141-150

311 22 0
                                    

အဆုံးမဲ့အာဏာ    အပိုင်း၁၄၁
လျို့ဝှက်နည်းစနစ်

" မင်းအသုံးပြုသွားတဲ့ လျို့ဝှက်နည်းစနစ်က  ကြယ်၃ပွင့်လျို့ဝှက်နည်းစနစ် မဟုတ်လား "
လီဖူချန်းက ဇောင်ဝူကျင်းဆီကို ရောက်တာနဲ့ တစ်ပြိုင်နက် မေးခွန်းတစ်ခုနဲ့ စပြီး အမေးခံလိုက်ရပါတယ်။
လီဖူချန်းက  ခေါင်းညိတ်လိုက်ပြီး
" ဟုတ်ပါတယ် ခင်ဗျာ "
ဇောင်ဝူကျင်းက  ရှည်ရှည်ဝေးဝေးပြောမနေဘဲ တစ်ခါတည်းလိုရင်းကို ပြောလိုက်ပါတယ်။
" မင်းမှာ ရွေးချယ်စရာ နှစ်ခုရှိတယ်။ ပထမတစ်ခုက  ဂိုဏ်းတော်ကို ဒီနည်းစနစ်ကို မပေးအပ်ဘဲ ငြင်းဆိုတာ။  ဒုတိယတစ်ခုကတော့ ဂိုဏ်းတော်ကို  နည်းစနစ် ပေးအပ်တာ။ ဂိုဏ်းတော်ကို လျို့ဝှက်နည်းစနစ် ပေးအပ်ရင်  ထောက်ပံ့ရေးရမှတ် အများကြီး ပြန်ပေးမယ်။ မင်းဘယ်ဟာကို ရွေးမလည်း "

" ဒုတိယ " လီဖူချန်းက မဆိုင်းမတွပင် ပြန်ဖြေလိုက်ပါတယ်။သူ့လို ထောက်ပံ့ရေးရမှတ်ကို လိုအပ်နေတဲ့သူ အတွက်ကတော့ ဒါကြီးက 'ရေငတ်တုန်း ရေတွင်းထဲကျ' ဆိုသလိုပါဘဲ။
ကျန်းကလန်က လူတွေကတော့ မီးနဂါးလျို့ဝှက်နည်းစနစ်ကို လေ့ကျင့်ဖို့အတွက် ကျောက်စိမ်းဗုဒ္ဓရုပ်ပွားတော်ကို လိုအပ်ပါတယ်။ ဒါပေမဲ့ လီဖူချန်းလို နည်းစနစ်ကို အောင်မြင်ပြီးသား လူအတွက်ကတော့ စာရွပ်ပေါ်မှာ ချရေးလိုက်ရုံပါဘဲ။
" မင်းရွေးချယ်တာ ကောင်းတယ်" ဇောင်ဝူကျင်းက လီဖူချန်းကို စိတ်လိုလက်ပါ ချီးကျူးလိုက်ပါတယ်။ ထို့နောက်မှာတော့ သူက " လျို့ဝှက်နည်းစနစ်တစ်ခုကို ဂိုဏ်းတော်ကို ပေးအပ်ရင် ဂိုဏ်းတော်ကပြန်ပေးအပ်တဲ့ ပမာဏက လျို့ဝှက်နည်းစနစ်တွေကို လဲလှယ်တဲ့အခါ ပေးရတဲ့ ထောက်ပံ့ရေးရမှတ်တွေနဲ့တော့ မတူဘူးနော်။ ကြယ်တစ်ပွင့် လျို့ဝှက်နည်းစနစ်အတွက် လိုအပ်တဲ့ ထောက်ပံ့ရေးရမှတ်က ၅၀၀၀ ရှိတယ်။ ကြယ်နှစ်ပွင့် လျို့ဝှက်နည်းစနစ်ဆိုရင်တော့ ၅၀၀၀၀ ။ ကြယ်သုံးပွင့့် လျို့ဝှက်နည်းစနစ် ဆိုရင်တော့ ၅၀၀၀၀ အထိပေါ့လေ။ ဒါပေမဲ့ ဂိုဏ်းတော်ကို ပေးအပ်တဲ့အခါမှာတော့ ထောက်ပံ့ရေးရမှတ်တွေက နှစ်လလောက် တက်သွားတယ်။ အဲဒီအဓိပ္ပါယ်ကတော့ ဒီကြယ်၃ပွင့် လျို့ဝှက်နည်းစနစ်အတွက် မင်းပြန်ရမယ့် ထောက်ပံ့ရေးရမှတ်က တစ်သန်းတိတိ ဖြစ်တယ်ဆိုတာဘဲ။ ဘယ်လိုလည်း မင်းကျေနပ်ရဲ့လား"
"ဝိုး…… ထောက်ပံ့ရေးရမှတ် တစ်သန်းတောင်မှလား " လီဖူချန်းက မျက်ခုံးတောင် ပင့်မိသွားပါတယ်။
အမှတ်တစ်သန်းဆိုတာ လုံးဝကို သူမျှော်လင့်ထားတာထက်ကို ပိုလွန်နေပါတယ်လေ။ ကြည့်ရတာ ကျန်းကလန်အပေါ် ကျေးဇူးကြွေး တက်သွားပြီ ထင်ပါရဲ့။
မိုးပြာရောင်ဂိုဏ်းမှာကတော့ သိတဲ့အတိုင်းဘဲ ထောက်ပံ့ရေးရမှတ်တွေကို အရမ်းလိုအပ်တယ်လေ။ လီဖူချန်းလိုချင်တဲ့ အဆင့်မြင့်အတွင်းအားပညာရပ် အတွက်ဆိုရင် ပေးရမဲ့ ထောက်ပံ့ရေးရမှတ်တွေက နည်းနည်းနည်းနောနောမှ မဟုတ်ဘူးဆိုတာကို သူသိထားပါတယ်။
ဆန်းကြယ်အဆင့်မြင့် အတွင်းအားပညာရပ်တစ်ခုက အနည်းဆုံးတော့ ထောက်ပံ့ရေးရမှတ် ၂သိန်းအောက် မလျော့ပါဘူး။ ဆန်းကြယ်အထွတ်အထိပ် အတွင်းအားပညာရပ်ဆိုရင် ထောက်ပံ့ရေးရမှတ် တစ်သန်းတောင်လိုအပ်တာလေ။ ဂိုဏ်းတော်ရဲ့ အဓိက အတွင်းအားကျင့်စဉ်ဖြစ်တဲ့ အစစ်အမှန် မိုးပြာရောင်ရေစက် အတွင်းအားပညာနဲ့ အစစ်အမှန် ငရဲမီး ပညာရပ်ဆိုရင် ၁.၅သန်းလောက်ကို ပေးရတာပါ။
ဒါတောင် လီဖူချန်းလိုချင်နေတဲ့ အဆင့်မြင့်ဓားသိုင်းကျမ်းတွေကို ထည့်မတွက်ရသေးပါဘူး။
လီဖူချန်းရဲ့ အခုလက်ရှိ အဆင့်နဲ့ဆိုရင်တော့ အဝါရောင်အဆင့်နိမ့်ဓားသိုင်းတွေက သူ့ရဲ့ဓားတာအိုကို မဖွံ့ဖြိုးစေနိုင်တော့ဘူးလေ။မတူညီတဲ့ အဝါရောင်အဆင့်နိမ့်ဓားသိုင်း၁၀၀က ဓားပညာ အခြေခိုင်ဖို့ပါဘဲ။
အခုသူလိုအပ်တာက အဝါရောင်အလယ်အလတ်အဆင့်ရှိတဲ့ ဓားသိုင်းစာအုပ်တွေပါဘဲ။ များလေလေ ကောင်းလေပေါ့။ အဲဒါတွေပြီးရင်တော့ အဝါရောင်အဆင့်မြင့်တန်းက ဓားသိုင်းတွေနဲ့ အဝါရောင် အထွတ်အထိပ်အဆင့်က ဓားသိုင်းတွေပေါ့။အဲဒီအဆင့်တွေအတွက်လည်း ထောက်ပံ့ရေးရမှတ်တွေ အများကြီး လိုပါသေးတယ်။
ဒါတောင် နောက်ထပ် အသက်ကယ်ပစ္စည်းတွေ၊ချပ်ဝတ်တန်ဆာတွေ ၊ ဆေးဝါးတွေ ကျန်နေပါသေးတယ်။
" ဟူး……" တွေးရင်းနဲ့ လီဖူချန်းတစ်ယောက် ခေါင်းတောင်ကိုက်လာပါတယ်။  ဂိုဏ်းတော်ထဲမှာတော့ အရာရာဟာ ထောက်ပံ့ရေးရမှတ်ပါဘဲ။ ထောက်ပံ့ရေးရမှတ် မရှိလို့ကတော့  အရာရာက လီဖူချန်းအတွက် ခဲယဉ်းနေမှာပါ။
ဒီထောက်ပံ့ရေးရမှတ်အတွက် ငါးမျှားဖို့ကိုလည်း လီဖူချန်းက စိတ်မဝင်စားတော့ပါဘူးလေ။ ဘာဖြစ်လို့လည်းဆိုတော့ ငါးမျှားနေရတာက သူ့ရဲ့ ကျင့်ကြံခြင်းအချိန် တေ်ာတော်များများကို ဖြုန်းတီးပစ်နေသလို ခံစားနေရလို့ပါဘဲ။
" ကျန်းကလန်…… တစ်နေ့အကြောင်းတိုက်ဆိုင်လို့ ခင်ဗျားတို့ဆီ ရောက်လာခဲ့မယ်ဆိုရင်   ဒီကျေးဇူးကို ဆပ်ပါဦးမယ် " လီဖူချန်းက ကျန်းကလန်ကို ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်လိုက်မိပါတယ်။

အဆုံးမဲ့အာဏာ (လီဖူချန်း)Where stories live. Discover now