501-510

279 32 1
                                    

အဆုံးမဲ့အာဏာ  အပိုင်း ၅၀၁    ( စာစဉ် ၃၇ )
အဆင့်၈ ဝင်္ကပါ အစီအရင်

ခရက်……ခရက်……
ကျွန်းနံပါတ် အမှတ်၅မှာရှိတဲ့ အကာအကွယ် ဝင်္ကပါ အစီအရင်ရဲ့ နံရံဟာ အက်ကွဲလာခဲ့ပါပြီ ။
ဝေါ……ဝေါ……ဝေါ………
တော်လဲသံ တစ်ခုနဲ့အတူ ကျွန်းတစ်ခုလုံးဟာလည်း ပြင်းထန်စွာ တုန်ခါလာခဲ့ပါတယ် ။  ကျွန်းရဲ့ မြေပြင်တွေမှာ ဆိုရင်လည်း အက်ကွဲရာတွေ အပြည့်ပါပဲ ။  တချို့ အက်ကွဲရာတွေ ဆိုရင် မိုင်တစ်ရာလောက်ကို ရှည်နေပါသေးတယ် ။
သည်လို အဖြစ်မျိုးနဲ့ ကြုံရတာက ကျွန်းနံပါတ်၅ တစ်ခုတည်းတော့ မဟုတ်ပါဘူး ။ ကျန်တဲ့ ကင်းစခန်းကျွန်းတွေဟာလည်း တူညီတဲ့ အဖြစ်မျိုးနဲ့ ကြုံနေရတာပါပဲ ။
" မကောင်းတော့ဘူး"
သံမဏိမျှော်စင်ပေါ်မှာ ရှိနေတဲ့ ပုဂ္ဂိုလ်ရဲ့ မျက်နှာကတော့ လေးနက် တည်ကြည် သွားခဲ့ပါပြီ ။
ကင်းစခန်း ကျွန်းတွေဟာ အဆင့်၇ ဝင်္ကပါ အစီအရင်တွေနဲ့ ကာကွယ်ထားတာ ဖြစ်ပါတယ် ။ လူသားဘုရင်တွေ ဒါမှမဟုတ် မိစ္ဆာသားရဲ ဘုရင်တွေရဲ့ လက်ချက်ကြောင့် မဟုတ်ရင် ဝင်္ကပါဟာ ဘယ်လိုမှ ပျက်စီးစရာ အကြောင်း မရှိပါဘူး ။
တကယ်လို့  ဘုရင်တစ်ပါး ဖြစ်နေခဲ့ရင်တောင်မှ ဝင်္ကပါကို တစ်ချက် ဒါမှမဟုတ် နှစ်ချက်လောက်နဲ့ ဖျက်ဆီးဖို့ မဖြစ်နိုင်ပါဘူး ။ အဆင့်မြင့် ဘုရင်တစ်ပါးမှသာ သည်ဝင်္ကပါကို တစ်ချက်တည်းနဲ့ ဖျက်ဆီးနိုင်တာပါ ။
အဲသည်အတွက် အခု သည်ဝင်္ကပါကို ဖျက်ဆီးနေတဲ့ စွမ်းအားက မိစ္ဆာသားရဲ ဘုရင်တစ်ပါးဆီက လာတာ မဟုတ်ဘူးဆိုတာ အသိသာကြီးပါပဲ ။ အဲသည်အရာက ကျွန်းပေါ်မှာ စီရင်ထားတဲ့ ဝင်္ကပါထက် ပိုအဆင့်မြင့်တဲ့ ဝင်္ကပါ တစ်ခုကနေ လာတဲ့ စွမ်းအင်လှိုင်းပဲ ဖြစ်ရပါမယ် ။ အဲဒါကြောင့်မို့သာပဲ ဝင်္ကပါရဲ့ အခြေခံအုတ်မြစ်ကို ထိခိုက်ပျက်စီး စေတာပါ ။
ဝင်္ကပါ စွမ်းအင်လှိုင်းတွေက အဆင့်၇ ဝင်္ကပါ အစီအရင်ကို ဖျက်ဆီးနိုင်မှတော့ အဲဒါက အနိမ့်ဆုံး အဆင့်၈ ဝင်္ကပါ ပါပဲ ။ အဲဒါကိုတော့  ရူးနေတဲ့ လူတောင်မှ သိနိုင်ပါတယ် ။
ပြီးတော့ အဆင့်၈ ဝင်္ကပါ အစီအရင်တွေမှသာ မိုင်သိန်းနဲ့ချီတဲ့ ပင်လယ်ရေမျက်နှာပြင်ကို လွှမ်းခြုံနိုင်မှာပါ ။ အဆင့်၇ ဝင်္ကပါ အစီအရင်တွေကတော့ အလွန်ဆုံးမှ မိုင် တစ်သောင်းပတ်ချာလည်ကိုသာ       လွှမ်းခြုံနိုင်တဲ့အတွက် မဖြစ်နိ်ုင်ပါဘူး ။
သူက အနီရောင် ရေနဂါးဘုရင်ဟာ အဆင့်၈ ဝင်္ကပါ အစီအရင်ကို ခင်းကျင်းနိုင်မယ်လို့တော့ လုံးဝ မယုံကြည်ပါဘူး ။ ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ်က ဧကရာဇ်တွေ နဲ့ ဝင်္ကပါ အထူးပြုတဲ့ မူလပင်လယ်နယ်ပယ် ဘုရင် အချို့ကသာ အဆင့်၈ ဝင်္ကပါ အစီအရင်ကို ခင်းကျင်းနိုင်တာပါ ။
တကယ်လို့သာ အနီရောင် ရေနဂါးဘုရင်က အဆင့်၈ ဝင်္ကပါကို ခင်းကျင်းနိုင်တယ်ဆိုရင် သက်တံနီဂိုဏ်းဟာ အစောကြီးကတည်းက   ပျက်စီးနေလောက်ပါပြီ ။
ပြီးတော့ မိစ္ဆာသားရဲတွေနဲ့ မိစ္ဆာတွေဟာ ဝင်္ကတွေရဲ့ အကြောင်းကို တစိုးတစိမှ မသိကြပါဘူး ။ တစ်စုံတစ်ယောက်က  အနီရောင် ရေနဂါးဘုရင် အဆင့်၈ ကို ချိုးဖောက်ဝင်ရောက်သွားပြီး မိစ္ဆာသားရဲ ဧကရာဇ် ဖြစ်သွားပြီလို့ ပြောလာရင်တောင်မှ သူယုံချင် ယုံပါဦးမယ် ။
" တည်ငြိမ်စမ်း "
သံမဏိမျှော်စင်ပေါ်က ပုဂ္ဂိုလ်က သူ့ရဲ့ ညာလက်ကို ဖိလိုက်ပြီး အော်လိုက်ပါတယ် ။
ရွီး……
ချွမ်……ချွမ်……ချွမ်……
အားကောင်းလှတဲ့ စွမ်းအားတစ်ခုက ကျွန်းနံပါတ်၅ နဲ့ အကာအကွယ် ဝင်္ကပါ အစီအရင်ကို တည်ငြိမ်သွားစေ ခဲ့ပါပြီ ။
ကင်းစခန်းကျွန်းတွေမှာ ရှိတဲ့ အတွင်းစည်း အကြီးအကဲတွေအားလုံးဟာ မူလပင်လယ်နယ်ပယ် အဆင့်၃ရဲ့ အထက်မှာ ရှိနေကြတဲ့ ဘုရင်တွေပါပဲ ။ သူတို့တွေက ကင်းစခန်းကျွန်းတွေပေါ်မှာ အလကား ရောက်နေတာ မဟုတ်ပါဘူး ။ ဂိုဏ်းတော်က သူတို့ကို  အရေးပေါ် အခြေအနေတွေမှာ ကိုင်တွယ်စီမံဖို့ စေလွှတ်ထားတာ ဖြစ်ပါတယ် ။
ကျွန်းနံပါတ်၅မှာ ရှိနေတဲ့ အတွင်းစည်းအကြီးအကဲကတော့ မူလပင်လယ်နယ်ပယ် အဆင့်၄က ဘုရင်တစ်ပါးဖြစ်ပြီး သူက သည်အခြေအနေကို ဘယ်လောက်အထိ တောင့်ခံထားပေးနိုင် မသိပါဘူး ။

အဆုံးမဲ့အာဏာ (လီဖူချန်း)Where stories live. Discover now