61-70

273 31 0
                                    

အဆုံးမဲ့အာဏာ  အပိုင်း ၆၁
ကျင်းရှောင်ယု

" ဂိုဏ်းတူညီမလေး ကျူး……
စိတ်မရှိပါနဲ့။ အစ်ကိုဒီမှာ ခဏထိုင်ပါရစေ"

စားဖိုဆောင်ရဲ့တတိယထပ်မှာတော့
အရပ်မြင့်မြင့်၊ခပ်ချောချော လူငယ်လေးတစ်ယောက်က ကျူးဟောင်ရှု ရဲ့ အရှေ့မှာထိုင်ခွင့်တောင်းလိုက်ပါတယ်။
ကျူးဟောင်ရှုက ပေါ့ပေါ့ပါးပါးရယ်ပြလိုက်ပြီး
" ရပါတယ် အစ်ကို ကျင်းရယ်………
ဒီနေရာက ဟောင်ရှု ပိုင်တဲ့နေရာမှ မဟုတ်တဲ့ဟာကို"

ဒီလူငယ်ရဲ့နာမည်က ကျင်းရှောင်ယု ဖြစ်ပြီး အပြင်စည်းဂိုဏ်းရဲ့ ပြိုင်ဖက်ကင်း၁၀ ယောက်ထဲကတစ်ယောက်ဖြစ်ပါတယ်။
ဆင်းရဲဒုက္ခမျှော်စင်မှာတော့ အဆင့်၄၂ ဖြစ်ပါတယ်။

ဘယ်တုန်းကတည်းကစမှန်းတောင် မသိတော့ပါဘူး။
ကျင်းရှောင်ယုက မကြခဏဆိုသလို သူမနဲ့ အမှတ်အထင်တွေ့လေဟန် လုပ်ကာ သူမကို လာလာကြောင်နေတတ်ပါတယ်။

အမှန်အတိုင်းပြောရရင်  ကျူးဟောင်ရှုက မြေကမ္ဘာနယ်ပယ်ကို မရောက်မချင်း ချစ်သူထားဖို့ အစီအစဉ်မရှိပါဘူး။
ဒီအကြောင်းကိုလည်း သူမက ကျင်းရှောင်ယုကို အရိပ်အမြွက်ပြောပြီးသားဖြစ်ပါတယ်။
ဒါပေမဲ့ ကျင်းရှောင်ယုကတော့ လက်လျော့မသွားဘဲ
အမြဲတမ်းပြုံးနေကာ သူမရှိရာကို လာနေတတ်ပါတယ်။

" ညီမလေးကျူးက လံုးဝပါရမီရှင်ဘဲနော်။
အစ်ကိုတို့မတွေ့တာတောင် ဘယ်လောက်မှမကြာသေးဘူး။
ညီမက လူသားနယ်ပယ်အဆင့်၇ ကိုတောင်ရောက်နေပြီ။
ကြည့်ရတာ လူသားနယ်ပယ်အဆင့်၈ကို ရောက်ဖို့တောင် အချိန်သိပ်မလိုတော့ဘူးနဲ့တူတယ်။"

ကျင်းရှောင်ယုက သူရဲ့ခေါင်းကိုမော့လိုက်ပြီး ကျူးဟောင်ရှုကို မျက်တောင်မခတ်စတမ်းကို ကြည့်နေမိတယ်။
သူမရဲ့ နှင်းဆီရောင် နှုတ်ခမ်းဖူးဖူးလေးရယ်၊
သူမရဲ့နှာတံချွန်ချွန်လေးရယ်၊
သေးသွယ်ပြီး ခပ်ခုံးခုံးလေးနဲ့လှနေတဲ့ မျက်ခုံးလေးရယ် ၊
အဲဒီအရာအာလုံးက သူ့ရဲ့နှလုံးသားကို တစ်ဆတ်ဆတ်ခုတ်နေစတယမလေ။
ကျင်းရှောင်ယုစိတ်ထဲမှာ စွဲစွဲမြဲမြဲယုံကြည်ခဲ့တဲ့အရာတစ်ခုရှိပါတယ်။
အဲဒါကတော့ ပထမဆုံးစတင်လှုပ်ရှားသူက တစ်ခြားသူတွေထက် ပိုအခွင့်အရေးရတယ်ဆိုတာပါဘဲ။ပြီးတော့ ငယ်ငယ်ကတည်းက သူပိုင်ဆိုင်ချင်တဲ့အရာမှန်သမျှက သူ့ဥစ္စာဖြစ်လာခဲ့တာချည်းပါဘဲလေ။
ဒါကြောင့် သူက ထိုင်ထိုင်ပြီးချင်းမှာဘဲ ကျူးဟောင်ရှုကို ဖွင့်ပြောလိုက်ပါတော့တယ်။"

အဆုံးမဲ့အာဏာ (လီဖူချန်း)Where stories live. Discover now