတေးလိုက်ရမှာပါ။ဒါကိုတော့ ဟုတ်မဟုတ်ဆိုတာ လီဖူချန်းကိုယ်တိုင်လည်း မစမ်းသပ်ရဲပါဘူး။ဘုန်း...... ဘုန်း...ဘုန်း......သည်ကျောက်တံခါးမကြီးက သူတို့ထင်ထားတာထက်တောင် ပိုပြီး ခိုင်ခံ့နေပါသေးတယ်။ အပြင်ကနေ သည်လောက် ရက်အကြာကြီး ထုရိုက်နေတာတောင်မှ အက်ရာတစ်ခု ပေါ်မလာသေးပါဘူး။" သည်ကောင်းကင်နှင့်မြေကြီး ရဲ့ လျို့ဝှက်ချက် နည်းစနစ်က အဆင့်၇ဆင့် ရှိတယ်။ ငါက ပထမတစ်ဆင့်ကိုပဲ နားလည်တတ်ကျွမ်းသေးပေမယ့်လည်း ငါ့ရဲ့အစွမ်းအစကတော့ နောက်ထပ်အဆင့်တစ်ဆင့်ကို ရောက်သွားခဲ့ပြီ။"သည်ရက်အတောအတွင်းမှာတော့ စုမုယူက သူမရဲ့ ကြယ်၆ပွင့် အရိုးတည်ဆောက်ပုံပိုင်ရှင်ဆိုတဲ့ ဂုဏ်ပုဒ်ကို ကောင်းကောင်းကြီး သက်သေပြနိုင်ခဲ့ပါတယ်။ သူမက ကြယ်၆ပွင့် လျို့ဝှက်နည်းစနစ်ရဲ့ ပထမအဆင့်ကိုတောင် နားလည်တတ်ကျွမ်းခဲ့ပါပြီ။ဝုန်း!ကျောက်တံခါးကြီးကတော့ တစ်ခါမှ မဖြစ်ဖူးသည့် ပုံစံမျိုးနှင့် တုန်ခါလာခဲ့ပြီး အက်ကွဲရာတွေတောင် ပေါ်လာခဲ့ပါတယ်။အပြင်ဘက် တံခါးဝမှာတော့ မျက်လုံးတွေ ရဲရဲတောက် နီရဲနေသည့် လီဝူရှုက ကျောက်တံခါးမကြီးကို ထုရိုက်နေတယ်လေ။အဆုံးမဲ့အာဏာ အပိုင်း၂၁၈ဂူသင်းချိုင်းအရှင်သခင်ဆန်ကျန်းဟီရဲ့ သွေးတွေကို စုပ်ယူပြီးသွားတဲ့နောက်မှာတော့ လီဝူရှုရဲ့ စွမ်းရည်က အများကြီး တိုးတက်လာပုံ ရပါတယ်။ သူ့ရဲ့ လက်သီးတစ်ချက်က ကျောက်တံခါးမကြီးပေါ်မှာ အက်ကွဲရာတစ်ခု ဖြစ်လာစေခဲ့တယ်လေ။ဘန်း!လီဝူရှုက နောက်ထပ်တစ်ကြိမ် ကျောက်တံခါးမကြီးကို ထပ်ထိုးလိုက်ပြန်ပါပြီ။သည်တစ်ခါမှာတော့ အက်ကွဲရာက ၃ခုတောင် ပေါ်လာပါတယ်။" အခြေအနေမကောင်းတော့ဘူး။ ကျောက်တံခါးမကြီးက မကြာခင်မှာ ပျက်စီးသွားတော့မယ်။"ဖန်ကျင်းယုက စိုးရိမ်တကြီးနဲ့ ပြောလိုက်ပါတယ်။သည်ကျောက်တံခါးမကြီး ပျက်စီးသွားတာနဲ့ သူမတို့အတွက် ပြေးစရာ နေရာ မရှိတော့ပါဘူး။ မိစ္ဆာဝိညာဉ်တွေနဲ့ တိုက်ခိုက်ဖို့ တစ်နည်းပဲ ကျန်ပါတော့တယ်။ဒါပေမယ့်လည်း သူမတို့က ဘယ်လိုလုပ်ပြီး သည်မိစ္ဆာဝိညာဉ်ကောင်တွေကို အနိုင်ယူနိုင်ပါမည်နည်း။လီဖူချန်းက ကျင့်ကြံနေရာကနေ ထရပ်လိုက်ပြီး အားလုံးကို ကြည့်ကာ " ငါ့ဆီမှာတော့ နည်းလမ်းတစ်ခုရှိတယ်။ သည်နည်းလမ်းက မိစ္ဆာဝိညာဉ် တစ်ဝက်လောက်ကို ရှင်းပစ်နိုင်လိမ့်မယ်။ ကံနည်းနည်း ပိုကောင်းခဲ့ရင်တော့ မိစ္ဆာဝိညာဉ် အကုန်လုံးကိုတောင် ရှင်းပစ်နိုင်လောက်တယ်။ "" ဘာနည်းလမ်းလည်း"လီဖူချန်းရဲ့ စကားကို ကြားလိုက်ရတဲ့ အခါမှာတော့ စုမုယူက တအံ့တသြဖြင့် မေးလိုက်ပါတယ်။သည်မိစ္ဆာဝိညာဉ်တွေက အလွန်တရာမှ အစွမ်းထက်နေတယ်လေ။ သူမ ကိုယ်တိုင်တောင်မှ သည်မိစ္ဆာဝိညာဉ်တစ်ကောင်ကို အသေသတ်နိုင်မလားဆိုတာ မသိသေးပါဘူး။ လီဖူချန်းကတော့ မိစ္ဆာဝိညာဉ်တစ်ဝင်လောက်ကို အသေသတ်နိုင်သည့် နည်းလမ်းရှိသည်တဲ့။ ဒါက သူမကို အရမ်း စိတ်ဝင်စားသွားစေပါတယ်။လီဖူချန်းက ခေါင်းကိုမော့လိုက်ပြီး ကြီးမားလှတဲ့ ဆီမီးအိမ်ကြီးတစ်ခုကို လက်ညှိုးထိုးပြလိုက်ပါတယ်။" သည်ဆီမီးအိမ်ထဲက မီးတောက်က အဆင့်၆ မိစ္ဆာသားရဲဖြစ်တဲ့ အထီးကျန်အပြာရောင်သွေးမီးတောက် ရဲ့ သွေးဘဲ။ သည်မီးတောက်က မိစ္ဆာဝိညာဉ်တွေကို သေတဲ့အထိ လောင်ကျွမ်းစေလိမ့်မယ်။"သည်မိစ္ဆာဝိညာဉ်တွေ အသက်ရှင်စဉ်တုန်းကတော့ သူတို့ဟာ အထီးကျန်အပြာရောင်သွေးမီးတောက် မိစ္ဆာသားရဲထက် နိမ့်ကျမှာ မဟုတ်ပါဘူး။ ဒါပေမယ့် အခုချိန်မှာတော့ သူတို့က မိစ္ဆာဝိညာဉ်အဆင့်ပဲ ရှိပါသေးတယ်။ သူတို့ရဲ့ အစွမ်းတွေက ၁၀၀ ရာခိုင်နှုန်းအထိ ပြန်မရနိုင်သေးပါဘူး။ ဒါကြောင့်လည်း သူတို့က လီဖူချန်းတို့ကို စားသောက်ဖို့ ပြင်နေတာပါ။" ဒါက အထီးကျန်အပြာရောင်သွေးမီးတောက် သားရဲရဲ့ သွေးမီးတောက်လား......"စုမုယူက သူမရဲ့ လက်ဝါးကို အသုံးပြုပြီး မီးတောက်ကို ဆွဲယူလက်ပါတယ်။လီဖူချန်း ဖြစ်ခဲ့သလိုပါပဲ။ သူမရဲ့ ချီအကာအကွယ်က မီးတောက်ကို ဖိလိုက်တာနဲ့ လောင်ကျွမ်းသွားခဲ့တယ်လေ။" ပြင်းထန်လိုက်တဲ့ မီးတောက်ပါလား"အားလုံးက တီးတိုး ရေရွတ်လိုက်ပါတယ်။သည်မီးတောက်က မြေကမ္ဘာအဆင့် ပညာရှင်တွေ မဆိုထားနှင့်။ ကောင်းကင်နယ်ပယ်က ပညာရှင်တွေကိုတောင် တစ်မုဟုတ်ချင်း သေဆုံးသည်အထိ လောင်ကျွမ်းပြာကျ သွားစေနိုင်တယ်လေ။လီဖူချန်းက သူ့အကြံကို ဆက်ရှင်းပြလိုက်ပါတယ်။" သည်မိစ္ဆာဝိညာဉ်ကောင်တွေ ဝင်လာတာနဲ့ ငါတို့က မီးတောက်တွေကို သူတို့အပေါ် ဆွဲချလိုက်ရုံပဲ။ ကျန်တာကတော့ ငါတို့ရဲ့ ကုသိုလ်ကံ အပေါ်မှာ မူတည်တယ်။"" ငါထင်တာကတော့ သည်နည်းလမ်းက အလုပ်ဖြစ်မယ် ထင်တာပဲ။ ပြီးတော့ ငါတို့ဆီမှာလည်း သည်ထက်ကောင်းတဲ့ အကြံဥာဏ် မရှိတော့ဘူး။"စုမုယူက ခေါင်းညိတ်ပြီး လီဖူချန်းရဲ့ အကြံကို ထောက်ခံလိုက်ပါတယ်။ဝုန်း!နောက်ဆုံးမှာတော့ ကျောက်တံခါးမကြီးက အပြင်က ထုရိုက်တာတွေကို မတောင့်ခံနိုင်တော့ဘဲ ပျက်စီးသွားပါတော့တယ်။ လီဝူရှုနဲ့ အခြားမိစ္ဆာဝိညာဉ် လေးကောင်ကတော့ အခန်းထဲကို ဝင်လာခဲ့ပါပြီ။" မင်းတို့ ဘယ်ကို ပြေးဦးမလည်း။ ပြေးဦးလေ......"ဖူချောင်းရှန်က သူ့ရဲ့ ကျားလက်သည်းတွေကို ထုတ်ပြပြီး ကြောက်မယ်ဖွယ်ရာ ပြုံးပြနေပါတယ်။လီဖူချန်းတို့ တစ်သိုက်ကတော့ ဆီမီးအိမ်တွေ ရှိရာဘက်ကို ကိုယ်စီကိုယ်စီ ဆုတ်သွားကျပြီး တစ်ယောက်နဲ့ တစ်ယောက် ခေါင်းညိတ်ပြလိုက်ကြပါတယ်။" သတ်စမ်း"မိစ္ဆာဝိညာဉ်၅ကောင်ကတော့ လီဖူချန်းတို့ဆီကို ပြေးဝင်လာကျပါပြီ။" လုပ်တော့!"မိစ္ဆာဝိညာဉ်၅ကောင်က ဆီမီးအိမ်တွေ အောက်ကို ရောက်တဲ့ အချိန်မှာတော့ လီဖူချန်းက အချက်ပေးလိုက်ပြီး မီးတောက်တွေကို ဆွဲချလိုက်ပါတယ်။ကျန်တဲ့လူတွေကလည်း သက်ဆိုင်ရာ မီးတောက်တွေကို တစ်ပြိုင်တည်းနီးပါး ဆွဲချလိုက်ပါပြီ။သည်မီးတောက်တွေကို လီဖူချန်းတို့က မကိုင်နိုင်ပေမယ့်လည်း လေထုအရှိန်ကို အသုံးချပြီး ဆွဲချလိုက်တဲ့အတွက် မီးတောက်တွေက သူတို့တွက်ထားတဲ့အတိုင်း မိစ္ဆာဝိညာဉ်ကောင်တွေဆီကို ပြုတ်ကျလာခဲ့ပါတယ်။" မကောင်းတော့ဘူး "ဖူချောင်းရှန်ကို အပိုင်စီးထားတဲ့ ကျားမိစ္ဆာဝိညာဉ်ကောင်က သူ့ရဲ့ အမြီးကို တစ်ချက် ပုတ်လိုက်ပြီး နောက်ကို ခုန်ဆုတ်လိုက်ပါတယ်။" အား......! ပူလိုက်တာ......"ညီလေးလုဆိုသည့် မြေကမ္ဘာမီးလျှံ ဂိုဏ်းသားကို အပိုင်စီးထားသည့် မိစ္ဆာဝိညာဉ်ကောင်ကတော့ အပြာရောင်မီးတောက်နှင့် တိုက်ရိုက်ထိတွေ့သွားခဲ့ပါတယ်။ အပြာရောင်မီးတောက်က သူ့ရဲ့ခန္ဓာကိုယ် တစ်ခုလုံးကို မျက်စိတစ်မှိတ်အတွင်းမှာပဲ လောင်ကျွမ်းသွားစေခဲ့ပြီး ပြာအဖြစ် ပြောင်းလဲသွားစေခဲ့ပါတယ်။သိပ်မကြာခင်မှာတော့ ဟူဟိုင်းရှန်နဲ့ ညီလေးကျောင်းဟုခေါ်သည့် မိစ္ဆာဝိညာဉ်ကောင်တို့ကလည်း ပြာဖြစ်သွားခဲ့ပါပြီ။သူတို့အပိုင်စီးထားသည့် ခန္ဓာကိုယ်တွေက ပြာဖြစ်သွားတဲ့အတွက် မိစ္ဆာဝိညာဉ်ကောင်တွေကော ဒဏ်ရာရသွားသလား ဒါမှမဟုတ် သေသွားသလားဆိုတာကိုတော့ လီဖူချန်းတို့ကလည်း မခန့်မှန်းနိုင်ပါဘူး။လီဝူရှုကတော့ အားလုံးထဲမှာ အမြန်ဆုံးပါပဲ။ မီးတောက်တွေ ကျလာတာနဲ့ တစ်ခါတည်း အဝေးကြီးကို ပျံသန်းသွားခဲ့တယ်လေ။ဖူချောင်းရှန်ကတော့ နည်းနည်းလေး နှေးသွားခဲ့ပါတယ်။ သူ့ရဲ့ လက်မောင်းတစ်ဖက်ကို မီးစွဲသွားခဲ့တယ်လေ။ ဒါပေမယ့်လည်း သူက အလျင်အမြန်ပဲ အဲသည်လက်ကို ဖြစ်ပြစ်လိုက်ပါတယ်။လီဖူချန်းရဲ့ အကြံက အောင်မြင်သွားတဲ့အတွက် စုမုယူနဲ့ အခြားသူတွေကလည်း နည်းနည်း စိတ်သက်သာရာ ရသွားခဲ့ပါပြီ။အခုဆိုရင်တော့ မိစ္ဆာဝိညာဉ်၂ကောင်ပဲ ကျန်တော့သည်လေ။ သည်၂ကောင်လောက်ကိုတော့ သူတို့အားလုံး ဝိုင်းတိုက်ရင် အနိုင်ယူနိုင်ပါသေးတယ်။" မင်းတို့က အထီးကျန်အပြာရောင်သွေးမီးတောက်ရဲ့ မီးကိုသုံးပြီးတောင် ငါတို့ကို တိုက်ခိုက်လိုက်တာလား။ အောက်တန်းကျလိုက်တဲ့ လူသားတွေ......"ဖူချောင်းရှန်ကို အပိုင်စီးထားတဲ့ မိစ္ဆာဝိညာဉ်ကောင်ကတော့ အကြီးအကျယ် ဒေါသထွက်နေတဲ့ ပုံပါပဲ။သည်သင်းချိုင်းဂူထဲမှာ ရာစုနှစ်နဲ့ နေခဲ့အပြီးမှာတော့ မိစ္ဆာဝိညာဉ်ကောင်တွေက ခန်းမတွေထဲမှာ ထွန်းထားတဲ့ မီးတောက်တွေက အထီးကျန်အပြာရောင်သွေးမီးတောက် မိစ္ဆာသားရဲရဲ့ သွေးအဆီအနှစ်တွေဆိုတာကို မေ့လျော့သွားခဲ့တယ်လေ။ ဒါကြောင့်လည်း သူတို့က အခုလို ခံလိုက်ရတာပါ။" ငါက လီဝူရှုရဲ့ ခန္ဓာကိုယ်ကို အပိုင်စီးထားတဲ့ မိစ္ဆာဝိညာဉ်ကောင်ကို တာဝန်ယူလိုက်မယ်။ ကျန်တဲ့တစ်ကောင်ကိုတော့ မင်းတို့တွေ တာဝန်ယူလိုက် ......"စုမုယူက သူမရဲ့ မြစိမ်းရောင် ချိတ်ကောက်ကို ဆွဲထုတ်ပြီး လျို့ဝှက်နည်းစနစ်ကို အသက်သွင်းလိုက်ပါတယ်။ သူမရဲ့ ခန္ဓာကိုယ်က အလေးချိန်မရှိတဲ့ ငှက်မွှေးလေးတစ်ခုလို လွင့်မျောသွားပြီး လီဝူရှုဆီကို ဦးတည်းသွားခဲ့ပါပြီ။သည်အုပ်စု တစ်စုလုံးမှာတော့ သူမသည်သာလျှင် လီဝူရှုကို အပိုင်စီးထားတဲ့ မိစ္ဆာဝိညာဉ်ကောင်ကို တစ်ယောက်ချင်း ထိပ်တိုက် ရင်ဆိုင်နိုင်မှာပါ။ ကျန်တဲ့သူတွေထဲမှာတော့ လီဖူချန်းရှိနေသည့် အတွက် စိတ်ချလို့ ရပါတယ်။" မင်းက ငါနဲ့ တစ်ယောက်ချင်း ထိပ်တိုက် ရင်ဆိုင်မယ်ပေါ့လေ။"လီဝူရှုက သူ့ရဲ့ လက်တွေကို ဆန့်ထုတ်လိုက်ပြီး စုမုယူရဲ့ ချိတ်ကောက်ဓားကို ခုခံလိုက်ပါတယ်။" မာလှချည်လား"စုမုယူရဲ့ မျက်လုံးတွေတောင် ပြူးကျယ်သွားပါတယ်။သူမရဲ့ ချိတ်ကောက်ဓားချက်ကို တော်ရုံ အဆင့်၃ထိပ်တန်းမိစ္ဆာသားရဲတွေတောင်မှ မခံနိုင်ပါဘူး။ ဒါပေမယ့် လီဝူရှုကတော့ အေးအေးဆေးဆေးပဲ ကာကွယ်လိုက်ပါတယ်။ရွှီး......!စုမုယူရဲ့ ချိတ်ကောက်ဓားချက်ကို ညာဘက်လက်နဲ့ ခုခံလိုက်အပြီးမှာတော့ လီဝူရှုရဲ့ ဘယ်ဘက်လက်က အနက်ရောင် လှံတစ်ချောင်းပမာ ပြောင်းသွားပြီး စုမုယူရဲ့ ရင်ဘတ်ထဲကို ထိုးစိုက်လာခဲ့ပါတယ်။စုမုယူကလည်း ကြယ်၆ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင် ဖြစ်တဲ့အတွက် ခေသူတော့ မဟုတ်ပါဘူး။ သူမကလည်း ကိုယ်ဖော့ပညာ ဆန္ဒကို နားလည်ပြီးထားပါပြီ။ဟူး!အရိပ်တစ်ခု အဖြစ် ပြောင်းသွားပြီး စုမုယူက အနောက်ကို ပြန်ဆုတ်သွားခဲ့ပါတယ်။ဒါပေမယ့်လည်း သူမက လီဝူရှုရဲ့ တိုက်ခိုက်မှုကိုတော့ လွတ်လွတ်ကျွတ်ကျွတ် ရှောင်တိမ်းလိုက်နိုင်ဟန် မတူပါဘူး။သူမရဲ့ ရင်ဘတ်အနီးတစ်ဝိုက်က ဝတ်ရုံစတွေက စုတ်ပြဲသွားသည့်အပြင် သူမရဲ့ ဖြူဖွေးဝင်းအိနေတဲ့ ရင်သားတွေလည်း အနည်းငယ် ပေါ်လာခဲ့ပါတယ်။ သူမရဲ့ ရင်ဘတ်ပေါ်ကနေတော့ သွေးအနည်းငယ် စီးကျလာခဲ့ပါပြီ။ " ဆောင်ကျန်းဟီရဲ့ သွေးတွေကို စုပ်ယူပြီးသွားလို့ သည်လောက်အထိ အစွမ်းထက်လာတာလား......"စုမုယူက တွေးလိုက်မိပါတယ်။စုမုယူက လီဝူရှုကို တာဝန်ယူလိုက်တဲ့အတွက် လီဖူချန်းနဲ့ ကျန်တဲ့လူတွေကတော့ အခြေအနေ ကောင်းနေပါတယ်။ဖူချောင်းရှန်ကို အပိုင်စီးထားတဲ့ ဝိညာဉ်ကောင်က စုမုယူနဲ့ လက်ရည်တူလောက်ပဲ ရှိတာပါ။ လက်ရှိ လီဖူချန်းရဲ့ အစွမ်းကလည်း မူလ ဖူချောင်းရှန်နဲ့ လက်ရည် သိပ်မကွာသည့်အပြင် ဖန်ကျင်းဆောင်ရယ်၊ ဝေရှန်းဟီကိုပါ ထပ်အားဖြည့်ထားတဲ့အတွက် အထက်စီးကနေ သာသာယာယာ တိုက်ခိုက်နေနိုင်ပါတယ်။ဖန်ကျင်းယုကတော့ သူမရဲ့ အခြေအနေကို ကောင်းကောင်းသဘောပေါက်တဲ့ အတွက် အတင်းကာရော လိုက်မတိုက်ဘဲ လီဖူချန်းတို့ သုံးယာက်ကိုသာ အနောက်ကနေ ပံ့ပိုးနေပါတယ်။ သူမရဲ့ သံမဏိထီးကလည်း ခုခံရာမှာ အတော်အသုံးဝင်တဲ့အတွက် ထွေထွေထူးထူး စိုးရိမ်စရာတော့ မလိုပါဘူး။စွပ်!ဒါပေမယ့်လည်း ထင်မှတ်မထားတဲ့ ဖြစ်ရပ်တစ်ခုက ဖြစ်ပေါ်လာခဲ့ပါပြီ။ဖန်ကျင်းယုရဲ့ သံမဏိထီး ထိပ်က ဖန်ကျင်းဆောင်ရဲ့ နောက်ကျောကနေ စိုက်ဝင်ပြီး ရင်ဘတ်ကနေ ပြန်ထွက်လာခဲ့ပါတယ်။ဖန်ကျင်းဆောင်ကတော့ သွေးတွေပါးစပ်ကနေ စီးကျလားပြီး အနောက်ကို လှည်ကြည့်လိုက်ကာ"ညီ...... ညီမလေး...... မင်းဘာဖြစ်လို့ အစ်ကို့ကို သည်လိုလုပ်ရတာလည်း......"ဖန်ကျင်းယုက ကြောက်မက်ဖွယ်ရာ အသံနက်ကြီးဖြင့် ရယ်မောလိုက်ပြီး" ညီမလေး ဟုတ်လား......။ ဘယ်သူက မင်းရဲ့ ညီမလေးလည်း ......"လီဖူချန်းက စိတ်ထဲမှာ စိမ့်ခနဲ ဖြစ်သွားပြီး" သူမက မိစ္ဆာဝိညာဉ်ရဲ့ အပိုင်စီးမှုကို ခံလိုက်ရပြီ။"လီဖူချန်း စိုးရိမ်နေတဲ့ အရာကတော့ တကယ်ဖြစ်လာခဲ့ပါပြီ။ အစောပိုင်းကတည်းက သည် အထီးကျန်အပြာရောင်သွေးမီးတောက်က မိစ္ဆာဝိညာဉ်တွေကိုကော လောင်ကျွမ်းစေပါ့မလားဆိုပြီး သံသယဝင်နေခဲ့တာပါ။" ဟား...ဟာ......မင်းကော သေလိုက်တော့ "ဖူချောင်းရှန်ကို တိုက်ခိုက်နေတဲ့ ဝေရှန်းဟီကလည်း လီဖူချန်းဆီကို လှည့်လာပြီး အစိမ်းရောင်အမြီးနဲ့ ရိုက်ထည့်လိုက်ပါတယ်။လီဖူချန်းက အရိပ်မဲ့ခြေကွက်ကို ထုတ်သုံးလိုက်ပြီး ရှောင်တိမ်းလိုက်ပါတယ်။" ဝေရှန်းဟီကော အပိုင်စီးခံလိုက်ရပြီလား......"လီဖူချန်းရဲ့ စိတ်တွေက ခဲတစ်လုံး ဆွဲခံလိုက်ရသည့်အလား လေးလံသွားခဲ့ပါပြီ။သူက မိစ္ဆာဝိညာဉ်တွေ ခန္ဓာကိုယ်ကို ဘယ်လို အပိုင်စီးသလည်း ဆိုတာကိုတော့ သေသေချာချာ မသိပါဘူး။ ဒါပေမယ့် သေချာတာတစ်ခုကတော့ စိတ်ဝိညာဉ်စွမ်းအားနဲ့ သက်ဆိုင်နေမယ် ဆိုတာပါပဲ။ဒါကြောင့်လည်း ဖန်ကျင်းယုနဲ့ ဝေရှန်းဟီတို့နှစ်ယောက် မိစ္ဆာဝိညာဉ်တွေ အပိုင်စီးခြင်း ခံလိုက်ရတဲ့ အချိန်မှာ ဖန်ကျင်းဆောင်က မိစ္ဆာဝိညာဉ်တွေရဲ့ အပိုင်းစီးခြင်း မခံရသေးတာပါ။အစတုန်းကတော့ မိစ္ဆာဝိညာဉ်တွေက ၂ကောင်ပဲ ကျန်နေတော့တာကို အခုထပ်ပြီး နောက်ထပ်၂ကောင် တိုးလာပြန်ပါပြီ။ နောက်ထပ်တစ်ကောင်ကလည်း ဘယ်အချိန်မှာ ဖန်ကျင်းဆောင်ရဲ့ ခန္ဓာကိုယ်ကို အပိုင်စီးပြီး ထွက်လာဦးမယ် မသိသေးပါဘူး။ အခြေအနေကတော့ လုံးဝကို အဆိုးဆုံး ဖြစ်သွားခဲ့ပါပြီ။" ငါတို့ ဘာဆက်လုပ်ကြမလည်း "လီဖူချန်းက ကိုယ်ဖော့ပညာကို အစွမ်းကုန် သုံးနေရင်းနဲ့ စုမုယူကို အော်ပြောလိုက်ပါတယ်။အခုချိန်မှာတော့ လီဖူချန်းက မြေကမ္ဘာနယ်ပယ် အဆင့်၃ကို ရောက်နေပြီဖြစ်တဲ့အတွက် သူ့ရဲ့ ကိုယ်ဖော့ပညာကလည်း အရင်ကထက် ပိုကောင်းလာခဲ့ပါပြီ။" အခွင့်အရေးရှာပြီး ပြေးတော့ "စုမုယူက လီဖူချန်းရဲ့ နားထဲကို လျို့ဝှက်အသံ ပို့လိုက်ပါတယ်။သူတို့နှစ်ယောက်စလုံးရဲ့ ကိုယ်ဖော့ပညာတွေက တော်တော်လေး ကောင်းနေတဲ့ အတွက် ကိုယ်လွတ်ရုန်း ထွက်ပြေးမယ်ဆိုရင်တော့ ဖြစ်နိုင်ပါသေးတယ်။လီဖူချန်းက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပါတယ်။ သူက ထွက်မပြေးချင်ဘူးလေ။သူက ဖန်ကျင်းဆောင်နဲ့ ဖန်ကျင်းယုကို အခုလိုထားပြီး ထွက်မသွားရက်ပါဘူး။ဒါပေမယ့်လည်း သူကိုယ်တိုင်တောင်မှ သူ့အသက်ကို အာမ မခံနိုင်တော့တဲ့ အခြေအနေကို ရောက်နေပါပြီ။" ပြေးတော့ "စုမုယူကတော့ ဘယ်သူ့ကိုမှ ဂရုမစိုက်တော့ဘဲ ထွက်ပေါက်ကို ပြေးထွက်သွားပါတော့တယ်။ဟူး!အဲသည်အချိန်မှာဘဲ မိစ္ဆာဓာတ်ပါသည့် လေပွေတစ်ခုက အခန်းတွင်းကို တိုက်ခတ်လာခဲ့ပါတယ်။အဲသည်လေပွေနဲ့အတူ အရပ်ရှည်ရှည် တုတ်တုတ်ခိုင်ခိုင် လူကြီးတစ်ယောက်ရဲ့ အရိပ်က ပါလာပါသေးတယ်။စုမုယူက ကွက်ခနဲ မျက်နှာပျက်သွားပြီး အခန်းထဲကို ပြန်ဝင်လာခဲ့ပါတယ်။" သခင် "မိစ္ဆာဝိညာဉ်တွေ အားလုံးက မြေပြင်ပေါ်မှာ ဒူးထောက်ချလိုက်ပြီး အရိုအသေ ပေးလိုက်ကြပါတယ်။အဆုံးမဲ့အာဏာ အပိုင်း၂၁၉သင့်တော်သည့် ဝင်ကစွပ်ခန္ဓာကိုယ်ကို ရှာဖွေခြင်း"သခင်......!"လီဖူချန်း နဲ့ စုမုယူတို့က တစ်ယောက်နဲ့ တစ်ယောက် ကြည့်ပြီး မချိပြုံး ပြုံးလိုက်မိပါပြီ။သည် မိစ္ဆာဝိညာဉ်တွေတောင်မှ သခင်လို့ သတ်မှတ်ထားတယ်ဆိုတော့ သည်အရာက မိစ္ဆာဝိညာဉ် တွေထက်ကို ပိုပြီး အစွမ်းထက်မယ်ဆိုတာ ယုံမှားစရာ မရှိတော့ပါဘူး။သည် မိစ္ဆာဝိညာဉ်တွေက အသက်ရှင်စဉ်တုန်းမှာတောင် အဆင့်၆ မိစ္ဆာသားရဲတွေ ဖြစ်ခဲ့ကျတာလေ။သူတို့တွေရဲ့ သခင်က အနည်းဆုံးတော့ အဆင့်၇ မိစ္ဆာသားရဲ ဖြစ်ရင်ဖြစ် ဒါမှမဟုတ် အနိမ့်ဆုံး တိုက်ပွဲဝိညာဉ်နယ်ပယ် ပညာရှင်ပါပဲ။တစ်ကယ်လို့သာ အစောကြီးကတည်းက သည်ဂူသင်းချိုင်း အကြောင်းကို သိခဲ့ရင် ရွှေတွေ ပုံပြီး ပေးရင်တောင် ဝင်လာခဲ့မှာ မဟုတ်ပါဘူး။အေးစက်တဲ့ လေပြင်းတစ်ချက်က ထပ်မံတိုက်ခတ်လာပြန်ပါပြီ။ အဲသည်လေပြင်းက လီဖူချန်းတို့ရဲ့ စိတ်နှလုံးတင်မက စိတ်ဝိညာဉ်အထိပါ အေးစိမ့်သွားစေခဲ့ပါတယ်။အခုချိန်မှာတော့ လီချန်းကော စုမုယူပါ ဘာမှ မတတ်နိုင်တော့ပါဘူး။" သည်လေပြင်းကို ဘယ်လိုမှ တောင့်ခံမထားနိုင်ပါလား။ ကြည့်ရတာ ဒါက အစွမ်းထက်တဲ့ မိစ္ဆာစိတ်ဝိညာဉ်ဖိအား ဒါမှမဟုတ် မဟာပညာရှင်ရဲ့ ဖိအားပဲ ဖြစ်ရမယ်။"လီဖူချန်းက တွေးမိလိုက်ပါတယ်။" နှစ်ပေါင်းဘယ်လောက်တောင် ကြာခဲ့ပြီလည်း...... နောက်ဆုံးတော့ သည်သင်းချိုင်းဂူကို တစ်ယောက်ယောက်က တွေ့သွားခဲ့ပြီပေါ့။ "အေးစိမ့်နေတဲ့ လေပြင်းနဲ့အတူ ပါလာတဲ့ အရိပ်က ဝမ်းနည်းနေသည့် လေသံဖြင့် မြည်တမ်းလိုက်ပါတယ်။ သူ့ရဲ့ မိစ္ဆာဆန်သည့် အသံနက်ကြီးက လီဖူချန်းနဲ့ စုမုယူတို့ကို ခိုက်ခိုက်တုန်အောင် အေးစိမ့်သွားစေခဲ့ပါပြီ။" သခင်...... သည်ခန္ဓာကိုယ်တွေနဲ့ဆိုရင် ကျွန်တော်တို့က ဂူသင်းချိုင်းထဲက ထွက်ပြီး အတိတ်က အောင်မြင်မှုတွေကို ပြန်ရယူနိုင်တော့မှာပါ။ "ဖူချောင်းရှန်က ဒူးထောက်နေရာကနေ ရိုသေမှု အပြည့် ပြောလိုက်ပါတယ်။လီဝူရှုကလည်း " အရင်ခေတ်က မဟာပညာရှင်တွေ အကုန်လုံးလည်း မရှိတော့ဘူး။ တစ်ကယ်လို့သာ ကျွန်တော်တို့ သည်သင်းချိုင်းဂူထဲက ထွက်သွားခဲ့ရင် ကမ္ဘာကြီးတစ်ခုလုံးကို အုပ်စိုးဖို့အတွက် အချိန်ဘယ်လောက်မှတောင် ယူရမှာမဟုတ်ဘူး။ ဘယ်သူမှလည်း ကျွန်တော်တို့ကို တားဆီးနိုင်တော့မှာ မဟုတ်ဘူး။ ပြီးတော့ အဆုံးမရှိတဲ့ အထောက်အပံ့တွေနဲ့ဆိုရင် အတိတ်တုန်းက အဆင့်တွေကိုတောင် သိပ်မကြာခင်မှာ ပြန်ရောက်သွားနိုင်သေးတယ်။"လူသားပုံသဏ္ဍာန် အရိပ်ကလည်း မာနကြီးစွာဖြင့်" အတိတ်တုန်းကသာ ငါ့ကို အုပ်စုဖွဲ့ပြီး မတိုက်ခဲ့ကြရင် ငါကသည် အစစ်အမှန် စိတ်ဝိညာဉ်ကို ချန်ထားခဲ့ရမှာ မဟုတ်ဘူး။ အစောကြီးကတည်း ရေရှည်ကို မျှော်တွေးပြီး သည်သင်းချိုင်းဂူကို ချန်ထားခဲ့လို့တာပေါ့။ မဟုတ်လို့ကတော့ အခုချိန်ဆိုရင် ငါ တိမ်တွေကို စီးပြီး ကောင်းကင်ဘုံကိုတောင် ရောက်နေလောက်ပြီ။"" မင်းတို့ နှစ်ယောက် အဲသည်ဝင်ကစွပ် ခန္ဓာကိုယ်ထဲကနေ ထွက်စမ်း " လူသားပုံသဏ္ဍာန် အရိပ်က အမိန့်ပေးလိုက်ပါတယ်။သူရည်ညွှန်းတဲ့ မင်းတို့နှစ်ယောက်ဆိုတာက ဝေရှန်းဟီနဲ့ ဖန်ကျင်းယုရဲ့ ခန္ဓာကိုယ်ထဲက မိစ္ဆာဝိညာဉ် ၂ကောင်ကို ပြောတာပါ။လီဝူရှုနဲ့ ဖူချောင်းရှန်တို့ရဲ့ ခန္ဓာကိုယ်တွေကတော့ မိစ္ဆာဓာတ်တွေနှင့် အသားကျနေပြီ ဖြစ်တဲ့အတွက် သိပ်အဆင်မပြေတော့ပါဘူး။" ဟုတ်ကဲ့ပါ သခင် ......"ဝေရှန်းဟီ နဲ့ ဖန်ကျင်းယု တို့ရဲ့ ခန္ဓာကိုယ်တွေ မြေပြင်ပေါ်ကို လဲကျသွားပါတော့တယ်။ ဒါပေမယ့်လည်း သတိမေ့နေဆဲပါပဲ။အေးစက်နေတဲ့ အငွေ့အသက်တွေနှင့် ပြည့်နှက်နေသည့် လူပုံသဏ္ဍာန် အရိပ်က အလင်းပြောက်လေးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ဖန်ကျင်းယုရဲ့ မျက်ခုံးနှစ်ခုကြားထဲကို တိုးဝင်သွားပါတော့တယ်။" ကြယ်လေးပွင့် အရိုးတည်ဆောက်ပုံတဲ့...... ညံ့လိုက်တဲ့ ခန္ဓာကိုယ်ကွာ။ စိတ်ဝိညာဉ်အားကလည်း ပျော့ညံ့နေလိုက်စမ်းတာ......။ ကြက်တစ်ကောင်ရဲ့ ခန္ဓာကိုယ်ထဲ ဝင်နေရင်တောင် ပိုကောင်းဦးမယ် "ဖန်ကျင်းယုရဲ့ မျက်လုံးတွေက ပွင့်လာခဲ့ပြီး အေးစက်စက် ခြောက်ခြားဖွယ်ရာ အသံနက်ကြီး ဖြင့် ပြောလိုက်ပါတယ်။" သူက ဝင်ကစွပ်ခန္ဓာကိုယ် ရွေးနေတာလား"လီဖူချန်းနဲ့ စုမုယူတို့ကတော့ ပျာပျာသလဲ ဖြစ်နေကျပါပြီ။သူတို့နှစ်ယောက်စလုံးက လှုပ်ရှားချင်ပေမယ့်လည်း လက်လေးတစ်ချောင်းတောင် လုပ်လို့ မရပါဘူး။ အေးစက်နေတဲ့ စွမ်းအင်တစ်ခုက သူတို့ရဲ့ သွေးကြောလည်ပတ်မှုတွေ အကုန်လုံးကို ရပ်တန့်ထားစေပါတယ်။အလင်းပြောက်လေးက ဖန်ကျင်းယုရဲ့ ခန္ဓာကိုယ်ကနေ ပြန်ထွက်လာပြီး ဝေရှန်းဟီရဲ့ မျက်ခုံး နှစ်ခုကြားထဲကို ပြန်ဝင်သွားပြန်ပါပြီ။" အား...... သည်ခန္ဓာကိုယ်က ပိုလို့တောင် ဆိုးသေးတယ်။ သည်ခန္ဓာကိုယ်နဲ့ဆိုရင်တော့ ငါ့ရဲ့ နဂိုမူလ အဆင့်ကို ဘယ်လိုမှ ပြန်ရမှာ မဟုတ်ဘူး။ အလွန်ဆုံးရောက်မှ တိုက်ပွဲဝိညာဉ် နယ်ပယ်လောက်ပဲ။"ဝေရှန်းဟီရဲ့ မျက်လုံးတွေက ပွင့်လာပြီး စိတ်ပျက်နေသည့် ပုံဖြင့် ပြောလိုက်ပါတယ်။ထို့နောက်မှာတော့ အလင်းပြောက်လေးက ပြန်ထွက်လာပြီး ဖန်ကျင်းဆောင်ရဲ့ ဦးခေါင်းထဲကို တစ်ဖန် ပြန်ဝင်သွားပြန်ပါပြီ။" သည်ခန္ဓာကိုယ်ကတော့ အဆင်ပြေတယ်။ ကြယ်၅ပွင့် အရိုးတည်ဆောင်ပုံ ရှိတဲ့အပြင် စိတ်ဝိညာဉ်အားကလည်း သန်မာသင့်သလောက် သန်မာတယ်။ သည်ခန္ဓာကိုယ်က ငါ့ရဲ့ နဂိုမူရင်း ခန္ဓာကိုယ်လောက် မကောင်းပေမယ့်လည်း ငါ့ရဲ့ အတွေ့အကြုံတွေနဲ့ ပေါင်းလိုက်ရင် နဂိုမူလအဆင့်ကို ပြန်ရနိုင်လောက်တယ်။ ဒါပေမယ့်လည်း ဟိုနှစ်ယောက်ရဲ့ ခန္ဓာကိုယ်တွေက ပိုကောင်းမယ့်ပုံပဲ။ အကောင်းဆုံးဆိုတာက နောက်ဆုံးမှ လာတတ်တာမဟုတ်လား...... ဟား...ဟား......"ဖန်ကျင်းဆောင်က ကြောက်စရာကောင်းသည့် အကြည့်တွေဖြင့် လီဖူချန်းနဲ့ စုမုယူကို ကြည့်လိုက်ပါတယ်။အဆင့်၆မိစ္ဆာသားရဲတွေရဲ့ မိစ္ဆာဝိညာဉ်တွေကတော့ အားနည်းသည့် ဝင်ကစွပ် ခန္ဓာကိုယ်တွေကိုသာ အပိုင်စီးလေ့ ရှိတတ်ပါတယ်။ သန်မာသည့် စိတ်ဝိညာဉ်ကို ပိုင်ဆိုင်ထားတဲ့ သိုင်းပညာရှင်တွေရဲ့ ခန္ဓာကိုယ်ကို အပိုင်စီးဖို့ကျတော့ အချိန်အကြာကြီး ပေးရတယ်လေ။ ပြီးတော့ ထိုပညာရှင်ရဲ့ စိတ်ဝိညာဉ်က သူတို့ကိုတောင် ပြန်တိုက်ခိုက်နိုင်သည့် ပြသနာ ရှိပါတယ်။ စုမုယူနဲ့ လီဖူချန်းတို့ရဲ့ စိတ်ဝိညာဉ်တွေက သည်သင်းချိုင်းထဲကို ရောက်လာတဲ့ သူတွေထဲမှာ အသန်မာဆုံး ဖြစ်နေတဲ့အတွက် မိစ္ဆာဝိညာဉ်တွေက သူတို့နှစ်ယောက်ရဲ့ ခန္ဓာကိုယ်ကို အပိုင်မစီးရဲတာပါ။လီဖူချန်းရဲ့ နဖူးကနေတော့ ပဲစေ့မျှရှိသည့် ချွေးသီးချွေးပေါက်တွေက စတင်ကျဆင်းလာပါပြီ။သူ့ရဲ့ စိတ်ဝိညာဉ် နယ်ပယ်ထဲမှာ ရှိနေတဲ့ ရွှေရောင်လက်ဖွဲ့အဆောင်က အန္တရာယ်အနံ့ကို ရလိုက်သည့်အလား အဆက်မပြတ် တုန်ခါနေပါတယ်။" ငါ ဘာလုပ်ရမလည်း လီဖူချန်းက သူ့ရဲ့ခန္ဓာကိုယ်ကို သူမဟုတ်သည့် အခြားဝိညာဉ်တစ်ခုက ဝင်ကစွပ်ခန္ဓာကိုယ်အဖြစ် အသုံးချသွားမှာကို လုံးဝ လက်သင့် မခံနိုင်ပါဘူး။ဒါက သေတာထက်ကို ဆိုးသည့် အရာတစ်ခုပင် မဟုတ်ပါလား။သူ့ရဲ့ခန္ဓာကိုယ်ကို အစစ်အမှန် ဝိညာဉ်တစ်ကောင်က အပိုင်စီးလိုက်ရင် သူ့ရဲ့ စိတ်ဝိညာဉ်က ဘယ်ကို သွားရမည်နည်း။သူ့ခန္ဓာကိုယ် မောင်ပိုင်စီးမည့် အစစ်အမှန် ဝိညာဉ်က သူ၏ စိတ်ဝိညာဉ်ကို အကျဉ်းချထားမည်လော။ဖန်ကျင်းဆောင်က စုမုယူရဲ့ အနားကို တဖြည်းဖြည်း တိုးကပ်သွားခဲ့ပါတယ်။" အား...... မလာနဲ့ ... င့ါအနားကို မလာနဲ့ "စုမုယူရဲ့ ငယ်သံပါအောင် အော်လိုက်ပါတယ်။အခုလက်ရှိ စုမုယူရဲ့ မျက်နှာကတော့ စတွေ့တုန်းကလို မာနမကြီးနိုင်တော့ပါဘူး။ သူမရဲ့ မျက်နှာပေါ်မှာ ပေါ်နေတဲ့ အကြောက်တရားတွေက သည်ပါရမီရှင် မိန်းမငယ်လေးကလည်း အခြားလူတွေလို ကြောက်တတ်တာပဲ ဆိုတာကို ဖော်ပြနေပါတယ်လေ။" ကောင်းလိုက်တဲ့ အရိုးတည်ဆောက်ပုံနဲ့ သန်မာလိုက်တဲ့ စိတ်ဝိညာဉ်ပါလား။ အစစ်အမှန် ဝိညာဉ်ဖြစ်တဲ့ ငါတောင်မှ သည်ခန္ဓာကိုယ် ထိန်းချုပ်ဖို့အတွက် အချိန်ပေးရနိုင်တယ်။ အံ့သြစရာပဲ...... တကယ့်ကို ကျေနပ်စရာ ကောင်းလိုက်တာ......"စုမုယူက တဟီးဟီး ရယ်လိုက်ပြီး ဟစ်ကြွေးလိုက်ပါတယ်။" ငါ့ရဲ့ ခန္ဓာကိုယ်ထဲက ထွက်သွားစမ်း " စုမုယူရဲ့ မျက်လုံးတွေကတော့ လူသားမျက်လုံးတွေ ဖြစ်နေဆဲပါပဲ။ သူမက အကြောက်တရားကို ထိန်းချုပ်ပြီး အစစ်အမှန် စိတ်ဝိညာဉ်ကိုပြန်လည် ဖိအားပေးနေပါတယ်။" ဟားဟား...... တစ်ကယ်လို့ငါသာ တိုက်ပွဲဝိညာဉ် နယ်ပယ်ပညာရှင်တစ်ယောက် ချန်ထားခဲ့တဲ့ အစစ်အမှန် စိတ်ဝိညာဉ်ဆိုရင်တော့ မင်းရဲ့ ဖိအားပေးမှုက အလုပ်ဖြစ်မှာပဲ။ နှမြောစရာပဲ...... ငါရဲ့ နဂိုမူလအဆင့်က တိုက်ပွဲဝိညာဉ်နယ်ပယ်ထက် မြင့်တယ်ကွ။"အချိန်တဖြည်းဖြည်း ကြာလာတာနှင့်အမျှ စုမုယူရဲ့ မျက်လုံးတွေက မှိန်ကျသွားပြီး သူမရဲ့ ချီအရှိန်အဝါတွေကလည်း အေးစိမ့်လာခဲ့ပါပြီ။စုမုယူရဲ့ ခန္ဓာကိုယ်ကတော့ အပိုင်စီး ခံလိုက်ရသည့် ပုံပါပဲ။ " စုမုယူ...... လက်မလျော့လိုက်နဲ့...... သတိထားစမ်း"အဲသည်အချိန်မှာပဲ လီဖူချန်းက ရုတ်တရက် အသံထွက်လာနိုင်သည့်အတွက် ကျယ်လောင်စွာ အော်ဟစ်ပြီး စုမုယူကို သတိပေးလိုက်ပါတယ်။စုမုယူကတော့ ဘာမှ တုံ့ပြန်မှု မရှိတော့ပါဘူး။ အသက်ရှုချိန် အနည်းငယ် ကြာသွားတဲ့အချိန်မှာတော့ စုမုယူက လီဖူချန်းဘက်ကို လှည့်လာခဲ့ပါတယ်။" ထူးဆန်းလိုက်တာ...... မင်းရဲ့ စိတ်ဝိညာဉ်က သည်ကောင်မလေးထက်ကို အားကောင်းနေတာပဲ။ ဒါပေမယ့် မင်းရဲ့ ချီအရှိန်အဝါတွေကတော့ ကောင်မလေးလောက် မသန့်စင်သေးဘူး။ မင်းရဲ့ ခန္ဓာကိုယ်ကိုတော့ ငါတောင်မှ ထိန်းချုပ်နိုင်ပါ့မလား......"စုမုယူက ဝေခွဲမရသည့် ပုံဖြင့် ပြောလိုက်ပါတယ်။ခန္ဓာကိုယ်တစ်ခုကို အပိုင်စီးရတဲ့ အလုပ်က အစစ်အမှန် ဝိညာဉ်တွေအတွက် တော်တော် ဒုက္ခများပါတယ်။ စိတ်ဝိညာဉ်အားနည်းတဲ့ ခန္ဓာကိုယ်ကို အပိုင်စီးရတာက သိပ်ပြသနာ မဟုတ်ပါဘူး။ ဒါပေမယ့် စုမုယူလို စိတ်ဝိညာဉ်အားကောင်းသည့် ခန္ဓာကိုယ်ကို အပိုင်စီးရတာက သူ့ကို အတော်လေး အားကုန်သွားစေပါတယ်။ တစ်ကယ်လို့သာ သူက လီဖူချန်းရဲ့ ခန္ဓာကိုယ်ကို အပိုင်မစီးနိုင်ခဲ့ရင် ဘာမှ အကျိုးအမြတ် မရသည့်အပြင် စိတ်ဝိညာဉ်ခွန်အား ဆုံးရှုံးမှုတောင် ဖြစ်လာနိုင်ပါတယ်။ပြီးတော့ စိတ်ဝိညာဉ် ခွန်အားဆိုတာက မွေးရာပါ ပါရမီတွေနှင့် သက်ဆိုင်နေတာမှ မဟုတ်တာလေ။ ဒါက လူတစ်ယောက်ရဲ့ ခက်ခဲသည့် ဘဝအတွေ့အကြုံတွေကို ဖြတ်သန်းခဲ့ရတာနဲ့လည်း အနည်းငယ် သက်ဆိုင်နေပါသေးတယ်။" ဟား...ဟား... ကြည့်ရတာတော့ ရာစုနှစ်တွေ အကြာကြီး ဝိညာဉ်ဘဝနဲ့ နေခဲ့ရတဲ့ အတွက် ငါ့ရဲ့ သတ္တိတွေက ကြောင်ကုန်ပြီ ထင်ပါရဲ့။ လက်တွေ့မစမ်းသပ်ကြည့်ဘဲနဲ့ သည်ကောင်လေးရဲ့ အထုံပါရမီကို ဘယ်လိုလုပ် သိနိုင်မှာလည်း။ သည်ကောင်လေးရဲ့ ပါရမီတွေက ငါအိပ်မက်မက်ခဲ့တဲ့ အဆင့်ကို ရောက်ရင် ရောက်နေမှာ "စုမုယူက နှုတ်ခမ်းကို လျှာနဲ့သပ်လိုက်ပြီး လီဖူချန်းဆီကို လျှောက်လာခဲ့ပါပြီ။ဟူး......!အလင်းပြောက်လေးတစ်ခုက လီဖူချန်းရဲ့ မျက်ခုံးနှစ်ခုကြားထဲကို ဝင်လာခဲ့ပါတယ်။စုမုယုကတော့ မျက်လုံးမှိတ်ပြီး မြေကြီးပေါ်ကို ပုံရက်သား လဲကျသွားပါပြီ။အလင်းပြောက်လေးကတော့ လီဖူချန်းရဲ့ စိတ်ဝိညာဉ်နယ်ပယ်ထဲကို ရောက်လာပြီး အရိပ်လူအသွင် ပြန်လည်ပြောင်းသွားခဲ့ပါတယ်။လီဖူချန်းရဲ့ အပြာနုရောင် စိတ်ဝိညာဉ်ကို မြင်လိုက်တဲ့အခါမှာတော့ ထိုအရိပ်လူက ဆွံ့အသွားခဲ့ပါပြီ။" ဒါက ဘယ်လိုစိတ်ဝိညာဉ် အမျိုးအစားလည်း ......။ သည်စိတ်ဝိညာဉ်က ဘယ်လိုလုပ်ပြီး အရောင်ရှိနေရတာလည်း .........။ သည်အရှိန်အဝါ...... အိုး ...... သည်စိတ်ဝိညာဉ်က အရမ်းကို သန့်စင်နေတာပဲ။ ဒါက လူတစ်ယောက်ရဲ့ စိတ်ဝိညာဉ်ကော ဟုတ်သေးရဲ့လား......"" ငါ့ခန္ဓာကိုယ်ထဲကနေ ထွက်သွားစမ်း "စိတ်ဝိညာဉ်နယ်ပယ်ထဲမှာတော့ လီဖူချန်းရဲ့ ပုံရိပ်တစ်ခု ဖြစ်တည်လာခဲ့ပါတယ်။ ဒါကတော့ လီဖူချန်းရဲ့ အသိစိတ်အာရုံပါ။သည်လူအရိပ်ကို ပြန်လည်တိုက်ထုတ်ဖို့အတွက် လီဖူချန်းရဲ့ အသိစိတ်အာရုံက လီဖူချန်းအသွင် ဖြစ်တည်လာခဲ့တာပါ။ ဒါက မြေကမ္ဘာအဆင့် ပညာရှင်မပြောနှင့်။ ကောင်းကင်နယ်ပယ် ပညာရှင်တွေတောင်မှ မလုပ်နိုင်ပါဘူး" ဝိုး...... အသိစိတ်အာရုံ ပုံရိပ်ပါလား...... မင်းက တစ်ကယ်ကို ထူးခြားတာပဲ "အစစ်အမှန် စိတ်ဝိညာဉ် အရိပ်လူက ဝမ်းသာအားရ ရယ်မောလိုက်ပါတယ်။ အစောပိုင်းတုန်းကတော့ သူက လီဖူချန်းရဲ့ အရိုးတည်ဆောက်ပုံကို စစ်ဆေးဦးမလို့ပါဘဲ။ ဒါပေမယ့် အခုတော့ လီဖူချန်းရဲ့ စိတ်ဝိညာဉ်ကို မြင်ပြီးတာနဲ့ သူ့ရဲ့ အတွေးတွေက ပြောင်းလဲသွားခဲ့ပါပြီ။ သူက စုမုယူရဲ့ ခန္ဓာကိုယ်အစား လီဖူချန်းရဲ့ ခန္ဓာကိုယ်ကို ပိုကြိုက်နှစ်သက်လာသည်လေ။သည်လိုအစွမ်းထက်တဲ့ စိတ်ဝိညာဉ်နဲ့ဆိုရင် သူ့ရဲ့ နဂိုမူလ အဆင့်ကို ပြန်ရောက်ရုံမက အဲသည်ထက်မြင့်တဲ့ နယ်ပယ်တွေကိုပါ အခက်အခဲမရှိ တက်လှမ်းသွားနိုင်မည်ဟု အရိပ်လူက ခံစားနေရပါတယ်။" သွားစမ်း! "လီဖူချန်းရဲ့ လက်ထဲမှာ ဓားတစ်လက် ပေါ်လာပြီးနောက်မှာတော့ သူက အရိပ်လူကို လှမ်းခုတ်လိုက်ပါတယ်။" မင်းရဲ့ စိတ်ဝိညာဉ်အားကတော့ တကယ်သန်မာတယ်ဆိုတာ ငါလက်ခံတယ်။ ဒါပေမယ့်လည်း ငါ့ကို ယှဉ်နိုင်ဖို့တော့ မဖြစ်နိုင်သေးဘူး။"အရိပ်လူက လက်သီး တစ်ချက် ထိုးလိုက်တာနဲ့ လီဖူချန်းတစ်ယောက် လွင့်ထွက်သွားခဲ့ပါတယ်။" ထွက်သွား"လီဖူချန်းရဲ့ စိတ်ပိုင်းဖြတ်ထားမှုက အင်မတန်မှ ကြံ့ခိုင်သည့်အတွက် သူ့ရဲ့ အသိစိတ်အာရုံ ပုံရိပ်ကလည်း လွယ်လွယ်နှင့်တော့ ပျက်စီးမသွားခဲ့ပါဘူး။သူ့ရဲ့အသိစိတ် ပုံရိပ်က အရိပ်လူဆီကို ပြန်လည် ခုန်ဝင်လာခဲ့ပြန်ပါတယ်။ သည်တစ်ခါမှာတော့ သူ့လက်ထဲက ဓားက တစ်လက်တည်း မဟုတ်တော့ဘဲ မရေမတွက်နိုင်တဲ့ ဓားအရိပ်တွေအဖြစ် ပြောင်းသွားပြီး အရိပ်လူကို ချောင်ပိတ် တိုက်ခိုက်လိုက်ပါတယ်။အဆုံးမဲ့အာဏာ အပိုင်း ၂၂၀" စိတ်ဝင်စားစရာပဲ...... သည်အတိုင်းဆိုရင်တော့ မင်းရဲ့ ခန္ဓာကိုယ်ကို အပိုင်စီးဖို့အတွက် ငါ့ရဲ့ အစစ်အမှန်စိတ်ဝိညာဉ်ခွန်အားကို တစ်ဝက်လောက် သုံးရတော့မယ်ထင်တယ်။ ဒါပေမယ့်လည် တန်ပါတယ်လေ။ မင်းရဲ့ ခန္ဓာကိုယ်က ငါ့အတွက်တော့ အဖိုးမဖြတ်နိုင်တဲ့ ရတနာ တစ်ပါးပဲ။ "အရိပ်လူက နောက်ထပ်လက်သီးတစ်ချက် ထပ်ထုတ်လိုက်ပါတယ်။သည်လက်သီးက လီဖူချန်းရဲ့ စိတ်ဝိညာဉ်နယ်ပယ် တစ်ခုလုံးကိုတောင် ပြည့်နှက်သွားသလိုပါပဲ။ဘုန်း!pလီဖူချန်းရဲ့ ဓားအရိပ်တွေ အကုန်လုံးက ပျောက်ကွယ်သွားခဲ့ပါပြီ။လီဖူချန်ရဲ့ အသိစိတ်အာရုံ ပုံရိပ်ကတော့ နောက်ထပ်တစ်ခါ လွင့်ထွက်သွားပြန်ပါတယ်။" အား...... သည်အရိပ်လူရဲ့ စွမ်းအားကတော့ကွာ........."လီဖူချန်းရဲ့ အသိစိတ်အာရုံ ပုံရိပ်က အနည်းငယ်တောင် မှိန်ဖျော့သွားခဲ့သလိုပါပဲ။သူ့ရဲ့ ဓားအရိပ်တွေက အသိစိတ်အာရုံ ကနေ ဖြစ်တည်လာခဲ့တာလေ။ သည်ဓားအရိပ်တွေက ချေဖျက်ခံလိုက်ရတဲ့အတွက် အသိစိတ်အာရုံပုံရိပ်ကို အနည်းငယ် ထိခိုက်စေခဲ့ပါတယ်။အရိပ်လူက တဖြည်းဖြည်း ကြီးမားလာပြီး မိုးထိအောင် မြင့်မားလာခဲ့ပါပြီ။" ပျောက်ကွယ်သွားစမ်း "ထို့နောက်မှာတော့ တောင်တစ်ခုလောက် ရှိသည့် လက်သီးကြီးတစ်ခုက လီဖူချန်းဆီကို ကျလာခဲ့ပါတယ်။ လီဖူချန်းရဲ့ အသိစိတ်အာရုံပုံရိပ် ကတော့ သည်လက်သီးကြီးနှင့် ယှဉ်လိုက်ရင် ပုရွက်ဆိတ်တစ်ကောင် သာသာမျှသာ ရှိပါတယ်။ လီဖူချန်းကတော့ ရှောင်တိမ်းစရာ နေရာကို မရှိတော့ပါဘူး။" ငါ့ရဲ့ အသိစိတ်ပုံရိပ်ကတော့ သည်လက်သီးချက်ကြောင့် ပျက်စီးသွားတော့မှာပဲ။ ဒါပေမယ့်လည်း ငါသေတဲ့အထိ အရှုံးမပေးဘူးကွ။"လီဖူချန်းနေရာမှာသာ တစ်ခြားတစ်ယောက်ဆိုရင် သေချာပေါက် မခုခံတော့ဘဲ လက်လျော့လိုက်ပါပြီ။အဲလိုသာ လက်လျော့လိုက်မယ်ဆိုရင် သူတို့ရဲ့ စိတ်ဝိညာဉ်ခွန်အားက လျော့နည်းသွားပြီး တစ်ဖက်လူရဲ့ ထိန်းချုပ်မှုကို ခံလိုက်ရမှာပါ။လီဖူချန်းကတော့ ခိုင်မာစွာ ဆုံးဖြတ်ထားသည့်အလျောက် လုံးဝကို နောက်မတွန့်သွားပါဘူး။အဲသည်အတွက် ထူးကဲလှတဲ့ အရှိန်အဝါတွေနှင့် ဓားတစ်လက်က သူ့လက်ထဲမှာ ပြန်ဖြစ်တည်လာပါတယ်။ရွှပ်!လီဖူချန်းက အရိပ်လူရဲ့ လက်သီးကြီးကို ဖောက်ထွက်သွားခဲ့ပါတယ်။" မင်းကငါ့ကို ဒဏ်ရာ ရစေတာလား......"အရိပ်လူက ဒေါသတကြီး ဟိန်းဟောက်လိုက်ပါတယ်။လူတစ်ယောက်ရဲ့ အစစ်အမှန်ဝိညာဉ်က အားနည်းသွားရင် အချိန်ယူပြီး ပြန်လည် ဖြည့်တင်းလို့ ရပါတယ်။ ဒါပေမယ့် အစစ်အမှန်ဝိညာဉ်က ဒဏ်ရာရသွားရင်တော့ ပြန်လည်ကောင်းမွန်လာဖို့အတွက် အင်မတန်မှာ ခဲယဉ်းပါတယ်လေ။ အဲသည် အကျိုးသက်ရောက်မှုက အနာဂတ် ကျင့်ကြံမှုကိုတောင် ထိခိုက်စေနိုင်ပါသေးတယ်။လီဖူချန်းလုပ်လိုက်တာက ဒဏ်ရာသေးသေးလေးပင် ဖြစ်ပေမယ့် အရိပ်လူကတော့ အကြီးအကျယ် ဒေါသထွက်သွားပါပြီ။" မင်းမှာက ဓားရှိတယ်ပေါ့လေ......။ အေး...... ငါ့မှာလည်း ရှိတယ်ကွ"မိုးထိအောင် မြင့်မားလှသည့် မီးခိုးရောင် ဓားတစ်လက်က အရိပ်လူရဲ့ လက်ထဲမှာ ပေါ်လာခဲ့ပါတယ်။ ထို့နောက်မှာတော့ အရိပ်လူက လီဖူချန်းကို ဓားဖြင့် ပိုင်းချလိုက်ပါပြီ။ရွှမ်း!လီဖူချန်းတစ်ယောက်ကတော့ သည်ဓားချက်က သူ့ရဲ့ အသိစိတ်အာရုံပုံရိပ်ကို ပိုင်းဖြတ် သွားတော့မယ်ဆိုတာကို ကောင်းကောင်းကြီး ခံစားလိုက်ရပါတယ်။ သည်ဓားရဲ့ ဖိအားကိုတော့ သူဘယ်လိုမှ တောင့်ခံနိုင်တော့မှာ မဟုတ်ပါဘူး။ဗြိ!ဓားချက်က လီဖူချန်းရဲ့ အသိစိတ်အာရုံ ပုံရိပ်ကို အပိုင်းပိုင်း ပြတ်စေခဲ့ပါပြီ။ လီဖူချန်းရဲ့ အသိစိတ်အာရုံပုံရိပ်က တဖြည်းဖြည်း မှုန်ဝါးသွားပြီး နှင်းပွင့်တွေအဖြစ် ပြောင်းလဲသွားပါတော့တယ်။သည်လက္ခဏာက သိပ်မကြာခင်မှာဘဲ လီဖူချန်းရဲ့ အသိစိတ်အာရုံ ကွယ်ပျောက်သွားတော့မယ့် နမိတ်ပါ။"ငါမထွက်သွားချင်သေးဘူး။ သည်လောကပေါ်ကနေ သည်အတိုင်း မထွက်သွားလိုက်နိုင်ဘူး "လီဖူချန်းကတော့ တီးတိုးရေရွတ်နေဆဲပါပဲ။သူကအခုထက်ထိ အရှုံးမပေးချင်သေးပါဘူး။" ငါ့ရဲ့ စွမ်းရည်က အဆင့်နိမ့်တယ်ဆိုတာကိုတော့ ငါဝန်ခံတယ်။ ဒ့ပေမယ့်...... ငါရဲ့ စိတ်ဓာတ်ကတော့ မင်းထင်သလောက် မပျော့ညံ့ဘူးကွ။"" မင်းက တိုက်ပွဲဝိညာဉ်နယ်ပယ်အထက်က ပညာရှင်ရဲ့ အစစ်အမှန် ဝိညာဉ်ဖြစ်တော့လည်း ဘာအရေးလည်း။ ဒါက ငါ့ရဲ့ ခန္ဓာကိုယ်ကွ......။ ငါ့ရဲ့ စိတ်ဝိညာဉ်နယ်ပယ်......။ ငါက ငရဲပြည်တံခါးဝကို ရောက်နေရင်တောင် အရှုံးဆိုတာကို လက်မခံဘူးကွ။ ငါ့ခန္ဓာကိုယ်ထဲကနေ ထွက်သွားစမ်း......"လီဖူချန်းရဲ့ အသိစိတ်အာရုံပုံရိပ်က ပြန်လည် ဖြစ်တည်လာခဲ့ပြန်ပါပြီ။သည်တစ်ခါမှာတော့ အသိစိတ်ပုံရိပ်က လီဖူချန်း မဟုတ်တော့ပါဘူး။ အဲဒါက စွမ်းအင်တွေ ပြည့်နှက်နေတဲ့ ဓားတစ်လက်ပါ။သည်ဓားထဲမှာတော့ လီဖူချန်းရဲ့ သန်မာသည့် စိတ်ဝိညာဉ် ၊ အသိစိတ်အာရုံနှင့် အရှုံးကို လက်မခံသည့် စိတ်ဓာတ်ခွန်အားတွေ ခိုအောင်းနေပါတယ်။သည်ဓားက လီဖူချန်းအတွက်တော့ အရာရာပါပဲ။ သူက သူ့ရဲ့ ဖြစ်တည်မှုကိုတောင် မေ့ထားပါတယ်။ သူ့ဆီမှာ ရှိနေတဲ့ တစ်ခုတည်းသော အတွေးကတော့ အဆုံးအထိ တိုက်ခိုက်ပြီး နောင်တမရှိ သေမယ်ဆိုတာပါပဲ။ရွှီး!ဓားနဲ့လူ တစ်သားတည်းဖြစ်နေတဲ့ လီဖူချန်းက မိုးထိအောင် မြင့်နေတဲ့ အရိပ်လူကြီးဆီကို ခုန်ဝင်သွားခဲ့ပါပြီ။အရိပ်လူက သူ့ရဲ့ မီးခိုးရောင် ဓားနဲ့ လှမ်းပြီး ကာလိုက်ပေမယ့်လည်း.........ဖောက်!ဓားနဲ့လူ တစ်သားတည်း ဖြစ်နေတဲ့ လီဖူချန်းကတော့ အစောပိုင်းတုန်းကနှင့် လားလားမျှ မတူတော့ပါဘူး။ သူက လျင်မြန်သွက်လက်စွာပင် အရိပ်လူရဲ့ ဓားချက်ကို ရှောင်လိုက်ပြီး ရန်သူရဲ့ ခန္ဓာကိုယ်ကို ဖောက်ထွက်သွားခဲ့တယ်လေ။မိုးလောက်ထိ မြင့်နေတဲ့ အရိပ်လူကတော့ ကျယ်လောင်စူးရှစွာ အော်ဟစ်နေခဲ့ပါပြီ။ သူ့ရဲ့ ရင်ဘတ်ပေါ်မှာတော့ အပေါက်ကြီး တစ်ခု ရှိနေခဲ့ပါတယ်။ သည်ဒဏ်ရာကတော့ ပြီးခဲ့တဲ့ တစ်ခေါက်ကထက်ကို ၁၀ဆမက ပြင်းထန်သွားသည့် ပုံပင်။အဲသည်ပိုဆိုးတာက သူက တိုက်ပွဲဝိညာဉ်နယ်ပယ်အထက်က ပညာရှင် ချန်ထားခဲ့တဲ့ အစစ်အမှန် ဝိညာဉ်လေ။အခုတော့ သူက ဘာမဟုတ်သည့် မြေကမ္ဘာနယ်ပယ်အဆင့်က ကောင်လေးတစ်ယောက်ရဲ့ လက်ချက်နဲ့ ဒဏ်ရာရသွားခဲ့တယ်။ဒါက သူ့ မျက်နှာကို တံတွေးဆွတ်ပြီး ရိုက်ထည့်လိုက်သလိုပါပဲ။ လုံးဝ ရင်ထဲ၊ အသည်းထဲကကို နာပါတယ်။" မင်းက ငါ့ရဲ့ အမျက်ဒေါသကို စမ်းလိုက်တာပဲ "အရိပ်လူရဲ့ ခန္ဓာကိုယ် နဂိုမူလ ပုံစံအတိုင်း ပြန်ဖြစ်သွားခဲ့ပါပြီ။ ဒါပေမယ့် သူ့ရဲ့ ခန္ဓာကိုယ်ကနေ ထွက်နေတဲ့ အရှိန်အဝါတွေကတော့ အရင်ကထက် ပိုပြီး ကြောက်စရာ ကောင်းလာပါတယ်။ထို့နောက်မှာတော့ အရိပ်လူက လီဖူချန်းရဲ့ အသိစိတ်အာရုံပုံရိပ်ဖြစ်တဲ့ ဓားကို ပိုင်းချလိုက်တယ်လေ။အစစ်အမှန် စိတ်ဝိညာဉ်ရဲ့ ဒေါသထွက်နေသည့် ဓားချက်ကိုတော့ လီဖူချန်းရဲ့ အသိစိတ်အာရုံဓားက ဘယ်လိုမှ တောင့်မခံနိုင်ခဲ့ပါဘူး။ဝုန်း!သည်ဓားချက်တစ်ချက်က လီဖူချန်းရဲ့ အသိစိတ် ပုံရိပ်ဓားကို ပျက်စီးသွားစေခဲ့ပြန်ပါပြီ။ လီဖူချန်းရဲ့ အသိစိတ်အာရုံကလည်း ပျောက်ကွယ်လုနီးပါး ဖြစ်သွားပါတယ်။" အဟင့်...... မင်းလို သာမည ကောင်လေးတစ်ယောက်က ငါ့ကို အာခံချင်တာလား......။ မင်းရဲ့ အသိစိတ်အာရုံကို ပျက်စီးစေတဲ့ တရားခံကတော့ မင်းကိုယ်တိုင်ပဲ။ ငါ့ကို လာအပြစ်တင်မနေနဲ့တော့......"အရိပ်လူက နှာခေါင်းရှုံ့ပြီး ပြောလိုက်ပါတယ်။အစောပိုင်းတုန်းကတော့ သူက လီဖူချန်းရဲ့ အသိစိတ်အာရုံကို ချန်ထားပေးဦးမလို့ပါပဲ။ သူ တဖြည်းဖြည်းနဲ့ လီဖူချန်းရဲ့ မှတ်ဥာဏ်တွေကို ပျောက်ကွယ်သွားစေချင်တာလေ။ အခုတော့ သူက လီဖူချန်းရဲ့ အသိစိတ်အာရုံကို ဖျက်ဆီးပစ်လိုက်ပါပြီ။ နတ်ဘုရားတွေဆင်းပြီး လာကယ်ရင်တောင် လီဖူချန်းကို ကယ်လို့ရတော့မှာ မဟုတ်ပါဘူး။အပြာနုရောင် စိတ်ဝိညာဉ်ကို ကြည့်နေရင်းနဲ့ အရိပ်လူက ပင့်သက်တောင် ရှိုက်လိုက်မိပါတယ်။သူ့ဘဝမှာ တစ်ခါမှာ သည်လောက်လှပပြီး သန့်စင်တဲ့ စိတ်ဝိညာဉ်မျိုးကို မမြင်ခဲ့ဖူးပါဘူး။ တကယ်လို့ သူသာ သည်စိတ်ဝိညာဉ်ကို အပြည့်အဝ စုပ်ယူလိုက်နိုင်မယ်ဆိုရင်တော့ သူ့ရဲ့ ထိုးထွင်းသိမြင်မှုက ဘယ်အဆင့်အထိတောင် ရောက်သွားနိုင်လိမ့်မလည်းလေ။ အဲသည်အချိန်ဆိုရင် သူ့ကို ယှဉ်နိုင်မယ့်သူတောင် ရှိတော့မယ် မထင်ပါဘူး။အရိပ်လူက တစ်ချက် လှုပ်လိုက်ပြီး အပြာရောင် စိတ်ဝိညာဉ် ရှိရာဆီကို ချည်းကပ်သွားပါတယ်။အစကနေ အခုချိန်အထိ သူက ရွှေရောင်လက်ဖွဲ့အဆောင်ရဲ့ တည်ရှိမှုကို မခံစားမိသေးပါဘူး။သည်ရွှေရောင်အဆောင်လက်ဖွဲ့က လီဖူချန်း တစ်ယောက်တည်းအတွက် တည်ရှိနေတဲ့ ပုံပါပဲ။ဘုန်း!အရိပ်လူက အပြာနုရောင် စိတ်ဝိညာဉ်ထဲကို ဝင်ဖို့ လုပ်နေတဲ့ အချိန်မှာဘဲ ရွှေရောင် အလင်းတန်းတွေက ထွက်ပေါ်လာပြီး အရိပ်လူကို တွန်းထုတ်လိုက်ပါတယ်။အပြာနုရောင် စိတ်ဝိညာဉ်က တဖြည်းဖြည်းနဲ့ ထုတ်ချင်းဖောက် မြင်လာရတဲ့အထိ ကြည်လင်လာပါတယ်။ ရွှေရောင်လက်ဖွဲ့အဆောင်ကနေလည်း အဆုံးမရှိတဲ့ ရွှေအလင်းတန်းတွေ ထုတ်ပေးနေပါတယ်။ ထိုရွှေအလင်းတန်းတွေက အပြာရောင်စိတ်ဝိညာဉ်ကို ထိမိလိုက်တဲ့အခါမှာတော့ ရောင်စဉ်ခုနစ်မျိုး ဖြာထွက်လာပြီး လီဖူချန်းရဲ့ အသိစိတ်အာရုံကို ပြန်ဖြစ်တည်လာစေပါတယ်။ တစ်ချိန်တည်းမှာပင် ရွှေရောင်အလင်းတန်းတွေက လူအရိပ်လူကို လှုပ်ရှားမရအောင် ဖမ်းချုပ်ထားပါတယ်။" ရွှေရောင် လက်ဖွဲ့အဆောင်....... အဲဒါက ဘာကြီးလည်း......"အရိပ်လူကတော့ ထိတ်လန့်နေပါပြီ။သူက တိုက်ပွဲဝိညာဉ်နယ်ပယ်ထက်ကို အဆင့်မြင့်တဲ့ နယ်ပယ်က ပညာရှင်ရဲ့ အစစ်အမှန် စိတ်ဝိညာဉ်ပါ။ ဒါပေမယ့် အခုလက်ရှိမှာတော့ သူက ရွှေရောင်အမြူတေရဲ့ ဖိနှိပ်ထားခြင်းကို ခံနေရပါတယ်။" မင်းလို သေးငယ်နုံချာတဲ့ ပုရွက်ဆိတ်လေး တစ်ကောင်က ငါရွေးချယ်ထားတဲ့ သူရဲ့ စိတ်ဝိညာဉ်ကိုတောင် ဝါးမျိုချင်နေတာလား......။ အဆင်နိ့မ့်တဲ့ ကောင်...... မင်းကတော့ သေချင်နေတာပဲ "ရွှေရောင်အမြူတေက ပထမဆုံးကြိမ်အဖြစ် စကားပြောလာပါတယ်။" မင်းက ဘယ်သူလည်း......"အရိပ်လူက ကြောက်ရွံ့တုန်လှုပ်စွာဖြင့် မေးလိုက်ပါတယ်။သည်ရွှေရောင်အမြူတေကနေ ထွက်ပေါ်လာတဲ့ အရှိန်အဝါက မိုးမြေမဟာတာအိုကို ထိပ်တိုက်တွေ့ရတာထက်တောင် ကြောက်ဖို့ ကောင်းနေပါသေးတယ်။မိုးမြေမဟာတာအို ဆိုတာက ပြိုင်ဘက်မရှိတဲ့ တည်ရှိမှုတစ်ခုပါ။ အဲသည်အရာ တည်ရှိနေတာကို မမြင်နိုင်ပါဘူး။ ဒါပေမယ့် ခံစားလို့တော့ ရပါတယ်။အခု သည်ရွှေရောင်အမြူတေကတော့ မိုးမြေမဟာတာအိုထက်တောင် ပိုကြောက်ဖို့ ကောင်းမည့် ပုံပင်။" မင်းလို ပမွှားလေးက ငါ့ရဲ့တည်ရှိမှုကို သိနိုင်တဲ့ အဆင့်မှာ မရှိဘူး ။ သွားစမ်း။"ရွှေရောင်အလင်းတန်းတွေက အရိပ်လူကို တိုက်စားသွားခဲ့ပါပြီ။" ဒါက တကယ်မဖြစ်နိုင်ဘူး......"အရိပ်လူကတော့ မျက်စိတစ်မှိတ်လေးအတွင်းမှာပဲ သိမ်မွေ့နက်နက်သည့် အရှိန်အဝါတွေ ဖြာထွက်နေသည့် အရည်စက်လေး တစ်စက် ဖြစ်သွားခဲ့ပါတယ်။သည်အရည်စက်လေးက အင်မတန်မှ သန့်စင်နေပြီး အဆပေါင်းများစွာ ချဲ့ပြီး ကြည့်လိုက်ရင်တောင်မှာ မသန့်စင်တဲ့ အရိပ်အယောင် တစ်ခုမှ တွေ့ရမှာ မဟုတ်ပါဘူး။အဲသည်အချိန်မှာပဲ လီဖူချန်းရဲ့ အသိစိတ်အာရုံ ပုံရိပ်ကလည်း အပြည့်အဝ ပြန်လည် ဖြစ်တည်လာခဲ့ပါပြီ။"ငါ့ရဲ့ အသိစိတ်အာရုံက ပျက်စီးသွားပြီ မဟုတ်ဘူးလား"အသိစိတ်အာရုံ ဖျက်ဆီးခံလိုက်ရတုန်းကတော့ လီဖူချန်း တစ်ယောက် အမှောင်ထုကြီးထဲမှာ နစ်မြုပ်သွားခဲ့ပြီး သိပ်မကြာခင်မှာပဲ ပျောက်ကွယ်သွားတော့မယ်လို့ ခံစားနေခဲ့ရတာပါ။ပြန်လည်ဖြစ်တည်လာတဲ့ လီဖူချန်းရဲ့ အသိစိတ်အာရုံက အရင်ကထက်တောင် ပိုကြည်လင် ပြတ်သားလာပါသေးတယ်။ သူ့ရဲ့ အသိစိတ်အာရုံ ပုံရိပ်ကလည်း အရင်ကထက် ပိုအကောင်အထည် ပီပြင်လာပြီး ပိုပြီး ကျစ်လစ်လာပါသေးတယ်။ ကြည့်ရတာတော့ သည်အသိစိတ်အာရုံပုံရိပ်က သူ့ရဲ့ စိတ်ဝိညာဉ် ခွန်အားနဲ့ မသက်ဆိုင်သလိုပါပဲ။ ဒါက သီးခြားဖြစ်တည်လာတဲ့ အရာတစ်မျိုးပါ။စိတ်ဝိညာဉ်ခွန်အားက အသိစိတ်အာရုံနဲ့ အပြန်အလှန်တော့ ဆက်နွယ်မှု မရှိပါဘူး။ ဒါပေမယ့် အနည်းငယ်တော့ ဆက်နွယ်မှု ရှိပါတယ်။စိတ်ဝိညာဉ်ခွန်အား သန်မာလာတာနဲ့အမျှ အသိစိတ်အာရုံကလည်း ပိုပြီး အားကောင်းလာမယ်။ သည်အချက်ကတော့ မှန်ပါတယ်။ဒါပေမယ့် အသိစိတ်အာရုံ အားကောင်းလာတာမဲ့အမျှ စိတ်ဝိညာဉ်ခွန်အားက ပိုသန်မာလာတာကတော့ မဟုတ်ပါဘူး။ဥပမာအားဖြင့် ဆိုရရင် လီဖူချန်းကိုဘဲ နမူနာ ကြည့်လိုက်ပါ။သူ့ရဲ့ အသိစိတ်အာရုံက ကောင်းကင်နယ်ပယ် ပညာရှင်တွေနဲ့ ယှဉ်လိုင်ရင်တော့ သူတင်ကိုယ်တင် ရှိပေမယ့် သူ့ရဲ့ စိတ်ဝိညာဉ်ခွန်အားကတော့ ကောင်းကင်နယ်ပယ် ပညာရှင်တွေကို မီဖို့ အတော်ကြီး လိုပါသေးတယ်။" သည်အရည်စက်...... ဒါက ဘာကြီးလည်း "လီဖူချန်းက သူ့ရဲ့ အသိစိတ်အာရုံပုံရိပ် ကို လေ့လာနေရာကနေ ထိုထူးဆန်းတဲ့ အရည်စက်လေးကို သတိပြုမိလိုက်ပါတယ်။သည်အရည်စက်လေးက အင်မတန်မှ သန့်စင်နေသည့်အပြင် လီဖူချန်းရဲ့ အသိစိတ်အာရုံပုံရိပ်ကိုပါ ဆွဲဆောင်နေပါတယ်။ လီဖူချန်းက ထိချင်ကိုင်ချင်စိတ်ကို ထိန်းမရတော့တဲ့အတွက် အနားကို ချည်းကပ်သွားခဲ့ပါပြီ။လီဖူချန်း အရည်စက်လေးနဲ့ လူတစ်ကိုယ်စာလောက်သာ ကွာဝေးတော့တဲ့ အချိန်မှာတော့ အရည်စက်လေးက ရုတ်တရက် တောက်ပလာပြီး လီဖူချန်းရဲ့ အသိစိတ်အာရုံပုံရိပ်ထဲကို ပြေးဝင်သွားခဲ့ပါတယ်။ထို့နောက်မှာတော့ လီဖူချန်းရဲ့ အသိစိတ်အာရုံက ပေါက်ကွဲသွားလိုက်၊ ပြန်ဖြစ်တည်လာလိုက် ပြီးတော့ ထပ်ပေါက်ကွဲသွားလိုက် တစ်ဖန်ပြန်ပြီး ဖြစ်တည်လာလိုက်နဲ့ သံသရာ လည်နေခဲ့ပါပြီ။အချိန်ဆိုတာ ထိန်းချူပ်လို့ မရပါဘူး။ ဒါပေမယ့် လီဖူချန်းကတော့ သူ့ကိုယ်သူ အချိန်စက်ဝိုင်းထဲကနေ လွတ်မြောက်သွားခဲ့သလိုပဲ ခံစားနေရပါတယ်။အချိန်တွေ ဘယ်လောက်တောင် ကြာသွားမှန်းမသိတဲ့ အချိန်တစ်ခုမှာတော့ လီဖူချန်းရဲ့ အသိစိတ်အာရုံပုံရိပ်ရဲ့ ပေါက်ကွဲလိုက် ပြန်လည်ဖြစ်တည်လိုက်ဆိုတဲ့ သံသရာက ရပ်တန့်သွားခဲ့ပါပြီ။လီဖူချန်းရဲ့ အသိစိတ်အာရုံ ပုံရိပ်ထံကနေ လျို့ဝှက်နက်နဲတဲ့ အရှိန်အဝါတွေကလည်း ထွက်နေခဲ့ပါတယ်။" ငါ့ရဲ့ အသိစိတ်အာရုံပုံရိပ်က အဆတစ်ရာလောက် ကျစ်လစ်သိပ်သည်းသွားခဲ့တာပဲ။ "လီဖူချန်းက လုံးဝကို တအံ့တသြ ဖြစ်နေပါတယ်။သူ့ရဲ့ အသိစိတ်အာရုံပုံရိပ် က အဆင့်မြင့်ခန္ဓာကိုယ်သန့်စင် ကျမ်းတစ်အုပ်ကို လေကျင့်ထားသလိုတောင် ခံစားနေရပါပြီ။ အခုဆိုရင်တော့ သူ့ရဲ့ အသိစိတ်အာရုံက ပြန်လည်ဝင်စားခြင်းနယ်ပယ် ပညာရှင်တွေကိုတောင် ယှဉ်ပြိုင်နိုင်လိမ့်မည်ဟု လီဖူချန်းက ယုံကြည်နေပါတယ်။
YOU ARE READING
အဆုံးမဲ့အာဏာ (လီဖူချန်း)
حركة (أكشن)မူရင်းဘာသာပြန်ဆိုသူ - လေလွင့်လုလင် (အကုန်တတ်သခင်လေး) ZAWGYI / UNICODE