121-130

242 24 0
                                    

အဆုံးမဲ့အာဏာ အပိုင်း ၁၂၁
အကြီးအကဲခေါင်ချုပ်ဇောင်

ဖန်းယွမ်စင်မြင့်ပေါ်မှာတော့  လျိုတိုင်ရှန်းက သေခါနီး ဝက်တစ်ကောင်လို လူးလိမ့်ပြီး အော်ဟစ်နေပါတယ်။  စင်အောက်က အတွင်းစည်းဂိုဏ်းသားတွေကတော့ အသံစိုးစိမျှ ထွက်မလာတော့ပါဘူး။ လီဖူချန်းက တစ်ကယ်ကြီးကို လျိုတိုင်ရှန်းရဲ့ လက်တစ်ဖက်ကို ခုတ်ဖြတ်ပစ်လိုက်တာလေ။ 
ချီအတွင်းအားယာယီတိုးစေတဲ့ ဆေးကိုသောက်သုံးထားတဲ့ လျိုတိုင်ရှန်းကို လီဖူချန်းက ဓားချက်တစ်ချက်တည်းနဲ့ဘဲ အနိုင်ယူလိုက်တယ်။
သူတို့တွေကို စဉ်းစားရင်း စဉ်းစားရင်းနဲ့ လီဖူချန်းကို ကြောက်လန့်လာကျပါတယ်။
" ဟေ့ကောင် …… ငါတို့အဲဒီကလေးရဲ့ ရုပ်ကို သေသေချာချာ မှတ်ထားသင့်တယ်နော်။ နောင်တစ်ချိန် ဒီကလေးကို တွေ့တာနဲ့ ဝေးဝေးက ရှောင်လို့ရတာပေါ့။ "
" အေး "
လီဖူချန်းက အခုချိန်မှာ စိတ်တန်ခိုးဖွဲ့စည်းခြင်းနယ်ပယ် အဆင့်၆မှာဘဲ ရှိပါသေးတယ်။ တစ်ကယ်လို့သူသာ စိတ်တန်ခိုးဖွဲ့စည်းခြင်းနယ်ပယ် အဆင့်၉ကို ရောက်သွားရင်တော့ မြေကမ္ဘာအဆင့်က ပညာရှင်တွေနဲ့တောင် ယှဉ်လို့ ရနိုင်မည့်ပုံပါဘဲ။
လီဖူချန်းကို အစောပိုင်းတုန်းက လှောင်ပြောင်ထားတဲ့ အတွင်းစည်းတပည့် အချို့ကတော့ လီဖူချန်းတစ်ယောက် မြေကမ္ဘာအဆင့်ကို မြန်မြန်ရောက်ပြီး တိုက်ရိုက်တပည့် အဆင့်ကို အမြန်ရောက်ပါတော့လို့ ဆုတောင်းနေကျပါပြီ။
အတွင်းစည်းတပည့်တွေထဲမှာ ဒီလိုနတ်ဆိုးတစ်ကောင် ပေါ်လာတာကို ခံနေမယ့်အစား တိုက်ရိုက်တပည့်အဆင့်ကို အမြန်တက်ပြီး နေရာပြောင်းသွားတာက ပိုကောင်းတဲ့အရာဘဲလေ။
သိပ်မကြာခင်နှစ်အတွင်းမှာတော့   ဒီကောင်လေးကြောင့် တိုက်ရိုက်တပည့်အချို့ ခေါင်းကိုက်ကျရတော့မှာကတော့   မလွဲမသွေပါဘဲလေ။
" တစ်ကယ်ကို အကြောက်အလန့်ကင်းမဲ့တဲ့ ကောင်ဘဲ။ ဒီကောင်က လျိုတိုင်ရှန်းရဲ့ လက်ကို တစ်ကယ်ကြီး ခုတ်ဖြတ်လိုက်တာဟ။ "
" လက်တစ်ဖက်ပြတ်သွားတာ လျိုတိုင်ရှန်းရဲ့ ဟန်ချက်ကို ပျက်သွားစေတယ်။ ဒါကနောင်တစ်ချိန်မှာ ကြီးမားတဲ့ အားနည်းချက်တစ်ခု ဖြစ်လာတော့မှာဘဲ။ "
" မှန်တယ်။ ဘယ်ဘက်လက်က ဓားကိုင်တဲ့လက် မဟုတ်တဲ့အတွက် တိုက်ခိုက်တဲ့နေရာမှာ သိပ်အသုံးမဝင်ဘူး။ ဒါပေမဲ့ ခန္ဓာကိုယ်ဟန်ချက်ထိန်းတဲ့အခါမှာတော့ ဘယ်ဘက်လက်က အရမ်းကို အရေးကြီးနေသေးတယ်။ ဒီလျိုတိုင်ရှန်းကတော့ သူနဲ့ လက်ရည်တူပြိုင်ဖက်တွေကို ဘယ်တော့မှ အနိုင်ယူနိုင်တော့မှာမဟုတ်ဘူး။ ဟူး……… နှမြောစရာဘဲ ။"
" ဟမ့်…… အစ်ကိုလျိုတိုင်ရှန်းရဲ့ လက်မောင်းကိုတောင်  ဖြစ်ပစ်ရဲတယ်။ ဒီလီဖူချန်းက လျိုကလန်ကို တစ်ကယ် ရန်စလိုက်တာဘဲ။ သူ့ရဲ့ အနာဂါတ်ကတော့ သိပ်အဆင်ပြေမယ် မထင်တော့ဘူး။ လျိုကလန်ကတော့ ဒီကောင့်ကို နည်းတစ်မျိုးမျိုးနဲ့ လုပ်ကြံသတ်ဖြတ်တော့မှာ။"

အဆုံးမဲ့အာဏာ (လီဖူချန်း)Where stories live. Discover now