အဆုံးမဲ့အာဏာ အပိုင်း ၄၂၁
ဖုန်းရွှယ်ဂိုဏ်းသို့ အလည်အပတ်တစ်ခေါက်ခြံဝင်းတစ်ခုထဲကို ဆင်းသက်ပြီးတဲ့ နောက်မှာတော့ လီဖူချန်းဟာ အိမ်တံခါးကို ညင်သာတိုးတိတ်စွာနဲ့ တွန်းဖွင့်လိုက်ပါတယ်။
အိမ်ထဲမှာတော့ ဇောင်မင်းယွီတစ်ယောက် ရှိနေပြီး သူက အိပ်ယာထဲမှာ လဲလျောင်းနေတဲ့ အဘိုးဖြစ်သူ ဇောင်ဝူကျင်းကို ဆေးတိုက်ဖို့ ကြိုးစားနေပါတယ် ။ သူ့ရဲ့ မျက်နှာကတော့ အချိန်မရွေး ငိုချတော့မယ့် ပုံပါပဲ ။
ကျွီ……
ဇောင်မင်းယွီက အိမ်တံခါးကို တွန်းဖွင့်သံ ကြားလိုက်ရတဲ့အတွက် တစ်ချက် လှည့်ကြည့်လိုက်ပါတယ်။
" ဖူချန်း "
ဇောင်မင်းယွီရဲ့ မျက်ရည်တွေကတော့ အတားအဆီးမရှိ စီးကျလာခဲ့ပါပြီ ။
" အင်း…… ငါပြန်လာပြီ "
လီဖူချန်းက တိုးတိတ်စွာနဲ့ ပြောလိုက်ပါတယ်။ သူက ဇောင်မင်းယွီကို ဘယ်လိုနှစ်သိမ့်လို့ နှစ်သိမ့်ရမှန်း မသိတော့ပါဘူး ။" အဟင့်…… အဟင့်………။ နင်ဘာဖြစ်လို့ သည်လောက်အကြာကြီး ပျောက်သွားခဲ့တာလဲ ။ငါနဲ့ အဘိုးက နင့်ကို ဘယ်လောက် စိုးရိမ်နေသလဲ ဆိုတာကော သိရဲ့လား ။ ပြီးတော့ အဘိုးက အိပ်ယာထဲမှာ လဲနေတာတောင်မှ နင်ပြန်ရောက်လာပြီလားဆိုတာကို နေ့တိုင်း မေးနေသေးတယ် "
ဇောင်မင်းယွီက လီဖူချန်းရဲ့ ရင်ခွင်ထဲကို အတင်းတိုးဝင်လာပြီး အားရပါးရ ငိုချလိုက်ပါတော့တယ်။ သူ့ကို ကြည့်ရတာက သည်အတောအတွင်းမှာ အတော်လေး စိတ်ဆင်းရဲ နေခဲ့တဲ့ ပုံပါပဲ ။
လီဖူချန်းက ဇောင်မင်းယွီရဲ့ သွယ်လျလျ ခန္ဓာကိုယ်လေးကို ခပ်တင်းတင်း ပွေ့ဖက်လိုက်တာ ကျောပြင်ကို အသာအယာ ပွတ်သပ်ပေးလိုက်ပါတယ်။ပြီးမှ သူက လေသံတိုးတိုးဖြင့်
" မင်းယွီ……။ စိတ်မပူပါနဲ့တော့ ။ ငါပြန်ရောက်လာပြီပဲ "ထို့နောက်မှာတော့ လီဖူချန်းဟာ ဇောင်မင်းယွီကို အသာအယာ တွန်းဖယ်လိုက်ပြီး ဇောင်ဝူကျင်းဆီကို သွားလိုက်ပါတယ်။
" အကြီးအကဲခေါင်ချုပ်…… ။ ဖူချန်းပြန်ရောက်လာပါပြီ ။ စိတ်ပူစေမိခဲ့တဲ့အတွက် တောင်းပန်ပါတယ် "
သူက ဇောင်ဝူကျင်းရဲ့ အခြေအနေကို တစ်ချက်ကြည့်လိုက်ပြီး လေသံနူးညံ့စွာနဲ့ ပြောလိုက်ပါတယ်။
YOU ARE READING
အဆုံးမဲ့အာဏာ (လီဖူချန်း)
Actionမူရင်းဘာသာပြန်ဆိုသူ - လေလွင့်လုလင် (အကုန်တတ်သခင်လေး) ZAWGYI / UNICODE